Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

Trading Women

ကြည့်စေချင်တယ်

မြန်မာပြည်က တိုင်းရင်သူ အခါလေးပါ။

ကြည့်ဖြစ်တဲ့ documentary movie တစ်ခုကို မျှဝေချင်ပါတယ်။ ဒီရုပ်ရှင်လေးက ဟောလီဝုတ်မင်းသား၊ မင်းသမီးတွေ ပါတဲ့ ရုပ်ရှင်တော့ မဟုတ်ဘူး။

အခြေအနေ အကြောင်း ကြောင်းကြောင့် ကာမလုပ်သားတွေအဖြစ် ရောင်းစားခြင်း ဒါမှမဟုတ် အခြေအနေအရ ကာမအလုပ်ကို ၀င်လုပ်နေရတဲ့ မိန်းကလေးတွေရဲ့ ဘ၀ကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ ပညာပေး ရုပ်ရှင်ဖြစ်ပါတယ်။

ဘာလို့ကြည့်စေချင်လဲ ဆိုရင်တော့ ဒီရုပ်ရှင်ထဲမှာ အလုပ်ပေးမယ် ဆိုပြီး တကယ့်လက်တွေ့မှာ ကာမလုပ်သားတွေ အဖြစ်အလုပ်လုပ်နေရတဲ့ ကြေကွဲဖွယ်ရာ မြန်မာ မိန်းကလေးငယ်တွေရဲ့ ဘ၀ဇတ်လမ်းတွေနဲ့ သူတို့ အဲဒီလို ဘ၀ရောက်အောင် တွန်းပို့လိုက်တဲ့ အခြေအနေတွေ အကြောင်းတင်ပြထားတဲ့ ပညာပေး ရုပ်ရှင်တစ်ခုမို့ပါ။

ဒီရုပ်ရှင် အစပိုင်းမှာတော့ ထိုင်းနိုင်ငံရဲ့ ကာမ ခရီးသွားလုပ်ငန်း (Sex Tourism) အကြောင်း နဲ့ ထိုင်းမိန်းကလေးတွေ အကြောင်းကနေ အစပျိုးလိုက်ပြီး ထိုင်းနိုင်ငံ ကာမ ခရီးသွားလုပ်ငန်းရဲ့ အဓိက ပံ့ပိုးမှုထုတ်ကုန်တွေ ဖြစ်တဲ့ မိန်းကလေးတွေက မြန်မာမိန်းကလေးတွေနဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ နေထိုင်တဲ့ တိုင်းရင်းသူတွေ ဖြစ်တယ် ဆိုတဲ့ အကြောင်းတင်ပြသွားတာ တချို့ မြန်မာ မိန်းကလေးငယ်တွေရဲ့ ကြေကွဲဖွယ် ဘ၀ဇတ်လမ်း အကြောင်း တွေ့ဆုံမေးမြန်းခန်းတွေ ပါတဲ့အတွက် ညွန်းလိုက်တာပါ။

ရုပ်ရှင်ရဲ့ နာမည်ကတော့ Trading Women (မိန်းမ ကုန်သွယ်ခြင်း)

၇၇ မိနစ်ကြာပြီး David A. Feingold ရိုက်ကူးထားတဲ့ ပညာပေးရုပ်ရှင် ဖြစ်ကြောင်းပါရှင့်

လင့်တော့မရှိဘူး ကျောင်း library တွေမှာတော့ရှိပါတယ်။ တကယ်လို့ တက်နေတဲ့ ကျောင်းမှာ မရှိဘူးဆိုရင် ကျောင်းတွေမှာ ရှိတဲ့ World wide library services (Inner Library Loan) ကနေတဆင့် ငှားကြည့်လို့ရပါတယ်။
ဒီနေရာမှာတော့ အတိုးချုံးလောက်ပဲ ကြည့်လို့ရတယ်။ "Click here to preview this film" ကနေတဆင့် ကြည့်လို့ရပါတယ်။
ဒီနေရာမှာတော့ ဒီရုပ်ရှင်ရိုက်ဖြစ်တဲ့ ရည်ရွယ်ချက် သိချင်သူတွေ ဖတ်လို့ရတယ်။

4 comments:

လင်းထက် February 4, 2009 at 4:43 AM  

ကြည့်စေချင်ပေမယ့် အစမ်းလေးပဲ ကြည့်သွားရတယ်

ရွှေပြည်သူ (ShwePyiThu) February 4, 2009 at 10:47 AM  

ဒီလိုရုပ်ရှင်တွေ Documentary တွေကို ကြည့်လည်း ကြည့်ချင်တယ် ကြည့်လည်းမကြည့်ရဲဘူး(အမှန်တော့ မကြည့်ရက်တာပါ)... ဒါပေမယ့် ကြည့်ဖြစ်အောင်တော့ ကြည့်ရပါဦးမယ်... ဝေမျှတာ ကျေးဇူးတင်ပါတယ် မ Apprenticeship ရေ...

Mhaw Sayar February 20, 2009 at 8:20 AM  

ဝမ်းနည်းတာထက် ပိုတဲ့ ရင်နာတယ် ဆိုတဲ့ ခံစားမှုတွေ ပါပဲဗျာ။

မင်းညို June 19, 2009 at 4:34 AM  

မျှဝေတာ ကျေးဇူးဗျို့။ ဒီလို ပညာပေး documentary တွေကို နောက်ထပ်ရှိရင် မျှပါအုံး။

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)