Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

The meaning of Pink

ဖေဖော်ဝါရီ နဲ့ ပန်းရောင်

ဖေဖော်ဝါရီက
ပန်းရောင်ကို ကိုယ်စားပြုတယ်ဆိုရင်
ပန်းရောင်ကို ခံစားလိုသူတွေများ
လိမ်ညာမှုကင်းတဲ့ နှုတ်ခမ်းတစ်စုံ
စစ်မှန်တဲ့ စကားနှစ်လုံး
မေတ္တာအပြည့်နဲ့ ရင်ဘတ်
ဖြူစင်ရိုးသားတဲ့ မျက်ဝန်း
မြတ်နိုးယုယတဲ့ လက်တစ်စုံ
ရဲရင့်ပြတ်သားတဲ့ ဦးဏှောက်
လေးနက်တည်ကြည်တဲ့ ခြေတစ်စုံ
နဲ့
ကဗျာဆန်တဲ့ အတွေးအိမ်တစ်လုံး
တော့
အနဲဆုံး ပိုင်ဆိုင်ထားသင့်တယ်။

5 comments:

လင်းထက် February 4, 2009 at 11:39 AM  

ဟေးးး ငါ့ညီမ အပျိုကြီး ဖေဖော်ဝါရီ လရောက်လာတော့ ချစ်သူ အဖြစ်လျှောက်လွှာ တင်လိုသူများ လိုက်နာရန် စည်းကမ်း သတ်မှတ်ချက်တွေ တောင် ထုတ်ပြန်လိုက် ပြီကိုး ဟီး ဟီး...

khin oo may February 4, 2009 at 11:43 AM  

http://www.villain-lay.co.cc/

နဲ့ဆက်သွယ်ပါ

Apprenticeship February 4, 2009 at 6:22 PM  

ကိုလင်းထက်>>> ဟက်ဟက် ဟုတ်တယ် ကိုလင်းရေ.. အောက်ပါ အရည်အချင်းများဖြင့် မပြည့်မီသူများ ထည့်သွင်းစဉ်းစားလိမ့်မည်မဟုတ်တဲ့ :P နောက်တာပါ မဟုတ်ရပါဘူး ပန်းရောင်ကို ခံစားသူတိုင်းဖြစ်သင့် တာကို ပြောတာပါ။ အနဲဆုံး အဲဒီလောက်တော့ ကြွယ်ဝချမ်းသာသင့်တာပေါ့. ဟုတ်တယ်ဟုတ် :P :D :)

ခင်ဦးမေ>>> ကျေးဇူးပါအမရေ... အဲလိုကြီး အလောတကြီးမလို ပါဘူး။ နောက်ဆုံး ဇကာတင်အဆင့် ရောက်နေပါပြီး။ :) ဟိ :P

ရိုးမြင့်အောင် February 5, 2009 at 5:34 AM  

ဟုတ်တယ်.. အနည်းဆုံးတော့ အဲသလောက် ပိုင်ဆိုင်ထားမှ ဖြစ်မယ်... အဟတ်ဟတ်...

Mhaw Sayar February 20, 2009 at 8:17 AM  

ကဗျာဆန်တဲ့ အတွေးအိမ် တစ်လုံးထဲ ပန်းရောင် ကဗျာတွေ အလှပဆုံး ဖူးပွင့်နိုင်ပါစေဗျာ. :)

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)