နင့်အလိုကျ
မင်းမျက်မမြင် တာနဲ့ပဲ တစ်အိမ်လုံးကို အမှောင်ချထားရ ကောင်းလား..
နင့်အစာအိမ် မကောင်းတိုင်း ငါတို့အားလုံး ဆန်ပြုတ် လိုက်သောက်ရမှာလား..
မင်းခြေထောက်နာလို့ အပြင်မထွက်နိုင်တိုင်း ငါတို့အားလုံးကို လှောင်ထားရကောင်းလား...
မင်းကဧည့်ဝတ်မကျေချင် တာနဲ့ပဲ ဧည့်သည်တွေအားလုံး မောင်းထုတ်ရကောင်းလား...
မင်းအရုပ်ဆိုးတိုင်း မှန်တွေအားလုံး ရိုက်ခွဲရကောင်းလား..
မင်းပန်းချီမခံစားတတ်တိုင်း ပန်းချီတွေအားလုံး မီးရှို့ရကောင်းလား...
မင်းMusic မကြိုက်တာနဲ့ဘဲ တေးဆိုငှက်တွေ အားလုံးသတ်ပစ် ရကောင်းလား..
သွားပါ
မင်းရဲ့ဟောင်းနွမ်း ညစ်စုတ်နေတဲ့ ဝါဒီတွေ အတွက် ငါ့မနက်ဖန်တွေ
ထပ်စတေး မခံနိုင်တော့ဘူး
မင်းရဲ့ယုံတမ်း ချစ်စကားတွေ အတွက် ငါ့ရင်တွေခုန် မနေတော့တာ
အပင်ပန်းခံ ပြောမနေတော့ဘူး
လာရာလမ်းက ပြန်ပါတော့။