Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

Showing posts with label Thoughts for the week. Show all posts
Showing posts with label Thoughts for the week. Show all posts

ထိန်းချုပ်ခြင်း/ချုပ်ကိုင်ခြင်း (Cntrolling)

တစ်ခါတုံးက မျက်မြင်မြေးယောကျာင်္းလေးကို ထိန်းကျောင်းနေသတဲ့ မျက်မမြင်တဲ့ ပညာရှိအဖိုးကြီးတစ်ဦးရှိသတဲ့။

မြေးလေးက ယောကျာင်္းလေးတို့သဘာဝ အဖိုးနဲ့အိမ်စောင့်တမ်း ကစားကြမယ်လို့ဆိုပြီး အဖိုးကိုခေါ်တော့ အဖိုးလည်းမသက်မသာ ၀င်ကစားရတာပေါ့။ မြေးလေးက မျက်မမြင်တဲ့အဖိုးကို ဟိုနေရာမှာကိုင်ပါ။ ဒီနေရာမှာတော့ဝက်အူနဲ့လည့်ပါလို့ ပြောပြီး အားတက်တရောအိမ်ဆောက်နေတာ မျက်မမြင်အဖိုးအတွက်တော့ အတော့ကိုအဆင်မပြေဖြစ်ရတာပေါ့။ ၀ိုင်းမစော့ပဲ ထသွားတော့လည်းမဖြစ်။ အဲလိုအချိန်မှာပဲ အဖိုးက တစ်ခြားသူ့အတွက် လွယ်ကူမယ့်ကစားနည်းကို ပြောင်းဖို့ စဉ်းစားမိသတဲ့။ အဲဒါနဲ့ မြေးလေးကို ဘယ်သူခွန်အားပိုကြီးသလဲ ပြိုင်တမ်းကစားကြမယ်လို့ စိန်ခေါ်သလိုနဲ ပြောလိုက်သတဲ့။ ယောကျာင်္းလေးဖြစ်တဲ့ မြေးငယ်လေးအတွက်တော့ နှစ်ခါဆွဲဆာင်စရာ မလိုတဲ့ကစားနည်းပေါ့။

သူ့အဖိုးကသူ့ထက်အရပ်မြင့်တော့ ထိုင်ခုံပေါ်မှာထိုင်ပြီးကစားကြမည်ဟုပြောသတဲ့။ သူ့အဖိုးကလည်းသဘောတူစွာ ကုလားထိုင်မှာထိုင်ပြီး မြေးငယ်လေး အားနဲ့တွန်းတုတ်နေတာကို လက်ဆန့်လိုက်ခြေဆန့်လိုက်နဲ့ အတုတ်ခံကာ ဟန်ဆောင်အညံ့ခံနေခဲ့တယ်တဲ့။ မြေးငယ်လေးကတော့ ငါနိုင်ပြီး ငါနိုင်ပြီးဟုဆိုတာ ပျော်နေတော့တာပေါ့။ မြေးငယ်လေးကလည်း မကိုင်ထားရင်အဖိုးလွတ်သွားမှာ စိုးလို့အဖိုးရဲ့လက်တွေကို သူ့အဖိုးလက်တွေကို မလွတ်တမ်းတုတ်ကိုင်ပြီး နေနေရတော့တာပေါ့။ အဖိုးဖြစ်တဲ့သူက သူ့မြေငယ်လေး သူ့ဘေးမှာ ဘေးမသီရန်မခပဲနေနေပြီမို့ စိတ်အေးကာ ပြုံးပြုံးလေးအချုပ်ခံနေခဲ့သတဲ့။ ပုံပြင်လေးက ဒါပါပဲ။

ဒီပုံပြင်မှာ ဘယ်သူက အမှန်တကယ်အချုပ်ခံလိုက်ရတယ်လို့ စာဖတ်သူတွေအနေနဲ့ ထင်သလဲ။ မြေးလေးလား။ ဒါမှမဟုတ် အဖိုးလား။ တစ်ခုခုတွေးစရာလေး ကျန်ခဲ့မယ်ဆိုရင် ပြန်ပြောရကြိုးနပ်ပါပြီ။

P.S>> ဒီပုံပြင်လေးက အဖြစ်မှန်လေးတစ်ခုပါ။ မျက်မမြင်အဖိုးတစ်ယောက်ရဲ့ ကိုယ်တွေ့အဖြစ်မှန်ကို ကြားလိုက်ရတာ ကျွန်မအတွက် အတွေးသစ်တွေကိုပေးလို့ စာစီ ဝေငှလိုက်ပါတယ်။

"ရှင်သန်ခြင်းက ဘာအတွက်လဲ"

Q* ဆေးကျောင်း စာသင်ခန်းတစ်ခုရဲ့ စာသင်နှစ်ပထမဆုံးနေ့မှာ professor ဖြစ်သူက သူ့တပည့်တွေကို ဘာလို့ ဒီစာသင်ခန်းထဲ ရောက်လာကြောင်းမေးတော့


A* သမာရိုးကျပါပဲ ကျောင်းသားလေးက ဆရာဝန်ဖြစ်ချင်လို့လို့ ခပ်သွက်သွက်လေးဖြေလိုက်တယ်တဲ့။

Q* အဲဒီတော့ Professor ကဘာလို့ ဆရာဝန်ဖြစ်ချင်တာလဲလို့ ပြန်မေးတော့

A* အရင်ဖြေသွားတဲ့ ကျောင်းသားလေးကပဲ လူတွေရဲ့ အသက်ကိုကယ်ချင်လို့လို့ ပြန်ပြောတယ်တဲ့။

Q* အဲဒီတော့ Professor ကဘာလို့လူတွေရဲ့ အသက်ကို ကယ်ချင်ရတာလဲလို့ ပြန်မေးတော့

A* ကျောင်းသားလေးက ခပ်လွယ်လွယ်လေးပဲ အသက်ရှည်စေချင်လို့လို့ ပြန်ပြောတယ်တဲ့

Q* အဲဒီတော့ ဆရာက ဘာလို့ အသက်ရှည်စေချင်တာလဲ အသက်ရှည်လို့ကော ဘာထူးမှာလဲလို့ ပြန်မေးတယ်တဲ့

A* ဒီတစ်ခါတော့ ကျောင်းသားလေး နုတ်ပိတ်သွားရှာတယ်တဲ့လေ.....

တကယ်တော့ အသက်ရှင်သန်ဖို့ထက် မိမိအသက်ရှင်သန်ခြင်းရဲ့ အနှစ်သာရကို ရှာဖွေမိဖို့ ပိုအရေးကြီးတယ်မဟုတ်ပါလား။

I got this picture from here.

ဝန်ခံချက်။ ။ ဒီစာကို ဘုရားရှိခိုးကျောင်းက ဝေတဲ့ စာရွှက်တစ်ခုမှာ ဖတ်မိတာပါ။ အဲဒီထဲမှာတော့ ပရောဖက်ဆာက ခရစ်ယာန်မို့ လူ့အသက်ကို ကယ်ဖို့ထက် ၀ိညာဉ်ကို ကယ်တင်နိုင်ဖို့ ပိုအရေးကြီးကြောင်း သူ့တပည့်လေးကို တင်ပြသွားတာပါ။ အားလုံးအတွက်အကျုံးဝင်ဖို့ မြန်မာမှုပြု ဘာသာပြန်ထားပါတယ်။ တင်ပြသွားတဲ့ အဓိက အကြောင်းအရာ "ရှင်သန်ခြင်းက ဘာအတွက်လဲဆိုတဲ့" မေးခွန်းလေးက လူတိုင်းစမ်းစစ်သင့်တဲ့ မေးခွန်းတစ်ခု မဟုတ်ပါလား??? ဒီမေးခွန်းလေးက သာမန်လေးပါပဲ ဒါပေမယ့် လျှောက်နေရင်း လွဲချော်နေတတ်တဲ့ လောကကြီးမှာ ဆရာဝန်တွေသာမက ဘယ်သူမဆို မိမိရပ်တည်ချက်ကို ပြန်ပြန်စမ်းစစ်ရင်း ဘ၀ပန်းတိုင်ရှာတွေ့ပီးသားလူတွေ အတွက်တော့ အားမန်းထပ်လောင်း ရှေ့သို့ချီဖို့ပေါ့နော်။ မရှာတွေ့သေးသူတွေလဲ ရှာဖွေတွေ့ရှိနိုင်အောင် ဒီမေးခွန်းလေးက လမ်းပြနိုင်မလားလို့ပါ။

မေတ္တာဖြင့်
Apprenticeship

ရောင်စုံပန်းချီကား တစ်ချပ်


ဒီပုံလေးကို ကြည့်ပြီး ကျွန်မနဲ့ သူငယ်ချင်းတစ်ယောက် စကားလက်ဆုံကျဖြစ်ကြတယ်။ သူဘာသာပြန်ထားတဲ့ အနက်က အရမ်းလေးနက်ပီး အဓိပ္ပါယ်ရှိတယ်။ တွေးပုံ တစ်ချို့ ကျွန်မနဲ့ နဲနဲကွဲနေပေမယ့် သူ့အတွေးအခေါ်လေးကို ကြိုက်မိတယ်။ ဒီလိုကွဲပြားမှုတော့ ရှိနေအုံးမှာပဲ မဟုတ်လား။

တကယ်ဆို မတူညီတဲ့ အတွေးအခေါ်တွေ အဆင့်ဆင့်ပေါင်းစပ်ဖလှယ်ရင်း သိပ္ပံနည်းပညာတွေ အတွေးအခေါ်တွေ အံ့မခန်းတိုးတက်လာတာပေါ့။ ကိုယ်နဲ့မတူတဲ့ အတွေးအခေါ် အမူအကျင့် ရှိသူတွေနဲ့ သဟဇာတဖြစ်အောင် နေထိုင်တတ်ခြင်းဟာ ၂၁ ရာစုလူသားတွေအားလုံး ပိုင်ဆိုင်သင့်တဲ့ အရည်အချင်းတစ်ခုဆိုရင် မှားမယ် မထင်ဘူး။ ကျွန်မကံကောင်းချင်တော့ အဲဒီအချက်ကို သူလဲလက်ခံတယ်ရှင့်..။

မတူညီမှုတွေရဲ့ လှပမှုကို အရမ်းခုံမင်တဲ့ ကျွန်မအတွက်တော့ မိတ်ဆွေးကောင်းတစ်ယောက်ပေါ့။ ကျောင်းတွေ ပိတ်ထားတော့ သူနဲ့ဆွေးနွေးခွင့်တွေ ရနေတာကို အရမ်းကျေးဇူးတင်မိတယ်။ အဲဒီလိုနဲ့ စကားစပ်မိရင်း ဒီပုံလေးကို ဘလောက်ပေါ်တင်ပီး သူငယ်ချင်းတွေနဲ့ အတွေးဖလှယ်ကြည့်ဖို့ သူအဆိုပြုလာလို့ တင်လိုက်တာပါ။ ဘယ်လိုလေး ခံစားရတယ် အဓိပ္ပါယ်ဖွင့်ဖြစ် လဲဆိုတာ မျှပေးသွားကြပါနော်….။

ဘလောက်သူငယ်ချင်းတွေနဲ့ မတူညီမှုတွေပေါင်းစပ်ထားတဲ့ ရောင်စုံပန်းချီကားတစ်ချပ်ကို ပျော်ပျော်ပါးပါး ၀ိုင်းဆွဲကြတာပေါ့…။

ဘာပဲဖြစ်ဖြစ် (Anyway)

ဘာပဲဖြစ်ဖြစ် (Anyway)

People are unreasonable, illogical, and self-centered. Love them anyway.

လူတွေဟာ အတ္တများ၊ တစ်ကိုယ်ကောင်းဆန်ပီး အကြိုးသင့်အကြောင်းသင့် မတွေးတတ်ကြဘူး။ ဘာပဲဖြစ်ဖြစ် လူတွေအပေါ် ဆက်ချစ်ပါ ။

If you do good, people may accuse you of selfish motives. Do good anyway.
သင်ကောင်းတာ လုပ်နေရက်နဲ့ သင့်ရဲ့လုပ်ရပ်တွေက တကိုယ်ကောင်ဆန်တယ် အတ္တကြီးတယ် ကိုယ်ကြိုးရှာတယ်လို့ စွပ်စွဲချင် စွပ်စွဲကြလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကောင်းတာဆက်လုပ်ပါ။

If you are successful, you may win false friends and true enemies. Succeed anyway.
အောင်မြင်လာတဲ့ အခါ သူငယ်ချင်းအတုအယောင်တွေ ရန်သူစစ်စစ်တွေ တွေ့ရလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဆက်လက် အောင်မြင်အောင်ကြိုးစားပါ။

The good you do today may be forgotten tomorrow. Do good anyway.
ယနေ့သင်လုပ်ခဲ့တဲ့ ကောင်းကွက်တွေအတွက် မနက်ဖြန်ကျတော့ လူတွေမေ့ချင်မေ့သွားလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကောင်းတာဆက်လုပ်ပါ။

Honesty and transparency make you vulnerable. Be honest and transparent anyway.
သင့်ရဲ့ရိုးသားမှုနဲ့ ပွင့်လင်းမှုဟာ သင့်အပေါ် လူအများ အနိုင်ယူဖို့ အကွက်ကောင်းတွေ ဖြစ်ရင်ဖြစ်နေမယ်။ ဘာပဲဖြစ်ဖြစ် ဆက်လက် ရိုးသားပါ.. ပွင့်လင်းပါ။

What you spend years building may be destroyed overnight. Build anyway.
သင်နှစ်နဲ့ ချီပီး တည်ဆောက်ခဲ့တဲ့ အရာကို တစ်ခြားသူတစ်ယောက် တစ်ညထဲနဲ့ ဖျက်ချင်ဖျက်သွားလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဆက်လက်တည်ဆောက်ပါ။

People who really want help may attack you if you help them. Help them anyway.
သင့်အကူအညီကို အမှန်တကယ်လိုအပ်နေရက်နဲ့ သင့်ကို တိုက်ခိုက်ကောင်း တိုက်ခိုက်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဆက်လက်ကူညီပါ။

Give the world the best you have and you may get hurt. Give the world your best anyway.
ဒီကမ္ဘာမြေကြီအတွက် သင်လုပ်နိုင်သမျှ အကောင်းဆုံးတွေပေးပါ။ ဒီလိုပေးစပ်ရင်း သင်အနာခံချင်ခံရလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သင်လုပ်နိုင်သမျှ အကောင်းဆုံးတွေ ဆက်လက်ပေးဝေပါ....။

Mother Teresa

မတွေ့တာ ကြာပီဖြစ်တဲ့ သူငယ်ချင်းတွေ အားလုံး ကျန်းမာပျော်ရွှင် ပါစေ...။
မတူညီမှုကို အစဉ်လေးစားလျှက်>>> Apprenticeship :)

Paradoxes

သြော်...... အားလုံး ပြောင်းပြန်တွေပါလား!

တချို့က ဘိသိကံ္ခအောင်ပွဲအတွက် ပျော်ရွှင်ကခုန် နေတယ်။
တချို့က နေ၀င်တော့မယ့် အင်ပါရာအတွက် ငိုကြွေး နေတယ်။

တချို့က လက်နက်ကြီးတွေထုတ်ပြီး အမြတ်ရှာတယ်။
တချို့က တစ်ချို့က အဲဒီလက်နက်တွေကြောင့် သွေးချောင်းစီးရတယ်။

တချို့က စစ်အောင်ဖို့ စစ်နည်းဗျူဟာ ထုတ်နေတယ်။
တချို့က ငြိမ်းချမ်းရေးအတွက် နည်းလမ်းရှာနေကြတယ်။

တချို့က ဂြိုလ်တုကတဆင့် ကမ္ဘာ့လူသားတွေ အကြောင်းလေ့လာတယ်။
တချို့က မြေအောက်ကျင်းတွေ တူးပြီး ပုန်းအောင်းမယ့် နေရာရှာတယ်။

တချို့က Internet ကိုအသုံးပြုပြီး အသိပညာတွေ ဖြန့်ဝေတယ်။
တချို့က အိမ်တံခါး သော့ခတ်ပြီး တိတ်တိတ်လေး ကြံတယ်။

တချို့က လူအချင်းချင်းလေးစားဖို့ မေတ္တာ တရားဟောတယ်။
တချို့က မိသားစု အချင်းချင်းသတ်နေကြတယ်။

တချို့က ဈေးကွက် စီးပွားရေး စနစ်ကြောင့် သန်းကြွယ်တွေ ဖြစ်ကုန်တယ်။
တချို့က အိုးအိမ်မဲ့ ဘ၀ရောက်သွားတယ်။

တချို့က နယူကလီးယား စမ်းသပ်မှုရဲ့ ဆိုးကျိုးအတွက် လမ်းပေါ်ထွက် ဆန္ဒပြတယ်။
တချို့က နယူကလီးယားရဲ့ ဖေါက်ခွဲအားကို အားကိုးချင်တယ်။

တချို့က လွတ်လပ်မှုအတွက် တိုက်ပွဲဝင်တယ်။
တချို့က လွတ်လပ်မှုကို ချုပ်ကိုင်ထားတယ်။

အမှားတွေများနေတဲ့ ခေတ်မှာ အမှန်တရားက မျက်နှာမရဘူး။
ရိုးသားမှု မထွန်းကားတဲ့ခေတ်မှာ ရိုးသားတဲ့လူက အရူးလုပ်ခံရတယ်။
အကျိုးအမြတ်ကိုပဲ ရှေးရှုတဲ့ လူတွေကြားမှာ ပရဟိတ အလုပ်တွေက ကဲ့ရဲ့ခံရတယ်။
သြော် အားလုံး ပြောင်းပြန်တွေပါလား။


I got the picture from here.

စွန့်လွှတ်ခြင်းဆိုရာ၌



တွေ့၊ဆုံ၊ခွဲ၊ခွာမှု့တွေနဲ့ ခရီးလမ်းသွားနေတဲ့ ကျွန်မတို့ရဲ့ တစ်သက်တာမှာ ကျွန်မတို့ကို အလွန်မြတ်နိုးတန်ဖိုးထား သူများနဲ့ အမျိုးမျိုးသော အကြောင်းတရားကြောင့် လမ်းခွဲ နှုတ်ဆက် ရတဲ့ အချိန်တွေ ရှိသလို ချစ်သောသူ၊ မချစ်မနှစ်သက်သောသူများနဲ့ တစ်ပါတည်း ခရီးသွားရတဲ့ အချိန်တွေလဲ အများကြီးပေါ့…..။

ချစ်သောသူများနဲ့ ခရီးသွားရတဲ့ အချိန်တွေကို မြတ်နိုးတန်ဖိုးထားတတ်တဲ့ ကျွန်မတို့ တစ်တွေဟာ ခွဲခွာမှုရဲ့ မှတ်တိုင်တွေကိုတော့ အလူးအလဲ ခံစားတတ်ကြတာ လူသားတွေရဲ့ ဓမ္မတာ တွေလားတော့ မသိဘူး။ ဒါပေမယ့် ခွဲခွာခြင်းရဲ့ ဆုလာဘ်ကို လက်ခံ၊မြတ်နိုးတတ်တဲ့ အခါ အဖိုးမဖြတ်နိုင်တဲ့ စွန့်လွှတ်မှုရဲ့ အသီးအပွင့်တွေ ခံစားရရှိမှာ ဖြစ်ပါတယ်…။ စွန့်လွတ်မှုရဲ့ လှပမှုတရားတွေကို မျှဝေလိုက်ပါတယ်… စွန့်လွှတ်စွန့်စားပြီး အသစ်၊ အသစ်သော ကောင်းချီးများကို ခံစားနိုင်သောသူများ ဖြစ်ပါစေလို့လဲ ဆုတောင်းပေး လိုက်ပါတယ်…။


စွန့်လွှတ်ခြင်းဆိုရာ၌


စွန့်လွှတ်ခြင်းဆိုရာ၌ အရေးပေး၊ ဂရုစိုက်မှု့ကို ရပ်တန့်လိုက်ခြင်းမဟုတ်

တစ်ခြားသူရဲ့ လွတ်လပ်မှု့ကိုလေးစားပြီး သူ့ရဲ့လုပ်ရပ်အတွက် သူ့ကိုတာဝန်ပေးလိုက်ခြင်းဖြစ်တယ်။


စွန့်လွှတ်ခြင်းဆိုရာ၌ သူတစ်ပါးကို အတင်းပြောင်းလဲစေခြင်း မဟုတ်တဲ့အပြင် အပြစ်တင် နေခြင်းလဲမဟုတ်ဘူး

မိမိကိုယ် မိမိပြောင်းလဲဖို့တော့ ဖြစ်နိုင်ကြောင်း နားလည်ခြင်းဖြစ်တယ်။


စွန့်လွှတ်ခြင်းဆိုရာ၌ လူတစ်ဦး တစ်ယောက်ကို ပြုပြင်ခြင်းမဟုတ်

သူ့ပြောင်းလဲမှု့ ဖြစ်စဉ်အတွက် လိုအပ်မယ့် အကူအညီတွေပေးခြင်းဖြစ်တယ်။


စွန့်လွှတ်ခြင်ဆိုရာ၌ လူတစ်ဦးတစ်ယောက်ကို တရားဇာတ်ခုံပေါ်တင်နေခြင်းမဟုတ်

သူ့ရဲ့ လူ့အခွင့်အရေးကို လေးစားခြင်းဖြစ်တယ်။


စွန့်လွှတ်ခြင်းဆိုရာ၌ လူတစ်ဦးတစ်ယောက်ကို ငြင်းပယ်ခြင်းမဟုတ်

သူ့ရဲ့ ဖြစ်တည်မှု့ကို အသိအမှတ် ပြုခြင်းဖြစ်တယ်။


စွန့်လွှတ်ခြင်းဆိုရာ၌ သူတစ်ပါးကို အပြစ်တင် ဆူပူနေခြင်းမဟုတ်

မိမိရဲ့ အမှားကို အသိအမှတ်ပြု ပြုပြင်ခြင်းဖြစ်တယ်။


စွန့်လွှတ်ခြင်းဆိုရာ၌ မိမိရဲ့ဆန္ဒနဲ့တောင့်တမှုကို ငြင်းပယ်နေခြင်းမဟုတ်

ဆန္ဒများရဲ့ ဖြစ်တည်မှု့ကို အသိအမှတ်ပြုပြီး ပြုစုပျိုးထောင်ခြင်းဖြစ်တယ်။


စွန့်လွှတ်ခြင်းဆိုရာ၌ သူတစ်ပါးအား ပြစ်တင်ရှုံ့ချပြီး လိုရာပုံစံသွင်းနေခြင်းမဟုတ်

မိမိဘ၀ မှတ်တိုင်များကို အကောင်အထည်ဖေါ် ပုံသွင်းနေခြင်းဖြစ်တယ်။


စွန့်လွှတ်ခြင်းဆိုရာ၌ အတိတ်ကို နောင်တရနေခြင်းမဟုတ်

အနာဂတ်အတွက် ပြင်ဆင်နေခြင်းဖြစ်တယ်။


စွန့်လွှတ်ခြင်းဆိုရာ၌ ကြောက်ရွံ့ခြင်း၊အဆက်မပြတ်ပူဆွေးခြင်းတွေနဲ့ခရီးသွားနေခြင်းမဟုတ်

မိမိကိုယ်မိမိ လေးစားပြီး သူတစ်ပါးရဲ့ အထင်အမြင်သေးမှုကို ရုတ်သိမ်းလိုက်ခြင်းဖြစ်တယ်။


စွန့်လွှတ်ခြင်ဆိုရာ၌ အမုန်းတွေမဟုတ်

ပိုမိုချစ်မြတ်နိုးတတ်ခြင်းသာ ဖြစ်တယ် ။



Photos By Me(AP)
Great Thanks to Ko Yin Nein for editing this post.

ကယ်ဆယ်ရေးသတင်း အရမ်းစုံတဲ့နေရာပါ

ကယ်ဆယ်ရေး သတင်းစုံ ဒီမှာ(Click here).

Sorrow breaks seasons and reposing hours, Makes the night morning, and the noontide night. William Shakespeare

We gather strength from sadness and from pain Each time we die we learn to live again. Unknown

Sorrow is like a precious treasure, shown only to friends. African Proverb quotes

There are moments when, even to the sober eye of Reason, the world of our sad humanity must assume the aspect of Hell Edgar Allan Poe

ဖြစ်တည်မှု

~~~ဖြစ်တည်မှု~~~


အလင်းနဲ့
အမှောင်


တလှည့်စီြ
ဖစ်တည်နေတဲ့


လောက
ဓမ္မာတာမှာ


နေညိုဆည်းဆာ
အချိန်ကို လွမ်းဆွေးမှုနဲ့


အကျည်းတန်
မဆန်စေချင်သလို


အလင်းရောင်တွေ
သယ်ဆောင်လာမဲ့


နေမင်းကြီးအတွက်လဲ


တင်ကြို
မပျော်မြူးချင်ဘူး


ဒါပေမဲ့


အမှောင်ညကို
ဖြိုခွင်းမဲ့


နီယွန်မီးနဲ့


နေမင်းရဲ့
အလင်းတန်းကို ၀ါးမြိုမဲ့


တိမ်ညိုတွေရဲ့


ဖြစ်
တည်
မူ့ ကိုတော့


မလိုလား
မိတာ


အမှန်ပဲ...


May Day Parade


May Day parade . I got this picture from here.

လာမဲ့ May 1 ကို နိုင်ငံတကာ ဆိုင်ရာအ လုပ်တမားနေအဖြစ်နဲ့
ကျင်းပခဲ့ဒါ နှစ်တွေ ရာကျော် ခဲ့ပြီနော်..။ အမှတ်တရနေ့ အမျိုးမျိုး ကို ဈေးကွက် မြင့်တင်ဘို့ လုပ်တတ်ကြတဲ့ လုပ်ငန်း ရှင်တွေက May 1 ကိုတော့ မေ့မေ့ပျောက်ပျောက် နေတတ်ကြဒါ သူငယ်ချင်း တွေသတိ ထားမိမယ် ထင်တယ်။ ဒါကြောင့် ဒီနေ့ကို မပျက်မကွက် ဆင်နွဲဘို့ အချိန်မရတဲ့ ကြားက ဓါတ်ပုံတွေ တင်လိုက်တယ်..။ အားလုံးကို လဲပါဝင်ဆင်
နွှဲဖိုဖိတ်ပါရစေ........။ ။

Migrant workers in UK; I got this picture from here.

အလုပ်သမား တွေရဲ့အခွင့်အရေး ကိုလေးစား လိုက်နာပါ တယ်ဆိုတဲ့
အနောက်တိုင်း တွေမှာတောင် ၈နာရီထက်ကျော် အလုပ်လုပ်ရ ဒါ နဲ အလုပ်
ရှင် တွေရဲ့ နိုင်ထက် ပြုမှု့တွေ ကရှိနေဆဲ..။ ကျွှန်မတို့နိုင်ငံတို့လို တိုးတက်
စနိုင်ငံတွေမှာတော့ အလုပ်ရှင်ရဲ့ လေးစားမူ မဆိုထားနဲ့ ဘယ်အချိန်များ အလုပ်
ရှင်က ထငေါက် လိုက်မလဲ ဆိုတဲ့ စိတ်နဲ့၊ ၈ နာရီမပြောနဲ့ လကုန်ရင် လခ ရရင်
ကိုကျေးဇူးကြီး လှပေပြီ မဟုတ်လား…။ အသက်မပြည့် လုပ်ခနိမ်ပြီး ခိုင်းခံနေရ
တဲ့ကလေး တွေကလဲ မနည်းဘူးလေ…။

May Day Parade fun; I got this picture from here.

တချို့တွေက ပြောတတ် ကြပါတယ်.. ဆင်းရဲ ဒါ ပျင်းလို့ တဲ့လေ..။
တကယ်တော့ မိုးလင်း ကနေ မိုးချုပ်အထိ အလုပ်လုပ် ဒါတောင် တနေ့စာ
မဖူလုံဘဲ အငတ်ခံနေ ရတဲ့လူတွေက ဒုနဲဒေ မဟုတ်လား....။

Another May Day Parade fun; I got this picture from here.

ကဲမိမိ ကိုယ်မိမိ guilty မဖြစ် ရအောင် သူတို့လေးတွေရဲ့ ကံတရား
ကြောင့်ဆိုပြီး မျက်နှာလွဲ လိုက်မလား..? သူတို့လေး တွေဒီဘ၀က မလွတ်
မြောက် နိုင်ဘို့ စီမံထားတဲ့ စနစ်တွေကို လေ့လာ ပြင်ဆင်သင့်လား..?
အားလုံးဝိုင်းပြီး အဖြေ ရှာကြဒါ ပေါ့နော်….။

၂၀၀၇ မေ ၁ ရက် ရောမမြို့မှာ စုဝေးကြ တဲ ခန့်မန်းခြေ ၇၀,၀၀,၀၀ ရှိသောပြည်သူများ I got this pic from here.

တကယ်တော့ ဒီအလုပ် သမားတွေကသာ နိုင်ငံ ၀င်ငွေတွေ ရှာပေး
နေသူ တွေမဟုတ်လား....။ အကျိုး အမြတ်တော့ သူတို့တွေ မဆိုဆ
လောက်သာ ခံစားကြရတယ်..။ အလုပ်သမား အခွင့်အရေးတောင်း
ဆို မှုတွေက ယနေ့တိုင် ကြားရဆဲ ၊ ယနေ့တိုင် မပြီးဆုံးသေးတဲ့
့တိုက်ပွဲများပေါ့..။ ကျွှန်မတို့ အားလုံးကို အလုပ်အကျွေးပြု နေတဲ့ ကျေးဇူးရှင်
တွေကို ကျေးဇူး တင်ကြတယ် ဆိုရင်သူတို့ ဘ၀လေးတွေ ငြိမ်းချမ်းပြီး တရားမျှ
တတဲ့ အခွင့်အရေးများ ရရှိစေဘို့ တတ်နိုင်တဲ့ ဘက်က ကူညီပေး ကြရအောင်
လား..။

၂၀၀၇ မေ ၁ ရက် ရောမမြို့မှာ စုဝေးကြ တဲ ခန့်မန်းခြေ ၇၀,၀၀,၀၀ ရှိသောပြည်သူများ I got this picture from here.

ဒီ post လေးနဲ့ May 1 မှာကျရောက် မဲ့အလုပ်သမားနေ့ ကိုအသိ အမှတ်ပြု လေးစားရင်း အလုပ်သမား အားလုံးကို ဂါဝရပြု ၊ ဂုဏ်ပြု မှတ်တမ်း တင်ကြောင်း ပြောကြားပါ ရစေ..........…။




"Cuban President Fidel Castro listened to a speaker during the May Day parade in Havana's Revolution Square in last May 1, 2005 file photo." His kingdom was over thrown. No tyranny last forever.. there is always the end.
I got this picture and information from here.

For this year fun please click here.
Ma Lashiothu has been organizing May 1 as a prayer day.
Hope you all would participate. မိမိ ယုံကြည်မှု အလိုက်
အခက် အခဲတွေကြုံနေတဲ့ ကျွှန်မတို့ နိုင်ငံနဲ့ အခြားနိုင်ငံတွေ
အတွက်ရော အလုပ်သမား
အားလုံးအတွက် တရားမျှတမှုနဲ့
ထိုက်တန်တဲ့ အခွင့်အရေးလေတွေ ရဘို့ဆုတောင်း
ကြရအောင်နော်...

If you want to read the history of May Day, Please click here and here.

ဒီအထိမ်းအမှတ်နေ့လေးကိုတော့အတူဆင်နွှဲချင်


ကျွန်မဘလောင်ဒ့်စရေးကတည်းကတစ်ခါမှ အမှတ်တရ အထိမ်းအမှတ် မလုပ်ရသေး ဘူးနော်။ ကျွန်မ ကိုယ်တိုင်က အစဉ်အလာ တော်တော် များများကို အမှတ်တမဲ့နဲ့ ဖြတ်သန်းနေတာတော့မဟုတ်ဘူး ဒါပေမဲ့ တချို့ အထိမ်းအမှတ်တွေက စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ ဈေးကွက်ကို မြှင့်တင်တဲ့ အစီအစဉ်တွေ (Market promotion) လုပ်ရင်း ဖြစ်လာတာလို့ ယူဆလို့ပေါ့။


ဥပမာပြောရရင်တော့ အများကြီးဗျ။ ဒါပေမဲ့ ဒီအမေရိကန်တွေရဲ့ engage ring အကြောင်းကို ကြည့်ကြရအောင်...။ ဒီမှာက လက်မထပ်ခင် စေ့စပ်စိန်လက်စွပ်ကို ယောကျာင်္းလေးက ပေးရတယ်။ မင်္ဂလာဆောင်တဲ့နေ့ကျတော့ စိန်မြုပ်ထားတဲ့ လက်ထပ်လက်စွပ် ဒါမှမဟုတ် ရိုးရိုး လက်ထပ်လက်စွပ်ကို သတို့သမီးနဲ့ သတို့သား တစ်ခုစီ ပြန်လဲပြီး လက်ထပ်ကတိကို ယူကြတယ်။

တကယ်တန်းကျတော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုထားပြီး တသက်လုံး သစ္စာရှိရှိ ပေါင်းသင်းဖို့ကအဓိက မဟုတ်လား…။ ။


Blood Diamond

I got this picture from here.

ဒီကြားထဲ စေ့စပ်လက်စွပ်လဲပြီးမှ ပြတ်သွားတဲ့
အတွဲတွေလဲ မနည်းဘူးဗျ။ နောက်တစ်ခုကလဲရှိသေး တချို့လူတွေဆို အိမ်ထောင် နှစ်ဆက် သုံးဆက်ရှိတယ်…။ ။ စဉ်းစားကြည့်ပါ တစ်နှစ်တစ်နှစ်ကို မင်္ဂလာဆောင်တဲ့ အတွဲတွေနဲ့ စိန်လက်စွပ်ကို ထုတ်လုပ်တဲ့လူတွေနဲ့ ရွှေထုပ်လုပ်သူတွေရဲ့ စီးပွားရေးက ဘယ်လောက်တောင် ကောင်းမလဲဆိုတာ။

ဒါပေမဲ့ စိန်ထုတ်လုပ်တဲ့ အာဖိရိကနိုင်ငံတွေနဲ့ ရွှေထုတ်လုပ်တဲ့ မြန်မာနိုင်ငံလိုတွေ အတွက်တော့ ဆင်းရဲပြီး ဆင်ရဲရင်းပေါ့။ အဆင်းရဲဆုံးဆိုတဲ့ နာမည်ကောင်းတွေကလဲ ရထားတယ်။ ချစ်သူများနေ့ရဲ့ ချော့ကလက်တွေရဲ့ အစွန်းအမြတ်ကို ချော့ကလက် ထုပ်လုပ်မှု့ရဲ့ အဓိကကုန်ကြမ်း ထုတ်လုပ်တဲ့ အာဖိရိကနိုင်ငံတွေအတွက် မပါခဲ့ဘူးပေါ့။ ဒါနဲ့ စကားရှည်နေတာနဲ့ လိုရင်းကို မရောက်တော့ဘူး။


ဒါပေမဲ့ သူငယ်ချင်းအားလုံးနဲ့ ဒီအထိမ်းအမှတ် နေ့လေးကိုတော့ အတူ ဆင်နွှဲချင်တယ်။ အားလုံးကိုလဲ အားတက်သရော ပါဝင်ဖို့ ဖိတ်ခေါ်ပါရစေ….။ လာမဲ့ April 22 ရက်နေ့ဟာ ကျွန်မတို့ အားလုံးရဲ့ မိခင် ကမ္ဘာမြေကြီးနေ့ (Earth Day) ပေါ့ ။ ။ Earth Day သမိုင်းအကျဉ်းကို သိချင်တယ်ဆိုရင် ဒီမှာ click ပါ။

နိုင်ငံတကာက နိုင်ငံခေါင်းဆောင်တွေက မိမိနိုင်ငံအလိုက် ပညာပေး အစီအစဉ်တွေ ပျော်ပွဲရွှင်ပွဲတွေ အမျိုးမျိုးလုပ်ပြီး ကျင်းပကြဖို့ စီစဉ်နေကြပါတယ်။

US မှာတော့လွန်ခဲ့တဲ့ April 16 ရက်နေ့ကတည်းက အစီအစဉ် အမျိုးမျိုးနဲ့ ကျင်းပနေခဲ့တာပေါ့။ ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာကြီးပူနွေးမှု့ကို ကာကွယ်ဖို့နဲ့ ကမ္ဘာကြီးမှာ နေထိုင်တဲ့ သက်ရှိသတ္တ၀ါ အားလုံးရဲ့ ရှင်သန်ခွင့်ကို လေးစားတတ်ဖို့ပေါ့။ ပြီးတော့ စက်ရုံးတွေက ထုတ်လုပ်တဲ့ စွန့်ပြစ်ပစ္စည်းတွေကြောင့် ဖြစ်တတ်တဲ့ အကျိုးဆက်ကအစ လယ်ယာလုပ်ငန်းတွေမှာ သုံးတဲ့ ဓါတ်မြေသြဇာတွေကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေ အကြောင်းတွေကအဆုံး အဲ့ဒီလယ်ယာနဲ့ စက်ရုံးတွေက လိုက်နာသင့်တဲ့ စည်းကမ်း ဥပဒေတွေ ဘယ်လိုရှိသင့်ကြောင်းတွေကို ပြည်သူတွေက တင်ပြပုံအမျိုးမျိုးနဲ့ အစိုးရကို တင်ပြ အစိုးရက အကောင်အထည်ဖေါ်ပေါ့။

အမှန်မှာတော့ ပိုကောင်းတဲ့ ဥပဒေတွေ ဖြစ်လာဖို့ဖိအားပေးတဲ့ သဘောပေါ့။ တကယ်တော့ သဘာဝ ဘေးအန္တရယ် ကျရောက်ရင် အားလုံးခံရမှာ မဟုတ်လား။ အစိုးရကလဲ ပြည်သူတွေပြောတာ အကောင်အထည် လုပ်ပါတယ်… ပြည်သူတွေက အချက်အလက်တွေနဲ့ တင်ပြတာလေ..။



ဒါနဲ့ပဲ ကျွန်မလဲ ကိုယ့်နိုင်ငံအကြောင်း ပြန်စဉ်းစားပြီး စိတ်မကောင်းဖြစ်မိတယ်..။
တရုတ်တွေတူးတဲ့ ရွှေတွေက မြန်မာပြည်အတွက် မထွန်းတောက်နိုင်ခဲ့သလို… နိုင်ငံကထွက်တဲ့ သဘာဝဓါတ်ငွေ့နဲ့ လောင်စာဆီတွေက ကိုယ့်နိုင်ငံကို အလင်းမပေးပဲ ရှို့မီးတွေများ ဖြစ်နေလား လို့စဉ်းစားမိလို့……။

တကယ်တော့ ကျွန်မတို့နိုင်ငံက အလားအလာ အများကြီးရှိတဲ့ နိုင်ငံပါ... သဘာဝ ရာသီဥတုက မျက်နှာသာပေးတဲ့အပြင် ပထ၀ီအနေထားကလဲ ကောင်းကြီးတမျိုးပေါ့။ ဒါပေမဲ့ ဘာများမှားနေခဲ့လဲ…? ။

ဘာပဲဖြစ်ဖြစ် တစ်ခုခုတော့ လုပ်ရတော့မယ်.. မဟုတ်ရင်တော့ မြန်မာပြည်သားတွေ အနေနဲ့ သစ်ခုတ်လို့ ပျက်စီးသွားတဲ့ တောတောင်နဲ့ နောက်ကျိနေတဲ့ရေတွေ အို… အများကြီး… ဘေးအန္တရာယ်က ချီးမြှင့်တဲ့ ဒုက္ခတွေနဲ့ နှစ်ပါးသွားရမှာ မလွဲပဲပေါ့။ ဒီလိုပြောတော့ တချို့လူတွေက ခုလဲ ဒုက္ခရောက်နေတာ ဘာထူးမှာလဲလို့ ပြောချင်တဲ့လူ ရှိချင်ရှိနေမှာနော်… မဟုတ်ဘူးထူးတယ် ဘာလို့လဲဆိုတော့ သဘာဝ ဘေးတွေက… ဆင်းရဲချမ်းသာ လူကြီးမကြီး မျက်နှာ မလိုက်တတ်လို့ပေါ့..။

Activity Resources: စိတ်ဝင်စားသူများအတွက်ပါ။

ဂျပန်ရောက်များ ဒီမှာ click လုပ်ပြီး Earth Day အစီစဉ်ကိုပါဝင်ခွင့်ရှိတယ်။

ရှရှားရောက်မြန်မာတွေ ဒီမှာ click လုပ်ပြီး Earth Day အစီစဉ်ကိုပါဝင်ခွင့်ရှိတယ်။

မြန်မာပြည်က သူငယ်ချင်းတွေက Earth Day မှာ ကိုယ့်ဟာကိုယ်ဖြစ်ဖြစ် သူငယ်ချင်းတွေ စုပြီးဖြစ်ဖြစ် Earth Day အတွက် တခုခု လုပ်လို့ရတယ်… ideas လိုချင်ရင် ဒီမှာ click နော်။

I took all the pictures except the weeding rings.

Great thanks to Ko Nyameeein for proof reading.

အမွေအနှစ်

အမွေအနှစ်

ကျွန်မပထမနှစ်စတက်ခါစ ဖေဖေနှုတ်ဆက်သွားတယ်လေ
အဖေ့ကိုအဘိုးရဲ့ အုတ်ဂူဘေးမှာ မြုတ်နှံထားတယ်
တနေ့နေ့တော့ ကျွန်မလဲသူတို့နဲ့ပူးပေါင်းမယ်
ကျွန်မရဲ့နောင်လာနောက်သားများအတွက် အမွေအနှစ်တွေ စီစဉ်ထားခဲ့ပြီးနောက်ပေါ့။

ကျွန်မ အဖေ့အတွက်နှုတ်ဆက်ပွဲလေးလုပ်မပေးခဲ့ဘူး
အဖေဟာကျွန်မအတွက် အမြဲရှင်သန်နေဆဲဘဲလေ….
အထူးသဖြင့် လွတ်လပ်ခြင်း၊ချစ်ခြင်း အငွေ့အသက်များအဖြစ်ပေါ့
အဲ့ဒါဖေဖေပေးခဲ့တဲ့ ထာဝရရှင်သန်သောအမွေအနှစ်
ကျွန်မအမြတ်နိုးဆုံး အရာပေါ့။

ဖေဖေကျွန်မကိုပိုက်ဆံတွေထားတဲ့နေရာအမြဲပြောလေ့ရှိတယ်
ကျွန်မလိုရင်အလွယ်တကူယူသုံးနိုင်အောင်လေ
ဒါပေမဲ့အဖေ့ဆီ ငွေတွေဘယ်လိုသုံးကြောင်းအမြဲအစီရင်ခံပေါ့
အဖေ့ရဲ့ပင်စင်လစာက ဒီခေတ်ကုန်ဈေးနှုန်းနဲ့လုံလောက်မူမရှိဘူး
အဲ့ဒီအချက်က သမီးနဲ့အဖေကြားကနားလည်မူ
အဖေကငွေမလုံလောက်မှုကိုတကြိမ်မှ မပြောခဲ့ဘူး
ဒါပေမဲ့ကျွန်မတာဝန်ယူခဲ့တယ် ငွေတွေမဖြုန်းဖို့ပေါ့။

အဖေကငွေတွေ ဘယ်လိုသုံးစွဲသင့်ကြောင်းလဲ
တကြိမ်တခါမှ မပြောခဲ့ပါဘူး
ဒါပေမဲ့လွတ်လပ်သေားရွေးချယ်ခွင့်လေးက
အဖေပေးတဲ့အရိုးရှင်းဆုံးလမ်းညွှန်မူပေါ့။

ငွေတွေအကုန်ဖြုန်းမလား
ဒါမှမဟုတ် ချွှေတာခြိုးခြန်စွာသုံးမလား
ကျွန်မအတွက်ရွေးချယ်ခွင့်အပြည့် ပေးထားလေရဲ့
အဖေရဲ့အမွေလေးကို ခုတော့ကျွှန်မကောင်းကောင်းသဘောပေါက်မြတ်နိုးခဲ့ပြီလေ။

အဲ့ဒါက လွတ်လပ်စွာရွှေးချယ်ဆုံးဖြတ်ခွင့်
ကျွန်မရဲ့လွတ်လပ်မှုကို တန်ဖိုးထားလေးစားရင်းပေါ့
အိုး ……….ကျွန်မနှစ်ခြိုက်လှလေခြင်း
ကျွန်မရဲ့နောင်လာနောက်သားများအတွက် အမွေအနှစ်အဖြစ်ထားခဲ့ပါရစေလား………

This is a poem that I Translated from my English poem "The Legacy for The Generation". I'm trying my best to fulfill for your requests.. Please enjoy my dear friends..... Happy Thingyan to you all. <-_->
Yeah don't forget to get your New Year present if you haven't done s
o.:P

Great Thanks to Ko Minnkyansis for the proof reading.

သူငယ်ချင်း တို့ရောဘာ အမွေအနှစ် ထာခဲ့မှာလဲ? အကောင်ဆုံး အမွေအနှစ် များထားခဲ့ နိုင်သူများ ဖြစ်စေဗျာ....

Ethics

Some of you may notice that I have been posting "thoughts for the week" every Sunday. My hope for this section is to challenge ourselves through some thoughts. Please join with me. I decided to post Linda's Ethic poem for this week because I have been struggling lots with moral/ethic issues; such as true (v) false, right (v) wrong, worthy (v) worthless, logic (v) illogic. Is it that difficult?? Enlighten me if you had answers. I hope you enjoy reading the poem.

Ethics

In ethics class so many years ago
our teacher asked this question every fall:
if there were a fire in a museum
which would you save, a Rembrandt painting
or an old woman who hadn't many years
left anyhow? Restless on hard chairs
caring little for pictures or old age
we'd opt one year for life, the next for art
and always half-heartedly, Sometimes
the woman borrowed my my grandmother's face
leaving her usual kitchen to wander
some draft, half-imagined museum.
One year, feeling clever, i replied
why not let the woman decide herself?
Linda, the teacher would report, eschews
the burdens of responsibility.
This fall in a real museum I stand
before a real Rembrandt, old woman,
or nearly so, myself, The colors
within this frame are darker than autumn,
darker even than winter--the browns of earth,
though earth's most radiant elements burn
through the canvas, I know now that woman
and painting and season are almost one
and all beyond saving by children.

Linda Pastan (b. 1932)

Rembrandt is one of the greatest painters in the Europe History. If you want to see some Rembrandt's paintings click here.

Leaves & Greenery


This is a piece of my arts. I'm not good at sketching, However, I just wanna share something with you all. အားပေးပါနော်... :)

So yeah... I just wish you would take some time at the art piece and answer some questions as you look through it. For example, what do you see? Are there any difference and similarity? Finally, Would you say any of those are not a leaf?



Censorship and The Arts

"The mass decapitation on the Great Wall was the ultimate act of censorship. Together with rigid and traditional conservatism which shut out the world, that barbaric act deprived China of intellectual motion; of continuing education; and left her millions to wallow in unchanging ignorance and misery for centuries to come; until about 1912, as a matter of fact. That was the price of China's insular wisdom and paranoia."


A nation that is afraid to let its people judge the truth and falsehood in an open market, is a nation that is afraid it's own people. President Kennedy

Reference: Censorship and The Art; The Signet Book of American Essays Edited by M. Jerry Weiss and Helen S. Weiss

A Prisoner

TO forgive is to set a prisoner
free and discover that the prioner was you.

Lewis Smedes

Anyway

People are unreasonable, illogical, and self-centered. Love them anyway.

If you do good, people may accuse you of selfish motives. Do good anyway.

If you are successful, you may win false friends and true enemies. Succeed anyway.

The good you do today may be forgotten tomorrow. Do good anyway.

Honesty and transparency make you vulnerable. Be honest and transparent anyway.

What you spend years building may be destroyed overnight. Build anyway.

People who really want help may attack you if you help them. Help them anyway.

Give the world the best you have and you may get hurt. Give the world your best anyway.

Mother Teresa

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)