Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

Showing posts with label Joke. Show all posts
Showing posts with label Joke. Show all posts

မတူညီတဲ့ ယဉ်ကျေးမှုမှာ လွင့်ပါစေချင်လို့ :D :P :)

မီးနီးပြက ကူးရမှတ်ကြတနည်းတာ :P
အီဂျစ်တိုင်းပြည်ကို အလည်ရောက်တဲ့ ခရီးသွားဧည့်သည် တစ်ယောက် အီဂျစ်ပြည်ရောက်တုံး အီဂျစ်မာမီတွေ လိုက်ကြည့်ဖို့ Taxi လေးငှားပြီးထွက်လာခဲ့တာ မာမီတွေနဲ့မတွေ့ခင် အီဂျစ် ဒရိုင်ဘာပေးတဲ့ သင်ခန်းစာ ကောင်း ရလိုက်ပုံပါ။ ဖြစ်ပုံက ဂလို….
မာမီတွေဆီ Taxi ကားစီးရင်းထွက်လာတာ မီးပွိုင့်လေးရောက်တော့ မီးနီးလေးပြနေတုံး ဒရိုင်ဘာက အေးအေး ဆေးဆေး ဖြတ်မောင်းသွားတယ်တဲ့။ ခရီးသွားဧည့်သည်က အရမ်းလန့်သွားပီး ထအော်တော့ ငါ့အလုပ်ငါ လုပ်နေတာ ကျေးဇူးပြုပီး ငြိမ်ငြိမ်လေး နေပါလို့ ပြန်ပြောလိုက်သတဲ့။ ဒီလိုနဲ့မောင်းလာတာ နောက်မီးပွိုင့် တစ်ခုရောက်တော့လဲ အရင်း အတိုင်းပဲ ဒရိုင်ဘာနဲ့ ခရီးသည် သူမှန်ငါမှန်နဲ့ အော်သာဖြစ်တယ် ဒရိုင်ဘာတော့ မီးပွိုင့်ကို အေးအေးဆေးဆေး ဖြတ်မောင်းပြန်သတဲ့။ ဒါနဲ့ နောက်တတိယမီးပွိုင့်မှာ မီးစိမ်းသွားတော့ ဒရိုင်ဘာက ဆက်မသွားပဲ ရပ်နေတော့ ခရီးသွားဧည့်သည်က အရမ်းအံ့သြပြီးပြန်မေးတယ်…။ အခုမီးစိမ်းနေတော့ ဘာလို့ရပ်နေလဲလို့ မေးတော့  ဒရိုင်ဘာက မီးနီနေ တဲ့ဘက်က ဒရိုင်ဘာတွေ ဖြတ်မှာမို့ ဒီအချိန်သွားဖြတ်ရင် ယဉ်တိုက်မှုတွေဖြစ်မှာပေါ့လို့ ပြန်ပြောလိုက်တယ်တဲ့….။ သတိနော် :P ကဲမှတ်ကရော။ သူ့ယဉ်ကျေးမှုနဲ့သူနော်.. :P

အပျိုလိုချင်ခေါင်းညိတ်
ဂရစ်တိုင်းပြည်ကို Study Abroad သွားတဲ့ အမေရိကန် ကျောင်းသူတစ်ဦးကို ဂရစ်ကောင်းလေးက Date သွား ဖို့ခေါ်သတဲ့။ အမေရိကန်ကျောင်းသူက စိတ်မ၀င်စားတာနဲ့ ခေါင်းခါ ပြလိုက်တာ ဂရစ်ကောင်းလေးကအရမ်း ကျေနပ် ပျော်ရွှင်တဲ့ပုံစံနဲ့ ညနေ၇နာရီမှာ လာခေါ် မယ် လို့ပြောပြီး ပြန်သွားတယ်တဲ့ဗျာ။ကောင်မလေးက အ တော်မျက်နှာပြောင်တိုက်နိုင်တဲ့လူလို့တွေး ပီးစိတ်ထဲမှာတော့ ၇နာရီမှာ မျက်နှာပြောင်တိုက်ပြီး ထပ်လာရင် တော့ဒုက္ခလို့ တွေးပြီး ကြောက်နေတယ်တဲ့….။ရနာရီရောက်တော့ ထင်တဲ့အတိုင်း ရွှေမင်းသား ကြီးက အဆောင်ကို ပေါက်ချရောက်လာတော့ ……..။
သူငယ်ချင်းတွေဘယ်လိုထင်လဲ သူတို့ နှစ်ယောက် Date သွား ဖြစ်မယ်လို့ထင်လား? အဖြေလေးတွေ ပေးသွား ပေါ့ :D

မှတ်ချက်။ ။ ဂရစ် ယဉ်ကျေးမှုမှာ ခေါင်းခါတာက သဘောတူတာဖြစ်ပြီး ခေါင်းညိမ့်တာက သဘောမတူတာတဲ့။ အမေရိကန်မှာတော့ ဂရစ်နဲ့ ဆန့်ကျင်ဘက်…

အယုဒ္ဓယ
မကြားသေးခင်က ထိုင်းကို အလည်သွားနေတဲ့ အဖေကြီးတစ်ယောက်က မြန်မာပြည်မှာ ကျန်ခဲ့တဲ့ ချစ်ဇနီးချောလေးဆီ ဖုန်းခေါ်ပြီး တစ်နေ့တာသူ့အတွေ့အကြုံတွေမျှဝေတယ်တဲ့..။ အဲဒီနေ့တော့ ဖေကြီးလုပ် သူအယုဒ္ဓယကို သွားလည် တဲ့နေ့။ အယုဒ္ဓယမှာ အရင်တုံးက မြန်မာစစ်သည်တော်တွေ ယိုးဒယားနိုင်ငံကို ၀င်တိုက်ရင်းပျက်သွားတဲ့မြို့ကို ထိုင်းတွေက သမိုင်းဝင်နေရာအဖြစ် မပြုမပြင် ထိန်းသိမ်းထားတဲ့ နေရာပါ။ အဖေကြီးကလဲ မြန်မာ နဲ့ပတ်သက် တာမို့ မြန်မာမှာကျန်ခဲ့တဲ့ ချစ်ဇနီးချောလေးကို ဘယ်လို့ထိန်းသိမ်းထား ကြောင်းကို ပြေပြတော့ အမေကြီး လုပ်သူက သူခင်ပွန်းသည် စကားမဆုံးခင်ဝင်ပြောလိုက်ပုံဖြင့်....့..... ဟုတ်လား အတော်ခေတ်မှီမှာပဲနော်? ရောက်ဘူးချင် လိုက်တာလို့ ပူဆာသတဲ့။ အဖေကြီးက စိတ်အရမ်းကုန်သွားတဲ့ လေသံနဲ့ အင်း....ငါ့မိန်းမ သမိုင်းမနိုင်ဘူးလို့ ငြီးတွားရင်းပြောမိတာ အမေကြီး ပြန်ပြောပုံက ဟုတ်တယ် ငါက သိပ္ပံသမားတဲ့ဗျာ..... :D ။ အဖေကြီးကတော့ ငိုရအခက်ရယ်ရအခက်တဲ့ရှင်း။။။။။။ ကဲသူငယ်ချင်း မိန်းကလေးတို့ရေ…. အဲဒီလိုတော့ အဖြစ်မခံနဲ့နော်…

မှတ်ချက်။ ။တွေ့ကြုံ ပြောကြတဲ့ ရယ်စရာတွေ ပြန်မျှဝေတာပါ...။ ပြုံးနိုင်ပါစေနော်...
ဆက်လက်ကြိုးစားအုံးမည်.. :P
Apprenticeship

ဒီလိုမဖြစ်ရ လေအောင် :D :P :)

ကြိုဆိုပါတယ်

အာဖရိကတိုင်းပြည်တစ်ခုမှာ NGO အလုပ်သွားလုပ်တဲ့ အမေရိကန် တစ်ယောက်က သူနေထိုင်မဲ့ နေရာသစ်လေးဆီ ကားအပြည့် တင်ထားတဲ့ သူ့ပစ္စည်းတွေကိုချ နေချိန်မှာ သူ့အိမ်းနီးနားချင်း တွေက တစ်ယောက်ပီး တစ်ယောက်ထွက်လာပီး ကျွန်တော့ကို မီးခြစ် ငှားလို့ရမလား ကျွန်မကို လွှငှားလို့ ရမလားနဲ့ အမျိုးမျိုး လားငှားကြတယ်တဲ့။

အမေရိကန်ကြီးကလည်း စစချင်းတော့ အင်းငါ ဒီဟာလေးတွေ ချပီးရင်ငှာပေးပါ့မယ် ပစ္စည်းလေးတော့ ပီးအောင်ချခွင့်ပေးပါလို့ တစ်ယောက်ပီး တစ်ယောက်ပြောသတဲ့။ ဒါပေမဲ့ လာငှားတဲ့ လူများလာတော့ စိတ်ထဲမှာတော့ ဘယ်နဲ့ ဒီလောက်တောင် အလိုက်မသိတဲ့ လူတွေ။ ကူမယ်တော့မရှိဘူးပေါ့ …..။ ဒါပေမဲ့ နောက်ကျမှ အမေရိကန်ကြီး ပြန်လေ့လာမိတာက အဲဒီလို ပစ္စည်းလာငှားတာဟာ သူတို့ ဓလေ့ထုံးတမ်းအရ ဆိုရင် လူသစ်ကို ကြိုဆိုတဲ့ သဘောတဲ့..။ ပြောချင်တာက နင်လိုရင်လဲ ငါတို့ဆီက ယူလို့ရတယ်ပေါ့….။ အဲဒီ ဓလေ့တော့ ချစ်စရာလေးနော် …. :D :P


လူယဉ်ကျေးတွေ
တစ်ခါတုံးက အီဂျစ်တိုင်းပြည်ကို ည၂ နာရီမှာ ခရီးသွားရင်း ရောက်လာတဲ့ Dutch လူမျိုးတစ်ယောက်ကို အီဂျစ်အိမ်ရှင်က Tea သောက်အုံးမှာလားလို့မေးသတဲ့။ Dutch ကြီးကလဲ အားနာနာနဲ့ သောက်မယ်ပေါ့။ မထူးတော့တာမို့ အိမ်ရှင်ကြီးက ပြင်ပေးရတာပေါ့..။ ဒါပေမဲ့ စိတ်ထဲကတော့ ဒီလောက်တောင် အထာမသိတဲ့လူဆိုပီး Tea ကြီးကို တစ်အား ခေါက်နေလိုက်တယ်တဲ့..။ ဧည့်သည်ကိုလဲ တစ်ယောက်ထဲ ထားခဲ့လို့မဖြစ်နဲ့ အဲဒီည မိုးလင်းသွားပါသတဲ့..။ မိုးလင်းတော့ သူ့အီဂျစ်သူငယ်ချင်းကို ပြန်ပြောပြပီး ဒီ Dutch ကြီးက ငတုံးကြီး ည၂ နာရီကို Tea သောက်ဖို့ခေါ်တာ သောက်တယ်ဗျာ… Dutch ကြီးကလဲ ဒီအိမ်ရှင် အလိုက်မသိဘူးကွာ… ညကြီးမင်းကြီး Tea သောက်ဖို့ ခေါ်တယ်လို့ပြန်ပြောသတဲ့..။

မှတ်ချက်။ ။ဧည့်သည်လာရင် Teaနဲ့ဧည့်ခံတာ အီဂျစ်ဓလေ့… Dutch တွေမှာတော့ အိမ်ရှင်က ကျွေးမွေးတာမစားရင် ရိုင်းတာတယ်တဲ့။

လာလာ အတူပြောမယ် ဒို့… စကား :D

စာသင်နှစ် အစမှာ နိုင်ငံတစ်ကာနဲ့ အမေရိကန်ကျောင်းသားတွေ အားလုံးပါဝင်တဲ့ ဒီလို အခန်းမှာ နိုင်ငံခြားနဲ့ အမေရိကန်ကျောင်းသား တွေတွေ့ကြုံနိုင်တဲ့ အခက်အခဲတွေကို ဆွေးနွေးတဲ့ အချိန်မှာ အမေရိကကို အခုမှရောက်လာတဲ့ Pilipino တစ်ယောက်က သူ့အတွက်တော့ ဘာသာစကားက အခက်ခဲဆုံးပဲလို့ပြောတယ်။ တစ်ချို့ အမေရိကန်တွေက သူစကားပြောတာလဲ အရေးမပေးကြောင်း ပြောပါတယ်တဲ့။ အဲဒီတော့ အမေရိကန်ကျောင်းသူ တစ်ဦးထပြောတာတော့ ဟုတ်တယ် အမေရိကန်တွေရော နိုင်ငံတစ်ကာ ကျောင်းသားတွေပါ စကားပြောရင် ဖြေးဖြေး ပြောကြရင် ကောင်းမယ်။ ငါလဲ သူပြောတာ နားလည်သလိုလိုသာ နေရတာ သူပြောတဲ့ အထဲက ၅% ပဲ နားလည်တယ်တဲ့..။ ကဲ... ကောင်းကြသေးရဲ့လား :D :P

မှတ်ချက်။ ။စာသင်ခန်းမှာ တွေ့ကြုံ ပြောကြတဲ့ ရယ်စရာတွေ ပြန်မျှဝေတာပါ...။

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)