Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

Showing posts with label Poem which touchs my heart.. Show all posts
Showing posts with label Poem which touchs my heart.. Show all posts

IF (အကယ်၍)

ကျွန်မမူရင်း အင်္ဂလိပ်ကဗျာကို အရမ်းကြိုက်ပါတယ်။ ဦးအောင်ဆန်းဦးက ကျွန်မ facebook မှာတင်ထားတဲ့ အင်္ဂလိပ်ကဗျာကို ကူးတင်ဖို့ခွင့်တောင်းလာတာတော့ သူ့ဆီပြန်လိုက်ကြည့်မှ မြန်မာလိုဖတ်မိတော့တယ်။ ဘာသာပြန်ထားတာလဲ မူရင်းအနက်နဲ့အနီးစပ်ဆုံးမို့ ကြိုက်မိပါတယ်။ ဖတ်ကြည့်လိုက်ရအောင်နော်....။

အကယ်၍

အကယ်၍
မင်းအသိုင်းအဝိုင်းက တုန်လှုပ်ချောက်ချားပြီး
ဒါတွေဟာ မင်းကြောင့်လို့
ဝိုင်းဝန်း ပြစ်တင်ကြတဲ့အခါ
မင်းဟာ ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်။

အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာ ဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင်။

အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင်။
ဒါမှမဟုတ်
မင်းရဲ့အကြောင်း
မဟုတ်တရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင်။
ဒါမှမဟုတ်
မင်းကို လူတကာက ဝိုင်းမုန်းတီးတဲ့အခါ
မင်းက အမုန်းတွေ ပြန်မပွားဘူးဆိုရင်။
ပြီးတော့
မင်းကိုယ်မင်း လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိစကားတွေလည်း မပြောဘူးဆိုရင် ....။

အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်။

အကယ်၍
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင်။

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှု ဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလား ရယ်လို့
ခံယူထားနိုင်မယ်ဆိုရင်။

အကယ်၍
မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညစ်တွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်။
ဒါမှမဟုတ်
မင်းဘဝ တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့တဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာ
အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည် တည်ဆောက်နိုင်မယ်ဆိုရင် ...။

အကယ်၍
မင်းနိုင်ခဲ့သမျှတွေ အားလုံးဟာ
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ
တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်။
ပြီးတော့ အစကနေ ပြန်စနိုင်မယ်ဆိုရင်။
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင်။

အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ အားနဲ့မာန်နဲ့
ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင်။
အဲဒီလိုပဲ
မင်းမှာ စိတ်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီ စိတ်ဓာတ်အင်အားကို ခိုင်မာစွာနဲ့ပဲ
ဆက်လက် ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင် ...။

အကယ်၍
လူတွေနဲ့ ထိတွေ့ပြောဆို ဆက်ဆံရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်။
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်။

အကယ်၍
ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ
မင်းကို သိပ်ပြီးနာကျည်းအောင် မလုပ်နိုင်စေရင်။

အကယ်၍
လူတိုင်းကို တန်ဖိုးထား လေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်။

အကယ်၍
တိုတောင်းလှတဲ့၊ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင်။

ငါ့သားရေ ...
မင်းဟာ အရာရာရှိတဲ့၊ အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့။

အဲဒီတော့ မင်းဟာလည်း
ယောက်ျားကောင်း တစ်ယောက်ပဲပေါ့။

မူရင်းကဗျာဆရာ ရု(ဒ်)ယတ်(ဒ်) ကစ်ပလင်း (၁၈၆၅-၁၉၃၆)

If
If you can keep your head when all about you
Are losing theirs and blaming it on you;
If you can trust yourself when all men doubt you,
But make allowance for their doubting too:
If you can wait and not be tired by waiting,
Or, being lied about, don't deal in lies,
Or being hated don't give way to hating,
And yet don't look too good, nor talk too wise;

If you can dream---and not make dreams your master;
If you can think---and not make thoughts your aim,
If you can meet with Triumph and Disaster
And treat those two impostors just the same:.
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,
And stoop and build'em up with worn-out tools;

If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings,
And never breathe a word about your loss:
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: "Hold on!"

If you can talk with crowds and keep your virtue,
Or walk with Kings---nor lose the common touch,
If neither foes nor loving friends can hurt you,
If all men count with you, but none too much:
If you can fill the unforgiving minute
With sixty seconds' worth of distance run,
Yours is the Earth and everything that's in it,
And---which is more---you'll be a Man, my son!

Rudyard Kipling

ရက်မြတ်အတွက် ချီးမွန်းသီချင်း

ကဗျာလေးကို အနီးစပ်ဆုံးဖြစ်အောင် ပြန်ဆိုထားပါတယ်။ ပိုသင့်တော်မဲ့ စကားလုံးတွေရှိရင်လဲ အကြံပေးသွားကြနော်။

ရက်မြတ်အတွက် ချီးမွန်းသီချင်း

နေ့တိုင်းတာဝန်ကိုယ်စီနဲ့ ပြေးလွားသွားလာနေတဲ့ ငါတို့
တစ်ခါတစ်လေတော့ ဖာသိဖာသာ ဖြတ်သန်းသွားလာကြ
တစ်ခါတစ်လေတော့လဲ မျက်မှန်းတန်းမိရုံ
တစ်ခါတစ်လေတော့ ပြောတော့မလိုလိုနဲ့။

ငါတို့တွေဟာ ဆူညံသံတစ်ခု ဖြစ်တယ်။
တကယ်တော့ ငါတို့တတွေဟာ ငါတို့ကိုယ်စီရဲ့ ဘိုးဘွားတွေအကြောင်း ပြောရင်း
ဆူညံသံနဲ့ နှင်းဆီချုံနွယ် ၊ ဆူးပင်နဲ့ အဆက်မပြတ်ဆူညံသံတွေဖြစ်နေကြတယ်။


တစ်ယောက်သောသူက အင်္ကျီအနားသားကို သီချုပ်ရင်း
ပေါက်ပြဲနေတဲ့ ယူနီဖောင်းနဲ့ တာယာပေါက်တွေကို ပြုပြင်ဖာထေးနေတယ်
ပြန်လည်တည်ဆောက်သင့် သည်များကို ပြုပြင်ဖာထေးခြင်းပေါ့။

တစ်ယောက်သောသူက သာယာတဲ့ တေးသံရဖို့
အဆီတွေပျံနေတဲ့ ဗုံပေါ်မှာ သစ်သားတုတ် နှစ်ချောင်းနဲ့
အားကုန်တီးခတ်ပြီး တယော၊ ဘာဂျာ၊ ကက်ဆက်၊ အသံစုံတွေနဲ့ ကီးညှိနေလေရဲ့။

မိခင်နဲ့ သူ့သားလေး ဘတ်စ်ကားစောင့်နေတယ်။
လယ်သမားကတော့ မိုးလေ၀သကောင်းဖို့ ကောင်းကင်ကို မျှော်ကြည့်နေတယ်။
ဆရာမလေးက ကလေးတွေကို ခဲတံထုတ်ဖို့ ညွှန်ကြားနေလေရဲ့။

ငါတို့အချင်းချင်း စကားလုံးတွေနဲ့ ဆုံမိ ကြုံမိကြတယ်
ခက်ထန်မှုနဲ့ ညှင်သာမှုပါတဲ့ အပြောအဆိုများ၊ တိုးတိုးတိတ်တိတ်နဲ့ တောင်းဆိုမှုပါတဲ့အသံများ
ပြန်လည် စဉ်းစားဖို့သင့်တဲ့ စကားလုံးများနဲ့ စဉ်းစားသင့်တဲ့ စကားလုံးတွေ ပါတယ်။

ညစ်ပတ်ပေတေနေတဲ့လမ်းနဲ့ အဝေးပြေးလမ်းမတွေ ငါတို့ဖြတ်ကြ
အဲဒီလမ်းမတွေမှာပဲ မတူညီမှုတွေရဲ့ ထူးခြားမှုကို လေးစားတဲ့
တစ်စုံတစ်ယောက်ရဲ့ ဆန္ဒနဲ့ အများပြည်သူရဲ့ ဆန္ဒတွေ့ဆုံတဲ့ မှတ်ကျောက်ဖြစ်ခဲ့တယ်။

ငါယုံကြည်တယ် အနာဂါတ်က လက်ရှိထက် ပိုတောက်ပတယ်။
ငါတို့ အားလုံးအတွက် လုံခြုံမယ့်နေရာတစ်ခု ငါတို့ကိုယ်တိုင် ရှာရမယ်။
အဲဒီ လုံခြုံပါတယ်ဆိုတဲ့ မမြင်နိုင်သေးတဲ့ အနာဂတ်ဆီ ငါတို့လျှောက်လှမ်းနေကြပြီပေါ့။

များပြားလှတဲ့ လူတွေသေကြေခဲ့ကြတယ်ဆိုတာ ငါတို့ပွင့်ပွင့်လင်းလင်း ပြောကြရအောင်။
ငါတို့ ဒီနေ့ ဒီအခြေအနေရောက်အောင် အနစ်နာခံ အသေခံ
ရထားလမ်း တံတားတွေ တည်ဆောက်ခဲ့တဲ့ လူတွေရဲ့ အမည်နာမတော်ကို သီဆို သီချင်းဆိုကြ။

ဝါဂွမ်းတွေကောက် ဆလပ်ရွက်တွေကောက်၊
အုပ်တစ်ချပ်ပြီးတစ်ချပ်နဲ့ မယုံနိုင်စရာ ခန်းနားထည်ဝါတဲ့ အဆောက်အဦးတွေ ဆောက်
သူတို့ကိုယ်တိုင်ပဲ အဆောက်အဦး သန့်ရှင်း တောက်ပြောင်အောင် အတွင်းအပြင် တာဝန်ယူထား။

ရုန်းကန်ခဲ့သူများအတွက် ချီးမွန်းသီချင်း၊ နေ့ထူးလေးအတွက် ချီးမွန်းသီချင်း။
မီးဖိုဆောင် ခန်းမတွေမှာ ထောက်ခံမဲများအတွက် အလုပ်လုပ်တဲ့ သူတွေနဲ့
ထောက်ခံစိုင်းထိုးခဲ့တဲ့ လက်များအတွက် ချီးမွန်းသီချင်း။

တစ်ချို့က အိမ်နီးချင်းကို ကိုယ်နဲ့ အမျှချစ် ဆိုတဲ့ ခံယူချက်နဲ့
တစ်ချို့တော့လဲ သူတပါးကို မနာကျင်စေ၊ လိုတာထက်လဲ ပိုမသုံး ဆိုတဲ့ ခံယူချက်နဲ့ အသက်ရှင်ကြ။
ဒီလိုနဲ့ မေးခွန်း တစ်ခုထွက်လာတယ်။ အချစ်ကို ဖွင့်ဆိုဖို့ အလေးနက်ဆုံးနဲ့ အနက်နဲဆုံး အဓိပ္ပါယ်က ဘာလဲ?

လက်ထပ်ထိမ်းမြားခြင်း၊ မိသားစုချစ်ခြင်းနဲ့ နိုင်ငံချစ်စိတ်တွေထက် ပိုတဲ့အချစ်၊
အချစ် အဲဒီ အချစ်က အလင်းတန်းရဲ့ ဖြစ်တည်မှုကို ပြန့်ပွားစေမဲ့ အချစ်
ဝေဖန်ပြစ်တင်မှုနဲ့ နောင်တတွေကင်းတဲ့ အချစ်။

ဒီနေ့ရဲ့ လင်းလက်တောက်ပတဲ့ အလင်းတန်းအောက်မှာ (ဒီဆောင်းလေ)
မူသစ်နဲ့ အရာအားလုံကို ဖြစ်စေနိုင်မဲ့ စနစ်သစ်တစ်ခု စတင်ခဲ့ပြီ။
ချောက်ကမ်းပါးအစွန်းနဲ့ အမြင့်မားဆုံး တောင်ထိပ်တွေမှာ
အလင်းတန်းကို ဦးတည်နေတဲ့ ခြေလှမ်းများအတွက် ချီးမွန်းခြင်းသီချင်း။

Elizabeth Alexander ရဲ့ Praise Song for The Day ကို ကျွန်မ ဘာသာပြန်ထားခြင်းဖြစ်တယ်။ proof reading အတွက်ကျေးဇူး ဖိုးဆိတ်ဖြူလေး။


Praise Song for The Day

ဒီကဗျာလေးက သမ္မတ Brack Obama's ရဲ့ ဘိသိကံ္ခကျမ်းကြိမ်းဆိုပွဲ January 20, 2009 နေ့မှာ ကဗျာ ဆရာမ Elizabeth Alexander ရေးသားသီကုန်းခဲ့တဲ့ Brack Obama အတွက် ဂုဏ်ပြုကဗျာ ဖြစ်ပါတယ်။




ကျမ်းသစ္စာ ယူနေတဲ့ သမ္မတနဲ့ မိသားစု (အဲဒီနေ့က ကျမ်းကြိမ်ဆိုရာမှာ သုံးခဲ့တဲ့ ကျမ်းစာအုပ်က အေဘရာဟမ်လင်ကွင်း ကျမ်းသစ္စာယူတုံးက သုံးခဲ့တဲ့ ကျမ်းစာအုပ် ဖြစ်ပါသတဲ့။)

Praise Song for The Day

Each day we go about our business,
walking past each other, catching each other's
eyes or not, about to speak or speaking.

All about us is noise. All about us is
noise and bramble, thorn and din, each
one of our ancestors on our tongues.

Someone is stitching up a hem, darning
a hole in a uniform, patching a tire,
repairing the things in need of repair.

Someone is trying to make music somewhere,
with a pair of wooden spoons on an oil drum,
with cello, boom box, harmonica, voice.

A woman and her son wait for the bus.
A farmer considers the changing sky.
A teacher says, Take out your pencils. Begin.

We encounter each other in words, words
spiny or smooth, whispered or declaimed,
words to consider, reconsider.

We cross dirt roads and highways that mark
the will of some one and then others, who said
I need to see what's on the other side.

I know there's something better down the road.
We need to find a place where we are safe.
We walk into that which we cannot yet see.

Say it plain: that many have died for this day.
Sing the names of the dead who brought us here,
who laid the train tracks, raised the bridges,

picked the cotton and the lettuce, built
brick by brick the glittering edifices
they would then keep clean and work inside of.

Praise song for struggle, praise song for the day.
Praise song for every hand-lettered sign,
the figuring-it-out at kitchen tables.

Some live by love thy neighbor as thyself,
others by first do no harm or take no more
than you need. What if the mightiest word is love?

Love beyond marital, filial, national,
love that casts a widening pool of light,
love with no need to pre-empt grievance.

In today's sharp sparkle, this winter air,
any thing can be made, any sentence begun.
On the brink, on the brim, on the cusp,
Praise song for walking forward in that light.

Elizabeth Alexander

picture from NY Times

တိတ်တိတ်မျက်ရည်



ရှာပေးလှည့်ပါ
မနေ့ညက ပျောက်ဆုံးသွားသော
ကျမအပျိုစင်ဘ၀။


ဘ၀ဟာရွေးချယ်စရာတွေနဲ့ ပြည့်လျှမ်းလို့
သူတို့ဆိုကြ။
တကယ်ရော ရွေးချယ်စရာတစ်ခုရှိပါရဲ့လား။


မိဘတွေရဲ့နေမှုနေရေး၊ မောင်လေးတွေရဲ့ ပညာရေး
ဒီ့ထက်အရေးကြီးတာ ကျမဘ၀မှာမရှိ။
ဒါဆိုဘာလုပ်သင့်လဲစဉ်းစား။


ကျမအလုပ်တစ်ခုရဖို့ အခုထိရှာတုန်း။
ရှင်တို့သိရင်လည်း ပြောပြပေးပါ။


ကျေးဇူးပြုပြီး အလုပ်အကိုင်အတွက်လိုအပ်တဲ့ အရည်အချင်းတွေ
ရွတ်ဆိုမပြပါနဲ့။
ဟောဒီ့ခန္ဓာကိုယ်ကလွဲရင် ကျမပိုင်တာဘာဆိုဘာမှမရှိ။
ဒါဆိုသိပ်မလွယ်ဘူးပေါ့။


နောက်ဆုံး၊ မနေ့ညကအလုပ်တစ်ခုရတယ်
အဲဒီ့ညမှာပဲ ကျမအပျိုစင်ဘ၀ပျက်ခဲ့ရ။
တစ်စုံတစ်ယောက်ကများ ကူညီရှာဖွေပေးနိုင်မလား။


ကျမတစ်စာစာ လှည့်လည်တောင်းခံခဲ့ပေမယ့်၊ ၀မ်းနည်းမှုနှင့်
ငြင်းဆိုမှုတွေကလွဲရင် ဘာများရနိုင်လို့လဲ။
ရှင်ရောကြားပါစ ကျမအသံ။


ကျမဘ၀ကိုပြဌာန်းပေးထားတာက အရှက်တကွဲဖြစ်မှု၊ လျစ်လျှူရှုခံရခြင်းနှင့်
အထီးကျန်မှု။
ရှင်တို့နားမျက်စိတွေ ကန်းနေကြရော့လား။


သူတို့အလိုရှိသလို ကျမဘ၀ဖြစ်နေတော့
အနာဂတ်ဆိုတာရော ရှိနိုင်ပါဦးမလား။


အခွင့်ရှိလို့တောင်းခံပါဆိုရင် ကျမအပျိုစင်ဘ၀ပြန်ရချင်

ဒါကိုတောင်းခံဖို့ သိပ်များလွန်းသွားပါသလား။ ။

translated by Ko Yu Thar from the "Unseen Tears"

The photos were taken by me at the Burmese Art Show in New York. Sorry I didn't remember the artist's name, of cause, a Burmese artist.

The poem was translated from the "Unseen Tears" by Ko Yu Thar, but Ko Stanylay was the one who wanted to translate. If you would like to see the original English poem click here. Great thanks to Ko Stanylay and Ko Yu Thar. It's even better than English :).

မကြာခင် မြန်မာလိုပါတင် နိုင်အောင် ကြိုးစားနေ ပါတယ်။
ဒါပေမဲ့ မြန်မာလိုကဗျာ ရေးနိုင်ဖို့တော့ အားထုတ်မှုတွေ အများကြီးလိုပါလိမ့်ဦးမယ်..
အတတ်နိုင်ဆုံး ကြိုးစား ပါ့မယ်။ ကျောင်းစာကများတော့ နဲနဲတော့ သည်းခံပြီး စောင့်ပေးပါနော်.... ခုလိုနေ့တိုင်း လာဖတ်တဲ့သူရော.. အလည်လာသူ အားလုံးကို
အမြဲချစ်ခင် လေးစားလျှက် အပရမ်းတစ်ရှစ် (Apprenticeship)

ကိုယုတာ နဲ့ ကိုစတန်နီလေး ကိုဒီကဗျာလေး အတွက်အထူး ကျေးဇူးတင် ကြောင်းထပ်မံ ပြောကြား ပါရစေနော်။


Obvious Song

I chose the shade of this tree
to rest from all I will do
while I am waiting for you.

One who waits and only waits
lives out a time of waiting in vain.

Therefore, while I wait for you,
I will work the fields, and
I will talk to the men.

My body burned by the sun, I will drench it in sweat;
my hand will become calloused hands,
my feet will learn the mystery of the paths,
my ears will hear more,
my eyes will see what they did not see before,
while I am waiting for you.

I won't await you only waiting,
for my waiting time is
a what-to-do time.

I will distrust those who shall come to tell me,
in whispers and cautiously,
"it is dangerous to act,"
"it is dangerous to speak,"
"it is dangerous to walk,"
"it is dangerous to wait, in the way you wait,"
for those ones refuse the joy of your coming.

I will distrust those too who shall come to tell me,
with easy words, that you have come,
for those ones, as they naively herald you,
will first betray you.

I will be preparing your arrival
as a gardener tends to the garden
for the rose that shall come in the spring.

Paulo Freire
Geneva, March 1971
from Ana Maria Araujo Freire's collection.

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)