Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

Ski Jumping

နယ်ခြားမြေခြားနှင်းမြို့တော်မှာ ရောက်နေတဲ့ ကျွန်မအတွက် ချစ်သူများနေ့ကို တစ်ယောက်ထဲ အခန်းကျင်းလေးထဲမှာ မကုန်ဆုံးချင်တာကြောင့် သူငယ်ချင်းတွေနဲ့ Ski Jumping သွားကြည့်ဖြစ်တယ်။ Winter Sports တွေကို စိတ်ဝင်စားတဲ့ ကျွန်မ ဒီလိုခုန်တာ TV တွေလောက်မှာသာ မြင်ဘူးတာလေ...။ အဲဒါကြောင့် သွားကြည့်ဖြစ်တာပါ။ :) တကယ်ကိုရင်ခုန်စရာ ကောင်းတဲ့ ကစားနည်း တစ်မျိုးပါပဲ။ ကျွမ်းကျင်တဲ့ ကစားသမားတွေရဲ့ ၀မ်းလျားမောက်ပြီး ခုန်ဆင်း (ပျံသန်း)သွားတာ ကြောက်စရာ မကောင်းပဲ အရမ်းကို လှပါတယ်။ လာကြည့်သူတွေအားလုံးကို အားကျစေတဲ့ အပြင်၊ ပျော်ရွှင်ဖွယ်ရာ ရင်ခုန်မှု၊ မဖော်ပြတတ်တဲ့ ခွန်အားတစ်ခုနဲ့ အမြင်သစ်တွေလည်း ဖြစ်စေနိုင်တဲ့ ကစားနည်းတစ်မျိုးဖြစ်တဲ့ အတွက် ခံစားမှုတွေ မျှဝေနိုင်ဖို့ ရိုက်ခဲ့တဲ့ ပုံတွေနဲ့ Video ကိုမျှဝေလိုက်ပါတယ်။ အားလုံးပျော်ရွှင်ဖွယ်ရာ ချစ်သူများနေ့ ဖြစ်ပါစေကွယ်။။။။
အော်ဒါနဲ့ နောက်အခွင့်ကြုံရင် သွားကြည့်နော်။ အထူးသဖြင့် ချစ်သူများနေ့အတွက်တော့ a good leisure activity တစ်ခုဖြစ်တယ်။ ရင်ခုန်သံမြန်ချင်သူတွေ အတွက်ပေါ့။ :) :P

အတောင်ပံနှင့် လူသားများ


ကင်မရာနဲပဲ ရိုက်ဖြစ်လို့ တစ်ယောက်စာပဲ မှတ်တမ်းတင်နိုင်ခဲ့တယ်။



ကစားကွင်း


ဒီနိုင်ငံက လူတွေကစားတယ်


တောင်ထိပ်အပေါ်မှ စတင်အမှတ်




ဘားတန်းရဲ့ အလယ်မှာထိုင်းပြီး ဒိုင်လူကြီးရဲ့ ခရာသံစောင့်နေစဉ်


လမ်းကြောင်းတစ်လျှောက်

ဒီနေရာရောက်တော့ မြေပြင်ကို အရှိန်နဲ့ တောင်အောက်ကို ခုန်တာ.. ပျံနေတဲ့ အတိုင်းပဲ... အရမ်းကို မြန်ဆန်တယ်... ဒီနေရာက စခုန်တာတော့ မရိုက်ခဲ့ရဘူး :(


အရမ်းမြန်တော့ ဒီပျံနေတဲ့ ပုံလေးရအောင် မနဲကြိုးစားလိုက်ရတယ် Sport ကင်မရာ မယူသွားမိလို့ နဲနဲဝါးနေတယ်... ကောင်းကောင်းကြည့်ရင်တော့ မြင်နိုင်မှာပါ :)


လေဟုန်မှာ ပြန်ဝဲနေစဉ်


ပျံသန်းအပြီး မြေပြင်နှင့်စထိစဉ်


လျှောဆင်းလာချိန်.. ခန္ဒကိုယ်ကို ပိုင်နိုင်စွာ ထိန်းသိမ်းနိုင်မှုက အရေးပါတယ်


အောင်မြင်စွာ ခုန်ဆင်းအပြီး


မိန်းကလေးတွေလဲ ယောကျာင်္လေးတွေလိုပဲ ခုန်နိုင်ကြတယ် အားကျစရာနော်..


သူတို့တွေက စတိုင်များတယ်




လမ်းကြောင်းတစ်လျှောက် အားပေးနေသူများ


ဒိုင်လူကြီး


ခုန်မှတ်ကို တာဝန်ယူမှတ်သားသောသူများ


ဒီလို ခေါင်းလောင်းတွေနဲ့ အားပေးကြတယ်



ကလေးငယ်လေး သူ့ဖုန်းနဲ့ရိုက်ယူနေစဉ်


ခုန်ချအပြီး ကစားသမားများ


တောင်ပေါ်ကို ပြန်ပို့ပေးတယ်

ကားလေးက တောင်ပေါ်နားအထိပဲ ပို့နိုင်တော့ ကိုယ့်ကစား ကရိယာကိုယ်ထမ်းပြီး ခုန်မှတ်စတင်ရာနေရာကို ပြန်သွားရတယ်



အနာဂါတ် ကစားသမားများနဲ့ လက်ရှိခုန်နေသူ


ကစားသမားတွေ တစ်ခုခု ဖြစ်ရင် မြန်မြန်ကု နိုင်ဖို့ Ambulance ကအဆင်သင့် စောင့်နေတယ်။ ဒါပေမယ့် ဘယ်သူမှ ဘားမှ မဖြစ်ဘူး။

“The person who risks nothing, does nothing, has nothing, is nothing, and becomes nothing. He may avoid suffering and sorrow, but he simply cannot learn and feel and change and grow and love and live.”
Leo F. Buscaglia


Twenty years from now you will be more disappointed by the things that you didn't do than by the ones you did so. So throw off the bowlines. Sail away from the safe harbor. Catch the trade winds in your sails. Explore. Dream. Discover. Mark Twin

Photos and Video by Apprenticeship

ပြည်ထောင်စုရဲ့ အဓိပ္ပါယ်

ပြည်ထောင်စုနေ့ ရောက်တိုင်း ကျွန်မကိုယ်တိုင် ပြည်ထောင်စု ကိုယ်စားလှယ်အဖြစ် တက်ရောက်ဖူးတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားလေးတစ်ခုကို ပြန်သတိရ မိတယ်။ နိုင်ငံတော်က ပြည်နယ်နဲ့တိုင်း အသီးသီးမှ ကိုယ်စားလှယ်တော်များကို ဖိတ်ခေါ်ပြီး ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက် နိုင်ဖို့ အစီအစဉ်တွေ နဲ့စည်ကား သိုက်မြိုက်စွာ ကျင်းပလာတဲ့ အစဉ်အလာဟာ ဒီနေ့ အထိပါပဲ။ တကယ်လဲ အလေးထား လုပ်သင့်တဲ့ ရက်မြတ်လေးတစ်ခုပါ။

ဒီလို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တော်တွေက ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ရတဲ့ အပြင် တစ်ခြား လေ့လာရေး ခရီးစဉ်တွေလဲ အများကြီး စီစဉ်ပေးပါတယ်။ ခရီးစဉ် အများကြီးနဲ့ ရက်တိုတိုလေးမှာ ရန်ကုန်တစ်မြို့လုံးမှာ ရှိတဲ့ နေရာတော်တော် နှံ့အောင်လိုက်ကြည့်ခွင့်ရတယ်။ မနက် ၃ နာရီလောက် ထရတဲ့ ရက်တွေလဲ ရှိတယ်ဗျာ..။ အမောခံလိုက်တာ အကျိုးရှိပါတယ်။ ကိုယ့်ဟာကိုယ်ဆို သွားဖြစ်မဲ့ နေရာတွေ မဟုတ်လို့ပေါ့။ အဲဒီ အစီအစဉ်တွေ အားလုံးထဲက သမ္မတအိမ်ဖြူတော်မှာ ကျင်းပတဲ့ ညစာစားပွဲကိုတော့ ကျွန်မ အနှစ်သက်ဆုံးပါ။ ညစာ စားပွဲ အပြီးမှာ တက်ရောက်လာတဲ့ တိုင်းရင်းသား လူမျိုးစုတွေ အားလုံးရဲ့ တီးမှုတ်ကခုန်မှုတွေကို နိုင်ငံတော်လူကြီးမင်းတွေနဲ့ တိုင်းရင်းသားအားလုံးရဲ့ ကြည့်ရှု အားပေးရင်း ထွက်လာတဲ့ သြဘာပေးတဲ့ လက်ခုပ်သံတွေက ကျွန်မရင်ကို မဖော်ပြနိုင်အောင် ကြည်နူး ပီတိ ဝေစေခဲ့တာ ကြက်သီးဖြာ မိတဲ့အထိပါပဲ။

တိုင်းရင်းသားအားလုံးက (ဗမာ အပါအ၀င်) အခမ်းအနား အစီအစဉ်အတိုင်း သူတို့ရိုးရာဝတ်စုံနဲ့ ယဉ်ကျေးမှုအကကို ဂုဏ်ယူစွာ ဖေါ်ထုတ်ကပြသွားကြတဲ့ စည်းချက်ကခုန်မှုတွေကို အခုပြန်ရေးရင်းတောင် အတိုင်းသား ပြန်မြင်ယောင်လာတယ်။ ဒီကပွဲတွေရဲ့ ထူးခြားမှုက တစ်ဖက်နဲ့ တစ်ဖက်ယှဉ်ပြိုင်မှုမပါဘူး။ ဒါပေမယ့် မတူညီတဲ့ ယဉ်ကျေးမှု သီဆိုတီးမှုတ် ကခုန်မှု တွေကို အသိအမှတ်ပြု၊ လေးစားတဲ့ ညနေခင်းလေးတစ်ခုပါ။ တစ်ကယ်တော့ ကိုယ့်ယဉ်ကျေးမှုသာ အားလုံးထက်သာတယ်၊ ကောင်းတယ် ဆိုတဲ့ အတွေးအခေါ်ကို သင်ပုန်းခြေပြီး ယဉ်ကျေးမှုတိုင်းဟာ လှပတယ်၊ ချစ်စရာကောင်းတယ် ဆိုတဲ့ အရိုးခံစိတ်တွေနဲ့ တီးခတ်ကခုန်နေကြတာ ပြည်ထောင်စု ဆိုတဲ့ အနက်ကို ဖေါ်ထုတ်နေခြင်းပေါ့။ မင်္ဂလာရှိတဲ့ ညချမ်းကို အိမ်ဖြူတော်မှာ နားခိုနေတဲ့ သြဥငှက်တွေနဲ့ အခြားငှက်ကလေးတွေလဲ သီဆိုသြဘာပေးခဲ့ကြ။ ကောင်းကင်သားတွေ သီချင်းဆိုတဲ့ ညချမ်းလေးပါပဲ။

ဒီလိုအနစ်သာရနဲ့ ပြည့်ဝတဲ့ ပြည်ထောင်စုနေ့ဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့ တစ်ရက်ပဲ ဆင်နွဲပြီး ကျန်တဲ့ ရက်တွေမှာတော့ မေ့ထားရမှာလား? ပြည်ထောင်စု စိတ်ဓာတ်ဆိုတာ ဘာလဲ? ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံ စာချုပ်ရဲ့ အနှစ်က ဘာလဲ? ဘာအတွက် ကျွန်မတို့ တစ်ညီတစ်ညွတ် သဘောတူခဲ့ ကြလဲ? အဲဒီလို သဘော တူညီမှုတွေ ကျွန်မတို့ ခေတ်မှာ မရှိနိုင်တော့ ဘူးလား? ကိုယ့်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတဲ့ အခွင့်အရေးကို ကတိပြုခဲ့တဲ့ ပင်လုံ စာချုပ်ရဲ့ အရင်းအမြစ်ဟာ ကျွန်မတို့ တိုင်းပြည်ကို လာရောက် အုပ်ချုပ်ခဲ့တဲ့ နယ်ချဲ့တွေရဲ့ လက်ကလွတ်မြှောက်ဖို့ အတူတကွ ပါဝင်တိုက်ပွဲဝင်ဖို့ သဘောတူညီမှုနဲ့ တိုင်းရင်းသားအချင်းချင်း လေးစားတန်ဖိုးထားတတ်ဖို့ ရေးထိုးခဲ့တဲ့ လက်မှတ်တစ်ခု ဆိုရင် မှားမယ်မထင်ဘူး။

British လက်အောက်က လွတ်မြှောက်ခဲ့တဲ့ ကျွန်မတို့ တကယ်လွတ်လပ်ခဲ့ပါသလား? ဒီမေးခွန်းလေးက ကျွန်မကို မသက်မသာဖြစ်စေတာတော့ အမှန်ပဲ။

ဒီလိုနဲ့ လွတ်လပ်မှုရဲ့ ဖွင့်ဆိုချက်တွေ ကို ကျွန်မစဉ်းစားမိသွားတယ်။ တစ်ဆက်ထဲမှာပဲ၂၁ ရာစုရဲ့ လွတ်လပ်မှုကို ကျွန်မတွေးမိတယ်။ စစ်ပွဲနဲ့ ပတ်သက်ပြီး တင်းကျပ်လာတဲ့ နိုင်ငံတကာ ဥပဒေတွေကြောင့် စက်မှုနိုင်ငံတွေနဲ့ အရင်းရှင်နိုင်ငံတွေက သူတို့လိုချင်တာ ရဖို့ စစ်တိုက်ပြီး အရယူတဲ့ စနစ်ကို မသုံးတော့တာ ကမ္ဘာ့သမိုင်းကို ခြုံငုံကြည့်ရင် အထင်သားတွေ့နိုင်ပါတယ်။ ဒါဆို ၂၁ ရာစုမှာ စစ်ပွဲ မရှိတော့ဘူးလား မေးစရာရှိလာပါတယ်။

ဝမ်းနည်းစွာနဲ့ ကျွန်မဖြေရပါလိမ့်မယ်။ ကုန်ခမ်းလာတဲ့ ကမ္ဘာ့အရင်းအမြစ်တွေကြောင့် စစ်ပွဲတွေဟာ ပိုပြင်းထန်လာတယ်လို့ ဆိုရပါမယ်။ လက်နက်ကြီးတွေနဲ့ တိုက်ယူခြင်းတော့ မဟုတ်တော့ဘူးပေါ့။ ဒါပေမယ့် တိုးတိုးတိတ်တိတ် ညှင်ညှင်သာသာ ပါပဲ။ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု ဆိုတဲ့ စွဲဆောင်အား အရမ်းကောင်းတဲ့ စီးပွားရေး လက်နက်ကြီးတွေ တပ်ဆင် အသုံးပြုလာတာ ဆင်းရဲတဲ့ နိုင်ငံတွေက မွဲသေသွားပြီး၊ ချမ်းသာပြီးသား နိုင်ငံတွေက ချမ်းသာသထက် ချမ်းသာမှုကို ရလာအောင်ပေး နိုင်တဲ့ စီးပွားရေး ယန္တရား လက်နက်ကြီးတွေ တပ်ဆင် ပစ်ခတ်လိုက်တာ အရင် လက်နက်ကြီးတွေနဲ့ တိုက်တဲ့ စစ်ပွဲတွေထက်တောင် ပိုပြီး ကြောက်စရာကောင်းပါတယ်။

ဒီလို အင်းအားကြီးတဲ့ စီးပွားရေးလက်နက်တွေနဲ့ တိုက်နေချိန်မှာ ကျွန်မတို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်ခွင့် ဆိုတဲ့ ခေါင်းစဉ်ကြီးတွေတပ်ပြီး အချင်းချင်း သတ်ကြ၊တိုက်ကြ၊ ခိုက်ကြနဲ့ အခုကျွန်မတို့ ဒီနေ့ဘယ် အခြေအနေဘယ်နေရာကို ရောက်ရှိနေပြီလဲ ? British တွေလာတော့ မြန်မာတွေက သူတို့ ဝေယာဝိစ္စ လုပ်ပေးဖို့ နယ်ချဲ့လက်အောက်မှာ မလုပ်ဘူးလို့ ငြင်းဆန်တဲ့အတွက် India က ကုလားတွေကို ခေါ်ယူ အသုံးပြုခဲ့ရတယ်ဆိုတာ ကျွန်မတို့ အားလုံးသိပြီး ဖြစ်ပါတယ်။ အခု ခေတ်မှာတော့ ကျွန်မတို့ မြန်မာတွေက တိုင်းတပါးမှာ အလုပ်လုပ်နိုင်ဖို့ ပွဲစားကို ငွေသိန်းပေါင်းများစွာ ပေးပြီး အောက်ခြေသိမ်း အလုပ်တွေ သွားလုပ်နေရတဲ့ (ကျွန်ခံ) မြန်မာတွေ ဖြစ်နေခဲ့ပါပြီ။

မြန်မာလို့ ပြောလိုက်တာနဲ့ ကူညီရမဲ့ နိုင်ငံသားလို့ ကမ္ဘာက မြင်နေပြီ။ ပိုက်ဆံတတ်နိုင်လို့ အလည်သွားဖို့တောင် မြန်မာ Passport ဆိုရင် visa ရဖို့ မျက်နှာ ငယ်ရတယ်။ သံရုံးတွေမှာ ဘာမှ မမေးခင် “မင်း မြန်မာပြည်ကို ပြန်လာမှာ မဟုတ်ဘူး” ဆိုတဲ့ စကားနဲ့ အစွပ်စွဲခံရတယ်။ တကယ်လဲ စီးပွားရေး အခြေအနေနဲ့ အခြေအနေ အရပ်ရပ်ကြောင့် ပြန်မလာတဲ့ သူတွေက များနေတာကိုး။ ဘယ်မလဲ ကျွန်မတို့ ပြောတဲ့ ဂုဏ်? ဘယ်မှာလဲ ကျွန်မတို့ ပြောတဲ့ လွတ်လပ်ခွင့်? ငါတို့ နိုင်ငံက နေချင်စရာမကောင်းအောင်ကို ဖြစ်နေပြီးလား?

တကယ်တော့ ကျွန်မတို့ ပြောပြောနေတဲ့ ပြည်ထောင်စု စိတ်ဓာတ်ဟာ မြန်မာပြည် ကောင်းစားရေးအတွက်ပါ။ ငါတို့ ခရီးတစ်ခု အတူတူ လျှောက်နေကြပြီး ဘာအတွက် အငြင်းပွား သတ်ဖြတ်နေတာလဲ ?

ကျွန်မတော့ အထက်က ပြောခဲ့တဲ့ အိမ်ဖြူတော် ညလေးနဲ့ တိုင်းရင်းသား အချင်းချင်း လေးစား၊နာလည်မှုတွေနဲ့ တီးမှုတ် ကခုန်နိုင်မယ့် ညလေးကိုလိုချင်မိတယ်။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ တိုင်းရင်းသား အချင်းချင်း နားလည်၊ယုံကြည်မှုတွေနဲ့ လေးစားဂုဏ်ယူစွာ ကမဲ့နေ့လေးနဲ့ မြန်မာမျိုးဟေ့လို့ ကမ္ဘာမှာ ဂုဏ်ယူဝံ့ကြွားစွာ ပြောနိုင်မယ့် နေ့လေးကို တကယ်လိုချင်မိတယ်။ ကျွန်မရင်မှာ ရှိတဲ့ ပြည်ထောင်စု အိမ်မက်လေးတစ်ခုပေါ့။

မြန်မာဆိုပြီး ကမ္ဘာမှာ မော်ကြွားနိုင်ဖို့ ငါတို့ အချင်းချင်း လေးစား ချစ်ခင်ရမယ်။ မြန်မာပြည်ရဲ့ အနာဂတ်ဟာ မြန်မာလူငယ်တွေမှာ ရှိပါတယ်။ အဲဒီလို အရေးကြီးတဲ့ သမိုင်းကို ပြန်လည် တည်ဆောက်မယ့် ငါတို့ အရည်အချင်း ပြည့်မီရမဲ့အပြင် ကျွန်မတို့ရဲ့ ရပ်တည်ချက်တွေ နေရာမှန်ဖြစ်နေဖို့ လဲ အရမ်း အရေးကြီးပါတယ်။ အဲဒီတော့ အနာဂတ်ရဲ့ ခေါင်းဆောင်တွေ ဖြစ်လာမယ့် ငါတို့လူငယ်တွေ အားလုံး အမည်နာမ၊ အဖွဲ့အစည်း အစွဲတွေထက် မြန်မာပြည်ကောင်းစားရေး၊ မြန်မာပြည်ကြီး တိုးတက်ဖို့ ငါတို့ အားလုံးပြောနေတဲ့ “ပြည်ထောင်စု စိတ်ဓာတ်နဲ့ မျိုးချစ်စိတ်ဓာတ်တွေကို” ပြန်လည်သုံးသပ်ဖို့ ဖိတ်ခေါ် ချင်ပါတယ်။

အချင်းချင်းလေးစားမှုနဲ့ လူပီသတဲ့ လူ့ယဉ်ကျေးမှုကို လက်ဆင့်ကမ်းပေး နိုင်မယ့် သမိုင်းတစ်ခေတ်ရဲ့ သူရဲကောင်းများ ဖြစ်လာကြပါစေလို့လဲ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

မတူညီမှုတွေကို အမြဲလေးစား မြတ်နိုးလျှက်>>>>>> Apprenticeship

ရက်မြတ်အတွက် ချီးမွန်းသီချင်း

ကဗျာလေးကို အနီးစပ်ဆုံးဖြစ်အောင် ပြန်ဆိုထားပါတယ်။ ပိုသင့်တော်မဲ့ စကားလုံးတွေရှိရင်လဲ အကြံပေးသွားကြနော်။

ရက်မြတ်အတွက် ချီးမွန်းသီချင်း

နေ့တိုင်းတာဝန်ကိုယ်စီနဲ့ ပြေးလွားသွားလာနေတဲ့ ငါတို့
တစ်ခါတစ်လေတော့ ဖာသိဖာသာ ဖြတ်သန်းသွားလာကြ
တစ်ခါတစ်လေတော့လဲ မျက်မှန်းတန်းမိရုံ
တစ်ခါတစ်လေတော့ ပြောတော့မလိုလိုနဲ့။

ငါတို့တွေဟာ ဆူညံသံတစ်ခု ဖြစ်တယ်။
တကယ်တော့ ငါတို့တတွေဟာ ငါတို့ကိုယ်စီရဲ့ ဘိုးဘွားတွေအကြောင်း ပြောရင်း
ဆူညံသံနဲ့ နှင်းဆီချုံနွယ် ၊ ဆူးပင်နဲ့ အဆက်မပြတ်ဆူညံသံတွေဖြစ်နေကြတယ်။


တစ်ယောက်သောသူက အင်္ကျီအနားသားကို သီချုပ်ရင်း
ပေါက်ပြဲနေတဲ့ ယူနီဖောင်းနဲ့ တာယာပေါက်တွေကို ပြုပြင်ဖာထေးနေတယ်
ပြန်လည်တည်ဆောက်သင့် သည်များကို ပြုပြင်ဖာထေးခြင်းပေါ့။

တစ်ယောက်သောသူက သာယာတဲ့ တေးသံရဖို့
အဆီတွေပျံနေတဲ့ ဗုံပေါ်မှာ သစ်သားတုတ် နှစ်ချောင်းနဲ့
အားကုန်တီးခတ်ပြီး တယော၊ ဘာဂျာ၊ ကက်ဆက်၊ အသံစုံတွေနဲ့ ကီးညှိနေလေရဲ့။

မိခင်နဲ့ သူ့သားလေး ဘတ်စ်ကားစောင့်နေတယ်။
လယ်သမားကတော့ မိုးလေ၀သကောင်းဖို့ ကောင်းကင်ကို မျှော်ကြည့်နေတယ်။
ဆရာမလေးက ကလေးတွေကို ခဲတံထုတ်ဖို့ ညွှန်ကြားနေလေရဲ့။

ငါတို့အချင်းချင်း စကားလုံးတွေနဲ့ ဆုံမိ ကြုံမိကြတယ်
ခက်ထန်မှုနဲ့ ညှင်သာမှုပါတဲ့ အပြောအဆိုများ၊ တိုးတိုးတိတ်တိတ်နဲ့ တောင်းဆိုမှုပါတဲ့အသံများ
ပြန်လည် စဉ်းစားဖို့သင့်တဲ့ စကားလုံးများနဲ့ စဉ်းစားသင့်တဲ့ စကားလုံးတွေ ပါတယ်။

ညစ်ပတ်ပေတေနေတဲ့လမ်းနဲ့ အဝေးပြေးလမ်းမတွေ ငါတို့ဖြတ်ကြ
အဲဒီလမ်းမတွေမှာပဲ မတူညီမှုတွေရဲ့ ထူးခြားမှုကို လေးစားတဲ့
တစ်စုံတစ်ယောက်ရဲ့ ဆန္ဒနဲ့ အများပြည်သူရဲ့ ဆန္ဒတွေ့ဆုံတဲ့ မှတ်ကျောက်ဖြစ်ခဲ့တယ်။

ငါယုံကြည်တယ် အနာဂါတ်က လက်ရှိထက် ပိုတောက်ပတယ်။
ငါတို့ အားလုံးအတွက် လုံခြုံမယ့်နေရာတစ်ခု ငါတို့ကိုယ်တိုင် ရှာရမယ်။
အဲဒီ လုံခြုံပါတယ်ဆိုတဲ့ မမြင်နိုင်သေးတဲ့ အနာဂတ်ဆီ ငါတို့လျှောက်လှမ်းနေကြပြီပေါ့။

များပြားလှတဲ့ လူတွေသေကြေခဲ့ကြတယ်ဆိုတာ ငါတို့ပွင့်ပွင့်လင်းလင်း ပြောကြရအောင်။
ငါတို့ ဒီနေ့ ဒီအခြေအနေရောက်အောင် အနစ်နာခံ အသေခံ
ရထားလမ်း တံတားတွေ တည်ဆောက်ခဲ့တဲ့ လူတွေရဲ့ အမည်နာမတော်ကို သီဆို သီချင်းဆိုကြ။

ဝါဂွမ်းတွေကောက် ဆလပ်ရွက်တွေကောက်၊
အုပ်တစ်ချပ်ပြီးတစ်ချပ်နဲ့ မယုံနိုင်စရာ ခန်းနားထည်ဝါတဲ့ အဆောက်အဦးတွေ ဆောက်
သူတို့ကိုယ်တိုင်ပဲ အဆောက်အဦး သန့်ရှင်း တောက်ပြောင်အောင် အတွင်းအပြင် တာဝန်ယူထား။

ရုန်းကန်ခဲ့သူများအတွက် ချီးမွန်းသီချင်း၊ နေ့ထူးလေးအတွက် ချီးမွန်းသီချင်း။
မီးဖိုဆောင် ခန်းမတွေမှာ ထောက်ခံမဲများအတွက် အလုပ်လုပ်တဲ့ သူတွေနဲ့
ထောက်ခံစိုင်းထိုးခဲ့တဲ့ လက်များအတွက် ချီးမွန်းသီချင်း။

တစ်ချို့က အိမ်နီးချင်းကို ကိုယ်နဲ့ အမျှချစ် ဆိုတဲ့ ခံယူချက်နဲ့
တစ်ချို့တော့လဲ သူတပါးကို မနာကျင်စေ၊ လိုတာထက်လဲ ပိုမသုံး ဆိုတဲ့ ခံယူချက်နဲ့ အသက်ရှင်ကြ။
ဒီလိုနဲ့ မေးခွန်း တစ်ခုထွက်လာတယ်။ အချစ်ကို ဖွင့်ဆိုဖို့ အလေးနက်ဆုံးနဲ့ အနက်နဲဆုံး အဓိပ္ပါယ်က ဘာလဲ?

လက်ထပ်ထိမ်းမြားခြင်း၊ မိသားစုချစ်ခြင်းနဲ့ နိုင်ငံချစ်စိတ်တွေထက် ပိုတဲ့အချစ်၊
အချစ် အဲဒီ အချစ်က အလင်းတန်းရဲ့ ဖြစ်တည်မှုကို ပြန့်ပွားစေမဲ့ အချစ်
ဝေဖန်ပြစ်တင်မှုနဲ့ နောင်တတွေကင်းတဲ့ အချစ်။

ဒီနေ့ရဲ့ လင်းလက်တောက်ပတဲ့ အလင်းတန်းအောက်မှာ (ဒီဆောင်းလေ)
မူသစ်နဲ့ အရာအားလုံကို ဖြစ်စေနိုင်မဲ့ စနစ်သစ်တစ်ခု စတင်ခဲ့ပြီ။
ချောက်ကမ်းပါးအစွန်းနဲ့ အမြင့်မားဆုံး တောင်ထိပ်တွေမှာ
အလင်းတန်းကို ဦးတည်နေတဲ့ ခြေလှမ်းများအတွက် ချီးမွန်းခြင်းသီချင်း။

Elizabeth Alexander ရဲ့ Praise Song for The Day ကို ကျွန်မ ဘာသာပြန်ထားခြင်းဖြစ်တယ်။ proof reading အတွက်ကျေးဇူး ဖိုးဆိတ်ဖြူလေး။


Praise Song for The Day

ဒီကဗျာလေးက သမ္မတ Brack Obama's ရဲ့ ဘိသိကံ္ခကျမ်းကြိမ်းဆိုပွဲ January 20, 2009 နေ့မှာ ကဗျာ ဆရာမ Elizabeth Alexander ရေးသားသီကုန်းခဲ့တဲ့ Brack Obama အတွက် ဂုဏ်ပြုကဗျာ ဖြစ်ပါတယ်။




ကျမ်းသစ္စာ ယူနေတဲ့ သမ္မတနဲ့ မိသားစု (အဲဒီနေ့က ကျမ်းကြိမ်ဆိုရာမှာ သုံးခဲ့တဲ့ ကျမ်းစာအုပ်က အေဘရာဟမ်လင်ကွင်း ကျမ်းသစ္စာယူတုံးက သုံးခဲ့တဲ့ ကျမ်းစာအုပ် ဖြစ်ပါသတဲ့။)

Praise Song for The Day

Each day we go about our business,
walking past each other, catching each other's
eyes or not, about to speak or speaking.

All about us is noise. All about us is
noise and bramble, thorn and din, each
one of our ancestors on our tongues.

Someone is stitching up a hem, darning
a hole in a uniform, patching a tire,
repairing the things in need of repair.

Someone is trying to make music somewhere,
with a pair of wooden spoons on an oil drum,
with cello, boom box, harmonica, voice.

A woman and her son wait for the bus.
A farmer considers the changing sky.
A teacher says, Take out your pencils. Begin.

We encounter each other in words, words
spiny or smooth, whispered or declaimed,
words to consider, reconsider.

We cross dirt roads and highways that mark
the will of some one and then others, who said
I need to see what's on the other side.

I know there's something better down the road.
We need to find a place where we are safe.
We walk into that which we cannot yet see.

Say it plain: that many have died for this day.
Sing the names of the dead who brought us here,
who laid the train tracks, raised the bridges,

picked the cotton and the lettuce, built
brick by brick the glittering edifices
they would then keep clean and work inside of.

Praise song for struggle, praise song for the day.
Praise song for every hand-lettered sign,
the figuring-it-out at kitchen tables.

Some live by love thy neighbor as thyself,
others by first do no harm or take no more
than you need. What if the mightiest word is love?

Love beyond marital, filial, national,
love that casts a widening pool of light,
love with no need to pre-empt grievance.

In today's sharp sparkle, this winter air,
any thing can be made, any sentence begun.
On the brink, on the brim, on the cusp,
Praise song for walking forward in that light.

Elizabeth Alexander

picture from NY Times

The meaning of Pink

ဖေဖော်ဝါရီ နဲ့ ပန်းရောင်

ဖေဖော်ဝါရီက
ပန်းရောင်ကို ကိုယ်စားပြုတယ်ဆိုရင်
ပန်းရောင်ကို ခံစားလိုသူတွေများ
လိမ်ညာမှုကင်းတဲ့ နှုတ်ခမ်းတစ်စုံ
စစ်မှန်တဲ့ စကားနှစ်လုံး
မေတ္တာအပြည့်နဲ့ ရင်ဘတ်
ဖြူစင်ရိုးသားတဲ့ မျက်ဝန်း
မြတ်နိုးယုယတဲ့ လက်တစ်စုံ
ရဲရင့်ပြတ်သားတဲ့ ဦးဏှောက်
လေးနက်တည်ကြည်တဲ့ ခြေတစ်စုံ
နဲ့
ကဗျာဆန်တဲ့ အတွေးအိမ်တစ်လုံး
တော့
အနဲဆုံး ပိုင်ဆိုင်ထားသင့်တယ်။

Trading Women

ကြည့်စေချင်တယ်

မြန်မာပြည်က တိုင်းရင်သူ အခါလေးပါ။

ကြည့်ဖြစ်တဲ့ documentary movie တစ်ခုကို မျှဝေချင်ပါတယ်။ ဒီရုပ်ရှင်လေးက ဟောလီဝုတ်မင်းသား၊ မင်းသမီးတွေ ပါတဲ့ ရုပ်ရှင်တော့ မဟုတ်ဘူး။

အခြေအနေ အကြောင်း ကြောင်းကြောင့် ကာမလုပ်သားတွေအဖြစ် ရောင်းစားခြင်း ဒါမှမဟုတ် အခြေအနေအရ ကာမအလုပ်ကို ၀င်လုပ်နေရတဲ့ မိန်းကလေးတွေရဲ့ ဘ၀ကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ ပညာပေး ရုပ်ရှင်ဖြစ်ပါတယ်။

ဘာလို့ကြည့်စေချင်လဲ ဆိုရင်တော့ ဒီရုပ်ရှင်ထဲမှာ အလုပ်ပေးမယ် ဆိုပြီး တကယ့်လက်တွေ့မှာ ကာမလုပ်သားတွေ အဖြစ်အလုပ်လုပ်နေရတဲ့ ကြေကွဲဖွယ်ရာ မြန်မာ မိန်းကလေးငယ်တွေရဲ့ ဘ၀ဇတ်လမ်းတွေနဲ့ သူတို့ အဲဒီလို ဘ၀ရောက်အောင် တွန်းပို့လိုက်တဲ့ အခြေအနေတွေ အကြောင်းတင်ပြထားတဲ့ ပညာပေး ရုပ်ရှင်တစ်ခုမို့ပါ။

ဒီရုပ်ရှင် အစပိုင်းမှာတော့ ထိုင်းနိုင်ငံရဲ့ ကာမ ခရီးသွားလုပ်ငန်း (Sex Tourism) အကြောင်း နဲ့ ထိုင်းမိန်းကလေးတွေ အကြောင်းကနေ အစပျိုးလိုက်ပြီး ထိုင်းနိုင်ငံ ကာမ ခရီးသွားလုပ်ငန်းရဲ့ အဓိက ပံ့ပိုးမှုထုတ်ကုန်တွေ ဖြစ်တဲ့ မိန်းကလေးတွေက မြန်မာမိန်းကလေးတွေနဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ နေထိုင်တဲ့ တိုင်းရင်းသူတွေ ဖြစ်တယ် ဆိုတဲ့ အကြောင်းတင်ပြသွားတာ တချို့ မြန်မာ မိန်းကလေးငယ်တွေရဲ့ ကြေကွဲဖွယ် ဘ၀ဇတ်လမ်း အကြောင်း တွေ့ဆုံမေးမြန်းခန်းတွေ ပါတဲ့အတွက် ညွန်းလိုက်တာပါ။

ရုပ်ရှင်ရဲ့ နာမည်ကတော့ Trading Women (မိန်းမ ကုန်သွယ်ခြင်း)

၇၇ မိနစ်ကြာပြီး David A. Feingold ရိုက်ကူးထားတဲ့ ပညာပေးရုပ်ရှင် ဖြစ်ကြောင်းပါရှင့်

လင့်တော့မရှိဘူး ကျောင်း library တွေမှာတော့ရှိပါတယ်။ တကယ်လို့ တက်နေတဲ့ ကျောင်းမှာ မရှိဘူးဆိုရင် ကျောင်းတွေမှာ ရှိတဲ့ World wide library services (Inner Library Loan) ကနေတဆင့် ငှားကြည့်လို့ရပါတယ်။
ဒီနေရာမှာတော့ အတိုးချုံးလောက်ပဲ ကြည့်လို့ရတယ်။ "Click here to preview this film" ကနေတဆင့် ကြည့်လို့ရပါတယ်။
ဒီနေရာမှာတော့ ဒီရုပ်ရှင်ရိုက်ဖြစ်တဲ့ ရည်ရွယ်ချက် သိချင်သူတွေ ဖတ်လို့ရတယ်။

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)