Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

Showing posts with label the person I treasure. Show all posts
Showing posts with label the person I treasure. Show all posts

ခေတ်အစားဆုံးလူတစ်ယောက်

To a new pasture….. Change has come.
Align Center

အခုတလောသတင်းစာနဲ့သတင်းတွေမှာ ခေတ်အစားဆုံးလူတစ်ယောက်ကို ပြောပါဆိုလျှင် အရွေးချယ်ခံ သမ္မတ အိုဘားမား ဆိုလျှင်ကန့်ကွက်မည့်သူ ရှိမည်မထင်ပါ။ ကန့်ကွက်မည့်သူရှိပါက “Yes, we can.” ဟဲဟဲ…
ကျွန်မ ရဲ့အမေရိကန်သမ္မတရွေးကောက်ပွဲအပေါ်စိတ်ဝင်စားမှုကို Democratic သမ္မတ
လောင်း Al Gore နဲ့ လက်ရှိသမ္မတ Bush တို့ရဲ့ယှဉ်ပြိုင်ပွဲကို မြန်မာနိုင်ငံ American Center မှာသွားကြည့်ဖြစ်ကတည်းက စခဲ့တာပါ။ အဲဒီအချိန်တုံးက အမေရိကန်ရဲ့ နိုင်ငံရေးဖွဲ့စည်းပုံ
တွေ အသေအချာ မသိသေးတဲ့အတွက်သိပ်နားမ လည်ဘူး။ ဘယ်သူ့ကို ထောက်ခံရမှန်းလဲ
မသိခဲ့ဘူးပေါ့။ (တကယ်တမ်းပြောရရင် နိုင်ငံရေးတွေကိုအသေအခြာနားမလည်ဘူး..နားလည်
ရင်ထောင်နန်းစံရတာကများတယ်လေ။ AP တို့ကကြောက်ကြောက် :P ။)

သမ္မတ Bush ဒုတိကတစ်ခေါက်ပြန်အရွေးခံတော့ အမေရိကမှာ ကျောင်းတက်နေပီမို့ campaign တစ်ခုလုံးကို အသေ အချာသိလိုက်ရတယ်။ အဲဒီတစ်ခေါက်တော့ Democratic သမ္မတလောင်း Kerry နဲ့ သမ္မတ Bush လိင်တူဆက်ဆံမှုတွေနဲ့ National Security တွေကအဓိက Issues တွေအနေနဲ့သပိတ်လုပ်ပြီး သမ္မတ Bush ကပဲအနိုင်ရသွားတယ်။ တကယ်ဆိုအဲဒီအခေါက်ကတည်းက အမေရိကန်အတော်များများ သမ္မတ Bush ရဲ့ဦးဆောင်
မှုကို မကြိုက်တော့ဘူး ဒါပေမဲ့ Democratic သမ္မတလောင်း Kerry က လိင်တူဆက်ဆံမှုကို
သရေ၀င်ထောက်ခံတဲ့ အပြင် သူကိုယ်တိုင် မိန်းမနှစ်ယောက်ရှိတာမို့ အမေရိကန်အတော်
များများက Kerry ကိုမကြိုက်ကြဘူး။ သမ္မတ Clinton ရဲ့မိန်းမရှုပ်ထွေးမှုကတည်းက အမေရိ
ကန်အတော်များများက မိန်းမရှုပ်ထွေးမှုကိစ္စကိုအတော် အလေးထားကြတယ်လေ။ ဒီလိုနဲ့ လက်ရှိသမ္မတ Bush နေရာလေးတည်မြဲနေခဲ့တာ အမေရိကန်တွေအတော်များများ လက်ရှိ
သမ္မတ Bush အိမ်ဖြူတော်ကထွက်သွားမဲ့နေ့ကို လက်ချိုးရေတွက်နေကြတယ်။ (တကယ်တော့ Bush သနားပါတယ်နော်.. သူလဲ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်ဦး
ဆောင်နေခဲ့တာပဲ။ သမ္မတသက်တမ်းရှစ်နှစ်အတွင်း သူရုပ်အတော်အိုသွားလိုက်တာ။ သူလဲမအိပ်မနားပေးဆပ် လုပ်နေတာ သိတာထင်ရှားပါတယ်။ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံကို ဦးဆောင်ဖို့ အတတ်နိုင်ဆုံးကျိုးစားနေတာနဲ့ မလုံလောက်ဘူးဆိုတာသက်သေထူနေလေရဲ့) တစ်ချိန်ထဲမှာပဲ Republic ပါတီပြန်အနိုင်ရသွားမှာကိုလဲ လူတွေတော်တော်များများ
ကြောက်ရွံ့နေကြတယ်။ တကယ်တော့သမ္မတ Bush ရဲ့ဦးဆောင်မှုအောက်မှာ အမေရိကန်
စီပွားရေး အရမ်းကိုထိုးကျဆင်းသွားတဲ့ အပြင် အီရတ်စစ်ပွဲရဲ့ကုန်ကျစရိတ် ကြီးကလဲပိနေ
တယ်။ ဒီကြားထဲ အီရန်နဲ့ ပါကစ်စတန် အရေးကလဲနောက်ထပ် စစ်မြေပြင်အသစ်လိုဖြစ်နေ တဲ့အချိန်သမ္မတလောင်း McCain နဲ့ အရွေးချယ်ခံသမ္မတအိုဘားမားတွေရဲ့ ရွေးကောက်ပွဲ
ယှဉ်ပြိုင်မှုတွေက အတော်ကိုပြင်းထန်ခဲ့ပါတယ်။

အဖြူအမဲ အသားအရောင်ခွဲခြားမှုမရှိတော့ဘူးလို့ ကြေငြာခဲ့တဲ့ အမေရိကန်လူဖြူတွေအတွက်
လူမဲသမ္မတရဲ့ဦးဆောင်မှုကိုလိုက်ဖို့အတွက် မဟာသွေးကြောက်မှု တွေဖြစ်နေခဲ့တာ စိတ်မ
ကောင်းစရာပဲ။ ရွေးကောက်ပွဲ မဲထည့်ဖို့ အချိန်ရောက်လာတဲ့အထိ အမေရိကန် လူဖြူတွေ
အတွက် လူမဲသမ္မတ တစ်ယောက်ကိုမဲထည့်ဖို့ တွေဝေနေ ခဲ့ကြတာပါ။ တကယ်တော့ အမေရိကန်တော်များများက Democratic သမ္မတလောင်းတစ်ဦးဖြစ်တဲ့ Mrs. Clinton ကိုသမ္မတဖြစ်စေချင်ခဲ့တာပါ။ ခုထိတောင် ရွေးကောက်ခံသမ္မတ အိုဘားမားကို နောက်တစ်
ခေါက် ရွေးကောက်ပွဲမှ ၀င်ပြိုင်သင့်ကြောင်း၊ Mrs. Clinton ကိုဦးစားပေးခဲ့သင့်ကြောင်း
ပြောနေတဲ့သူတွေရှိနေဆဲပါ။ တကယ်တော့ ဒီနှစ်သမ္မတရွေးကောက်ပွဲကို Mrs. Clinton ကို ရာထားခဲ့ကြတာပါ..။

ဒါပေမယ့်ဒီလို အခက်အခဲတွေကြားကပဲ ဘာလို့အိုဘားမား အရွေးချယ်ခံသမ္မတအဖြစ် ရောက်သွားလဲဆိုတာတော့ စနစ်တကျဖွဲ့စည်းထားတဲ့ campaign နည်းလမ်းတွေကြောင့်
လို့ပြောရင်ရပါတယ်။ အရွေးချယ်ခံသမ္မတ အိုဘားမားကိုတိုင် သူ့ရဲ့အောင်မြင်မှုဟာ Campaign Manager နဲ့ Volunteers လုပ်သူတွေကြောင့်ဖြစ်တယ်လို့ election night speech ပေးတုံးကပြောကြားခဲ့တဲ့အပြင် ဒီ campaign ဟာ “probably one of the best political campaign” ဖြစ်တယ်လို့ချီးကျူးခဲ့ပါတယ်။



အတုယူသင့်သော အရွေးချယ်ခံသမ္မတ အိုဘားမားဧ။် Campaign နည်းများ
၁) အခြေအနေနဲ့ အချိန်အခါတွေကို သေချာနားလည်ပြီး အဲဒီအချိန်အခါနဲ့ကိုက်ညီမဲ့ အရေးပါမှုတွေကိုခွဲခြား၊ ဦးစားပေးတတ်တယ်။ (ဥပမာ.. campaign အစပိုင်းမှာ national security နဲ့ immigration တွေက အရမ်းအရေးကြီးတဲ့ ခေါင်းစဉ်အနေနဲ့ပါဝင်ခဲ့ပေမဲ့ campaign နောက်ပိုင်းမှာ စီပွားရေး၊ ကျန်းမားရေးအားမခံကြေးနဲ့ ပညာရေးတွေကို ပြည်သူတွေအဓိကအဖြစ်မြင်တတ်လာဖို့ အိုဘားမားလုပ်နိုင်ခဲ့တယ်။ တကယ်တမ်း immigration နဲ့ National Security တွေကသာ အဓိကကျတဲ့ ခေါင်းစဉ်တွေဖြစ်ခဲ့မယ်ဆိုရင် McCain နိုင်ဖို့အလားအလားပိုရှိမလားလို့???) (နောက်ပြီး online;Obama everywhere မှာကြည့်ပါ; ခေတ်စားချိန်မှာ campaign အတွက် မီဒီယာကို အကောင်းဆုံးအသုံးချသွားတယ်)

၂) လူငယ်ကျောင်းသားတွေနဲ့စခဲ့တယ်… ( တကယ်တော့ လူငယ်တွေက နိုင်ငံတစ်ခုရဲ့
အင်အားစုတွေမဟုတ်လား။ အသက်အရွယ်ကြီး လာတဲ့မိဘတွေ အရွယ်ရောက်လာတဲ့ သားသမီးတွေရဲ့အလိုကို မသိမသာလိုက်တတ်ကြတယ်လေ… လူငယ်တွေရဲ့စွမ်းပကားနဲ့ ပညာတွေကို အားကိုးတတ်လာတာထင်ပါ့)

၃) အိုဘားမားရဲ့ policy တွေက Middle class နဲ့ lower class တွေအတွက် အဓိကဖြစ်ခဲ့တယ်။ (နိုင်ငံတစ်ခုရဲ့ လူများစုတွေပေါ့) နိုင်ငံတကာ policy တွေက သံတမန်နည်းကိုအခြေခံတာယ်။ စစ်အင်းအားကို အမှီမပြုဘူး။ ငြိမ်းချမ်းရေးအတွက် အခွင့်ရေးပေါ့.......။

၎) campaign ဖွဲ့စည်းပုံတွေက Grassroots movement ဖြစ်တယ်။ (ခေါင်းဆောင်းပိုင်းကို တစ်ချိန်လုံးဝေဖန်နေတာမဟုတ်ဘူး။ အခြေခံလူတန်းစားတွေရဲ့ ကျဆုံးနေတဲ့ အခွင့်အရေး
တွေကို များများပြောပြီးမိမိရဲ့ကျရှုံးနေတဲ့ အခွင့်အရေးတွေအတွက် မိမိရပ်တည်တောင်းဆို
ရမှာဖြစ်ကြောင်းပြောခဲ့တယ်။ အခြေခံလူတန်း စားနဲ့လူလတ်တန်းစားတွေရဲ့ လုပ်အားစွန်း
ပကားနဲ့ အမေရိကန်ကိုတည်ဆောက်ထားတဲ့ အဓိက စီးပွားရေး အင်းအားတွေ ဖြစ်ကြောင်း
မကြာခဏပြော။ အိုဘားမားရဲ့ campaign သည်သူ့အောင်မြင်မှုအတွက်မဟုတ် ကျရှုံးနေတဲ့ အခြေခံနဲ့လူလတ်တန်းစားတွေအတွက် အောင်ပွဲဖြစ်ကြောင်းမကြာခဏပြောကြား။ သည်လိုပြောကြားခြင်းအားဖြင့် သူ့ campaign သည်သူတို့ ပြည်သူတွေရဲ့ campaign ဖြစ်ကြောင်းသိစေခဲ့တယ်။ ဒီနည်းက သူ့ campaign အတွက် ပြညသူတွေအားလုံး grassroots movement မှာပါဝင်လာဖို့ တွန်းအားတွေဖြစ်ခဲ့
တယ်။)

၅) သူနဲ့ဆန့်ကျင်ဘက် အမြင်မတူတွေရဲ့ အမြင်တွေကို အလေးထားနားထောင်းပြီး သူ့
Campaign မှာပါဝင်လာအောင်လုပ်နိုင်တဲ့စွမ်းအား အိုဘားမားဆီမှာရှိတယ်။ ဥပမာ…ပါတီမတူတဲ့ Republic ပါတီကအားလုံး လေးစားတဲ့ အတွင်းရေးမူးဟောင်း Colin ရဲ့တရာဝင်ထောက်ခံမှုကိုရတယ်။ တစ်ခြားနာမည်ကြီး republic ပါတီခေါင်းဆောင်တွေရဲ့ ထောက်ခံမှုကိုလဲရအောင်ယူခဲ့တယ်။ သူပြိုင်ဖက်ဖြစ်တဲ့ Mrs. Clinton ကိုယ်တိုင်ရဲ့ ထောက်ခံ
မှုကို ရတဲ့အပြင် Mrs. Clinton ကိုယ်တိုင် အရွေးချယ်ခံသမ္မတ အိုဘားမားအတွက်campaign
တွေလုပ်ပေးခဲ့တယ်။

၆) အိုဘားမားဟာ မှားခဲ့တဲ့အမှားအတွက် တောင်းပန်ဖို့ ၀န်မလေးဘူး။ သူ့ပါတီအနိုင်ရပြီး
တဲ့နှောက်ရော Campaign လုပ်နေတဲ့ လျှောက်သူပြောတာလွန်သွားတာများရှိရင် အသေ
အချာ တောင်းပန်တယ်။ အဲဒီလိုသူတောင်းပန်တဲ့ အကြောင်းတွေလဲ Private မဟုတ်ဘူး အားလုံးလူသိရှင်ကြား သတင်းမီဒီယာတွေကနေ တောင်းပန်တယ်။

ရ) အမှန်တရားကိုလက်ခံပြီး အဲဒီအမှန်တရားကို အကောင်အထည်ဖော်တယ်။ ဥပမာ… ရွေးကောက်ပွဲအောင်ပွဲခံတဲ့ညရဲ့မိန့်ခွန်းမှာ လူတွေမျော်လင့်တဲ့ ပြောင်းလဲမှုဟာလွယ်လွယ်နဲ့ ရောက်လာမှာမဟုတ်ကြောင်း တစ်နှစ်ထဲနဲ့မပြီးနိုင်ကြောင်း၊ သူ့သမ္မတ ပထမသက်တမ်း
(၄ နှစ်) နဲ့တောင်ဖြစ်ခြင်မှဖြစ်လာမှာ ဖြစ်ကြောင်းနဲ့ ဒါပေမယ့် အဲဒီပြောင်းလဲမှုဖြစ်ပေါ်
လာအောင် သူလုပ်မှာဖြစ်ကြောင်းပြောကြားသွားတယ်။ (တကယ်တော့ ၈နှစ်လုံးလုံး policy မှားယွင်းခဲ့တဲ့ အစိုးရတစ်ခုကိုလမ်းကြောင်းမှန်ပြန်ရောက်ဖို့ လုပ်တဲ့အလုပ်က မလွယ်ကူ တဲ့အလုပ်ပါ။)

၈) အသေးအမွှားကအစ ကတိတည်သူဖြစ်သည်။ သူ့သမီးနှစ်ယောက်ကို ရွေးကောက်ပွဲ
အနိုင်ရရင် ခွေးကလေး လက်ဆောင်ပေးမယ်လို့ကတိပေးထားတာကို သူ့ ရွေးကောက်ပွဲ အောင်ပွဲခံမိန့်ခွန်းပြောတဲ့ညမှာ ထည့်ပြောခဲ့တယ်။ အခုသတင်းတွေက အိုဘားမား ဘယ်လို ခွေးမျိုးကို အိမ်ဖြူတော်ခေါ်သွားမလဲဆိုတာရေးနေကြပီ။

၉) ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်တတ်သူဖြစ်တယ်။ (ဥပမာ….သူ့ ရွေးကောက်ပွဲအောင်ပွဲခံမိန့်ခွန်းပြောဖို့မထွက်ခင် campaign မှာပါဝင်ကူ
ညီခဲ့တဲ့ volunteers’ တွေဆီ email ပို့ပြီး ကျေးဇူးတင်ကြောင်း mail ပို့ခဲ့တယ်။)

၁၀) မိမိကိုယ်ကို ပညာပေးနိုင်မဲ့လူတွေနဲ့ အမြဲဝန်းရံစေခဲ့တယ်။ (ဥပမာ-- Vice President နေရာကို ဘယ်သူများရွေးမလဲလို့လူတွေအားလုံး စိတ်ဝင်စားနေချိန်မှာ သူ့ထက်အများကြီး အတွေ့အကြုံပိုများပြီး အသက်ပိုကြီးတဲ့ Joe Biden ကို ရွေးခဲ့တယ်။

အချုပ်အားဖြင့်ပြောရသော အရွေးချယ်ခံသမ္မတအိုဘားမားသည် စိတ်ဓာတ်ကြံခိုင်ပြတ်သား
သူဖြစ်တယ်။ သူနှစ်သက်စွဲလမ်းစွားသောက်ခဲ့တဲ့ ဆေးလိပ်ကို ရွေးကောက်ပွဲဝင်ဖို့အတွက်
ဖြတ်ခဲ့တယ်။ နားထောင်ခြင်းစွမ်းအားအလွန်ကောင်းသူ၊ သင်ယူဖို့ရန်ဝင်မလေးသူဖြစ်သည်။ အဲဒီနားထောင်ကောင်းတဲ့ စွမ်းအားတွေကြောင့် သမ္မတ debate တွေမှာ အသင့်လျှော်ဆုံး
အဖြေတွေကိုသူပေးနိုင်ခဲ့တယ်။ အဲဒီအဖြေတွေကသူ့ကိုသံသယနဲ့စောင့်ကြည့်နေတဲ့ အမေရိကန်ပြည်သူတွေနဲ့ အိုဘားမားကြားက တံတားကောင်းတွေဖြစ်ခဲ့တယ်။ အမေရိကန်
သမိုင်းအပြင် ကမ္ဘာ့သမိုင်းကို ကျွမ်းကျင်စွားသိတဲ့အပြင် အဲဒီသမိုင်း အထောက်အထားတွေကို Speech (စကားပြော) ပေးတဲ့နေရာမှာအကွက်ကျကျ ထည့်သွင်းပြောတတ်တယ်။ Speech ပေးတဲ့အတတ်ကျွမ်းကျင်လိမ္မာသူလဲဖြစ်တယ်။ အမေရိကန်သမ္မတ ဟောင်း Kennedy ပြီးရင် Speech ပေးတဲ့နေရာ နောက်ထပ် အရည်အချင်းအရှိဆုံးနဲ့အကျွမ်းကျင်ဆုံးဖြစ်ကြောင်း အမေရိကန်အများစုလက်ခံကြတယ်။

ဘာပဲဖြစ်ဖြစ်အိုဘားမားနိုင်သွားတဲ့ အတွက်ကျွန်မ အရမ်းကိုဝမ်းသာမိတယ်။ မြန်မာနိုင်ငံ
အတွက်ပိုမို ကောင်းမွန်တဲ့ Policy အသစ်တွေနဲ့ ချဉ်းကပ်နိုင်ပါစေလို့ ဆုတောင်းနေတယ်။ တကယ်တော့ သမ္မတ Bush က Foreign Diplomacy မှာသိပ်မကျွမ်းကျင်ခဲ့တာပါ။ ကျွန်မအတော် ဒေါသထွက်ခဲ့တယ် နားဂစ်မုန်းတိုင်းကြီးဖြစ်လို့ သမ္မတ Bush ကယ်ဆယ်ရေး
အလူငွေပေးတဲ့နေ့မှာပဲ အောင်ဆန်းဆုကြည်အတွက် ဂုဏ်ပြုလွာကို လက်မှတ်ရေးထိုး
ခဲ့တယလေ။ ရလတ်က မြန်မာအစိုးရ အမေရိကန်ကပို့တဲ့ စစ်သဘောင်္ကအကူအညီတွေနဲ့ အလှူငွေတွေငြင်းဆန်လိုက်တာပေါ့။ တကယ်တမ်းဖြစ်သင့်တာတော့ ပေါက်ပြဲနေတဲ့ သံတမန်ကိုအရင် တည်ဆောက်သင့်တာပေါ့။ နောက်မှပဲသူပြောချင်တဲ့ နိုင်ငံရေးတွေပြော
ချင်ပြောပေါ့။ ဒီနေရာမှာ သူငယ်ချင်းတွေ Argument လုပ်မယ်ဆိုလုပ်လို့ရပါတယ်။ “ဘာပဲ
ဖြစ်ဖြစ် အကူအညီတွေအရမ်းလိုနေတဲ့ မြန်မာအစိုးရ ကလက်ခံခဲ့ဖို့သင့်တယ် ဆိုတာပေါ့။" သာမန်အားဖြင့်ဆိုရင် အဲဒီ Argument ကမှန်ပါတယ်။ ဒါပေမယ့် တစ်ခု ကျွန်မတို့ အားလုံး သိသင့်တာက မြန်မာအစိုးရရဲ့ psychology and philosophy လိုအပ်ချက် ဒါမှမဟုတ်
(….)ပဲ။ ပြောပြအုံးမယ်။ နာဂစ်ဖြစ်တုံးက ကျွန်မကို အမေရိကန်သူငယ်ချင်း တစ်ယောက် ကဘာလို့မင်းတို့အစိုးရက အကူအညီကိုလက်မခံတာလဲလို့ ကျွန်မကိုမေးတယ်။ ကျွန်မ လဲဘားမှပြန်မပြောချင်တာနဲ့ ငြိမ်နေတာ မြန်မာပြည်မှာ volunteer လုပ်ဘူးတဲ့ သူငယ်ချင်း တစ်ယောက်က ကျွန်မကိုယ်စား ဖြေပေးခဲ့တာက “because they are special."တဲ့။ သူပြောတဲ့ Special ဆိုတဲ့အဓိပါယ်ကိုသိနေတဲ့ ကျွန်မ ဘားမှပြန်မပြောနိုင်ခဲ့ဘူး အနေခက် တဲ့အခါပြုံးတဲ့ ရှုံ့မဲ့အပြုံးနဲ့သာ တုန့်ပြန်နေခဲ့တယ်။ ဟုတ်တယ်လေ What can I say at that point???


အချက်တွေက ကျွန်မရဲ့ အမြင်များသာဖြစ်တဲ့အတွက် သူငယ်ချင်း တွေနဲ့ အမြင်မတူတာရှိရင် ခွင့်လွတ်စေချင်ပါတယ်။ အမြင်မတူတာလေးတွေရှိရင်လဲ ပြော သွားနော်…. ကျွန်မတော့ မတူညီမှုတွေကို တန်ဖိုးထားတယ်။ မတူညီမှုတွေတစ်ခုစီရဲ့ လှပမှု တွေကတကယ်လှပတယ်။ မယုံရင်စပ်ကြည့်။ :D :) ဒီတစ်ခါ campaign တစ်ခုလုံးလိုက် လေ့လာနေခဲ့တာ အကျိုးရှိသွားတယ်... Change has come... yae....

အိုဘားမားကို တစေ့တစောင်းကြည့်ချင်ရင် ဒီမှာ click. သူ့ policy သိချင်ရင် ဒီမှာ click... Obama ပစ္စည်းတွေဝယ်ချင်ရင်တော့ ဒီမှာ။ တခြားလိုချင်တာတွေကို အဲဒီ .com တွေမှာရှာလို့ရတယ်.. ဟိုကလစ်ဒီကလစ်သာလုပ်...

Reference: I got these pictures from Google.

ဆက်လက်ကြိုးစားအုံးမည်..
Apprenticeship

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)