Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

Showing posts with label commemoration. Show all posts
Showing posts with label commemoration. Show all posts

ပြည်ထောင်စုရဲ့ အဓိပ္ပါယ်

ပြည်ထောင်စုနေ့ ရောက်တိုင်း ကျွန်မကိုယ်တိုင် ပြည်ထောင်စု ကိုယ်စားလှယ်အဖြစ် တက်ရောက်ဖူးတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားလေးတစ်ခုကို ပြန်သတိရ မိတယ်။ နိုင်ငံတော်က ပြည်နယ်နဲ့တိုင်း အသီးသီးမှ ကိုယ်စားလှယ်တော်များကို ဖိတ်ခေါ်ပြီး ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက် နိုင်ဖို့ အစီအစဉ်တွေ နဲ့စည်ကား သိုက်မြိုက်စွာ ကျင်းပလာတဲ့ အစဉ်အလာဟာ ဒီနေ့ အထိပါပဲ။ တကယ်လဲ အလေးထား လုပ်သင့်တဲ့ ရက်မြတ်လေးတစ်ခုပါ။

ဒီလို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တော်တွေက ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ရတဲ့ အပြင် တစ်ခြား လေ့လာရေး ခရီးစဉ်တွေလဲ အများကြီး စီစဉ်ပေးပါတယ်။ ခရီးစဉ် အများကြီးနဲ့ ရက်တိုတိုလေးမှာ ရန်ကုန်တစ်မြို့လုံးမှာ ရှိတဲ့ နေရာတော်တော် နှံ့အောင်လိုက်ကြည့်ခွင့်ရတယ်။ မနက် ၃ နာရီလောက် ထရတဲ့ ရက်တွေလဲ ရှိတယ်ဗျာ..။ အမောခံလိုက်တာ အကျိုးရှိပါတယ်။ ကိုယ့်ဟာကိုယ်ဆို သွားဖြစ်မဲ့ နေရာတွေ မဟုတ်လို့ပေါ့။ အဲဒီ အစီအစဉ်တွေ အားလုံးထဲက သမ္မတအိမ်ဖြူတော်မှာ ကျင်းပတဲ့ ညစာစားပွဲကိုတော့ ကျွန်မ အနှစ်သက်ဆုံးပါ။ ညစာ စားပွဲ အပြီးမှာ တက်ရောက်လာတဲ့ တိုင်းရင်းသား လူမျိုးစုတွေ အားလုံးရဲ့ တီးမှုတ်ကခုန်မှုတွေကို နိုင်ငံတော်လူကြီးမင်းတွေနဲ့ တိုင်းရင်းသားအားလုံးရဲ့ ကြည့်ရှု အားပေးရင်း ထွက်လာတဲ့ သြဘာပေးတဲ့ လက်ခုပ်သံတွေက ကျွန်မရင်ကို မဖော်ပြနိုင်အောင် ကြည်နူး ပီတိ ဝေစေခဲ့တာ ကြက်သီးဖြာ မိတဲ့အထိပါပဲ။

တိုင်းရင်းသားအားလုံးက (ဗမာ အပါအ၀င်) အခမ်းအနား အစီအစဉ်အတိုင်း သူတို့ရိုးရာဝတ်စုံနဲ့ ယဉ်ကျေးမှုအကကို ဂုဏ်ယူစွာ ဖေါ်ထုတ်ကပြသွားကြတဲ့ စည်းချက်ကခုန်မှုတွေကို အခုပြန်ရေးရင်းတောင် အတိုင်းသား ပြန်မြင်ယောင်လာတယ်။ ဒီကပွဲတွေရဲ့ ထူးခြားမှုက တစ်ဖက်နဲ့ တစ်ဖက်ယှဉ်ပြိုင်မှုမပါဘူး။ ဒါပေမယ့် မတူညီတဲ့ ယဉ်ကျေးမှု သီဆိုတီးမှုတ် ကခုန်မှု တွေကို အသိအမှတ်ပြု၊ လေးစားတဲ့ ညနေခင်းလေးတစ်ခုပါ။ တစ်ကယ်တော့ ကိုယ့်ယဉ်ကျေးမှုသာ အားလုံးထက်သာတယ်၊ ကောင်းတယ် ဆိုတဲ့ အတွေးအခေါ်ကို သင်ပုန်းခြေပြီး ယဉ်ကျေးမှုတိုင်းဟာ လှပတယ်၊ ချစ်စရာကောင်းတယ် ဆိုတဲ့ အရိုးခံစိတ်တွေနဲ့ တီးခတ်ကခုန်နေကြတာ ပြည်ထောင်စု ဆိုတဲ့ အနက်ကို ဖေါ်ထုတ်နေခြင်းပေါ့။ မင်္ဂလာရှိတဲ့ ညချမ်းကို အိမ်ဖြူတော်မှာ နားခိုနေတဲ့ သြဥငှက်တွေနဲ့ အခြားငှက်ကလေးတွေလဲ သီဆိုသြဘာပေးခဲ့ကြ။ ကောင်းကင်သားတွေ သီချင်းဆိုတဲ့ ညချမ်းလေးပါပဲ။

ဒီလိုအနစ်သာရနဲ့ ပြည့်ဝတဲ့ ပြည်ထောင်စုနေ့ဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့ တစ်ရက်ပဲ ဆင်နွဲပြီး ကျန်တဲ့ ရက်တွေမှာတော့ မေ့ထားရမှာလား? ပြည်ထောင်စု စိတ်ဓာတ်ဆိုတာ ဘာလဲ? ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံ စာချုပ်ရဲ့ အနှစ်က ဘာလဲ? ဘာအတွက် ကျွန်မတို့ တစ်ညီတစ်ညွတ် သဘောတူခဲ့ ကြလဲ? အဲဒီလို သဘော တူညီမှုတွေ ကျွန်မတို့ ခေတ်မှာ မရှိနိုင်တော့ ဘူးလား? ကိုယ့်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတဲ့ အခွင့်အရေးကို ကတိပြုခဲ့တဲ့ ပင်လုံ စာချုပ်ရဲ့ အရင်းအမြစ်ဟာ ကျွန်မတို့ တိုင်းပြည်ကို လာရောက် အုပ်ချုပ်ခဲ့တဲ့ နယ်ချဲ့တွေရဲ့ လက်ကလွတ်မြှောက်ဖို့ အတူတကွ ပါဝင်တိုက်ပွဲဝင်ဖို့ သဘောတူညီမှုနဲ့ တိုင်းရင်းသားအချင်းချင်း လေးစားတန်ဖိုးထားတတ်ဖို့ ရေးထိုးခဲ့တဲ့ လက်မှတ်တစ်ခု ဆိုရင် မှားမယ်မထင်ဘူး။

British လက်အောက်က လွတ်မြှောက်ခဲ့တဲ့ ကျွန်မတို့ တကယ်လွတ်လပ်ခဲ့ပါသလား? ဒီမေးခွန်းလေးက ကျွန်မကို မသက်မသာဖြစ်စေတာတော့ အမှန်ပဲ။

ဒီလိုနဲ့ လွတ်လပ်မှုရဲ့ ဖွင့်ဆိုချက်တွေ ကို ကျွန်မစဉ်းစားမိသွားတယ်။ တစ်ဆက်ထဲမှာပဲ၂၁ ရာစုရဲ့ လွတ်လပ်မှုကို ကျွန်မတွေးမိတယ်။ စစ်ပွဲနဲ့ ပတ်သက်ပြီး တင်းကျပ်လာတဲ့ နိုင်ငံတကာ ဥပဒေတွေကြောင့် စက်မှုနိုင်ငံတွေနဲ့ အရင်းရှင်နိုင်ငံတွေက သူတို့လိုချင်တာ ရဖို့ စစ်တိုက်ပြီး အရယူတဲ့ စနစ်ကို မသုံးတော့တာ ကမ္ဘာ့သမိုင်းကို ခြုံငုံကြည့်ရင် အထင်သားတွေ့နိုင်ပါတယ်။ ဒါဆို ၂၁ ရာစုမှာ စစ်ပွဲ မရှိတော့ဘူးလား မေးစရာရှိလာပါတယ်။

ဝမ်းနည်းစွာနဲ့ ကျွန်မဖြေရပါလိမ့်မယ်။ ကုန်ခမ်းလာတဲ့ ကမ္ဘာ့အရင်းအမြစ်တွေကြောင့် စစ်ပွဲတွေဟာ ပိုပြင်းထန်လာတယ်လို့ ဆိုရပါမယ်။ လက်နက်ကြီးတွေနဲ့ တိုက်ယူခြင်းတော့ မဟုတ်တော့ဘူးပေါ့။ ဒါပေမယ့် တိုးတိုးတိတ်တိတ် ညှင်ညှင်သာသာ ပါပဲ။ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု ဆိုတဲ့ စွဲဆောင်အား အရမ်းကောင်းတဲ့ စီးပွားရေး လက်နက်ကြီးတွေ တပ်ဆင် အသုံးပြုလာတာ ဆင်းရဲတဲ့ နိုင်ငံတွေက မွဲသေသွားပြီး၊ ချမ်းသာပြီးသား နိုင်ငံတွေက ချမ်းသာသထက် ချမ်းသာမှုကို ရလာအောင်ပေး နိုင်တဲ့ စီးပွားရေး ယန္တရား လက်နက်ကြီးတွေ တပ်ဆင် ပစ်ခတ်လိုက်တာ အရင် လက်နက်ကြီးတွေနဲ့ တိုက်တဲ့ စစ်ပွဲတွေထက်တောင် ပိုပြီး ကြောက်စရာကောင်းပါတယ်။

ဒီလို အင်းအားကြီးတဲ့ စီးပွားရေးလက်နက်တွေနဲ့ တိုက်နေချိန်မှာ ကျွန်မတို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်ခွင့် ဆိုတဲ့ ခေါင်းစဉ်ကြီးတွေတပ်ပြီး အချင်းချင်း သတ်ကြ၊တိုက်ကြ၊ ခိုက်ကြနဲ့ အခုကျွန်မတို့ ဒီနေ့ဘယ် အခြေအနေဘယ်နေရာကို ရောက်ရှိနေပြီလဲ ? British တွေလာတော့ မြန်မာတွေက သူတို့ ဝေယာဝိစ္စ လုပ်ပေးဖို့ နယ်ချဲ့လက်အောက်မှာ မလုပ်ဘူးလို့ ငြင်းဆန်တဲ့အတွက် India က ကုလားတွေကို ခေါ်ယူ အသုံးပြုခဲ့ရတယ်ဆိုတာ ကျွန်မတို့ အားလုံးသိပြီး ဖြစ်ပါတယ်။ အခု ခေတ်မှာတော့ ကျွန်မတို့ မြန်မာတွေက တိုင်းတပါးမှာ အလုပ်လုပ်နိုင်ဖို့ ပွဲစားကို ငွေသိန်းပေါင်းများစွာ ပေးပြီး အောက်ခြေသိမ်း အလုပ်တွေ သွားလုပ်နေရတဲ့ (ကျွန်ခံ) မြန်မာတွေ ဖြစ်နေခဲ့ပါပြီ။

မြန်မာလို့ ပြောလိုက်တာနဲ့ ကူညီရမဲ့ နိုင်ငံသားလို့ ကမ္ဘာက မြင်နေပြီ။ ပိုက်ဆံတတ်နိုင်လို့ အလည်သွားဖို့တောင် မြန်မာ Passport ဆိုရင် visa ရဖို့ မျက်နှာ ငယ်ရတယ်။ သံရုံးတွေမှာ ဘာမှ မမေးခင် “မင်း မြန်မာပြည်ကို ပြန်လာမှာ မဟုတ်ဘူး” ဆိုတဲ့ စကားနဲ့ အစွပ်စွဲခံရတယ်။ တကယ်လဲ စီးပွားရေး အခြေအနေနဲ့ အခြေအနေ အရပ်ရပ်ကြောင့် ပြန်မလာတဲ့ သူတွေက များနေတာကိုး။ ဘယ်မလဲ ကျွန်မတို့ ပြောတဲ့ ဂုဏ်? ဘယ်မှာလဲ ကျွန်မတို့ ပြောတဲ့ လွတ်လပ်ခွင့်? ငါတို့ နိုင်ငံက နေချင်စရာမကောင်းအောင်ကို ဖြစ်နေပြီးလား?

တကယ်တော့ ကျွန်မတို့ ပြောပြောနေတဲ့ ပြည်ထောင်စု စိတ်ဓာတ်ဟာ မြန်မာပြည် ကောင်းစားရေးအတွက်ပါ။ ငါတို့ ခရီးတစ်ခု အတူတူ လျှောက်နေကြပြီး ဘာအတွက် အငြင်းပွား သတ်ဖြတ်နေတာလဲ ?

ကျွန်မတော့ အထက်က ပြောခဲ့တဲ့ အိမ်ဖြူတော် ညလေးနဲ့ တိုင်းရင်းသား အချင်းချင်း လေးစား၊နာလည်မှုတွေနဲ့ တီးမှုတ် ကခုန်နိုင်မယ့် ညလေးကိုလိုချင်မိတယ်။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ တိုင်းရင်းသား အချင်းချင်း နားလည်၊ယုံကြည်မှုတွေနဲ့ လေးစားဂုဏ်ယူစွာ ကမဲ့နေ့လေးနဲ့ မြန်မာမျိုးဟေ့လို့ ကမ္ဘာမှာ ဂုဏ်ယူဝံ့ကြွားစွာ ပြောနိုင်မယ့် နေ့လေးကို တကယ်လိုချင်မိတယ်။ ကျွန်မရင်မှာ ရှိတဲ့ ပြည်ထောင်စု အိမ်မက်လေးတစ်ခုပေါ့။

မြန်မာဆိုပြီး ကမ္ဘာမှာ မော်ကြွားနိုင်ဖို့ ငါတို့ အချင်းချင်း လေးစား ချစ်ခင်ရမယ်။ မြန်မာပြည်ရဲ့ အနာဂတ်ဟာ မြန်မာလူငယ်တွေမှာ ရှိပါတယ်။ အဲဒီလို အရေးကြီးတဲ့ သမိုင်းကို ပြန်လည် တည်ဆောက်မယ့် ငါတို့ အရည်အချင်း ပြည့်မီရမဲ့အပြင် ကျွန်မတို့ရဲ့ ရပ်တည်ချက်တွေ နေရာမှန်ဖြစ်နေဖို့ လဲ အရမ်း အရေးကြီးပါတယ်။ အဲဒီတော့ အနာဂတ်ရဲ့ ခေါင်းဆောင်တွေ ဖြစ်လာမယ့် ငါတို့လူငယ်တွေ အားလုံး အမည်နာမ၊ အဖွဲ့အစည်း အစွဲတွေထက် မြန်မာပြည်ကောင်းစားရေး၊ မြန်မာပြည်ကြီး တိုးတက်ဖို့ ငါတို့ အားလုံးပြောနေတဲ့ “ပြည်ထောင်စု စိတ်ဓာတ်နဲ့ မျိုးချစ်စိတ်ဓာတ်တွေကို” ပြန်လည်သုံးသပ်ဖို့ ဖိတ်ခေါ် ချင်ပါတယ်။

အချင်းချင်းလေးစားမှုနဲ့ လူပီသတဲ့ လူ့ယဉ်ကျေးမှုကို လက်ဆင့်ကမ်းပေး နိုင်မယ့် သမိုင်းတစ်ခေတ်ရဲ့ သူရဲကောင်းများ ဖြစ်လာကြပါစေလို့လဲ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

မတူညီမှုတွေကို အမြဲလေးစား မြတ်နိုးလျှက်>>>>>> Apprenticeship

စောင့်ဆိုင်းခံ မျှော်လင့်ချက်များ

စောင့်ဆိုင်းခံ မျှော်လင့်ချက်များ

စောင့်ဆိုင်းခံ မျှော်လင့်ချက်တွေ
ဘာတွေဖြစ်သွားတတ်လဲ အဖေ….။

မိုးရေတွေလို ငွေ့ရည်ဖွဲ့ ပြီး တိမ်တွေအသွင်ပြောင်းသွားလား?

ဒါမှမဟုတ်
တိမ်တွေလိုပဲ ရွှေ့ပါးရင်း မိုးရေအဖြစ် ရွာချတတ်လား?

ဒါမှမဟုတ်
လှိုင်းပုတ်ခတ်ဒဏ်တွေကြောင့် အသွင်ပြောင်းသွားတဲ့
ကမ်းခြေတွေလို ကွယ်ပျောက်သွားတတ်လား?

ဒါမှမဟုတ်
ပုပ်သိုးနေတဲ့ ကြက်ဥတွေလို နံစော်နေကြလား?

ဒါမှမဟုတ်
ကြက်ကင်တွေလို အနံ့မွှေးကြိုင် သင်းပျံ့ပြီး ဆွဲဆောင်တတ်ကြလား?

ဒါမှမဟုတ်
မျှော်လင့် ခြင်းဆိုတာ ဆွဲဆောင်အားကောင်းအောင်
အပေါ်ယံဖြူးထားတဲ့ နှမ်းတွေလောက် ပဲလား?

ဒါမှမဟုတ်
လေရှိန်ပြင်းပြင်းနဲ့ အပြစ်ကင်းသူကော မကင်းသူအားလုံးကို
ဝါးမျိုးတတ်တဲ့ ဆူနာမီနဲ့ နာဂစ်စ်တွေလို
အချိန်မတော် အငြိုးကြီးစွာ မွှေနှောက်တတ်လား?

ဒါမှမဟုတ်
ချိန်ကိုက်ဗုံးတွေလို ပေါက်ကွဲလွင့်စင်ပြီး
အကောင်အထည်ဖော်ခံရတတ်လား?
ဇူလှိုင် ၁၉ အမှတ်တရ

ကျွန်မနဲ့ ယောကျာင်္များ

ဇွန်လ ၂၁ ရက်နေ့တွင်ကျရောက်သော အဖေများနေ့အတွက် သီကုန်းဖွဲ့ဆိုသည်။ ကမ္ဘာ တစ်ဝှမ်းက အဖေများအားလုံး ပျော်ရွှင်ကျန်မာပါစေ။ အဖေ တာဝန်ကျေပြွန်သူများ ဖြစ်ကြပါစေ။ သားသမီးတွေရဲ့လေးစားမှုကို ခံရပီ အိမ်ထောင် ဦးစီးကောင်းများ ဖြစ်နိုင်ပါစေ... သားသမီးတွေလဲ အဖေ့မေတ္တာကို ကျေးဇူးစပ်ခွင့်ရသူများ ဖြစ်ပါစေ...လို့ ဆုတောင်းလိုက်ပါတယ်။

ကျွန်မနဲ့ ယောကျာင်္များ

လျှောက်လှမ်းခဲ့တဲ့ ဘ၀ခရီးတလျှောက်
ယောကျာင်္း အမျိုးပေါင်း များစွားကို ကြုံတွေ့ခဲရတယ်။

တစ်ချို့ကို ခရီးသွားဟန်လွဲ
တစ်ချို့ကို နို့စို့ဖက် ဖွားဖက်တော်အသွင်
တစ်ချို့ကို ဆရာတွေအဖြစ်
တစ်ချို့ကို ကျွန်မစာသင်ပေးရတဲ့ တပည့်တွေအဖြစ်
တစ်ချို့ကို စာသင်ခန်းက ပြိုင်ဖက်တွေအဖြစ်
တစ်ချို့ကို သူငယ်ချင်းတွေအဖြစ်
ဒီလိုအကြောင်းအမျိုးမျိုးကြောင့်
ပတ်သက် ရင်းနှီးခွင့်ကနေ
ယောကျာင်္းတွေ အကြောင်း

တစ်စေ့တစောင်း ကျမသိခွင့်ရခဲ့တယ်။

တစ်ချို့က ကျွန်မကို အားပေးတယ်။

တစ်ချို့ကို ကျွန်မအားပေးတယ်။

တစ်ချို့က ကျွန်မကိုပြုံးစေတယ်။

တစ်ချို့က ကျွန်မကို ငိုစေတယ်။

တစ်ချို့က ကျွန်မကို ရင့်ကျတ်စေတယ်။

တစ်ချို့က ကျွန်မကို ကလေးဆန်စေတယ်။

တစ်ချို့က ကျွန်မကို ရဲရင့်မှုတွေပေးတယ်။

တစ်ချို့က ကျွန်မကို ကြောက်ရွံ့အားငယ်စေတယ်။

တစ်ချို့က ကျွန်မကို အကြံကောင်းပေးတယ်။

တစ်ချို့က ကျွန်မဆီက အကြံတောင်းတယ်။

တစ်ချို့က ကျွန်မရဲ့ မျော်လင့်ချက်အလင်းတန်းတွေ အဖြစ်။

တစ်ချို့က ကျွန်မရဲ့ မျော်လင့်ချက်တွေ ရိုက်ချိုးတယ်။

တစ်ချို့တွေက ကျွန်မအတွက် တွန်းအားတွေအဖြစ်။

တစ်ချို့က ကျွန်မကို နှောင့်နှေးစေတယ်။

ဒီလို အကြောင်းအမျိုးမျိုးနဲ့ သိခွင့်ရခဲ့တဲ့
ယောကျာင်္တွေ အားလုံးမှာ
အဖေလို့ အမည်သွင်တဲ့

ကျမရဲ့ ဖြစ်တည်မှုအားလုံးကို ထာဝရ ချစ်မြတ်နိုး တန်ဖိုးထားတဲ့
ယောကျာင်္းမြတ်တစ်ယောက်ရဲ့ အနှိုင်းမဲ့ အချစ်တွေကြောင့်

ဒီလောကကို ပိုချစ်တတ်လာတယ်။
ဒီလောကကို အကောင်းမြင်တတ်ခဲ့တယ်။
ဒီလောကကို အလှဆင်ဖို့ ပန်းပျိုးလက်ဖြစ်ချင်နေခဲ့တယ်။
ဒီလောကရဲ့ အမှောင်ထုအတွက် အလင်းဖြစ်ချင်နေခဲ့တယ်။
ဒီလောကရဲ့ အဖိုးတန် အရာရောက်သူ အဖြစ်ခံစားတတ်ခဲ့တယ်။
ဒီလောကရဲ့ စုံစမ်းနှောက်ယှက်ခြင်းတွေကို ခံနိုင်ရည်ရှိနေခဲ့တယ်။
ဒီလောကရဲ့ ဖျားနာမှုတွေ ကုသပေးနိုင်ဖို့ နည်းလမ်းရှာနေခဲ့တယ်။

ဒီလို ခွန်အားတွေ
ပျော်ရွှင်မှုတွေ အမျိုးမျိုးရဲ့
အရင်းအမြစ် ဖြစ်တဲ့ဖေဖေ

ကောင်းကင်ဘုံမှ
ပီတိ အပြုံး ဝေနိုင်ပါစေ……။

The greatest gift I ever had. Came from God; I call him Dad! ~Author Unknown

He didn't tell me how to live; he lived, and let me watch him do it. ~Clarence Budington Kelland

Now I know

အခုတော့ ကျွန်မသိပြီ

ကျွန်မ အလယ်တန်းနဲ့ အထက်တန်းကျောင်းသူ ဘ၀တုံးကပေါ့…. စီးပွားရေးနဲ့ ခရီးရှည်ထွက်နေတတ်တဲ့ အကိုနဲ့ယောင်းမက သူ့သားသမီးတွေနဲ့ ကျွန်မကို ထိန်းကျောင်းဖို့ ကျွန်မရဲ့ဒုတိယ အမကြီးကျောင်းဆရာမကို အုပ်ထိန်းသူ အဖြစ်ထားသွားတယ်။ အမလဲ ကျူရှင်တစ်ဖက် ကျွန်မနဲ့ တူ၊သူမတွေလဲ ကျောင်းတက်ဆိုတော့ အိမ်မှာ ထမင်းချက်၊ အိမ်မှုကိစ္စတွေ လုပ်ဖို့ အကူလေးပါ ငြားထားပေးတယ်။ များသောအားဖြင့် ရွာက လာကူပေးနေတဲ့ သူတွေပေါ့။ အကူဆိုပေမဲ့ ကျွန်မတို့ စားတဲ့ စားပွဲဝိုင်းတစ်ခုထဲမှာပဲ အတူစား၊ လခအပြင် အ၀တ်အထည်တွေလဲ ဆင်တော့ သူတို့လေးတွေ ကျွန်မတို့အိမ်မှာ နေတာ ပျော်ပါတယ်။ အိမ်ကို ရောက်တာလဲ မကြာ "ရီမုတ်" တီဗီအဖွင့်အပိတ်နဲ့ တစ်ခြားမြို့ပြရဲ့ အရသာကို သူတို့နှစ်ခြိုက်စွာ ခုံမင်တတ်လာကြတယ်။ ချက်လိုက်ပြုတ်လိုက်နဲ့ အားလုံးက သူတို့လက်ထဲမှာမို့ ရောက်တာ သိပ်မကြာဘူး။ ပိန်းချုံးနေတဲ့ သူတို့က အသားအရေတွေ ပြည့်လာပြီး ပါးလေးတွေက နီရဲရဲနဲ့ ချစ်စရာ ပိုးကောင်းလာတတ်ကြတယ်။ သူတို့တွေလဲ အိမ်သားတွေလိုဖြစ်နေတဲ့ ကျွန်မတို့နဲ့ နေရတာ ပျော်ပါတယ်။

ဒါပေမယ့် ပြသနာက မကြာခဏ သူတို့ ရွာဆီ ခဏပြန်မယ်လို့ ပြောပြီး ပေါ်တော် မမူတော့တာများပါတယ်။ ကျွန်မတို့လဲ အိမ်မှာ အလုပ်ကူလုပ်မဲ့ သူမရှိတော့ ကျောင်းသွားကျောင်းပြန် ကျူရှင်တွေနဲ့ အဆင်မပြေဘူးပေါ့။ ဒါနဲ့ ကျွန်မအိမ်ကို လာကူတဲ့ ကောင်းမလေးတွေကို ကျွန်မမေးကြည့်တယ် ဒီအိမ်မှာ နေရတာ မပျော်ဘူးလား? ငါတို့နဲ့နေရတာ ရွာမှာလို ယာတော်ထဲ ပင်ပင်ပန်းပန်းလဲ လုပ်စရာမလိုဘူး။ အိမ်အလုပ်လေးပြီးတော့ နင်ကြိုက်တဲ့ ဇတ်ကားတွေကြည့် တစ်နေ့တစ်နေ့ ပျင်းရတယ်ဆိုတာ မရှိပါဘူး။ အစားအသောက်ကောင်းတွေနဲ့ အလုပ်ပင်ပင်ပန်းပန်း လုပ်စရာမလိုတော့ နင့်အသားအရည်တွေလဲ ၀င်းလဲလို့။ အ၀တ်အစား အသစ်တွေနဲ့ လှလှပပလည်း နေနိုင်တယ်။ မင်းရတဲ့ လခတွေနဲ့ မင်းမိဘတွေကို ကူညီနိုင်တယ်။ ဒီလောက် အပူအပင် အကြောင့်အကြကင်းပြီး နေနိုင်တာ ဘာကြောင့် ရွာကို ပြန်ချင်ရတာလဲလို့မေးတော့ သူစဉ်းစားရခက်သွားတဲ့ ပုံနဲ့ အတော်ကြာငြိမ်သွားတယ်။ ပြီးတော့ တွေဝေနေတဲ့ပုံနဲ့ ကျွန်မကို ပြန်ပြောတာဖြင့် မသိဘူးကွာ… ဒါပေမယ့် "ကျွန်မအိမ်ပြန်ချင်တယ်တဲ့။"

အရင်တုံးကတော့ သူ့အဖြေကို ကျွန်မနား ကောင်းကောင်း မလည်ခဲ့ဘူး။ ဒါပေမယ့် အခုတော့ ကျွန်မ သေချာစွာ နားလည်ခဲ့ပြီး တိုးတက်ပါတယ် ပြည့်စုံပါတယ် ဆိုတဲ့ အရာအားလုံးကို စွန့်ပြီး "ကျွန်မ အိမ်ပြန် ချင်နေမိလို့ပေါ့။"
စာကြွင်း။ ။(အခုတလော စာကပိ နေကမကောင်းဆိုတော့ ဘားမှ မရေးဖြစ်ဘူး။ ဒီညတော့ အကြွင်းမဲ့ ချစ်ခြင်း၊ နားလည်ခြင်းတွေနဲ့ ကျွန်မရဲ့ ဖြစ်တည်မှုကို ချစ်တဲ့ အမေနဲ့ အိမ်သားတွေကို အရမ်းလွမ်းမိလို့ ဒီစာထိုင်ရေးနေခဲ့တာပါ။)

Ski Jumping

နယ်ခြားမြေခြားနှင်းမြို့တော်မှာ ရောက်နေတဲ့ ကျွန်မအတွက် ချစ်သူများနေ့ကို တစ်ယောက်ထဲ အခန်းကျင်းလေးထဲမှာ မကုန်ဆုံးချင်တာကြောင့် သူငယ်ချင်းတွေနဲ့ Ski Jumping သွားကြည့်ဖြစ်တယ်။ Winter Sports တွေကို စိတ်ဝင်စားတဲ့ ကျွန်မ ဒီလိုခုန်တာ TV တွေလောက်မှာသာ မြင်ဘူးတာလေ...။ အဲဒါကြောင့် သွားကြည့်ဖြစ်တာပါ။ :) တကယ်ကိုရင်ခုန်စရာ ကောင်းတဲ့ ကစားနည်း တစ်မျိုးပါပဲ။ ကျွမ်းကျင်တဲ့ ကစားသမားတွေရဲ့ ၀မ်းလျားမောက်ပြီး ခုန်ဆင်း (ပျံသန်း)သွားတာ ကြောက်စရာ မကောင်းပဲ အရမ်းကို လှပါတယ်။ လာကြည့်သူတွေအားလုံးကို အားကျစေတဲ့ အပြင်၊ ပျော်ရွှင်ဖွယ်ရာ ရင်ခုန်မှု၊ မဖော်ပြတတ်တဲ့ ခွန်အားတစ်ခုနဲ့ အမြင်သစ်တွေလည်း ဖြစ်စေနိုင်တဲ့ ကစားနည်းတစ်မျိုးဖြစ်တဲ့ အတွက် ခံစားမှုတွေ မျှဝေနိုင်ဖို့ ရိုက်ခဲ့တဲ့ ပုံတွေနဲ့ Video ကိုမျှဝေလိုက်ပါတယ်။ အားလုံးပျော်ရွှင်ဖွယ်ရာ ချစ်သူများနေ့ ဖြစ်ပါစေကွယ်။။။။
အော်ဒါနဲ့ နောက်အခွင့်ကြုံရင် သွားကြည့်နော်။ အထူးသဖြင့် ချစ်သူများနေ့အတွက်တော့ a good leisure activity တစ်ခုဖြစ်တယ်။ ရင်ခုန်သံမြန်ချင်သူတွေ အတွက်ပေါ့။ :) :P

အတောင်ပံနှင့် လူသားများ

ကင်မရာနဲပဲ ရိုက်ဖြစ်လို့ တစ်ယောက်စာပဲ မှတ်တမ်းတင်နိုင်ခဲ့တယ်။

ကစားကွင်း

ဒီနိုင်ငံက လူတွေကစားတယ်

တောင်ထိပ်အပေါ်မှ စတင်အမှတ်

ဘားတန်းရဲ့ အလယ်မှာထိုင်းပြီး ဒိုင်လူကြီးရဲ့ ခရာသံစောင့်နေစဉ်

လမ်းကြောင်းတစ်လျှောက်

ဒီနေရာရောက်တော့ မြေပြင်ကို အရှိန်နဲ့ တောင်အောက်ကို ခုန်တာ.. ပျံနေတဲ့ အတိုင်းပဲ... အရမ်းကို မြန်ဆန်တယ်... ဒီနေရာက စခုန်တာတော့ မရိုက်ခဲ့ရဘူး :(

အရမ်းမြန်တော့ ဒီပျံနေတဲ့ ပုံလေးရအောင် မနဲကြိုးစားလိုက်ရတယ် Sport ကင်မရာ မယူသွားမိလို့ နဲနဲဝါးနေတယ်... ကောင်းကောင်းကြည့်ရင်တော့ မြင်နိုင်မှာပါ :)

လေဟုန်မှာ ပြန်ဝဲနေစဉ်

ပျံသန်းအပြီး မြေပြင်နှင့်စထိစဉ်

လျှောဆင်းလာချိန်.. ခန္ဒကိုယ်ကို ပိုင်နိုင်စွာ ထိန်းသိမ်းနိုင်မှုက အရေးပါတယ်

အောင်မြင်စွာ ခုန်ဆင်းအပြီး

မိန်းကလေးတွေလဲ ယောကျာင်္လေးတွေလိုပဲ ခုန်နိုင်ကြတယ် အားကျစရာနော်..

သူတို့တွေက စတိုင်များတယ်

လမ်းကြောင်းတစ်လျှောက် အားပေးနေသူများ

ဒိုင်လူကြီး

ခုန်မှတ်ကို တာဝန်ယူမှတ်သားသောသူများ

ဒီလို ခေါင်းလောင်းတွေနဲ့ အားပေးကြတယ်

ကလေးငယ်လေး သူ့ဖုန်းနဲ့ရိုက်ယူနေစဉ်

ခုန်ချအပြီး ကစားသမားများ

တောင်ပေါ်ကို ပြန်ပို့ပေးတယ်

ကားလေးက တောင်ပေါ်နားအထိပဲ ပို့နိုင်တော့ ကိုယ့်ကစား ကရိယာကိုယ်ထမ်းပြီး ခုန်မှတ်စတင်ရာနေရာကို ပြန်သွားရတယ်

အနာဂါတ် ကစားသမားများနဲ့ လက်ရှိခုန်နေသူ

ကစားသမားတွေ တစ်ခုခု ဖြစ်ရင် မြန်မြန်ကု နိုင်ဖို့ Ambulance ကအဆင်သင့် စောင့်နေတယ်။ ဒါပေမယ့် ဘယ်သူမှ ဘားမှ မဖြစ်ဘူး။

“The person who risks nothing, does nothing, has nothing, is nothing, and becomes nothing. He may avoid suffering and sorrow, but he simply cannot learn and feel and change and grow and love and live.”
Leo F. Buscaglia

Twenty years from now you will be more disappointed by the things that you didn't do than by the ones you did so. So throw off the bowlines. Sail away from the safe harbor. Catch the trade winds in your sails. Explore. Dream. Discover. Mark Twin

Photos and Video by Apprenticeship

ပြည်ထောင်စုရဲ့ အဓိပ္ပါယ်

ပြည်ထောင်စုနေ့ ရောက်တိုင်း ကျွန်မကိုယ်တိုင် ပြည်ထောင်စု ကိုယ်စားလှယ်အဖြစ် တက်ရောက်ဖူးတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားလေးတစ်ခုကို ပြန်သတိရ မိတယ်။ နိုင်ငံတော်က ပြည်နယ်နဲ့တိုင်း အသီးသီးမှ ကိုယ်စားလှယ်တော်များကို ဖိတ်ခေါ်ပြီး ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက် နိုင်ဖို့ အစီအစဉ်တွေ နဲ့စည်ကား သိုက်မြိုက်စွာ ကျင်းပလာတဲ့ အစဉ်အလာဟာ ဒီနေ့ အထိပါပဲ။ တကယ်လဲ အလေးထား လုပ်သင့်တဲ့ ရက်မြတ်လေးတစ်ခုပါ။

ဒီလို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တော်တွေက ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ရတဲ့ အပြင် တစ်ခြား လေ့လာရေး ခရီးစဉ်တွေလဲ အများကြီး စီစဉ်ပေးပါတယ်။ ခရီးစဉ် အများကြီးနဲ့ ရက်တိုတိုလေးမှာ ရန်ကုန်တစ်မြို့လုံးမှာ ရှိတဲ့ နေရာတော်တော် နှံ့အောင်လိုက်ကြည့်ခွင့်ရတယ်။ မနက် ၃ နာရီလောက် ထရတဲ့ ရက်တွေလဲ ရှိတယ်ဗျာ..။ အမောခံလိုက်တာ အကျိုးရှိပါတယ်။ ကိုယ့်ဟာကိုယ်ဆို သွားဖြစ်မဲ့ နေရာတွေ မဟုတ်လို့ပေါ့။ အဲဒီ အစီအစဉ်တွေ အားလုံးထဲက သမ္မတအိမ်ဖြူတော်မှာ ကျင်းပတဲ့ ညစာစားပွဲကိုတော့ ကျွန်မ အနှစ်သက်ဆုံးပါ။ ညစာ စားပွဲ အပြီးမှာ တက်ရောက်လာတဲ့ တိုင်းရင်းသား လူမျိုးစုတွေ အားလုံးရဲ့ တီးမှုတ်ကခုန်မှုတွေကို နိုင်ငံတော်လူကြီးမင်းတွေနဲ့ တိုင်းရင်းသားအားလုံးရဲ့ ကြည့်ရှု အားပေးရင်း ထွက်လာတဲ့ သြဘာပေးတဲ့ လက်ခုပ်သံတွေက ကျွန်မရင်ကို မဖော်ပြနိုင်အောင် ကြည်နူး ပီတိ ဝေစေခဲ့တာ ကြက်သီးဖြာ မိတဲ့အထိပါပဲ။

တိုင်းရင်းသားအားလုံးက (ဗမာ အပါအ၀င်) အခမ်းအနား အစီအစဉ်အတိုင်း သူတို့ရိုးရာဝတ်စုံနဲ့ ယဉ်ကျေးမှုအကကို ဂုဏ်ယူစွာ ဖေါ်ထုတ်ကပြသွားကြတဲ့ စည်းချက်ကခုန်မှုတွေကို အခုပြန်ရေးရင်းတောင် အတိုင်းသား ပြန်မြင်ယောင်လာတယ်။ ဒီကပွဲတွေရဲ့ ထူးခြားမှုက တစ်ဖက်နဲ့ တစ်ဖက်ယှဉ်ပြိုင်မှုမပါဘူး။ ဒါပေမယ့် မတူညီတဲ့ ယဉ်ကျေးမှု သီဆိုတီးမှုတ် ကခုန်မှု တွေကို အသိအမှတ်ပြု၊ လေးစားတဲ့ ညနေခင်းလေးတစ်ခုပါ။ တစ်ကယ်တော့ ကိုယ့်ယဉ်ကျေးမှုသာ အားလုံးထက်သာတယ်၊ ကောင်းတယ် ဆိုတဲ့ အတွေးအခေါ်ကို သင်ပုန်းခြေပြီး ယဉ်ကျေးမှုတိုင်းဟာ လှပတယ်၊ ချစ်စရာကောင်းတယ် ဆိုတဲ့ အရိုးခံစိတ်တွေနဲ့ တီးခတ်ကခုန်နေကြတာ ပြည်ထောင်စု ဆိုတဲ့ အနက်ကို ဖေါ်ထုတ်နေခြင်းပေါ့။ မင်္ဂလာရှိတဲ့ ညချမ်းကို အိမ်ဖြူတော်မှာ နားခိုနေတဲ့ သြဥငှက်တွေနဲ့ အခြားငှက်ကလေးတွေလဲ သီဆိုသြဘာပေးခဲ့ကြ။ ကောင်းကင်သားတွေ သီချင်းဆိုတဲ့ ညချမ်းလေးပါပဲ။

ဒီလိုအနစ်သာရနဲ့ ပြည့်ဝတဲ့ ပြည်ထောင်စုနေ့ဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့ တစ်ရက်ပဲ ဆင်နွဲပြီး ကျန်တဲ့ ရက်တွေမှာတော့ မေ့ထားရမှာလား? ပြည်ထောင်စု စိတ်ဓာတ်ဆိုတာ ဘာလဲ? ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံ စာချုပ်ရဲ့ အနှစ်က ဘာလဲ? ဘာအတွက် ကျွန်မတို့ တစ်ညီတစ်ညွတ် သဘောတူခဲ့ ကြလဲ? အဲဒီလို သဘော တူညီမှုတွေ ကျွန်မတို့ ခေတ်မှာ မရှိနိုင်တော့ ဘူးလား? ကိုယ့်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတဲ့ အခွင့်အရေးကို ကတိပြုခဲ့တဲ့ ပင်လုံ စာချုပ်ရဲ့ အရင်းအမြစ်ဟာ ကျွန်မတို့ တိုင်းပြည်ကို လာရောက် အုပ်ချုပ်ခဲ့တဲ့ နယ်ချဲ့တွေရဲ့ လက်ကလွတ်မြှောက်ဖို့ အတူတကွ ပါဝင်တိုက်ပွဲဝင်ဖို့ သဘောတူညီမှုနဲ့ တိုင်းရင်းသားအချင်းချင်း လေးစားတန်ဖိုးထားတတ်ဖို့ ရေးထိုးခဲ့တဲ့ လက်မှတ်တစ်ခု ဆိုရင် မှားမယ်မထင်ဘူး။

British လက်အောက်က လွတ်မြှောက်ခဲ့တဲ့ ကျွန်မတို့ တကယ်လွတ်လပ်ခဲ့ပါသလား? ဒီမေးခွန်းလေးက ကျွန်မကို မသက်မသာဖြစ်စေတာတော့ အမှန်ပဲ။

ဒီလိုနဲ့ လွတ်လပ်မှုရဲ့ ဖွင့်ဆိုချက်တွေ ကို ကျွန်မစဉ်းစားမိသွားတယ်။ တစ်ဆက်ထဲမှာပဲ၂၁ ရာစုရဲ့ လွတ်လပ်မှုကို ကျွန်မတွေးမိတယ်။ စစ်ပွဲနဲ့ ပတ်သက်ပြီး တင်းကျပ်လာတဲ့ နိုင်ငံတကာ ဥပဒေတွေကြောင့် စက်မှုနိုင်ငံတွေနဲ့ အရင်းရှင်နိုင်ငံတွေက သူတို့လိုချင်တာ ရဖို့ စစ်တိုက်ပြီး အရယူတဲ့ စနစ်ကို မသုံးတော့တာ ကမ္ဘာ့သမိုင်းကို ခြုံငုံကြည့်ရင် အထင်သားတွေ့နိုင်ပါတယ်။ ဒါဆို ၂၁ ရာစုမှာ စစ်ပွဲ မရှိတော့ဘူးလား မေးစရာရှိလာပါတယ်။

ဝမ်းနည်းစွာနဲ့ ကျွန်မဖြေရပါလိမ့်မယ်။ ကုန်ခမ်းလာတဲ့ ကမ္ဘာ့အရင်းအမြစ်တွေကြောင့် စစ်ပွဲတွေဟာ ပိုပြင်းထန်လာတယ်လို့ ဆိုရပါမယ်။ လက်နက်ကြီးတွေနဲ့ တိုက်ယူခြင်းတော့ မဟုတ်တော့ဘူးပေါ့။ ဒါပေမယ့် တိုးတိုးတိတ်တိတ် ညှင်ညှင်သာသာ ပါပဲ။ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု ဆိုတဲ့ စွဲဆောင်အား အရမ်းကောင်းတဲ့ စီးပွားရေး လက်နက်ကြီးတွေ တပ်ဆင် အသုံးပြုလာတာ ဆင်းရဲတဲ့ နိုင်ငံတွေက မွဲသေသွားပြီး၊ ချမ်းသာပြီးသား နိုင်ငံတွေက ချမ်းသာသထက် ချမ်းသာမှုကို ရလာအောင်ပေး နိုင်တဲ့ စီးပွားရေး ယန္တရား လက်နက်ကြီးတွေ တပ်ဆင် ပစ်ခတ်လိုက်တာ အရင် လက်နက်ကြီးတွေနဲ့ တိုက်တဲ့ စစ်ပွဲတွေထက်တောင် ပိုပြီး ကြောက်စရာကောင်းပါတယ်။

ဒီလို အင်းအားကြီးတဲ့ စီးပွားရေးလက်နက်တွေနဲ့ တိုက်နေချိန်မှာ ကျွန်မတို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်ခွင့် ဆိုတဲ့ ခေါင်းစဉ်ကြီးတွေတပ်ပြီး အချင်းချင်း သတ်ကြ၊တိုက်ကြ၊ ခိုက်ကြနဲ့ အခုကျွန်မတို့ ဒီနေ့ဘယ် အခြေအနေဘယ်နေရာကို ရောက်ရှိနေပြီလဲ ? British တွေလာတော့ မြန်မာတွေက သူတို့ ဝေယာဝိစ္စ လုပ်ပေးဖို့ နယ်ချဲ့လက်အောက်မှာ မလုပ်ဘူးလို့ ငြင်းဆန်တဲ့အတွက် India က ကုလားတွေကို ခေါ်ယူ အသုံးပြုခဲ့ရတယ်ဆိုတာ ကျွန်မတို့ အားလုံးသိပြီး ဖြစ်ပါတယ်။ အခု ခေတ်မှာတော့ ကျွန်မတို့ မြန်မာတွေက တိုင်းတပါးမှာ အလုပ်လုပ်နိုင်ဖို့ ပွဲစားကို ငွေသိန်းပေါင်းများစွာ ပေးပြီး အောက်ခြေသိမ်း အလုပ်တွေ သွားလုပ်နေရတဲ့ (ကျွန်ခံ) မြန်မာတွေ ဖြစ်နေခဲ့ပါပြီ။

မြန်မာလို့ ပြောလိုက်တာနဲ့ ကူညီရမဲ့ နိုင်ငံသားလို့ ကမ္ဘာက မြင်နေပြီ။ ပိုက်ဆံတတ်နိုင်လို့ အလည်သွားဖို့တောင် မြန်မာ Passport ဆိုရင် visa ရဖို့ မျက်နှာ ငယ်ရတယ်။ သံရုံးတွေမှာ ဘာမှ မမေးခင် “မင်း မြန်မာပြည်ကို ပြန်လာမှာ မဟုတ်ဘူး” ဆိုတဲ့ စကားနဲ့ အစွပ်စွဲခံရတယ်။ တကယ်လဲ စီးပွားရေး အခြေအနေနဲ့ အခြေအနေ အရပ်ရပ်ကြောင့် ပြန်မလာတဲ့ သူတွေက များနေတာကိုး။ ဘယ်မလဲ ကျွန်မတို့ ပြောတဲ့ ဂုဏ်? ဘယ်မှာလဲ ကျွန်မတို့ ပြောတဲ့ လွတ်လပ်ခွင့်? ငါတို့ နိုင်ငံက နေချင်စရာမကောင်းအောင်ကို ဖြစ်နေပြီးလား?

တကယ်တော့ ကျွန်မတို့ ပြောပြောနေတဲ့ ပြည်ထောင်စု စိတ်ဓာတ်ဟာ မြန်မာပြည် ကောင်းစားရေးအတွက်ပါ။ ငါတို့ ခရီးတစ်ခု အတူတူ လျှောက်နေကြပြီး ဘာအတွက် အငြင်းပွား သတ်ဖြတ်နေတာလဲ ?

ကျွန်မတော့ အထက်က ပြောခဲ့တဲ့ အိမ်ဖြူတော် ညလေးနဲ့ တိုင်းရင်းသား အချင်းချင်း လေးစား၊နာလည်မှုတွေနဲ့ တီးမှုတ် ကခုန်နိုင်မယ့် ညလေးကိုလိုချင်မိတယ်။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ တိုင်းရင်းသား အချင်းချင်း နားလည်၊ယုံကြည်မှုတွေနဲ့ လေးစားဂုဏ်ယူစွာ ကမဲ့နေ့လေးနဲ့ မြန်မာမျိုးဟေ့လို့ ကမ္ဘာမှာ ဂုဏ်ယူဝံ့ကြွားစွာ ပြောနိုင်မယ့် နေ့လေးကို တကယ်လိုချင်မိတယ်။ ကျွန်မရင်မှာ ရှိတဲ့ ပြည်ထောင်စု အိမ်မက်လေးတစ်ခုပေါ့။

မြန်မာဆိုပြီး ကမ္ဘာမှာ မော်ကြွားနိုင်ဖို့ ငါတို့ အချင်းချင်း လေးစား ချစ်ခင်ရမယ်။ မြန်မာပြည်ရဲ့ အနာဂတ်ဟာ မြန်မာလူငယ်တွေမှာ ရှိပါတယ်။ အဲဒီလို အရေးကြီးတဲ့ သမိုင်းကို ပြန်လည် တည်ဆောက်မယ့် ငါတို့ အရည်အချင်း ပြည့်မီရမဲ့အပြင် ကျွန်မတို့ရဲ့ ရပ်တည်ချက်တွေ နေရာမှန်ဖြစ်နေဖို့ လဲ အရမ်း အရေးကြီးပါတယ်။ အဲဒီတော့ အနာဂတ်ရဲ့ ခေါင်းဆောင်တွေ ဖြစ်လာမယ့် ငါတို့လူငယ်တွေ အားလုံး အမည်နာမ၊ အဖွဲ့အစည်း အစွဲတွေထက် မြန်မာပြည်ကောင်းစားရေး၊ မြန်မာပြည်ကြီး တိုးတက်ဖို့ ငါတို့ အားလုံးပြောနေတဲ့ “ပြည်ထောင်စု စိတ်ဓာတ်နဲ့ မျိုးချစ်စိတ်ဓာတ်တွေကို” ပြန်လည်သုံးသပ်ဖို့ ဖိတ်ခေါ် ချင်ပါတယ်။

အချင်းချင်းလေးစားမှုနဲ့ လူပီသတဲ့ လူ့ယဉ်ကျေးမှုကို လက်ဆင့်ကမ်းပေး နိုင်မယ့် သမိုင်းတစ်ခေတ်ရဲ့ သူရဲကောင်းများ ဖြစ်လာကြပါစေလို့လဲ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

မတူညီမှုတွေကို အမြဲလေးစား မြတ်နိုးလျှက်>>>>>> Apprenticeship

The Kachin State Day

မနောတေးသံကခုန်တွေနဲ့ ဆင်နွဲနေတဲ့ မနောမြေက ကချင်ပြည်နယ်နေ့ကို လွမ်းမိလို့ ၂၀၀၇ ခုနှစ်တုံးက အိမ်ပြန်တုံးရိုက်ဖြစ်တဲ့ပုံတွေ မျှဝေလိုက်ပါတယ်... အားလုံးပျော်ရွှင်တဲ့ နှစ်သစ်ဖြစ်ပါစေ။

ကချင် အကလေးနဲ့ တီးလုံး

My solute for the anniversary of Kachin State Day
(January 10)

Oh my beloved mother land!

I offer you peace.
I offer you love.
I offer you faithfulness and loyalty.

I see your beauty through streams,
varieties of beautiful flowers, mountains,
people, and beautiful cultures.
I solute those sources in you.

I hear your needs.
I feel your feelings.

So I pray..
Oh my dear God
Great Thanks for the blessings that you have been giving us this far,
give us wisdom so that we can glorify your glory,
give us strength to over come from evils,
Give visions to young generation.

Let our people work together for unity and love.
Let our land has a healthy long life.
Let your blessings be ours.

May God richly bless the Kachin Land on this special day
and the following days.

ကချင် ရိုးရာအိမ်

ရဲစွမ်းသတ္တနဲ့ ပြည့်ဝတဲ့ ကချင်ဒူဝါ :P

မနောစည်သံ တညံညံ မေ့ရင်မှာ ပြုံးရွှင် :D

မနော အကဦးဆောင်သူများ ဆောင်းတဲ့ ခေါင်းဆောင်း

ကချင် အနုပညာ

ချစ်သောအမိမြေ ကောင်းချီးများနဲ့ ပြည့်စေ

ကချင်မောင်းတွေက မနောအကအတွက် အခရာ

ကချင်တီးလုံးတွေက သူတို့တွေနဲ့လိုက်ဖက်တယ်

တူရိယာ အမျိုးမျိုးနဲ့ အတီးပညာရှင်များနဲ့ သီဆိုနေသူများ

ကချင်မလေးတွေ ချစ်စရာတဲ့ :P

ကချင်ယက်ကန်း အလှ

အကရှေ့ဆောင်များ

ချစ်စရာ့ သူ့ကမ္ဘာ

အကကဖို့ တန်းစီနေသူများ ကလေးလူကြီး အားလုံးပျော်ရွှင် ကခုန်တဲ့ပွဲပေါ့

ခခူး လှပျိုများ

လီဆူး လှပျိုများ

လောဝေါ့လပျိုများ ကဖို့တန်းစီနေတုံး လျှက်တပြတ်ရိုက်ချက်

ရ၀မ် လှပျိုများ

ခေတ်ပေါ် ၀တ်စုံများဖြင့်

မနော အကကို အပေါ်စီးမှ ရိုက်ထားပုံ

လှိုင်ဇာ ကချင်ရိုးရာအိမ်

Photos and Vedio by AP
(ဓါတ်ပုံတွေကို လျှက်တပြတ်လိုက်ရိုက်ခဲ့တဲ့ ပုံတွေမို့ သဘာဝအလှများသာ ဖြစ်ကြောင်းပါရှင့် )

စကားပြောသောသစ်ရွက်များ......

အမေရိကမှာရှိတဲ့ အနှစ်သက်ဆုံးများကို ပြောပါဆိုရင် Fall အလှနဲ့ Spring အလှတွေက ကျွန်မကိုအတော် ဖန်းစားနိုင်လွန်းပါတယ်.. ဒီလိုပဲလှပတဲ့ ပတ်ဝန်းကျင်တွေကို အားလပ်ချိန်တွေမှာ စက်ဘီးကလေးနဲ့လှည့်ပတ်ပီး အမှတ်တရ ဓါတ်ပုံတွေ ရိုက်ရင်းကနေ သစ်ရွက်လေးတွေ၊သစ်ပင်တွေနဲ့ စကားပြောဖြစ်ခဲ့တယ်...။ Spring တုံးကရိုက်ခဲ့တဲ့ ပုံတွေတော့ အကြောင်းအမျိုးမျိုးကြောင့်မတင်ခဲ့ဘူး။ တင်ဘို့နောက်ကျသွားတာမို့ နောက်နှစ် မှပဲတင်တော့မယ်နော်..။ အခုတော့ Fall အလှလေးတွေကိုခံစားရင် သူတို့တွေနဲ့ စကားပြောကြည့်ရအောင်။ AP ပေါက်သွားပီးလို့တော့မထင်လိုက်နဲ့နော်..။ ကြောက်ကြောက် :D :) :P

သူတို့လေးတွေပေါ့ ကြွေခသွားမှာကိုတောင် မမူဘူး။ အစွမ်းကုန် အလှဆင်နေကြလေရဲ့။
နောက်ဆုံးထွက်သက်အထိ သစ္စာရှိထားတယ်ဆိုတာ AP ကိုပြောပြနေကြတယ်လေ။
အားကျစရာနော်..။

သူတို့လေးတွေက လုပ်ဆောင်မှုတိုင်းမှာ တန်ပြန်မှုရှိတယ် ဆိုတဲ့နိယာမတွေနဲ့ AP ကို ခရီးဆက်ဖို့ ခွန်းအားပေးနေပြန်တယ်။ ဒီလိုနယ်ခြားမြေခြားမှာ ဒုက္ခခံပြီး လာရုန်းကန်နေရတာ.. ပန်းတိုင်မှာ တန်ပြန်မှုကောင်းကောင်းတော့ စောင့်နေကောင်းပါရဲ့။

အဲဒီနေ့က ကောင်ကင်မှာရော AP ကမ္ဘာမှာပါ မိုးတွေအုပ်နေခဲ့တယ် :( ဒါပေမဲ့ လှပနေစဲပဲ... ငွေ့ရေဖွဲ့ခြင်းက မိုးရေတွေအတွက်တော့ နိမိတ်ကောင်းပဲ မဟုတ်လား ????

င်္Fall သစ်ရွက်တွေနဲ့သူတို့ တတွေအတော်လိုက်ဖက်သလိုပဲ... တစ်ကယ်တော့ AP တို့လဲတစ်နေ့ ကြွေရမှာပဲ။
မကြွေခင် ဒီသစ်ရွက်လေးတွေကို လောကကြီးကို အလှဆင်နိုင်သူတော့ ဖြစ်ချင်သေးလေရဲ့။

ကောင်းကင်ကိုခေါင်းမော့ကြည့်တော့ Grave တွေရဲ့အပေါ်မှာ ငှက်အမဲလေးတွေ စက်ဝိုင်းပုံလှည့်ပတ်ပျံသန်းနေတယ်။ သူတို့လေးတွေရဲ့ ၀ိညာဉ်တွေလားတော့ မသိဘူး။ လွတ်လပ်ခြင်းရဲ့ ရသမှာတောင်းပုံစံတွေ ပါဝင်နေတတ်တာကို သတိပြုမိလိုက်တယ်။ ကျေးဇူးပါ ငှက်ကလေးတို့ရေ..။

သူတို့လေးတွေရဲ့ စွန့်လွှတ်ရဲတဲ့ သတ္တိတွေက စံထားလောက်ပါပေတယ်။

ငြိမ်းချမ်းခြင်းရဲ့ ရသတွေ ခံစားလိုက်ရတယ်... :

ငါတို့အားလုံးခရီးတစ်ခုသွားနေကြတယ်နော်

ဘယ်တော့ခရီးဆုံးမလဲ... အင်းလေ ခရီးဆုံးသွားရင်တော့ ဖန်းတီးပိုင်ခွင့် ကုန်ဆုံးသွားတဲ့နေ့ပဲနေမှာ
အခုလို ရုန်းကန်လှုပ်ရှားနေရတာ အနစ်သာရရှိတယ်...

Just random beauty... bus က မူလတန်း-အထက်တန်းကျောင်းတွေ အတွက်နော်. ဒီမှာမနက်တိုင်း ကျောင်းကားတွေ အိမ်အရောက်ကြိုပေးပီး ညနေလဲအရောက်ပြန်ပို့တယ်...

ကဲဒီနေရာလေမှာထိုင်းပြီး ကမ္ဘာမြေကြီးရဲ့ အလှကို ခံစားကြည့်ကြရအောင်နော်....
ပင်ပန်းတာတွေပျောက်ကင်းပါစေ.... သူတို့လေးတွေပြောတဲ့ စကားတွေလဲ နားထောင်ပေးလိုက်အုံးနော် :P

နီးနီးလေးနော်... အမြင်အာရုံတွေရဲ့ဖမ်းစားနိုင်စွမ်းတွေပေါ့ ဒါပေမယ့် AP Camera လေးက အမြင်အာရုံတွေ ကန့်သတ်ပေးတာပေါ့။ အနီးအဝေးကိုဖမ်းစားဖို့ မှန်ဘီလူးကောင်းကောင်းပါတဲ့ ကင်မရာတစ်လက်ဆိုရင်တော့ ပုံတွေဒီထက်ပိုလှမှာ သေချာတယ်....
လက်တွေ့ ဘ၀တွေမှာ အဲဒီလိုတွေဖြစ်တတ်တယ်နော်.. ဗဟုသုတနဲ့ Open-minded တွေက ငါတို့အားလုံးရဲ့ အတွေးကို ထောင့်ပေါင်းဆုံကမြင်နိုင်အောင် ဖမ်းစားနိုင်ဖို့ ကရိယာကောင်းတွေပေါ့။
မနက်ဖန်အတွက်တင်ကြိုပီး ပျော်ရွှင်နေမဲ့အစား ဒီနေ့လက်ရှိ အချိန်တိုင်းမှာ ပျော်ရွှင်၊ငြိမ်းချမ်းခြင်း
ကျေးဇူးတွေရရှိနိုင်ပါစေ..
ဆက်လက်ကြိုးစားအုံးမည်
AP
Photos by AP. Great thanks for your time and visit.
Have a great Fall enjoy before it's over...

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy

အမုန်းမရှိတဲ့ အိမ်

javascript:void(0)