Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

Ski Jumping

နယ်ခြားမြေခြားနှင်းမြို့တော်မှာ ရောက်နေတဲ့ ကျွန်မအတွက် ချစ်သူများနေ့ကို တစ်ယောက်ထဲ အခန်းကျင်းလေးထဲမှာ မကုန်ဆုံးချင်တာကြောင့် သူငယ်ချင်းတွေနဲ့ Ski Jumping သွားကြည့်ဖြစ်တယ်။ Winter Sports တွေကို စိတ်ဝင်စားတဲ့ ကျွန်မ ဒီလိုခုန်တာ TV တွေလောက်မှာသာ မြင်ဘူးတာလေ...။ အဲဒါကြောင့် သွားကြည့်ဖြစ်တာပါ။ :) တကယ်ကိုရင်ခုန်စရာ ကောင်းတဲ့ ကစားနည်း တစ်မျိုးပါပဲ။ ကျွမ်းကျင်တဲ့ ကစားသမားတွေရဲ့ ၀မ်းလျားမောက်ပြီး ခုန်ဆင်း (ပျံသန်း)သွားတာ ကြောက်စရာ မကောင်းပဲ အရမ်းကို လှပါတယ်။ လာကြည့်သူတွေအားလုံးကို အားကျစေတဲ့ အပြင်၊ ပျော်ရွှင်ဖွယ်ရာ ရင်ခုန်မှု၊ မဖော်ပြတတ်တဲ့ ခွန်အားတစ်ခုနဲ့ အမြင်သစ်တွေလည်း ဖြစ်စေနိုင်တဲ့ ကစားနည်းတစ်မျိုးဖြစ်တဲ့ အတွက် ခံစားမှုတွေ မျှဝေနိုင်ဖို့ ရိုက်ခဲ့တဲ့ ပုံတွေနဲ့ Video ကိုမျှဝေလိုက်ပါတယ်။ အားလုံးပျော်ရွှင်ဖွယ်ရာ ချစ်သူများနေ့ ဖြစ်ပါစေကွယ်။။။။
အော်ဒါနဲ့ နောက်အခွင့်ကြုံရင် သွားကြည့်နော်။ အထူးသဖြင့် ချစ်သူများနေ့အတွက်တော့ a good leisure activity တစ်ခုဖြစ်တယ်။ ရင်ခုန်သံမြန်ချင်သူတွေ အတွက်ပေါ့။ :) :P

အတောင်ပံနှင့် လူသားများ


ကင်မရာနဲပဲ ရိုက်ဖြစ်လို့ တစ်ယောက်စာပဲ မှတ်တမ်းတင်နိုင်ခဲ့တယ်။



ကစားကွင်း


ဒီနိုင်ငံက လူတွေကစားတယ်


တောင်ထိပ်အပေါ်မှ စတင်အမှတ်




ဘားတန်းရဲ့ အလယ်မှာထိုင်းပြီး ဒိုင်လူကြီးရဲ့ ခရာသံစောင့်နေစဉ်


လမ်းကြောင်းတစ်လျှောက်

ဒီနေရာရောက်တော့ မြေပြင်ကို အရှိန်နဲ့ တောင်အောက်ကို ခုန်တာ.. ပျံနေတဲ့ အတိုင်းပဲ... အရမ်းကို မြန်ဆန်တယ်... ဒီနေရာက စခုန်တာတော့ မရိုက်ခဲ့ရဘူး :(


အရမ်းမြန်တော့ ဒီပျံနေတဲ့ ပုံလေးရအောင် မနဲကြိုးစားလိုက်ရတယ် Sport ကင်မရာ မယူသွားမိလို့ နဲနဲဝါးနေတယ်... ကောင်းကောင်းကြည့်ရင်တော့ မြင်နိုင်မှာပါ :)


လေဟုန်မှာ ပြန်ဝဲနေစဉ်


ပျံသန်းအပြီး မြေပြင်နှင့်စထိစဉ်


လျှောဆင်းလာချိန်.. ခန္ဒကိုယ်ကို ပိုင်နိုင်စွာ ထိန်းသိမ်းနိုင်မှုက အရေးပါတယ်


အောင်မြင်စွာ ခုန်ဆင်းအပြီး


မိန်းကလေးတွေလဲ ယောကျာင်္လေးတွေလိုပဲ ခုန်နိုင်ကြတယ် အားကျစရာနော်..


သူတို့တွေက စတိုင်များတယ်




လမ်းကြောင်းတစ်လျှောက် အားပေးနေသူများ


ဒိုင်လူကြီး


ခုန်မှတ်ကို တာဝန်ယူမှတ်သားသောသူများ


ဒီလို ခေါင်းလောင်းတွေနဲ့ အားပေးကြတယ်



ကလေးငယ်လေး သူ့ဖုန်းနဲ့ရိုက်ယူနေစဉ်


ခုန်ချအပြီး ကစားသမားများ


တောင်ပေါ်ကို ပြန်ပို့ပေးတယ်

ကားလေးက တောင်ပေါ်နားအထိပဲ ပို့နိုင်တော့ ကိုယ့်ကစား ကရိယာကိုယ်ထမ်းပြီး ခုန်မှတ်စတင်ရာနေရာကို ပြန်သွားရတယ်



အနာဂါတ် ကစားသမားများနဲ့ လက်ရှိခုန်နေသူ


ကစားသမားတွေ တစ်ခုခု ဖြစ်ရင် မြန်မြန်ကု နိုင်ဖို့ Ambulance ကအဆင်သင့် စောင့်နေတယ်။ ဒါပေမယ့် ဘယ်သူမှ ဘားမှ မဖြစ်ဘူး။

“The person who risks nothing, does nothing, has nothing, is nothing, and becomes nothing. He may avoid suffering and sorrow, but he simply cannot learn and feel and change and grow and love and live.”
Leo F. Buscaglia


Twenty years from now you will be more disappointed by the things that you didn't do than by the ones you did so. So throw off the bowlines. Sail away from the safe harbor. Catch the trade winds in your sails. Explore. Dream. Discover. Mark Twin

Photos and Video by Apprenticeship

14 comments:

ရိုးမြင့်အောင် February 15, 2009 at 3:30 AM  

ကျွန်တော်တို့ ကျောင်းနောက်မှာလဲ ဒါမျိုးကစားကွင်းကြီး လုပ်ထားတယ်ဗျ... ဒါပေမယ့် တစ်ခေါက်မှ မရောက်ဘူးသေးဖူး... နောက်နှစ်မှ ရောက်အောင်သွားလိုက်ဦးမယ်... :D :)

လင်းထက် February 15, 2009 at 4:22 AM  

ညီမခုန်တဲ့ ပုံလေးလဲ ရိုက်ခဲ့ တာမဟုတ်ဘူး :P
ကိုယ်တို့နားမှာတော့ မြစ်ပဲ ရှိလို့ စပိဘုတ်နဲ့ပဲ ရေလွှာ လျှောစီးလို့ ရတယ် ..

khin oo may February 15, 2009 at 8:01 AM  

ကောင်းတယ်။စိတ်ပြေလက်ပျောက်.

Unknown February 15, 2009 at 9:57 AM  

တစ်ခါထဲ ၀င်ခုန်ခဲ့ရောပေါ့...။ မြင်ချင်လှစမ်းပါဘိ..။ ကွိကွိ။ :P

megumi February 20, 2009 at 12:34 AM  

ကြည့်ရတာ ပျော်စရာကြီး၊

စီးတော့စီးချင်ဘူး ကြောက်တယ်။ :P

Anonymous February 20, 2009 at 12:46 AM  

တစ်ခါလောက်တော့ခုန်ဖူးချင်တယ် ကျိုးမှာပါပဲ ခြေတွေလက်တွေး)

molay88 February 20, 2009 at 7:10 AM  

ကောင်လေးတို့ စီမှာ လည်း အရမ်း ခေတ်စား တယ်..။ ဒီက လူတွေ ဆို အဲဒါမ စီးဘဲ မနေနိုင်ကြဘူး..။ဒီလို ရာသီမှာဘဲ စီးလို့ ရတာကို..။

Mhaw Sayar February 20, 2009 at 10:16 AM  

အခွင့်ရရင်တော့ ခုန်ကြည့်ဖူးချင်တယ်ဗျို့ :)

Canada Myanmar Group February 20, 2009 at 2:31 PM  

အင်း အဲဒီ ကွင်းကို ရောက်ဖူးသလိုပဲ လာကြည့်တာပါ က
စားတာတော့ မဟုတ်ဘူး ဒီနှစ်မှာ နှင်း ပိုများတယ် နော်

Anonymous February 21, 2009 at 6:01 PM  

thks for sharing.


myatnoe

Anonymous February 21, 2009 at 6:02 PM  

so, funny.. i just found ur comment in my mail

:)


Myatnoe

Taungoo February 27, 2009 at 11:22 AM  

အဲဒီလိုနှင်းတောတွေရှိတဲ့ နေရာမျိုးကို အရမ်းရောက်ဖူးချင်တယ်။ ဒီနိုင်ငံက Snow city ကတော့ ဈေးကြီးလို့ တစ်ခါမှ မသွားဖူးသေးဘူး။ ကိုယ့်နိုင်ငံက ရေခဲတောင်ထိပ်ထိ မဖြစ်နိုင်ရင်တောင် ရေခဲစပ်စပ်လေးတွေ ထိတွေ့ကိုင်တွယ်နိုင်လောက်တဲ့နေရာထိတော့ တစ်နေ့ရောက်အောင်သွားဦးမယ်။

မသက်ဇင် March 3, 2009 at 6:44 AM  

ဓါတ်ပုံတွေကြည့်ပြီး ရောက်သလိုပဲခံစားသွားပါတယ်--
ပျော်ရွှင်ပါစေ---

မသက်ဇင် March 6, 2009 at 9:49 AM  

အသစ်လာကြည့်တာ--မတွေ့လို့--
အဟောင်းပဲ ပြန်ကြည့်သွားတယ်--
ပျော်ရွှင်ပါစေ---

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)