Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

Showing posts with label A Glimpse of Apprenticeship. Show all posts
Showing posts with label A Glimpse of Apprenticeship. Show all posts

အချစ်ဆိုသည်မှာ....

ကျွန်မကိုဘလက်ကြီး tag တုံးကဖြေခဲ့တဲ့ အတိုင်းအချစ်ဆိုတာ
အဖြူစင်ဆုံးဘုရားပေးလက်ဆောင်ပါ။
လိုချင်တပ်မက်တဲ့ ရမ္မက်တွေနဲ့ ပူလောင်နေမယ်ဆိုရင်
စစ်မှန်တဲ့ ချစ်ခြင်းမဟုတ်ဘူးလို့ဆိုရမှာပဲ။
ချစ်တဲ့သူတိုင်းဟာ (အချစ်စစ်၊ချစ်မှန်ဖြစ်ခဲ့မယ်ဆိုရင်ပေါ့)
ကိုယ်ချစ်မြတ်နိုးတဲ့သူ အတွက်အကောင်းဆုံးဖြစ်စေချင်ကြတာပဲ။
ကျွန်မကိုယ်တိုင်တော့ အချစ်ရဲ့လေးနက်ဆန်းကျယ်မှုကို လေ့လားတုံး၊
တစ်ခါတစ်လေတော့ အချစ်ဆိုတာကြီးနဲ့ အဝေးကြီးမှာ နေလိုက်ချင်ပေမဲ့
စစ်မှန်တဲ့ ချစ်ခြင်းနဲ့ကမ်းလှမ်းလာတဲ့ လက်တစ်စုံရဲ့
စွမ်းအားကိုလဲ ကျွန်မကိုးကွယ်ချင်နေသေးတယ်။
အဲဒီအတွက် အချစ်ကို တွေဝေခြင်းလို့ အမည်ပေးမယ်...။
တစ်ဆက်ထဲမှာပဲ့ မမြင်ရတဲ့ အချစ်ဆိုတာကြီးကို လိုလိုချင်ချင်နေရာပေးမိတတ်ကြတာမို့
အချစ်ဟာ Adventure ဆိုလဲမှန်တယ်။
ဆုံဆည်းမှု မှတ်တိုင်မပါတဲ့ အပျော်လှေတွေမှာ မပျော်တတ်တဲ့ ကျွန်မအတွက်
အချစ်ဟာ ရယူပိုင်ဆိုင်ခြင်းပေါ့။
ဒါပေမယ့် ကမ်းလှမ်းလာတဲ့ လက်တစ်စုံမှာ ဆုံဆည်းမှုဆိုတဲ့ မှတ်တိုင်မပါလာရင်တော့
နွေးထွေးပါတယ်ဆိုတဲ့ လက်အစုံရဲ့ကမ်းလှမ်းမှုနဲ့ အဝေးဆုံးကို ထွက်ပြေးမိမှာမို့
အချစ်ဟာ စွန့်လွှတ်ခြင်းလဲ ဖြစ်နေပြန်တယ်...
ဘာပဲဖြစ်ဖြစ် ရင်ထဲကပေါက်ဖွားလာတဲ့ အချစ်ကို ပုစုပျိုးထောင်မဲ့
ယုံကြည်မှုအုပ်မြစ်တောကျွန်မအတွကလိုအပ်တယ်....
အဲဒီအတွက် အချစ်ဟာ ယုံကြည်မှုဆိုလဲ မှန်နေပြန်တယ်။
မတူညီတဲ့ ခန္ဒာနှစ်ခုပေါင်းစပ်ပြီး နှစ်ယောက်တစ်ဘ၀ တည်ဆောက်ရမှာမို့
နာလည်မှုနဲ့ ကိုယ်ချင်းစာတရားတွေက အချစ်ကိုရှင်သန်စေမဲ့
မြေဆီသြဇာလို့ ကျွန်မခံယူ တယ်။
အဲဒီအတွက် အချစ်ဟာ နားလည်မှုနဲ့ကိုယ်ချင်းစာတရားတွေရဲ့
မျှတတဲ့ အပေးအယူလဲဖြစ်နေပြန်တယ်။
မိန်းကလေးအတော်များများတော့ မိမိရဲ့ဘ၀ကို အကာအကွယ်ပေးနိုင်မဲ့
ယောင်္ကျားမျိုးကို လိုချင်ကြတယ်။
ကျွန်မလဲ မိန်းမတွေထဲက မိန်းမတစ်ယောက်မဟုတ်လား။
ဒါပေမဲ့ စံထားနုန်းတွေတော့ မတူဘူးပေါ့။
အကာအကွယ်ပေးနိုင်တယ်ဆိုတဲ့ ဖွင့်ဆိုချက်မှာ မြင်နိုင်တဲ့ ဥစ္စာဓနတွေက
ကျွန်မအတွက် အရေးမကြီးဘူး။
လူမသေငွေမရှားလေ....
လူသေတော့လဲ ငွေမှမလိုတော့တာနော်...။

ဒါပေမယ့် ကျွန်မဘ၀တစ်သက်စာ
ကြင်နာချစ်ခြင်းတွေနဲ့ ဖေးမနားလည်မဲ့
အချစ်စစ်နဲ့ပဲ ခရီးသွားချင်မိတော့.....
အင်း.....အချစ်ဟာ မျော်လင့်စွာ၊ ရူးသွပ်ခြင်း ဆိုလဲ မှားဘူးပေါ့။
ချစ်ပါတယ်ဆိုတဲ့ စကားလေးနဲ့တင်
တလောကလုံးကို မေ့သွားအောင်လဲ
အချစ်ကညှိ့အားကြီးတော့ တစ်ခါတစ်လေတော့ အချစ်က
ကမ္ဘာမြေကြီးထက်လ စွဲငင်အားပိုများနေတာမို့ Gravity လဲခေါ်လို့ရတယ်။
ချစ်သူအလိုကျ အလိုလိုက်အကြိုက်ဆောင်နိုင်တဲ့ ချစ်သူလေးလဲဖြစ်ချင်တော့
အချစ်ဆိုသည်မှာ ပါရမီဖြည့်ဘက် ဆိုရင်လဲမှန်တယ်။
ချစ်သူရဲ့ အပူအအေးမှန်သမျှကို မျှဝေခံစားပေးချင်ပြန်တော့
အချစ်ဟာ ပေးဆပ်ခြင်းပေါ့...
တဖက်ကပြောရင် ချစ်သူ့ လူယုံတော် ပေါ့နော်...
တကယ်တော့ အချစ်ဟာ နူးညံသိမ်မွေ့စွာ သွေးဆောင်တတ်သေးတာမို့
အသာယာဆုံး ဘ၀ Music ပေါ့....
နောက်ထပ်အများကြီး အများကြီး...
ဒါပေမဲ့ အသေချာဆုံးတစ်ခုက
အချစ်ဟာ အမြဲရှင်သန်နေတယ်ဆိုတာပါပဲ..
အဲဒီအတွက်လဲ မျိုးဆက်ပေါင်းများစွားက ပြောဆိုခဲ့တဲ့
အချစ်ဒဿနိကများဟာ
အခုထိဖွဲ့လို့ မကုန်သေးဘူး... နောက်မျိုးဆက်တွေလဲ ဆက်ဖွဲ့အုံးမှာပဲ
ဒီလိုရေးဖွဲနေတဲ့ သူငယ်ချင်းအားလုံးလဲ လှပစစ်မှန်တဲ့ အချစ်ကို
ပိုင်ဆိုင်နိုင်သောသူများဖြစ်ပါစေ..


အချစ်ကို ခံစားမှုဝါဒီ အမျိုးမျိုးနဲ့ ချစ်နေတဲ့ အထဲမှာ
ကျွန်မကတော့ ဒီချစ်ခြင်းမေတ္တာမျိုးကို အတောင့်တဆုံးပေါ့။

ဖတ်ကြည့်လိုက်နော်....


ပရောဖက်ဥာဏ်ကို ငါရ၍ ၊
နက်နဲသော အရာရှိမျှတို့နှင့် သိပ္ပံအတတ်အမျိုးမျိုးကိုတတ်သော်၎င်း၊
မေတ္တာမရှိလျှင် အချည်းနှီးသက်သက်ဖြစ်ဧ။်။
သူတပါးကိုငါကျွေးမွေး၍ဥစ္စာရှိသမျှကို စွန့်ကြဲသည်သာမက
ကိုယ်ခန္ဒာကို မိးရှို့စေ ခြင်းငှါအပ်သော်လည်း၊
မေတ္တာ မရှိလျှင် ငါ၌ အကျိုးမရှိ။
မေတ္တာသည် စိတ်ရှည်တတ်ဧ။်။
ကျေးဇူးပြုတတ်ဧ။်။
မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ၀ါကြွားခြင်းမရှိ၊ မာန်မာနမရှိ။
မလျောက်ပတ်စွာမကျင့်တတ်၊
ကိုယ်အကျိုးမရှာတတ်၊
ဒေါသအမျက် မထွက်တတ်၊
အပြစ်ရှိသည်ဟု မထင်တတ်၊
မတရားသော အမှု၌ ၀မ်းမြောက်ခြင်းမရှိတတ်၊
သမ္မာတရား၌ ၀မ်းမြောက်တတ်ဧ။်
ခပ်သိမ်းသောအရာကို ဖုံးတတ်ဧ။်။
ခပ်သိမ်းသောအရာကို ယုံတတ်ဧ။်။
ခပ်သိမ်းသောအရာကို သည်းခံတတ်ဧ။်။
မေတ္တာသည် ဖေါက်ပြန်ခြင်းသဘောနှင့် အစဉ် ကင်းလွတ်ဧ။်။
ယခုတွင် ယုံကြည်ခြင်း၊ မြော်လင့်ခြင်း၊ ချစ်ခြင်း
ဤသုံးပါးတည်လျက်ရှိဧ။်။
ဤသုံးပါးတွင် ချစ်ခြင်းမေတ္တာသည်
အမြတ်ဆုံးဖြစ်သတည်း။
2 Corinthian 2-13
သခင်ခရစ်တော်ရဲ့ အချစ်ဒဿနိကလေးပါ.. AP အရမ်းကြိုက်တယ်..
ကဲကိုလင်းထက်ရေ.. ကျွန်မရဲ့ အချစ်ဒဿနိကလေးက ဒါပါပဲ..။
ကိုလင်းထက်ပြောတဲ့ အထိန်းတော်ကောင်းကြီးဖြစ်နိုင်တယ်နော် :D
ဆက်လက်ကြိုးစားအုံးမည်.. :P
Apprenticeship

ဘလက်ကြီးပြောတဲ့ Ap သဘောပေါက် :D

အားလုံးပဲ မင်္ဂလာပါရှင်း…..။
စာတွေမရေးတာကြာတော့ ဘယ်ကစရမှန်းတောင် မသိတော့အောင် လမ်းပျောက်နေခဲ့ တာ
ခဏလေး လွင့်သွားတာပေါ့နော်..ခဏလေးပါ… ခုတော့ အတွင်းအားတွေ မနဲဆုပီး ဘလောက်
ပေါ် ပြန်ရောက်လာ ပါပီ။ စာတွေမှန်မှန် ပြန်ရေးနိုင်အောင် ကြိုးစားသွားပါ့မယ်…။ ဆက်ပီး အား
ပေးကြပါနော်..။

စာတွေဆက်ရေးဘို့ အားပေးသံနဲ့ တစ်မျိုး၊ အမိန့်ပေးသံနဲ့ တစ်ဖုံ၊ နည်အမျိုးနဲ့ စာပြန်ရေုးဖြစ်
အောင် အားပေးတဲ့ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးအထူး တင်ရှိပါကြောင်း ပြောကြားပါရစေ
လား…။

အခုတော့လဲ ဘလက်ကြီးက “tag ထားတယ် သဘောပေါက်” ဆိုလို့ သွားကြည့်တာ ရေးပေးရ
မှာတဲ့..။ ဘလောက်မှာ ခုတစ်လော လိုက်ဖတ်ကြည့်တာ tag က အတော် စမ်းထ နေလေရဲ့..။
တကယ်တမ်း Tag တယ်ဆိုတာကို Ap သေချာတော့ နားမလည်ဘူး (အမှန်တော့ ဘလောက်
အထာတွေ ကိုရင်ငြိမ်းရဲ့ အငြိမ့် ကြည့်မှ သိသွားတာ အဲဒီအတွက် ကျေးဇူးပါ ကိုရင်ကြီးရေ...။

Facebook မှာတော့ ကိုယ်ရေးချင်တဲ့ Note တွေနဲ့ Art တွေ ပီးတော့ အစီအစဉ် တစ်ခုခု လုပ်
ချင်ရင် သူငယ်ချင်းတွေကို လာဖတ်၊ ကြည့်၊ စေချင်တာတွေကြောင့် Tag တာပါ..။ အဓိကအား
ဖြင့်information မျှဝေတဲ့ သဘောပေါ့..။

အခုတော့လဲ ကိုယ့်အကြောင်းကိုယ်ရေး ရမယ်ဆိုတော့ AP တို့နဲ့သိပ်တော့ မဟန်ဘူးလေး..။
အရမ်းခင်တဲ့ သူငယ်ချင်းတွေနဲ့ ပြောလေ့ရှိတာ တစ်ခုရှိတယ်..။ AP အကြောင်းမေးတိုင် Ap အ
တွက်သူများတွေ ရေးပေးမဲ့ Biography တွေထွက်လာမှ ဖတ်တော့လို့လေ..။ သချို့တော့ ပြော
တယ် မောင်နှမရင်းတွေလို ခင်နေတာတောင် မပြောလို့ စိတ်မကောင်းဖြစ်တဲ့ လူလဲဖြစ်ပေါ့
နော်။
ဒါပေမဲ့ ပေါင်းတာလဲကြာ အတွင်းတွေလဲသိလာတော့ သူတို့လေးတွေ လွတ်ထားပေးကြတယ်..။ မသေဆုံးခင်ဘ၀မှာ အတုယူစရာ သမိုင်းတစ်ခု ချန်သွားချင်တာတော့ Ap ရဲ့ရူးသွပ်မှုလို့ ခေါ်ချင်ခေါ်နိုင်တာပေါ့နော်…။ အဲလေ.. အကြီးကြီးတွေ ပြောပြန်ပီ..။ အရမ်းခင်တဲ့ ဘလောက်ဂါ
တစ်ယောက်က AP ကို အမြဲပြောတယ်လေ "အကြီးကြီးတွေ ပြောပြန်ပီလား အမြင်ကပ်တယ်တဲ့..။"
AP လဲဘယ်ရမလဲ အကြီးကြီးတွေ ဖြစ်အောင်ဒီလိုကြိုးစားနေတာပေါ့လို့ :D ။ ရင်လောက်မှန်းမှ
တော်ကာကျတာ မဟုတ်လား… သူငယ်ချင်းတို့ရေ….:D :D :D :P

ဟိဘယ်ရောက်သွား ပါလိမ့် ကိုယ့်အကြောင်းပြော ရာမယ်ဆိုလို့ နဲနဲ လွန်သွားပီ..
ဆောရီးးနော် :P
ဘလက်ကြီးရေ ကျေးဇူးပါ.. စာလေးရေးဖြစ်သွားအောင် အမိန့်လာပေးတဲ့ အတွက်.. ဇွတ်မိတ်
ပီးရေးလိုက်ပါပီ.. :D

ကိုယ့်ရဲ့နာမည်~~~~~~~~~~~~~~~~~~~~~~~~~~Apprenticeship (second meaning ကိုယူထားတာပါ.. ပညာရေးလုပ်ဆောင်မှုပေါ့နော်)

ကိုယ်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ် ~~~~~~~~~~AP, မအလုပ်သင်, ကိုမ, အစ်ကို (ဘ
လောက်ရေးစမှာ Man ထင်ပီး လာခေါ်ကြတာ :D)

ကိုယ်ဒီမှာနေတယ်~~~~~~~~~~~~~~~~~~~~~~~~ရှုခင်းအရမ်းလှတဲ့ မြို့လေးပေါ့
(အလည်
လာရင် ဒကာခံပါ့မယ်… :) )

ကိုယ့်ဆီဖုန်းဆက်ချင်ရင်~~~~~~~~~~~~~~~~~~~~out of service ဖြစ်နေတယ်တဲ့ :D

အရောင်ဆိုရင်~~~~~~~~~~~~~~~~~~~~~~~~~~အနက်ရောင်၊ အဖြူရောင် (ကျန်တဲ့
အရောင်တွေကိုလဲ ကြိုက်တယ်။ အမည်မပေးတတ်တဲ့ အရောင်တွေ ပိုတောင်ကြိုက်
သေး :D )

အ၀တ်အစားဆိုရင်~~~~~~~~~~~~~~~~~~~~~~~~လွတ်လွတ် လပ်လပ် ပေါ့ပေါ့ ပါးပါးနဲ့
( မှတ်ချက်..။ စတိုင် မပါ ပုံတုံးများ လုံးဝ မကြိုက်)

အစားအစာဆိုရင်~~~~~~~~~~~~~~~~~~~~~~~~~လတ်ဆတ်တဲ့ အစားအစားများသာ

ပစ္စည်းဆိုရင်~~~~~~~~~~~~~~~~~~~~~~~~~~~~အသုံးလိုသလောက်ထက်
ပိုမကြိုက်ဘူး
(ကမ္ဘာ မြေကြီးလေးနေမှာ စိုးလို့ ကိုယ့်ကြောင့် ပိုမလေးစေချင်လို့)

သီချင်းဆိုရင်~~~~~~~~~~~~~~~~~~~~~~~~~~~ (ခံစားမှု (mood) အပေါ်မူတည်ပီး အားလုံးကြိုက်)

စာရေးစာဆရာ~~~~~~~~~~~~~~~~~~~~~~~~~~အများကြီးပေါ့ :)
စာအုပ်~~~~~~~~~~~~~~~~~~~~~~~~~~~~~~~သမ္မာကျမ်းစာအုပ် နဲ့ Pedagogy of
the Oppressed
(ကျန်တာတွေ လဲအများကြီး)

Life style~~~~~~~~~~~~~~~~~~~~~~~~~~~~~အလင်းရောင်မရှိတဲ့ အမှောညတွေအတွက် အလင်းအိမ် ဖြစ်ချင်တယ်

ကိုယ့်ရဲ့ဝါသနာ~~~~~~~~~~~~~~~~~~~~~~~~~~အများကြီး :P

အလိုချင်ဆုံးလက်ဆောင်~~~~~~~~~~~~~~~~~~~~ရိုးသားမှု၊ တရားမျှတမှု နဲ့ နားလည်မှု

ကိုယ့်ရဲ့ အချစ်ဆုံးသူက~~~~~~~~~~~~~~~~~~~~~အများကြီး ( အိမ်မှာ အငယ်ဆုံးဆိုတော့ AP ကအားလုံးရဲ့အချစ်ဆုံးလေ အားလုံးကို မျှမျှတတ အချစ်ဆုံးတွေပေါ့ :D )

ကိုယ့်ရဲ့ အလေးစားဆုံးသူက~~~~~~~~~~~~~~~~~~Jesus and Mother Theresa

ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက~~~~~~~~~~~~~~~~အများကြီးပေါ့…

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက~~~~~~~~~ဘုရားသခင် နဲ့ AP ကိုယ်တိုင်

ကိုယ့်ရဲ့ အမုန်းဆုံးသူက~~~~~~~~~~~~~~~~~~~~~အားလုံးကို ချစ်ခင်ပါတယ်။

ရင်အခုန်ဆုံးအချိန်~~~~~~~~~~~~~~~~~~~~~~~~~အမောဆုံးအချိန် :D

အကြောက်ဆုံးအချိန်~~~~~~~~~~~~~~~~~~~~~~~~သိပ်မကြောက်တတ်ဘူး (အမှောင် ကိုတော့ တော်တော် ကြောက်သား :D)

အပျော်ဆုံးအချိန်~~~~~~~~~~~~~~~~~~~~~~~~~~ကိုယ်ရဲ့ ပေးဆပ်မှုကြောင့် သူတစ်ပါး ပျော်ရွှင်နေတဲ့ အချိန်

အမှတ်တရနေ့~~~~~~~~~~~~~~~~~~~~~~~~~~~~Time to Celebrate ပေါ့။

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု~~~~~~~~ လုပ်ဆောင်ချက်ပါတဲ့ ဆုတောင်းတိုင်း ရစမြဲမို့ အမြဲတောင်းတယ်..

အချစ်ဆိုတာ~~~~~~~~~~~~~~~~~~~~~~~~~~~~~~ဘုရားပေးတဲ့ အဖြူစင်ဆုံး နဲ့ အမြင့်မြတ်ဆုံး လက်ဆောင်။

အမုန်းဆိုတာ~~~~~~~~~~~~~~~~~~~~~~~~~~~~~~မရှိသင့်တဲ့ အရာ။

အလွမ်းဆိုတာ~~~~~~~~~~~~~~~~~~~~~~~~~~~~~ညညတွေမှာ အိမ်မက်မက်တာပေါ့.. :(

သံယောဇဉ်ဆိုတာ~~~~~~~~~~~~~~~~~~~~~~~~~~~ရင်မှာ ညှိတဲ့ကြိုးလေး….။

ဘ၀ဆိုတာ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ရေးလို့မပီးသေးတဲ့ သမိုင်းစာမျက်နှာ..။

သူငယ်ချင်းဆိုတာ~~~~~~~~~~~~~~~~~~~~~~~~~~~~ဘ၀ရဲ့ ဆီမီး

ချစ်သူဆိုတာ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ဘ၀ စစ်ကူ လို့ထင်တာပဲ (ခုထိတော့ မကျွမ်းကျင်ဆုံး subject, F နဲ့ ကျတယ်။ ထပ်ယူရမယ်ပေါ့ US Grading System ဆိုရင်လေ :D)

ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်~~~~~~~~~~~~~~~~~~~~~~~ အတောင်ပံတွေ ဖြန့်ဖို့ အားယူနေဆဲ ဘ၀ကျောင်းသူ

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က~~~~~~~~~~~~~~~~~~~~~~~ရိုးသားပါ….. မရိုးအပါနဲ့

အပြောချင်ဆုံးစကားတစ်ခွန်း~~~~~~~~~~~~~~~~~~~~~~~~ဘ၀ဟာ စမ်းသပ်မှုတွေ အများကြီးလုပ်ဖို့ အတွက် တိုတောင်း လွန်းပါတယ်။ အဲဒီအတွက် သူငယ်ချင်းတွေလဲ အားချိန့်နဲ့ စားပီး အားချိန့်နဲ့ လုပ်၊ အားချိန့်နဲ့ နေကြပါလို့…. :D ကဲ AP လဲ အိပ်မရတဲ့ ညလေးကို ဒီမေးခွန်းတွေ အပတ်တစ်ကုန် ဖြေဆို လိုက်ရ ပါကြောင်းပါရှင့်.. :D
အားလုံးပျော်ရွှင်ပါစေ……။

Apprenticeship

I opened this account to be a place to open my heart. Normally, I am not very articulate yet, I’ll try my best to be able to communicate with you. As apprenticeship, I would like to converse mostly about educational system and its roles in Burma with you all. Well, I really think education is a solution for the societal changes in Burma. You may argue with me that economic and political changes are more vital. I see your points. My argument is that how can one see all the economic and political ploys without some basic knowledge about them? You can still disagree with me yet, please leave me some logical reasons for your opposition. I would love to read any commends or criticism since I’m here to be enlightened.



The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)