Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

မေတ္တာမှန်လျှင် ဆုံဆည်းစေ

မေတ္တာမှန်လျှင် ဆုံဆည်းစေ

မေတ္တာနှောင်ကြိုး

ရင်နှင့်ရင်းကာ

တွယ်ခဲ့သူမို့

တောင်းဆုကြိမ်ကြိမ်

ပြုနေအုံးမည်

မေတ္တာမှန်လျှင် ဆုံဆည်းစေဟု။

သက်ဝင်ခြင်း

သက်ဝင်ခြင်း

နွေဦးရဲ့ သက်ဝင်ခြင်းကို
ရောင်စုံပန်းလေးတွေက ယူဆောင်ပေးတယ်။

နွေရဲ့ သက်ဝင်ခြင်းကို
ကမ်းခြေတွေက ဖန်တီးပေးတယ်။

ဆောင်းဦးရဲ့ သက်ဝင်ခြင်းကို
ရောင်စုံရော်ရွက်လေးတွေက ကြွေခခြင်းနဲ့အသက်ဝင်စေတယ်။

ဆောင်းရဲ့ သက်ဝင်ခြင်းကိုတော့
နှင်းပွင့်လေးတွေက သယ်ဆောင်ပေးတယ်

ဆိုရင်.....
ငါ့ရဲ့ ရှင်သန်မှုကို သက်ဝင်စေသူက
.............. ပဲပေါ့။





တဒင်္ဂ

တဒင်္ဂ

ကျွန်မစောင့်ကြည့် တဒင်္ဂလေးမှာ

ဆည်းဆာဟာ စုန်စုန်မြုပ်ခဲ့ပီ။

မိုးသောက်အာရုံ နိုးထလာခဲ့ပီ။

သစ်ရွက်စိမ်းစိုနေတဲ့ နွေတွေကုန်လွန်ခဲ့ပီ။

သစ်ရွက်တွေ ရွှေရောင်ပြောင်းပီ။

နှင်းပွင့်လေးတွေအလှဆင်ဖို့ စိုင်းပြင်နေကြပီ။


အဲဒီလို တဒင်္ဂလေးမှာပဲ

ကျွန်မ မြတ်နိုးတဲ့အိမ်မက်တွေ

မွေးဖွားလာတယ်။

ပျောက်ပျက်သွားတယ်။

တည်ဆောက်နေတယ်။


တဒင်္ဂလေး

မပြီးဆုံးနိုင်သေးတဲ့

ဒီဘ၀ခရီးမှာ

နောင်တအကင်းဆုံး ဘ၀ခရီးတစ်ခုသာ

ကျွန်မမက်မော နေမိတော့တယ် ဆိုရင်

အပြစ်ဆိုအုံးမလားဟင်း။

ထိန်းချုပ်ခြင်း/ချုပ်ကိုင်ခြင်း (Cntrolling)

တစ်ခါတုံးက မျက်မြင်မြေးယောကျာင်္းလေးကို ထိန်းကျောင်းနေသတဲ့ မျက်မမြင်တဲ့ ပညာရှိအဖိုးကြီးတစ်ဦးရှိသတဲ့။

မြေးလေးက ယောကျာင်္းလေးတို့သဘာဝ အဖိုးနဲ့အိမ်စောင့်တမ်း ကစားကြမယ်လို့ဆိုပြီး အဖိုးကိုခေါ်တော့ အဖိုးလည်းမသက်မသာ ၀င်ကစားရတာပေါ့။ မြေးလေးက မျက်မမြင်တဲ့အဖိုးကို ဟိုနေရာမှာကိုင်ပါ။ ဒီနေရာမှာတော့ဝက်အူနဲ့လည့်ပါလို့ ပြောပြီး အားတက်တရောအိမ်ဆောက်နေတာ မျက်မမြင်အဖိုးအတွက်တော့ အတော့ကိုအဆင်မပြေဖြစ်ရတာပေါ့။ ၀ိုင်းမစော့ပဲ ထသွားတော့လည်းမဖြစ်။ အဲလိုအချိန်မှာပဲ အဖိုးက တစ်ခြားသူ့အတွက် လွယ်ကူမယ့်ကစားနည်းကို ပြောင်းဖို့ စဉ်းစားမိသတဲ့။ အဲဒါနဲ့ မြေးလေးကို ဘယ်သူခွန်အားပိုကြီးသလဲ ပြိုင်တမ်းကစားကြမယ်လို့ စိန်ခေါ်သလိုနဲ ပြောလိုက်သတဲ့။ ယောကျာင်္းလေးဖြစ်တဲ့ မြေးငယ်လေးအတွက်တော့ နှစ်ခါဆွဲဆာင်စရာ မလိုတဲ့ကစားနည်းပေါ့။

သူ့အဖိုးကသူ့ထက်အရပ်မြင့်တော့ ထိုင်ခုံပေါ်မှာထိုင်ပြီးကစားကြမည်ဟုပြောသတဲ့။ သူ့အဖိုးကလည်းသဘောတူစွာ ကုလားထိုင်မှာထိုင်ပြီး မြေးငယ်လေး အားနဲ့တွန်းတုတ်နေတာကို လက်ဆန့်လိုက်ခြေဆန့်လိုက်နဲ့ အတုတ်ခံကာ ဟန်ဆောင်အညံ့ခံနေခဲ့တယ်တဲ့။ မြေးငယ်လေးကတော့ ငါနိုင်ပြီး ငါနိုင်ပြီးဟုဆိုတာ ပျော်နေတော့တာပေါ့။ မြေးငယ်လေးကလည်း မကိုင်ထားရင်အဖိုးလွတ်သွားမှာ စိုးလို့အဖိုးရဲ့လက်တွေကို သူ့အဖိုးလက်တွေကို မလွတ်တမ်းတုတ်ကိုင်ပြီး နေနေရတော့တာပေါ့။ အဖိုးဖြစ်တဲ့သူက သူ့မြေငယ်လေး သူ့ဘေးမှာ ဘေးမသီရန်မခပဲနေနေပြီမို့ စိတ်အေးကာ ပြုံးပြုံးလေးအချုပ်ခံနေခဲ့သတဲ့။ ပုံပြင်လေးက ဒါပါပဲ။

ဒီပုံပြင်မှာ ဘယ်သူက အမှန်တကယ်အချုပ်ခံလိုက်ရတယ်လို့ စာဖတ်သူတွေအနေနဲ့ ထင်သလဲ။ မြေးလေးလား။ ဒါမှမဟုတ် အဖိုးလား။ တစ်ခုခုတွေးစရာလေး ကျန်ခဲ့မယ်ဆိုရင် ပြန်ပြောရကြိုးနပ်ပါပြီ။

P.S>> ဒီပုံပြင်လေးက အဖြစ်မှန်လေးတစ်ခုပါ။ မျက်မမြင်အဖိုးတစ်ယောက်ရဲ့ ကိုယ်တွေ့အဖြစ်မှန်ကို ကြားလိုက်ရတာ ကျွန်မအတွက် အတွေးသစ်တွေကိုပေးလို့ စာစီ ဝေငှလိုက်ပါတယ်။

IF (အကယ်၍)

ကျွန်မမူရင်း အင်္ဂလိပ်ကဗျာကို အရမ်းကြိုက်ပါတယ်။ ဦးအောင်ဆန်းဦးက ကျွန်မ facebook မှာတင်ထားတဲ့ အင်္ဂလိပ်ကဗျာကို ကူးတင်ဖို့ခွင့်တောင်းလာတာတော့ သူ့ဆီပြန်လိုက်ကြည့်မှ မြန်မာလိုဖတ်မိတော့တယ်။ ဘာသာပြန်ထားတာလဲ မူရင်းအနက်နဲ့အနီးစပ်ဆုံးမို့ ကြိုက်မိပါတယ်။ ဖတ်ကြည့်လိုက်ရအောင်နော်....။

အကယ်၍

အကယ်၍
မင်းအသိုင်းအဝိုင်းက တုန်လှုပ်ချောက်ချားပြီး
ဒါတွေဟာ မင်းကြောင့်လို့
ဝိုင်းဝန်း ပြစ်တင်ကြတဲ့အခါ
မင်းဟာ ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်။

အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာ ဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင်။

အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင်။
ဒါမှမဟုတ်
မင်းရဲ့အကြောင်း
မဟုတ်တရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင်။
ဒါမှမဟုတ်
မင်းကို လူတကာက ဝိုင်းမုန်းတီးတဲ့အခါ
မင်းက အမုန်းတွေ ပြန်မပွားဘူးဆိုရင်။
ပြီးတော့
မင်းကိုယ်မင်း လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိစကားတွေလည်း မပြောဘူးဆိုရင် ....။

အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်။

အကယ်၍
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင်။

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှု ဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလား ရယ်လို့
ခံယူထားနိုင်မယ်ဆိုရင်။

အကယ်၍
မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညစ်တွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်။
ဒါမှမဟုတ်
မင်းဘဝ တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့တဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာ
အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည် တည်ဆောက်နိုင်မယ်ဆိုရင် ...။

အကယ်၍
မင်းနိုင်ခဲ့သမျှတွေ အားလုံးဟာ
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ
တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်။
ပြီးတော့ အစကနေ ပြန်စနိုင်မယ်ဆိုရင်။
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင်။

အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ အားနဲ့မာန်နဲ့
ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင်။
အဲဒီလိုပဲ
မင်းမှာ စိတ်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီ စိတ်ဓာတ်အင်အားကို ခိုင်မာစွာနဲ့ပဲ
ဆက်လက် ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင် ...။

အကယ်၍
လူတွေနဲ့ ထိတွေ့ပြောဆို ဆက်ဆံရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်။
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်။

အကယ်၍
ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ
မင်းကို သိပ်ပြီးနာကျည်းအောင် မလုပ်နိုင်စေရင်။

အကယ်၍
လူတိုင်းကို တန်ဖိုးထား လေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်။

အကယ်၍
တိုတောင်းလှတဲ့၊ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင်။

ငါ့သားရေ ...
မင်းဟာ အရာရာရှိတဲ့၊ အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့။

အဲဒီတော့ မင်းဟာလည်း
ယောက်ျားကောင်း တစ်ယောက်ပဲပေါ့။

မူရင်းကဗျာဆရာ ရု(ဒ်)ယတ်(ဒ်) ကစ်ပလင်း (၁၈၆၅-၁၉၃၆)

If
If you can keep your head when all about you
Are losing theirs and blaming it on you;
If you can trust yourself when all men doubt you,
But make allowance for their doubting too:
If you can wait and not be tired by waiting,
Or, being lied about, don't deal in lies,
Or being hated don't give way to hating,
And yet don't look too good, nor talk too wise;

If you can dream---and not make dreams your master;
If you can think---and not make thoughts your aim,
If you can meet with Triumph and Disaster
And treat those two impostors just the same:.
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,
And stoop and build'em up with worn-out tools;

If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings,
And never breathe a word about your loss:
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: "Hold on!"

If you can talk with crowds and keep your virtue,
Or walk with Kings---nor lose the common touch,
If neither foes nor loving friends can hurt you,
If all men count with you, but none too much:
If you can fill the unforgiving minute
With sixty seconds' worth of distance run,
Yours is the Earth and everything that's in it,
And---which is more---you'll be a Man, my son!

Rudyard Kipling

အတွင်းပစ္စည်း

အတွင်းပစ္စည်း

သတင်းတွေကြောင့် အမောစို့တယ် အမေ…
ဘိုးဘွားပိုင်အိမ်ခြံမြေနဲ့ အတွင်းပစ္စည်းတွေ
လေလံတင်ခံနေရသတဲ့....။

တစ်နေ့တစ်နေ့ အတင်ခံလိုက်ရတဲ့ အတွင်းပစ္စည်းတွေ
တရုတ်ကလက်ဝါးကြီးအုပ် ကလားက အမဲဖြတ်သလို
တိုင်းတပါးတွေ မျက်နှာရတဲ့ ခေတ်မှာ
အဖေ့မျှော်လင့်ချက်တွေ အရောင်ပြောင်းခဲ့ပီလား……????

အိမ်ကပစ္စည်းတွေ ကုန်သွားလို့
အမေ့အိမ်များ အရောင်ပိုတက်လာမလား လှမ်းကြည့်မိတယ်
အမိုးမလုံတဲ့ အိမ်ခေါင်မိုးက
ဒီမိုးတောင်ခံပါ့ မလား…????

စာအန်သံတွေနဲ့ တည်ဆောက်နေရမယ့် အနာဂတ်
စပယ်တွေသာ သီကုန်းရင်း
လမ်းပေါ် တဆာဆာ အော်နေရတဲ့ မောင် ညီမငယ်တွေ
တစ်နေ့တစ်ခြား ပိုပိုတိုးလာလို့...။

အားကောင်းမောင်းသန် အကိုလတ်တွေလဲ
ရင်းနှီးမတည်ဖို့ ပညာနဲ့ငွေအားမပါတော့
ငုတ်တုတ် စိတ်လေနေတုံး…။

နာတာရှည်ဖြစ်နေတဲ့ ဦးလေး ဒေါ်ကြီးတွေ
ကုစရာ အသပြာမရှိတော့
မျှော်လင့်ချက်မဲ့ အိပ်ရာပေါ် မျောနေတုံး။

သြော်…....
အကိုကြီးအဖအရာ ဆိုတဲ့ စကားပုံကပဲ မှားခဲ့သလား
အဖေ့အသက်နဲ့ ၀ယ်ခဲ့ရတဲ့
လွတ်လပ်ခြင်းတွေ
အကိုကြီးက လေလံတင်နေတော့
အနာဂတ်အတွက် ရင်လေးတယ်
အမေ…….။

ပြည်ထောင်စုရဲ့ အဓိပ္ပါယ်

ပြည်ထောင်စုနေ့ ရောက်တိုင်း ကျွန်မကိုယ်တိုင် ပြည်ထောင်စု ကိုယ်စားလှယ်အဖြစ် တက်ရောက်ဖူးတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားလေးတစ်ခုကို ပြန်သတိရ မိတယ်။ နိုင်ငံတော်က ပြည်နယ်နဲ့တိုင်း အသီးသီးမှ ကိုယ်စားလှယ်တော်များကို ဖိတ်ခေါ်ပြီး ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက် နိုင်ဖို့ အစီအစဉ်တွေ နဲ့စည်ကား သိုက်မြိုက်စွာ ကျင်းပလာတဲ့ အစဉ်အလာဟာ ဒီနေ့ အထိပါပဲ။ တကယ်လဲ အလေးထား လုပ်သင့်တဲ့ ရက်မြတ်လေးတစ်ခုပါ။

ဒီလို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တော်တွေက ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ရတဲ့ အပြင် တစ်ခြား လေ့လာရေး ခရီးစဉ်တွေလဲ အများကြီး စီစဉ်ပေးပါတယ်။ ခရီးစဉ် အများကြီးနဲ့ ရက်တိုတိုလေးမှာ ရန်ကုန်တစ်မြို့လုံးမှာ ရှိတဲ့ နေရာတော်တော် နှံ့အောင်လိုက်ကြည့်ခွင့်ရတယ်။ မနက် ၃ နာရီလောက် ထရတဲ့ ရက်တွေလဲ ရှိတယ်ဗျာ..။ အမောခံလိုက်တာ အကျိုးရှိပါတယ်။ ကိုယ့်ဟာကိုယ်ဆို သွားဖြစ်မဲ့ နေရာတွေ မဟုတ်လို့ပေါ့။ အဲဒီ အစီအစဉ်တွေ အားလုံးထဲက သမ္မတအိမ်ဖြူတော်မှာ ကျင်းပတဲ့ ညစာစားပွဲကိုတော့ ကျွန်မ အနှစ်သက်ဆုံးပါ။ ညစာ စားပွဲ အပြီးမှာ တက်ရောက်လာတဲ့ တိုင်းရင်းသား လူမျိုးစုတွေ အားလုံးရဲ့ တီးမှုတ်ကခုန်မှုတွေကို နိုင်ငံတော်လူကြီးမင်းတွေနဲ့ တိုင်းရင်းသားအားလုံးရဲ့ ကြည့်ရှု အားပေးရင်း ထွက်လာတဲ့ သြဘာပေးတဲ့ လက်ခုပ်သံတွေက ကျွန်မရင်ကို မဖော်ပြနိုင်အောင် ကြည်နူး ပီတိ ဝေစေခဲ့တာ ကြက်သီးဖြာ မိတဲ့အထိပါပဲ။

တိုင်းရင်းသားအားလုံးက (ဗမာ အပါအ၀င်) အခမ်းအနား အစီအစဉ်အတိုင်း သူတို့ရိုးရာဝတ်စုံနဲ့ ယဉ်ကျေးမှုအကကို ဂုဏ်ယူစွာ ဖေါ်ထုတ်ကပြသွားကြတဲ့ စည်းချက်ကခုန်မှုတွေကို အခုပြန်ရေးရင်းတောင် အတိုင်းသား ပြန်မြင်ယောင်လာတယ်။ ဒီကပွဲတွေရဲ့ ထူးခြားမှုက တစ်ဖက်နဲ့ တစ်ဖက်ယှဉ်ပြိုင်မှုမပါဘူး။ ဒါပေမယ့် မတူညီတဲ့ ယဉ်ကျေးမှု သီဆိုတီးမှုတ် ကခုန်မှု တွေကို အသိအမှတ်ပြု၊ လေးစားတဲ့ ညနေခင်းလေးတစ်ခုပါ။ တစ်ကယ်တော့ ကိုယ့်ယဉ်ကျေးမှုသာ အားလုံးထက်သာတယ်၊ ကောင်းတယ် ဆိုတဲ့ အတွေးအခေါ်ကို သင်ပုန်းခြေပြီး ယဉ်ကျေးမှုတိုင်းဟာ လှပတယ်၊ ချစ်စရာကောင်းတယ် ဆိုတဲ့ အရိုးခံစိတ်တွေနဲ့ တီးခတ်ကခုန်နေကြတာ ပြည်ထောင်စု ဆိုတဲ့ အနက်ကို ဖေါ်ထုတ်နေခြင်းပေါ့။ မင်္ဂလာရှိတဲ့ ညချမ်းကို အိမ်ဖြူတော်မှာ နားခိုနေတဲ့ သြဥငှက်တွေနဲ့ အခြားငှက်ကလေးတွေလဲ သီဆိုသြဘာပေးခဲ့ကြ။ ကောင်းကင်သားတွေ သီချင်းဆိုတဲ့ ညချမ်းလေးပါပဲ။

ဒီလိုအနစ်သာရနဲ့ ပြည့်ဝတဲ့ ပြည်ထောင်စုနေ့ဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့ တစ်ရက်ပဲ ဆင်နွဲပြီး ကျန်တဲ့ ရက်တွေမှာတော့ မေ့ထားရမှာလား? ပြည်ထောင်စု စိတ်ဓာတ်ဆိုတာ ဘာလဲ? ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံ စာချုပ်ရဲ့ အနှစ်က ဘာလဲ? ဘာအတွက် ကျွန်မတို့ တစ်ညီတစ်ညွတ် သဘောတူခဲ့ ကြလဲ? အဲဒီလို သဘော တူညီမှုတွေ ကျွန်မတို့ ခေတ်မှာ မရှိနိုင်တော့ ဘူးလား? ကိုယ့်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတဲ့ အခွင့်အရေးကို ကတိပြုခဲ့တဲ့ ပင်လုံ စာချုပ်ရဲ့ အရင်းအမြစ်ဟာ ကျွန်မတို့ တိုင်းပြည်ကို လာရောက် အုပ်ချုပ်ခဲ့တဲ့ နယ်ချဲ့တွေရဲ့ လက်ကလွတ်မြှောက်ဖို့ အတူတကွ ပါဝင်တိုက်ပွဲဝင်ဖို့ သဘောတူညီမှုနဲ့ တိုင်းရင်းသားအချင်းချင်း လေးစားတန်ဖိုးထားတတ်ဖို့ ရေးထိုးခဲ့တဲ့ လက်မှတ်တစ်ခု ဆိုရင် မှားမယ်မထင်ဘူး။

British လက်အောက်က လွတ်မြှောက်ခဲ့တဲ့ ကျွန်မတို့ တကယ်လွတ်လပ်ခဲ့ပါသလား? ဒီမေးခွန်းလေးက ကျွန်မကို မသက်မသာဖြစ်စေတာတော့ အမှန်ပဲ။

ဒီလိုနဲ့ လွတ်လပ်မှုရဲ့ ဖွင့်ဆိုချက်တွေ ကို ကျွန်မစဉ်းစားမိသွားတယ်။ တစ်ဆက်ထဲမှာပဲ၂၁ ရာစုရဲ့ လွတ်လပ်မှုကို ကျွန်မတွေးမိတယ်။ စစ်ပွဲနဲ့ ပတ်သက်ပြီး တင်းကျပ်လာတဲ့ နိုင်ငံတကာ ဥပဒေတွေကြောင့် စက်မှုနိုင်ငံတွေနဲ့ အရင်းရှင်နိုင်ငံတွေက သူတို့လိုချင်တာ ရဖို့ စစ်တိုက်ပြီး အရယူတဲ့ စနစ်ကို မသုံးတော့တာ ကမ္ဘာ့သမိုင်းကို ခြုံငုံကြည့်ရင် အထင်သားတွေ့နိုင်ပါတယ်။ ဒါဆို ၂၁ ရာစုမှာ စစ်ပွဲ မရှိတော့ဘူးလား မေးစရာရှိလာပါတယ်။

ဝမ်းနည်းစွာနဲ့ ကျွန်မဖြေရပါလိမ့်မယ်။ ကုန်ခမ်းလာတဲ့ ကမ္ဘာ့အရင်းအမြစ်တွေကြောင့် စစ်ပွဲတွေဟာ ပိုပြင်းထန်လာတယ်လို့ ဆိုရပါမယ်။ လက်နက်ကြီးတွေနဲ့ တိုက်ယူခြင်းတော့ မဟုတ်တော့ဘူးပေါ့။ ဒါပေမယ့် တိုးတိုးတိတ်တိတ် ညှင်ညှင်သာသာ ပါပဲ။ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု ဆိုတဲ့ စွဲဆောင်အား အရမ်းကောင်းတဲ့ စီးပွားရေး လက်နက်ကြီးတွေ တပ်ဆင် အသုံးပြုလာတာ ဆင်းရဲတဲ့ နိုင်ငံတွေက မွဲသေသွားပြီး၊ ချမ်းသာပြီးသား နိုင်ငံတွေက ချမ်းသာသထက် ချမ်းသာမှုကို ရလာအောင်ပေး နိုင်တဲ့ စီးပွားရေး ယန္တရား လက်နက်ကြီးတွေ တပ်ဆင် ပစ်ခတ်လိုက်တာ အရင် လက်နက်ကြီးတွေနဲ့ တိုက်တဲ့ စစ်ပွဲတွေထက်တောင် ပိုပြီး ကြောက်စရာကောင်းပါတယ်။

ဒီလို အင်းအားကြီးတဲ့ စီးပွားရေးလက်နက်တွေနဲ့ တိုက်နေချိန်မှာ ကျွန်မတို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်ခွင့် ဆိုတဲ့ ခေါင်းစဉ်ကြီးတွေတပ်ပြီး အချင်းချင်း သတ်ကြ၊တိုက်ကြ၊ ခိုက်ကြနဲ့ အခုကျွန်မတို့ ဒီနေ့ဘယ် အခြေအနေဘယ်နေရာကို ရောက်ရှိနေပြီလဲ ? British တွေလာတော့ မြန်မာတွေက သူတို့ ဝေယာဝိစ္စ လုပ်ပေးဖို့ နယ်ချဲ့လက်အောက်မှာ မလုပ်ဘူးလို့ ငြင်းဆန်တဲ့အတွက် India က ကုလားတွေကို ခေါ်ယူ အသုံးပြုခဲ့ရတယ်ဆိုတာ ကျွန်မတို့ အားလုံးသိပြီး ဖြစ်ပါတယ်။ အခု ခေတ်မှာတော့ ကျွန်မတို့ မြန်မာတွေက တိုင်းတပါးမှာ အလုပ်လုပ်နိုင်ဖို့ ပွဲစားကို ငွေသိန်းပေါင်းများစွာ ပေးပြီး အောက်ခြေသိမ်း အလုပ်တွေ သွားလုပ်နေရတဲ့ (ကျွန်ခံ) မြန်မာတွေ ဖြစ်နေခဲ့ပါပြီ။

မြန်မာလို့ ပြောလိုက်တာနဲ့ ကူညီရမဲ့ နိုင်ငံသားလို့ ကမ္ဘာက မြင်နေပြီ။ ပိုက်ဆံတတ်နိုင်လို့ အလည်သွားဖို့တောင် မြန်မာ Passport ဆိုရင် visa ရဖို့ မျက်နှာ ငယ်ရတယ်။ သံရုံးတွေမှာ ဘာမှ မမေးခင် “မင်း မြန်မာပြည်ကို ပြန်လာမှာ မဟုတ်ဘူး” ဆိုတဲ့ စကားနဲ့ အစွပ်စွဲခံရတယ်။ တကယ်လဲ စီးပွားရေး အခြေအနေနဲ့ အခြေအနေ အရပ်ရပ်ကြောင့် ပြန်မလာတဲ့ သူတွေက များနေတာကိုး။ ဘယ်မလဲ ကျွန်မတို့ ပြောတဲ့ ဂုဏ်? ဘယ်မှာလဲ ကျွန်မတို့ ပြောတဲ့ လွတ်လပ်ခွင့်? ငါတို့ နိုင်ငံက နေချင်စရာမကောင်းအောင်ကို ဖြစ်နေပြီးလား?

တကယ်တော့ ကျွန်မတို့ ပြောပြောနေတဲ့ ပြည်ထောင်စု စိတ်ဓာတ်ဟာ မြန်မာပြည် ကောင်းစားရေးအတွက်ပါ။ ငါတို့ ခရီးတစ်ခု အတူတူ လျှောက်နေကြပြီး ဘာအတွက် အငြင်းပွား သတ်ဖြတ်နေတာလဲ ?

ကျွန်မတော့ အထက်က ပြောခဲ့တဲ့ အိမ်ဖြူတော် ညလေးနဲ့ တိုင်းရင်းသား အချင်းချင်း လေးစား၊နာလည်မှုတွေနဲ့ တီးမှုတ် ကခုန်နိုင်မယ့် ညလေးကိုလိုချင်မိတယ်။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ တိုင်းရင်းသား အချင်းချင်း နားလည်၊ယုံကြည်မှုတွေနဲ့ လေးစားဂုဏ်ယူစွာ ကမဲ့နေ့လေးနဲ့ မြန်မာမျိုးဟေ့လို့ ကမ္ဘာမှာ ဂုဏ်ယူဝံ့ကြွားစွာ ပြောနိုင်မယ့် နေ့လေးကို တကယ်လိုချင်မိတယ်။ ကျွန်မရင်မှာ ရှိတဲ့ ပြည်ထောင်စု အိမ်မက်လေးတစ်ခုပေါ့။

မြန်မာဆိုပြီး ကမ္ဘာမှာ မော်ကြွားနိုင်ဖို့ ငါတို့ အချင်းချင်း လေးစား ချစ်ခင်ရမယ်။ မြန်မာပြည်ရဲ့ အနာဂတ်ဟာ မြန်မာလူငယ်တွေမှာ ရှိပါတယ်။ အဲဒီလို အရေးကြီးတဲ့ သမိုင်းကို ပြန်လည် တည်ဆောက်မယ့် ငါတို့ အရည်အချင်း ပြည့်မီရမဲ့အပြင် ကျွန်မတို့ရဲ့ ရပ်တည်ချက်တွေ နေရာမှန်ဖြစ်နေဖို့ လဲ အရမ်း အရေးကြီးပါတယ်။ အဲဒီတော့ အနာဂတ်ရဲ့ ခေါင်းဆောင်တွေ ဖြစ်လာမယ့် ငါတို့လူငယ်တွေ အားလုံး အမည်နာမ၊ အဖွဲ့အစည်း အစွဲတွေထက် မြန်မာပြည်ကောင်းစားရေး၊ မြန်မာပြည်ကြီး တိုးတက်ဖို့ ငါတို့ အားလုံးပြောနေတဲ့ “ပြည်ထောင်စု စိတ်ဓာတ်နဲ့ မျိုးချစ်စိတ်ဓာတ်တွေကို” ပြန်လည်သုံးသပ်ဖို့ ဖိတ်ခေါ် ချင်ပါတယ်။

အချင်းချင်းလေးစားမှုနဲ့ လူပီသတဲ့ လူ့ယဉ်ကျေးမှုကို လက်ဆင့်ကမ်းပေး နိုင်မယ့် သမိုင်းတစ်ခေတ်ရဲ့ သူရဲကောင်းများ ဖြစ်လာကြပါစေလို့လဲ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

မတူညီမှုတွေကို အမြဲလေးစား မြတ်နိုးလျှက်>>>>>> Apprenticeship

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)