Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

Showing posts with label Poetry. Show all posts
Showing posts with label Poetry. Show all posts

အိမ်မက်သစ်တွေနိုးထလို့ ခရီးအစပြုပါအုံးမည်။

အိမ်မက်သစ်တွေနိုးထလို့ ခရီးအစပြုပါအုံးမည်။


သိကျွမ်းခဲ့ဖူးတဲ့ နှစ်လများစွာအတွက်

ထာဝရ ကျေးဇူးတင်နေတော့မှာပါ။

နှစ်၊လ၊ရက်တွေ မနေ့ကလိုပါပဲ။။။။

နှစ်၊လရှည်ကြာ

ရဲဘောရဲဘက်ကောင်းတွေ ဖြစ်ခဲ့ကြတယ်နော်။။

စကားလုံးတွေ မပါပဲ

ရင်ဘတ်အချင်းချင်း နားလည်ခဲ့ကြတဲ့အထိပေါ့။။။

တူညီမှုအတွက် ရင်မှာကြည်နူး ပျော်ရွှင်ခဲ့ဖူးကြတယ်။။

မင်းအပြုံးတွေအတွက်

ငါ့ရင်မှာ ပီတိ အပြုံးဝေခဲ့ဖူးတယ်။

ဒါပေမယ့်

မတူရင် ရန်သူလို့မှတ် ဆိုတဲ့ လူ့အတိုင်းအ၀ိုင်းမှာ

ငါ့ရဲ့မတူညီမှုတွေက

မင်းအတွက် နာကျင်မှုတွေ ဖြစ်စေခဲ့တဲ့အတွကတော့

တကယ် စိတ်မကောင်းပါဘူး။

ငါ့အတွက်တော့

မင်းရဲ့ မတူညီတဲ့ ယုံကြည်မှု၊

ဘ၀ဖြစ်စဉ်တွေက

လှပမှုတစ်ခုပါ။

အဲဒီမတူညီမှုတွေကြောင့်

မင်းနဲ့တွေ့ဆုံမှုဟာ

ပိုပြီး လေးနက်၊ ပြည့်စုံခဲ့တယ်။

ပိုပြီးရင့်ကျတ်စေခဲ့သလို

အိမ်မက်သစ်တွေမွေးဖွားဖို့ ခွန်အားသစ်တွေပေးခဲ့တယ်။။

တကယ်တော့

ကျွန်မ ကြောက်ရွှံ့လွန်းတဲ့ သန်ခေါင်ညတွေကို

ကျော်ဖြတ်နိုင်ဖို့ ခွန်အားတွေ မင်းပေးခဲ့တာပါ။

အဲဒီအတွက်

အကြင်နာစကားနဲ့ တောင်းဆုတွေကိုသာ

နောက်ဆုံးလက်ဆောင်အဖြစ် ထားခဲ့ပါရစေ။။။

စိတ်ကူးတိုင်း ဖြစ်မလာတဲ့ဒီလောကမှာ

ဖြစ်နေတဲ့အခြေအနေကို အကောင်းဆုံးဖန်တီးနိုင်ပြီး

နောင်တအကင်းဆုံး ဘ၀တစ်ခု ပိုင်ဆိုင်နိုင်ပါစေလို့

တောင်းဆုပြုရင်း

ခရီးဆက်ဖို့ ငါသွားပါအုံးမည်။။။။

မေတ္တာမှန်လျှင် ဆုံဆည်းစေ

မေတ္တာမှန်လျှင် ဆုံဆည်းစေ

မေတ္တာနှောင်ကြိုး

ရင်နှင့်ရင်းကာ

တွယ်ခဲ့သူမို့

တောင်းဆုကြိမ်ကြိမ်

ပြုနေအုံးမည်

မေတ္တာမှန်လျှင် ဆုံဆည်းစေဟု။

သက်ဝင်ခြင်း

သက်ဝင်ခြင်း

နွေဦးရဲ့ သက်ဝင်ခြင်းကို
ရောင်စုံပန်းလေးတွေက ယူဆောင်ပေးတယ်။

နွေရဲ့ သက်ဝင်ခြင်းကို
ကမ်းခြေတွေက ဖန်တီးပေးတယ်။

ဆောင်းဦးရဲ့ သက်ဝင်ခြင်းကို
ရောင်စုံရော်ရွက်လေးတွေက ကြွေခခြင်းနဲ့အသက်ဝင်စေတယ်။

ဆောင်းရဲ့ သက်ဝင်ခြင်းကိုတော့
နှင်းပွင့်လေးတွေက သယ်ဆောင်ပေးတယ်

ဆိုရင်.....
ငါ့ရဲ့ ရှင်သန်မှုကို သက်ဝင်စေသူက
.............. ပဲပေါ့။





တဒင်္ဂ

တဒင်္ဂ

ကျွန်မစောင့်ကြည့် တဒင်္ဂလေးမှာ

ဆည်းဆာဟာ စုန်စုန်မြုပ်ခဲ့ပီ။

မိုးသောက်အာရုံ နိုးထလာခဲ့ပီ။

သစ်ရွက်စိမ်းစိုနေတဲ့ နွေတွေကုန်လွန်ခဲ့ပီ။

သစ်ရွက်တွေ ရွှေရောင်ပြောင်းပီ။

နှင်းပွင့်လေးတွေအလှဆင်ဖို့ စိုင်းပြင်နေကြပီ။


အဲဒီလို တဒင်္ဂလေးမှာပဲ

ကျွန်မ မြတ်နိုးတဲ့အိမ်မက်တွေ

မွေးဖွားလာတယ်။

ပျောက်ပျက်သွားတယ်။

တည်ဆောက်နေတယ်။


တဒင်္ဂလေး

မပြီးဆုံးနိုင်သေးတဲ့

ဒီဘ၀ခရီးမှာ

နောင်တအကင်းဆုံး ဘ၀ခရီးတစ်ခုသာ

ကျွန်မမက်မော နေမိတော့တယ် ဆိုရင်

အပြစ်ဆိုအုံးမလားဟင်း။

အတွင်းပစ္စည်း

အတွင်းပစ္စည်း

သတင်းတွေကြောင့် အမောစို့တယ် အမေ…
ဘိုးဘွားပိုင်အိမ်ခြံမြေနဲ့ အတွင်းပစ္စည်းတွေ
လေလံတင်ခံနေရသတဲ့....။

တစ်နေ့တစ်နေ့ အတင်ခံလိုက်ရတဲ့ အတွင်းပစ္စည်းတွေ
တရုတ်ကလက်ဝါးကြီးအုပ် ကလားက အမဲဖြတ်သလို
တိုင်းတပါးတွေ မျက်နှာရတဲ့ ခေတ်မှာ
အဖေ့မျှော်လင့်ချက်တွေ အရောင်ပြောင်းခဲ့ပီလား……????

အိမ်ကပစ္စည်းတွေ ကုန်သွားလို့
အမေ့အိမ်များ အရောင်ပိုတက်လာမလား လှမ်းကြည့်မိတယ်
အမိုးမလုံတဲ့ အိမ်ခေါင်မိုးက
ဒီမိုးတောင်ခံပါ့ မလား…????

စာအန်သံတွေနဲ့ တည်ဆောက်နေရမယ့် အနာဂတ်
စပယ်တွေသာ သီကုန်းရင်း
လမ်းပေါ် တဆာဆာ အော်နေရတဲ့ မောင် ညီမငယ်တွေ
တစ်နေ့တစ်ခြား ပိုပိုတိုးလာလို့...။

အားကောင်းမောင်းသန် အကိုလတ်တွေလဲ
ရင်းနှီးမတည်ဖို့ ပညာနဲ့ငွေအားမပါတော့
ငုတ်တုတ် စိတ်လေနေတုံး…။

နာတာရှည်ဖြစ်နေတဲ့ ဦးလေး ဒေါ်ကြီးတွေ
ကုစရာ အသပြာမရှိတော့
မျှော်လင့်ချက်မဲ့ အိပ်ရာပေါ် မျောနေတုံး။

သြော်…....
အကိုကြီးအဖအရာ ဆိုတဲ့ စကားပုံကပဲ မှားခဲ့သလား
အဖေ့အသက်နဲ့ ၀ယ်ခဲ့ရတဲ့
လွတ်လပ်ခြင်းတွေ
အကိုကြီးက လေလံတင်နေတော့
အနာဂတ်အတွက် ရင်လေးတယ်
အမေ…….။

ကျွန်မ ယုံကြည်ပါသည်.....

ကျွန်မ ယုံကြည်ပါသည်.....

နေ့အခါ နေမင်းကို မမြင်ရသော်လည်း
နေမင်းရှိသည်ကို ကျွန်မ ယုံကြည်ပါသည်။

ညအခါ ကြယ်၏အလင်းရောင်ကို မမြင်ရသော်လည်း
ကြယ်ရှိသည်ကို ကျွန်မ ယုံကြည်ပါသည်။

ဘုရားသခင်ကို တစ်ခါမှမမြင်ဘူးသော်လည်း
ဘုရားသခင်ရှိသည်ကို ကျွန်မ ယုံကြည်ပါသည်။

ထို့အတူ အချစ်ကို မခံစားနေရစဉ်ပင်
အချစ်၏ တန်ခိုးကို ကျွန်မ ယုံကြည်ပါသည်။

စောင့်ဆိုင်းခံ မျှော်လင့်ချက်များ

စောင့်ဆိုင်းခံ မျှော်လင့်ချက်များ

စောင့်ဆိုင်းခံ မျှော်လင့်ချက်တွေ
ဘာတွေဖြစ်သွားတတ်လဲ အဖေ….။

မိုးရေတွေလို ငွေ့ရည်ဖွဲ့ ပြီး တိမ်တွေအသွင်ပြောင်းသွားလား?

ဒါမှမဟုတ်
တိမ်တွေလိုပဲ ရွှေ့ပါးရင်း မိုးရေအဖြစ် ရွာချတတ်လား?

ဒါမှမဟုတ်
လှိုင်းပုတ်ခတ်ဒဏ်တွေကြောင့် အသွင်ပြောင်းသွားတဲ့
ကမ်းခြေတွေလို ကွယ်ပျောက်သွားတတ်လား?

ဒါမှမဟုတ်
ပုပ်သိုးနေတဲ့ ကြက်ဥတွေလို နံစော်နေကြလား?

ဒါမှမဟုတ်
ကြက်ကင်တွေလို အနံ့မွှေးကြိုင် သင်းပျံ့ပြီး ဆွဲဆောင်တတ်ကြလား?

ဒါမှမဟုတ်
မျှော်လင့် ခြင်းဆိုတာ ဆွဲဆောင်အားကောင်းအောင်
အပေါ်ယံဖြူးထားတဲ့ နှမ်းတွေလောက် ပဲလား?

ဒါမှမဟုတ်
လေရှိန်ပြင်းပြင်းနဲ့ အပြစ်ကင်းသူကော မကင်းသူအားလုံးကို
ဝါးမျိုးတတ်တဲ့ ဆူနာမီနဲ့ နာဂစ်စ်တွေလို
အချိန်မတော် အငြိုးကြီးစွာ မွှေနှောက်တတ်လား?

ဒါမှမဟုတ်
ချိန်ကိုက်ဗုံးတွေလို ပေါက်ကွဲလွင့်စင်ပြီး
အကောင်အထည်ဖော်ခံရတတ်လား?
ဇူလှိုင် ၁၉ အမှတ်တရ

ကျွန်မနဲ့ ယောကျာင်္များ

ဇွန်လ ၂၁ ရက်နေ့တွင်ကျရောက်သော အဖေများနေ့အတွက် သီကုန်းဖွဲ့ဆိုသည်။ ကမ္ဘာ တစ်ဝှမ်းက အဖေများအားလုံး ပျော်ရွှင်ကျန်မာပါစေ။ အဖေ တာဝန်ကျေပြွန်သူများ ဖြစ်ကြပါစေ။ သားသမီးတွေရဲ့လေးစားမှုကို ခံရပီ အိမ်ထောင် ဦးစီးကောင်းများ ဖြစ်နိုင်ပါစေ... သားသမီးတွေလဲ အဖေ့မေတ္တာကို ကျေးဇူးစပ်ခွင့်ရသူများ ဖြစ်ပါစေ...လို့ ဆုတောင်းလိုက်ပါတယ်။

ကျွန်မနဲ့ ယောကျာင်္များ

လျှောက်လှမ်းခဲ့တဲ့ ဘ၀ခရီးတလျှောက်
ယောကျာင်္း အမျိုးပေါင်း များစွားကို ကြုံတွေ့ခဲရတယ်။

တစ်ချို့ကို ခရီးသွားဟန်လွဲ
တစ်ချို့ကို နို့စို့ဖက် ဖွားဖက်တော်အသွင်
တစ်ချို့ကို ဆရာတွေအဖြစ်
တစ်ချို့ကို ကျွန်မစာသင်ပေးရတဲ့ တပည့်တွေအဖြစ်
တစ်ချို့ကို စာသင်ခန်းက ပြိုင်ဖက်တွေအဖြစ်
တစ်ချို့ကို သူငယ်ချင်းတွေအဖြစ်
ဒီလိုအကြောင်းအမျိုးမျိုးကြောင့်
ပတ်သက် ရင်းနှီးခွင့်ကနေ
ယောကျာင်္းတွေ အကြောင်း

တစ်စေ့တစောင်း ကျမသိခွင့်ရခဲ့တယ်။

တစ်ချို့က ကျွန်မကို အားပေးတယ်။

တစ်ချို့ကို ကျွန်မအားပေးတယ်။

တစ်ချို့က ကျွန်မကိုပြုံးစေတယ်။

တစ်ချို့က ကျွန်မကို ငိုစေတယ်။

တစ်ချို့က ကျွန်မကို ရင့်ကျတ်စေတယ်။

တစ်ချို့က ကျွန်မကို ကလေးဆန်စေတယ်။

တစ်ချို့က ကျွန်မကို ရဲရင့်မှုတွေပေးတယ်။

တစ်ချို့က ကျွန်မကို ကြောက်ရွံ့အားငယ်စေတယ်။

တစ်ချို့က ကျွန်မကို အကြံကောင်းပေးတယ်။

တစ်ချို့က ကျွန်မဆီက အကြံတောင်းတယ်။


တစ်ချို့က ကျွန်မရဲ့ မျော်လင့်ချက်အလင်းတန်းတွေ အဖြစ်။

တစ်ချို့က ကျွန်မရဲ့ မျော်လင့်ချက်တွေ ရိုက်ချိုးတယ်။

တစ်ချို့တွေက ကျွန်မအတွက် တွန်းအားတွေအဖြစ်။

တစ်ချို့က ကျွန်မကို နှောင့်နှေးစေတယ်။

ဒီလို အကြောင်းအမျိုးမျိုးနဲ့ သိခွင့်ရခဲ့တဲ့
ယောကျာင်္တွေ အားလုံးမှာ
အဖေလို့ အမည်သွင်တဲ့

ကျမရဲ့ ဖြစ်တည်မှုအားလုံးကို ထာဝရ ချစ်မြတ်နိုး တန်ဖိုးထားတဲ့
ယောကျာင်္းမြတ်တစ်ယောက်ရဲ့ အနှိုင်းမဲ့ အချစ်တွေကြောင့်

ဒီလောကကို ပိုချစ်တတ်လာတယ်။
ဒီလောကကို အကောင်းမြင်တတ်ခဲ့တယ်။
ဒီလောကကို အလှဆင်ဖို့ ပန်းပျိုးလက်ဖြစ်ချင်နေခဲ့တယ်။
ဒီလောကရဲ့ အမှောင်ထုအတွက် အလင်းဖြစ်ချင်နေခဲ့တယ်။
ဒီလောကရဲ့ အဖိုးတန် အရာရောက်သူ အဖြစ်ခံစားတတ်ခဲ့တယ်။
ဒီလောကရဲ့ စုံစမ်းနှောက်ယှက်ခြင်းတွေကို ခံနိုင်ရည်ရှိနေခဲ့တယ်။
ဒီလောကရဲ့ ဖျားနာမှုတွေ ကုသပေးနိုင်ဖို့ နည်းလမ်းရှာနေခဲ့တယ်။

ဒီလို ခွန်အားတွေ
ပျော်ရွှင်မှုတွေ အမျိုးမျိုးရဲ့
အရင်းအမြစ် ဖြစ်တဲ့ဖေဖေ

ကောင်းကင်ဘုံမှ
ပီတိ အပြုံး ဝေနိုင်ပါစေ……။


The greatest gift I ever had. Came from God; I call him Dad! ~Author Unknown

He didn't tell me how to live; he lived, and let me watch him do it. ~Clarence Budington Kelland

ခရီးလမ်းဆုံးထိ

ဘ၀ဆိုတာ

ရယ်လိုက် ငိုလိုက်..

ပြေးလိုက် လွှားလိုက်

ရုန်းရင်း ကန်ရင်း

သမိုင်းတစ်ခု လှဖို့

ကြိုးစား ရေးနေခြင်းပေါ့..။

The meaning of Pink

ဖေဖော်ဝါရီ နဲ့ ပန်းရောင်

ဖေဖော်ဝါရီက
ပန်းရောင်ကို ကိုယ်စားပြုတယ်ဆိုရင်
ပန်းရောင်ကို ခံစားလိုသူတွေများ
လိမ်ညာမှုကင်းတဲ့ နှုတ်ခမ်းတစ်စုံ
စစ်မှန်တဲ့ စကားနှစ်လုံး
မေတ္တာအပြည့်နဲ့ ရင်ဘတ်
ဖြူစင်ရိုးသားတဲ့ မျက်ဝန်း
မြတ်နိုးယုယတဲ့ လက်တစ်စုံ
ရဲရင့်ပြတ်သားတဲ့ ဦးဏှောက်
လေးနက်တည်ကြည်တဲ့ ခြေတစ်စုံ
နဲ့
ကဗျာဆန်တဲ့ အတွေးအိမ်တစ်လုံး
တော့
အနဲဆုံး ပိုင်ဆိုင်ထားသင့်တယ်။

You Gotta let it go....

တည်မြဲခြင်း နိယာမ

ပြောင်းလဲမှုတွေ အမြဲဖြစ်ပျက်နေတဲ့
လောကကြီးမှာ
တည်မြဲခြင်းနိယာမ တစ်ခုရှိတယ်။

အမြဲသစ်လွင်နေတဲ့ ကြားက
အမြဲပြောင်းလဲ နေတဲ့
ပြောင်းလဲ ခြင်းကြီးတွေလေ....။

ကြီးမား သန်စွမ်းတဲ့ ဒိုင်နိုဆောတွေ
ဘာလို့ မျိုးတုံး သွားကြလဲ
တချို့ သိပ္ပံပညာရှင်တွေ အခုထိ လေ့လာနေတုံး။

အဖြေလေးက ရှင်းရှင်းလေးပါ
ပြောင်းလဲမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့ ချမ်ပန်ဇီမျောက်တွေလို
သဘာဝကြီးနဲ့ သဟဇာတ ဖြစ်အောင် မနေနိုင်လို့ပေါ့။

ငါ့ ခန္ဓာ၊ နှလုံး၊ ဦးနှောက်တွေရဲ့
သံစဉ် မညီ ဗလောင်ဆူညံ စည်းချက်တွေကြား
ဟော့ဒီ ဘ၀ တစ်ခုလုံးက
သီချင်းတစ်ပုဒ် ဖြစ်သင့်လား....?





Goodbye My love

Mmmm... Mmm... oohhmmm...
Could it be the world's gone colder?
Baby, I'm a losing soul
The more I try it just gets harder
And my pain is getting old
Somebody said that nothing lasts forever
Just the storm so I've been told
But it seems that when it rains it pours

And you know the rain won't last forever
And you know the storm won't always flow
But if the sun don't shine forever
You gotta let it go

Sometimes my burdens get so heavy
And it seems too hard to bear
Sometimes I feel so empty
And it feels like no one's there
Somebody said that nothing lasts forever
Just the storm so I've been told
But it seems that when it rains it pours


And you know the rain won't last forever
And you know the storm won't always flow
But if the sun don't shine forever
You gotta let it go

And you gotta let it go...
And you gotta let it go...
Mmmm... Mmm... oohhmmm...

I got the lyric from here

Paradoxes

သြော်...... အားလုံး ပြောင်းပြန်တွေပါလား!

တချို့က ဘိသိကံ္ခအောင်ပွဲအတွက် ပျော်ရွှင်ကခုန် နေတယ်။
တချို့က နေ၀င်တော့မယ့် အင်ပါရာအတွက် ငိုကြွေး နေတယ်။

တချို့က လက်နက်ကြီးတွေထုတ်ပြီး အမြတ်ရှာတယ်။
တချို့က တစ်ချို့က အဲဒီလက်နက်တွေကြောင့် သွေးချောင်းစီးရတယ်။

တချို့က စစ်အောင်ဖို့ စစ်နည်းဗျူဟာ ထုတ်နေတယ်။
တချို့က ငြိမ်းချမ်းရေးအတွက် နည်းလမ်းရှာနေကြတယ်။

တချို့က ဂြိုလ်တုကတဆင့် ကမ္ဘာ့လူသားတွေ အကြောင်းလေ့လာတယ်။
တချို့က မြေအောက်ကျင်းတွေ တူးပြီး ပုန်းအောင်းမယ့် နေရာရှာတယ်။

တချို့က Internet ကိုအသုံးပြုပြီး အသိပညာတွေ ဖြန့်ဝေတယ်။
တချို့က အိမ်တံခါး သော့ခတ်ပြီး တိတ်တိတ်လေး ကြံတယ်။

တချို့က လူအချင်းချင်းလေးစားဖို့ မေတ္တာ တရားဟောတယ်။
တချို့က မိသားစု အချင်းချင်းသတ်နေကြတယ်။

တချို့က ဈေးကွက် စီးပွားရေး စနစ်ကြောင့် သန်းကြွယ်တွေ ဖြစ်ကုန်တယ်။
တချို့က အိုးအိမ်မဲ့ ဘ၀ရောက်သွားတယ်။

တချို့က နယူကလီးယား စမ်းသပ်မှုရဲ့ ဆိုးကျိုးအတွက် လမ်းပေါ်ထွက် ဆန္ဒပြတယ်။
တချို့က နယူကလီးယားရဲ့ ဖေါက်ခွဲအားကို အားကိုးချင်တယ်။

တချို့က လွတ်လပ်မှုအတွက် တိုက်ပွဲဝင်တယ်။
တချို့က လွတ်လပ်မှုကို ချုပ်ကိုင်ထားတယ်။

အမှားတွေများနေတဲ့ ခေတ်မှာ အမှန်တရားက မျက်နှာမရဘူး။
ရိုးသားမှု မထွန်းကားတဲ့ခေတ်မှာ ရိုးသားတဲ့လူက အရူးလုပ်ခံရတယ်။
အကျိုးအမြတ်ကိုပဲ ရှေးရှုတဲ့ လူတွေကြားမှာ ပရဟိတ အလုပ်တွေက ကဲ့ရဲ့ခံရတယ်။
သြော် အားလုံး ပြောင်းပြန်တွေပါလား။


I got the picture from here.

The Kachin State Day

မနောတေးသံကခုန်တွေနဲ့ ဆင်နွဲနေတဲ့ မနောမြေက ကချင်ပြည်နယ်နေ့ကို လွမ်းမိလို့ ၂၀၀၇ ခုနှစ်တုံးက အိမ်ပြန်တုံးရိုက်ဖြစ်တဲ့ပုံတွေ မျှဝေလိုက်ပါတယ်... အားလုံးပျော်ရွှင်တဲ့ နှစ်သစ်ဖြစ်ပါစေ။


ကချင် အကလေးနဲ့ တီးလုံး

My solute for the anniversary of Kachin State Day
(January 10)

Oh my beloved mother land!

I offer you peace.
I offer you love.
I offer you faithfulness and loyalty.

I see your beauty through streams,
varieties of beautiful flowers, mountains,
people, and beautiful cultures.
I solute those sources in you.

I hear your needs.
I feel your feelings.

So I pray..
Oh my dear God
Great Thanks for the blessings that you have been giving us this far,
give us wisdom so that we can glorify your glory,
give us strength to over come from evils,
Give visions to young generation.

Let our people work together for unity and love.
Let our land has a healthy long life.
Let your blessings be ours.

May God richly bless the Kachin Land on this special day
and the following days.


ကချင် ရိုးရာအိမ်


ရဲစွမ်းသတ္တနဲ့ ပြည့်ဝတဲ့ ကချင်ဒူဝါ :P


မနောစည်သံ တညံညံ မေ့ရင်မှာ ပြုံးရွှင် :D


မနော အကဦးဆောင်သူများ ဆောင်းတဲ့ ခေါင်းဆောင်း


ကချင် အနုပညာ


ချစ်သောအမိမြေ ကောင်းချီးများနဲ့ ပြည့်စေ


ကချင်မောင်းတွေက မနောအကအတွက် အခရာ


ကချင်တီးလုံးတွေက သူတို့တွေနဲ့လိုက်ဖက်တယ်


တူရိယာ အမျိုးမျိုးနဲ့ အတီးပညာရှင်များနဲ့ သီဆိုနေသူများ



ကချင်မလေးတွေ ချစ်စရာတဲ့ :P


ကချင်ယက်ကန်း အလှ


အကရှေ့ဆောင်များ



ချစ်စရာ့ သူ့ကမ္ဘာ


အကကဖို့ တန်းစီနေသူများ ကလေးလူကြီး အားလုံးပျော်ရွှင် ကခုန်တဲ့ပွဲပေါ့


ခခူး လှပျိုများ



လီဆူး လှပျိုများ


လောဝေါ့လပျိုများ ကဖို့တန်းစီနေတုံး လျှက်တပြတ်ရိုက်ချက်


ရ၀မ် လှပျိုများ


ခေတ်ပေါ် ၀တ်စုံများဖြင့်


မနော အကကို အပေါ်စီးမှ ရိုက်ထားပုံ


လှိုင်ဇာ ကချင်ရိုးရာအိမ်

Photos and Vedio by AP
(ဓါတ်ပုံတွေကို လျှက်တပြတ်လိုက်ရိုက်ခဲ့တဲ့ ပုံတွေမို့ သဘာဝအလှများသာ ဖြစ်ကြောင်းပါရှင့် )

ကောင်ကင်သားများ သီချင်းဆိုစေ


အဖြူရောင်နတ်သမီးလေးတွေ မွန်းမံထားတဲ့ ခရစ္စမတ်သစ်ပင်တွေ္စ္စ
Photo by AP


ကောင်ကင်သားများ သီချင်းဆိုစေ

ငါ့ရင်မှာ
ခရစ္စမတ်ခေါင်းလောင်းလေးတွေ သီးခတ်၊ကခုန်နေရဲ့။

ဒီဇင်ဘာဆိုတာ ကျွန်မအတွက်တော့
မွေးဖွားခြင်းနဲ့ ရှင်သန်မှုရဲ့ သင်္ကေတ။

လောဘ၊ရမက်တွေကြောင့် ညစ်ညမ်းနေတဲ့
ကမ္ဘာမြေတစ်ခုလုံးကို နှင်းပွင့်လိုဖြူစင်စေဖို့
ကောင်းကင်သားများ အဖြူရောင်ဝတ်ရုံ လက်ဆောင်ပေးတဲ့လ။

ရန်သူအချင်းချင်း အပြစ်လွှတ်ပြီး
မေတ္တာသီးချင်းများ သံပြိုင်သီဆိုတဲ့လ။

ပူဆွေးသောက ရောက်နေသူအတွက်
ကောင်းကင်တမန်များ တေးဆိုတဲ့လ။

သုန်ညတွေရဲ့ ပကတိတန်ဖိုးတွေ အရောင်လက်နိုင်ဖို့
မေရှီးယကိုယ်တိုင် ကမ္ဘာမြေကိုကြွဆင်းပြီး
မေတ္တာတံတားခင်းခဲ့တဲ့ လမြတ်လေးပေါ့....။

ပျော်ရွှုင်ခြင်း၊ ၀မ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းတွေ ဆောင်ပေးခဲ့တဲ့ ဒီဇင်ဘာရေ...
သင့်အပေါ်မှာ ကောင်းကြီးများနဲ့ ပြည့်စုံပါစေသော်...။


နွားညီနှောင်ခလောက်သံတွေနဲ့ အမေ့အိမ်ကိုလွမ်းမိတယ် :P
Photo by AP


*** သူငယ်ချင်းတွေအားလုံး ပျော်ရွှင်မှုအပေါင်း ခညောင်းပြီး မွေးဖွားလာတဲ့ မေရှီးယ ယူဆောင်ပေးခဲ့တဲ့ ခရစ္စမတ်လက်ဆောင်လေးတွေလဲ ရရှိပါစေ...
အားလုံးကို ချစ်ခင်လေးစားလျှက် :)
စာမေးပွဲတွေ မပြီးသေးတဲ့အတွက်ပါ မကြာခင် ဘလောက်တွေဆီ လာလည်ပါ့မယ်။
(နှင်းတွေကျနေတဲ့ ဒီဇင်ဘာနေ့ခင်းအတွက် ဒီကဗျာလေး ရင်မှာဖြစ်လာလို့ ရေးချမိတယ်။)

ပဓာနကျတဲ့ ငါတို့

ပဓာနကျတဲ့ ငါတို့

တကယ်တော့
ကံကြမ္မာဆိုတာ object လေးတစ်ခုပါ။
subject ဖြစ်တဲ့ ငါတို့
active နဲ့ passive verb တွေကို သေချာသုံးတတ်ဖို့တော့
ပဓာနကျတယ်။
မနေ့ကအဖြစ်တွေကို သင်ခန်းစားယူပြီး
ဒီနေ့အတွက်
အကောင်းဆုံး ပေးဆပ်နေသူ အတွက်
ကံကြမ္မာက မျက်နှာပေးစမြဲမို့
မနက်ဖြန်ရေ.......
မင်းအတွက် မျော်လင့်ခြင်းတွေ တည်ဆောက်နေတယ်
ယုံကြည်မှု အပြည့်နဲ့
လှမ်းခဲ့ပါတော့။


ဆက်လက်ကြိုးစားအုံးမည်.
Apprenticeship

Take all the victories

Take all The Victories

May you extend your victory,
power,
joy, and
peace
As we surrender all.

May you have love as we gave you all we have
Oh! you may do all as you want
But Please….
Don’t forget to prepare the banquets for your own sunset
Your sunset must be a bright sunrise for the whole world

Your sunset must be a sample of failure that the generations should avoid
Your sunset must be a history to be learned
Your sunset must be the day we celebrate
For
Your sunset would be
The day of ending our suffering
The day of celebrating our patience
The day of harvesting the fruits of our endurance
The day of ceasing our fears
The day of ending our endless sadness
Most importantly
Your sunset would bring the day we have chances to become
Human beings.



It's up to you. Yeah?

နင့်အလိုကျ
မင်းမျက်မမြင် တာနဲ့ပဲ တစ်အိမ်လုံးကို အမှောင်ချထားရ ကောင်းလား..
နင့်အစာအိမ် မကောင်းတိုင်း ငါတို့အားလုံး ဆန်ပြုတ် လိုက်သောက်ရမှာလား..
မင်းခြေထောက်နာလို့ အပြင်မထွက်နိုင်တိုင်း ငါတို့အားလုံးကို လှောင်ထားရကောင်းလား...
မင်းကဧည့်ဝတ်မကျေချင် တာနဲ့ပဲ ဧည့်သည်တွေအားလုံး မောင်းထုတ်ရကောင်းလား...
မင်းအရုပ်ဆိုးတိုင်း မှန်တွေအားလုံး ရိုက်ခွဲရကောင်းလား..
မင်းပန်းချီမခံစားတတ်တိုင်း ပန်းချီတွေအားလုံး မီးရှို့ရကောင်းလား...
မင်းMusic မကြိုက်တာနဲ့ဘဲ တေးဆိုငှက်တွေ အားလုံးသတ်ပစ် ရကောင်းလား..
သွားပါ
မင်းရဲ့ဟောင်းနွမ်း ညစ်စုတ်နေတဲ့ ဝါဒီတွေ အတွက် ငါ့မနက်ဖန်တွေ
ထပ်စတေး မခံနိုင်တော့ဘူး

မင်းရဲ့ယုံတမ်း ချစ်စကားတွေ အတွက် ငါ့ရင်တွေခုန် မနေတော့တာ
အပင်ပန်းခံ ပြောမနေတော့ဘူး
လာရာလမ်းက ပြန်ပါတော့။

May Peace be with you all--Mothers....

အမေများအားလုံး (အမေချစ်သော အဖေကြီးများနဲ့တကွ သား
သမီးအားလုံး)ကို ၂၀၀၈ မေလ ၁၁ ရက်၌်ကျရောက်သော အမေ
များနေ့၌ ဤကဗျာလေးနဲ့ ဂါဝရ ပြူလိုက်ပါရစေ..၀မ်းနည်းပူဆွေး
သောကဝေနေသောသူများ ၀မ်းမြောက်ခြင်း၊ပျော်ရွှင်ခြင်းး၊ ငြိမ်
သက်ခြင်း ဆုနဲ့အတူ ကူကယ်မည့်သူများတွေ့ပါစေ.. အားပေးမည့်
သူများနဲ့ခရီးသွားနိုင်ပါစေ...........

ဒုက္ခ သုခများကို ခံနိုင်ပြီး စုံးစမ်းနှောက်ယှက် ခြင်းများမှကင်းပါစေ....


အားလုံး ကောင်းကြီး
သစ်များ ထပ်လောင်းရရှိပြီး ဘ၀တိုက်ပွဲ၌်
အောင်ပွဲခံနိုင်သူများ ဖြစ်စေ….
လို့ဆုတောင်းပေးလိုက်ပါတယ်.....။

အမေ့ကမ္ဘာ နေသာစေ

မေမေဟာ သမီးရဲ့
စံထားရာကောင်းကင်
အသက်လုမွေး ချစ်ခြင်းဖွဲတည်
မြစ်ဖျားခံရာ မျှော်လင့်ခြင်း

မီးပြတိုက်ပေါ့ အမေ့ဆုတောင်းသံ
ဖေါ်စပ်ပေးသူ နိယာမ (ခွင့်လွတ်ခြင်း)
ခင်းတဲ့တံတား ယုံကြည်မှု
မြတ်နှိုးစေခဲ့ ဘ၀စာမျက်နှာ
ဆောင်ပေးခဲ့တဲ့ ဗျာဒိတ်တော်

သို့ပါသော်လည်း အမေရယ်

အတူရှိရန် တောင်းဆုပြုကြောင်း
သမီးသိလျက် မဖြည့်ဆည်းနိုင်ခဲ့
မပြည့်ပါရမီ သမီးကျောင်းသူ
ဆိုခဲ့ရပြန် နယ်ခြားမြေခြား

နုတ်ဆက်စကား….

စီးကျပုလဲသွယ် အမေ့မျက်ဝန်း
သုတ်ကာပေးကာ အတူနေချင်လဲ
ခွင့်လွတ်စေရန် အယူခံရင်း
ဆွတ်ကာယူနေ အမေ့ကြယ်ပွင့်
ပညာသည်ကြီး ဖြစ်စေရန်ပေါ့

ကောင်းစားစေသော် နောင်လာနောက်သား
ထွန်းကာဖေါက်ကာ လမ်းစရှာတဲ့
သမီးထွေးအား ခွင့်လွတ်စေရန်
တောင်းကာလျှောက်ရင်း တောင်းဆုပြုသည်

အမေ…..

မျိုးတုန်းပါစေ အလွမ်းပန်း
ပွင့်ကာလန်းစေ အပြုံးပန်းများ
အမေ့ကောင်းကင် တိမ်ကင်းစေ
အမေ့ကမ္ဘာ နေသာစေကွယ်…..။ ။

Mother
M for mavourneen,
O for outstanding,
T for Tenderness,
H for holy,
E for eternal,
and R for royal……..
dear......mavourneen; Mother… Great thanks for your eternal outstanding royal tenderness that comes from your holy Heart.

Great Thanks to my mother-land, Burma too. You are the only place I call home, and I will try my best to heal you. I love you, Burma!!!!!!!!!!!!!!!!!!!!!!

I wrote this poem two weeks ago. My sky is really gloomy and iced for now. I have beyond dejection for the sound of crying ghosts and sound of people who are in trouble. Where can I get some release?????? I see parent is the best place for refuge, but then I don't know how to answer for the children who just lost their parents and parents who just lost their children. Their refuges have been destroyed and they are in hopeless situation. Let's answer to their crying...... I'm praying that the aid would flow into Burma as soon as possible, and the Burmese government would allow the aids and experts ASP since we don't have enough in our country... May peace be with you all.....

Great thanks to Watery for the proof reading.

ဖြစ်တည်မှု

~~~ဖြစ်တည်မှု~~~


အလင်းနဲ့
အမှောင်


တလှည့်စီြ
ဖစ်တည်နေတဲ့


လောက
ဓမ္မာတာမှာ


နေညိုဆည်းဆာ
အချိန်ကို လွမ်းဆွေးမှုနဲ့


အကျည်းတန်
မဆန်စေချင်သလို


အလင်းရောင်တွေ
သယ်ဆောင်လာမဲ့


နေမင်းကြီးအတွက်လဲ


တင်ကြို
မပျော်မြူးချင်ဘူး


ဒါပေမဲ့


အမှောင်ညကို
ဖြိုခွင်းမဲ့


နီယွန်မီးနဲ့


နေမင်းရဲ့
အလင်းတန်းကို ၀ါးမြိုမဲ့


တိမ်ညိုတွေရဲ့


ဖြစ်
တည်
မူ့ ကိုတော့


မလိုလား
မိတာ


အမှန်ပဲ...


အမွေအနှစ်

အမွေအနှစ်

ကျွန်မပထမနှစ်စတက်ခါစ ဖေဖေနှုတ်ဆက်သွားတယ်လေ
အဖေ့ကိုအဘိုးရဲ့ အုတ်ဂူဘေးမှာ မြုတ်နှံထားတယ်
တနေ့နေ့တော့ ကျွန်မလဲသူတို့နဲ့ပူးပေါင်းမယ်
ကျွန်မရဲ့နောင်လာနောက်သားများအတွက် အမွေအနှစ်တွေ စီစဉ်ထားခဲ့ပြီးနောက်ပေါ့။

ကျွန်မ အဖေ့အတွက်နှုတ်ဆက်ပွဲလေးလုပ်မပေးခဲ့ဘူး
အဖေဟာကျွန်မအတွက် အမြဲရှင်သန်နေဆဲဘဲလေ….
အထူးသဖြင့် လွတ်လပ်ခြင်း၊ချစ်ခြင်း အငွေ့အသက်များအဖြစ်ပေါ့
အဲ့ဒါဖေဖေပေးခဲ့တဲ့ ထာဝရရှင်သန်သောအမွေအနှစ်
ကျွန်မအမြတ်နိုးဆုံး အရာပေါ့။

ဖေဖေကျွန်မကိုပိုက်ဆံတွေထားတဲ့နေရာအမြဲပြောလေ့ရှိတယ်
ကျွန်မလိုရင်အလွယ်တကူယူသုံးနိုင်အောင်လေ
ဒါပေမဲ့အဖေ့ဆီ ငွေတွေဘယ်လိုသုံးကြောင်းအမြဲအစီရင်ခံပေါ့
အဖေ့ရဲ့ပင်စင်လစာက ဒီခေတ်ကုန်ဈေးနှုန်းနဲ့လုံလောက်မူမရှိဘူး
အဲ့ဒီအချက်က သမီးနဲ့အဖေကြားကနားလည်မူ
အဖေကငွေမလုံလောက်မှုကိုတကြိမ်မှ မပြောခဲ့ဘူး
ဒါပေမဲ့ကျွန်မတာဝန်ယူခဲ့တယ် ငွေတွေမဖြုန်းဖို့ပေါ့။

အဖေကငွေတွေ ဘယ်လိုသုံးစွဲသင့်ကြောင်းလဲ
တကြိမ်တခါမှ မပြောခဲ့ပါဘူး
ဒါပေမဲ့လွတ်လပ်သေားရွေးချယ်ခွင့်လေးက
အဖေပေးတဲ့အရိုးရှင်းဆုံးလမ်းညွှန်မူပေါ့။

ငွေတွေအကုန်ဖြုန်းမလား
ဒါမှမဟုတ် ချွှေတာခြိုးခြန်စွာသုံးမလား
ကျွန်မအတွက်ရွေးချယ်ခွင့်အပြည့် ပေးထားလေရဲ့
အဖေရဲ့အမွေလေးကို ခုတော့ကျွှန်မကောင်းကောင်းသဘောပေါက်မြတ်နိုးခဲ့ပြီလေ။

အဲ့ဒါက လွတ်လပ်စွာရွှေးချယ်ဆုံးဖြတ်ခွင့်
ကျွန်မရဲ့လွတ်လပ်မှုကို တန်ဖိုးထားလေးစားရင်းပေါ့
အိုး ……….ကျွန်မနှစ်ခြိုက်လှလေခြင်း
ကျွန်မရဲ့နောင်လာနောက်သားများအတွက် အမွေအနှစ်အဖြစ်ထားခဲ့ပါရစေလား………

This is a poem that I Translated from my English poem "The Legacy for The Generation". I'm trying my best to fulfill for your requests.. Please enjoy my dear friends..... Happy Thingyan to you all. <-_->
Yeah don't forget to get your New Year present if you haven't done s
o.:P

Great Thanks to Ko Minnkyansis for the proof reading.

သူငယ်ချင်း တို့ရောဘာ အမွေအနှစ် ထာခဲ့မှာလဲ? အကောင်ဆုံး အမွေအနှစ် များထားခဲ့ နိုင်သူများ ဖြစ်စေဗျာ....

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)