Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

အိမ်မက်သစ်တွေနိုးထလို့ ခရီးအစပြုပါအုံးမည်။

အိမ်မက်သစ်တွေနိုးထလို့ ခရီးအစပြုပါအုံးမည်။


သိကျွမ်းခဲ့ဖူးတဲ့ နှစ်လများစွာအတွက်

ထာဝရ ကျေးဇူးတင်နေတော့မှာပါ။

နှစ်၊လ၊ရက်တွေ မနေ့ကလိုပါပဲ။။။။

နှစ်၊လရှည်ကြာ

ရဲဘောရဲဘက်ကောင်းတွေ ဖြစ်ခဲ့ကြတယ်နော်။။

စကားလုံးတွေ မပါပဲ

ရင်ဘတ်အချင်းချင်း နားလည်ခဲ့ကြတဲ့အထိပေါ့။။။

တူညီမှုအတွက် ရင်မှာကြည်နူး ပျော်ရွှင်ခဲ့ဖူးကြတယ်။။

မင်းအပြုံးတွေအတွက်

ငါ့ရင်မှာ ပီတိ အပြုံးဝေခဲ့ဖူးတယ်။

ဒါပေမယ့်

မတူရင် ရန်သူလို့မှတ် ဆိုတဲ့ လူ့အတိုင်းအ၀ိုင်းမှာ

ငါ့ရဲ့မတူညီမှုတွေက

မင်းအတွက် နာကျင်မှုတွေ ဖြစ်စေခဲ့တဲ့အတွကတော့

တကယ် စိတ်မကောင်းပါဘူး။

ငါ့အတွက်တော့

မင်းရဲ့ မတူညီတဲ့ ယုံကြည်မှု၊

ဘ၀ဖြစ်စဉ်တွေက

လှပမှုတစ်ခုပါ။

အဲဒီမတူညီမှုတွေကြောင့်

မင်းနဲ့တွေ့ဆုံမှုဟာ

ပိုပြီး လေးနက်၊ ပြည့်စုံခဲ့တယ်။

ပိုပြီးရင့်ကျတ်စေခဲ့သလို

အိမ်မက်သစ်တွေမွေးဖွားဖို့ ခွန်အားသစ်တွေပေးခဲ့တယ်။။

တကယ်တော့

ကျွန်မ ကြောက်ရွှံ့လွန်းတဲ့ သန်ခေါင်ညတွေကို

ကျော်ဖြတ်နိုင်ဖို့ ခွန်အားတွေ မင်းပေးခဲ့တာပါ။

အဲဒီအတွက်

အကြင်နာစကားနဲ့ တောင်းဆုတွေကိုသာ

နောက်ဆုံးလက်ဆောင်အဖြစ် ထားခဲ့ပါရစေ။။။

စိတ်ကူးတိုင်း ဖြစ်မလာတဲ့ဒီလောကမှာ

ဖြစ်နေတဲ့အခြေအနေကို အကောင်းဆုံးဖန်တီးနိုင်ပြီး

နောင်တအကင်းဆုံး ဘ၀တစ်ခု ပိုင်ဆိုင်နိုင်ပါစေလို့

တောင်းဆုပြုရင်း

ခရီးဆက်ဖို့ ငါသွားပါအုံးမည်။။။။

2 comments:

NaingAung February 27, 2012 at 1:16 AM  

nice.. nice

Anonymous January 31, 2013 at 5:26 AM  

I gеnerally have to ѕquat to nоt haѵe my heaԁ rіght up
on the ѕhoωerhead. First, yоu need to plаn
ωhat pattern you wіsh to use for the instаllation or "enclosure".
You ωill need to ѕnip the side ѕeаms to fit the
rod through the poсkеt.
Also visit my site :: neo angle shower rod adjustable

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)