Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

You Gotta let it go....

တည်မြဲခြင်း နိယာမ

ပြောင်းလဲမှုတွေ အမြဲဖြစ်ပျက်နေတဲ့
လောကကြီးမှာ
တည်မြဲခြင်းနိယာမ တစ်ခုရှိတယ်။

အမြဲသစ်လွင်နေတဲ့ ကြားက
အမြဲပြောင်းလဲ နေတဲ့
ပြောင်းလဲ ခြင်းကြီးတွေလေ....။

ကြီးမား သန်စွမ်းတဲ့ ဒိုင်နိုဆောတွေ
ဘာလို့ မျိုးတုံး သွားကြလဲ
တချို့ သိပ္ပံပညာရှင်တွေ အခုထိ လေ့လာနေတုံး။

အဖြေလေးက ရှင်းရှင်းလေးပါ
ပြောင်းလဲမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့ ချမ်ပန်ဇီမျောက်တွေလို
သဘာဝကြီးနဲ့ သဟဇာတ ဖြစ်အောင် မနေနိုင်လို့ပေါ့။

ငါ့ ခန္ဓာ၊ နှလုံး၊ ဦးနှောက်တွေရဲ့
သံစဉ် မညီ ဗလောင်ဆူညံ စည်းချက်တွေကြား
ဟော့ဒီ ဘ၀ တစ်ခုလုံးက
သီချင်းတစ်ပုဒ် ဖြစ်သင့်လား....?





Goodbye My love

Mmmm... Mmm... oohhmmm...
Could it be the world's gone colder?
Baby, I'm a losing soul
The more I try it just gets harder
And my pain is getting old
Somebody said that nothing lasts forever
Just the storm so I've been told
But it seems that when it rains it pours

And you know the rain won't last forever
And you know the storm won't always flow
But if the sun don't shine forever
You gotta let it go

Sometimes my burdens get so heavy
And it seems too hard to bear
Sometimes I feel so empty
And it feels like no one's there
Somebody said that nothing lasts forever
Just the storm so I've been told
But it seems that when it rains it pours


And you know the rain won't last forever
And you know the storm won't always flow
But if the sun don't shine forever
You gotta let it go

And you gotta let it go...
And you gotta let it go...
Mmmm... Mmm... oohhmmm...

I got the lyric from here

8 comments:

ရိုးမြင့်အောင် January 29, 2009 at 11:49 AM  

ခွေးမလုပ်တော့ဘူးဗျာ... ဂျမ်ပန်ဇီမျောက်ပဲ လုပ်တော့မယ်... အဟတ်ဟတ်... ဒေါင်ကျကျပြားကျကျ ဆိုပေမယ့် ပဲ့ထွက်မသွားအောင် နေရဦးမယ်ဗျာ...

Unknown January 29, 2009 at 1:37 PM  

ချန်ပန်ဇီ မျောက်အကြောင်းလေ့လာမယ်ဆိုရင် ကျွန်တော်တို့ လက်ရှိ သက်ရှိအသိုင်းအ၀ိုင်းထဲမှာ သက်တမ်းအရှည်ကြာဆုံးဖြစ်တဲ့ ပိုးဟပ်တွေကို မေ့ထားလို့ ဘယ်ဖြစ်မလဲ....။

လင်းထက် January 29, 2009 at 1:44 PM  
This comment has been removed by the author.
လင်းထက် January 29, 2009 at 1:46 PM  

လောကကြီးမျာ မတည်မြဲ ခြင်း ဆိုတဲ့ ပြောင်းလဲ ခြင်း တရား တစ်ခုသာ တည်မြဲ နေတာပဲနော်..

Apprenticeship January 29, 2009 at 4:28 PM  

လွမ်းလုင်>အဆင်ပြေသွားမှာပါ :)

ဘလက်ကြီး>မတူဘူလေကွာ... ပိုးဟပ်တွေက ရောဂါပိုး သယ်ဆောင်တယ်။ လူသားတွေကို အကျိုးမပြုဘူး။ အဲဒီအတွက်လဲ ချမ်ပန်ဇီတွေရဲ့ Civilization process တွေက လူတွေအတွက် စိတ်ဝင်စားစရာ သော့ချက်ဖြစ်နေတာပေါ့ မဟုတ်ဘူးလား ..:D :P :D

ကိုလင်းထက်>အဲဒီပြောင်းလဲမှုတွေကပဲ ဒီနေ့ကမ္ဘာကို ဦးဆောင်နေတော့ အပြစ်မမြင်တော့ဘူး။ :P

Anonymous January 29, 2009 at 9:28 PM  

သီချင်းကတော့ တော်တော်ကောင်းတယ်။
အဲ ဒါပေမယ့် အဓိပ္ပါယ်ကတော့ ကောင်းဘူး ကြေကွဲစရာပဲ။
အပြောင်းအလဲတွေကြားက ပျော်ရွှင်နိုင်ပါစေ မအေပီရေး)

ပန်းခရေ January 30, 2009 at 3:23 AM  

ပြောင်းလဲနေတဲ့ လောကကြီးမှာ မပြောင်းလဲတဲ့ နိယာမတွေရှိတယ်...
ဘယ်လောက်ပဲ ပြောင်းလဲနေပါစေ...
လူတွေရဲ့စိတ်ထားတွေ တိုးတက်မြင့်မားခြင်း မရှိသေးတာလဲ မပြောင်းလဲခြင်းတစ်မျိုးပဲထင်ပ

Kyaw Myat Thu February 1, 2009 at 10:58 AM  

မိုက်တယ်. ကဗျာရော . သီချင်းလေးရောပဲ. သီချင်းဖွင့်ပြီး ကဗျာနားထောင်လိုက်တော့ ပိုပြည့်စုံသွားသလိုပဲ..

စဉ်းတော့ စဉ်းစားသင့်တာပဲဗျ. တစ်ခါတစ်ခါကျတော့လည်း အားလုံးနဲ့ အလိုက်သင့် အလျားသင့် နေသွားရင်း ကိုယ်ပိုင် Identity တွေ ပျောက်ကုန်တယ် ထင်တာပဲဗျာ..

ငယ်ငယ်က သင်ဖူးတဲ့ ခွေးတောက်ပင် ၂-ပင်ကြား ပေါက်တဲ့ သရက်ချိုပင်လိုပေါ့..

ကျေးဇူးပါ. ကဗျာ အတွက်ရော သီချင်းအတွက်ပါ. :)

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)