လာမဲ့ May 1 ကို နိုင်ငံတကာ ဆိုင်ရာအ လုပ်တမားနေ့ အဖြစ်နဲ့ ကျင်းပခဲ့ဒါ နှစ်တွေ ရာကျော် ခဲ့ပြီနော်..။ အမှတ်တရနေ့ အမျိုးမျိုး ကို ဈေးကွက် မြင့်တင်ဘို့ လုပ်တတ်ကြတဲ့ လုပ်ငန်း ရှင်တွေက May 1 ကိုတော့ မေ့မေ့ပျောက်ပျောက် နေတတ်ကြဒါ သူငယ်ချင်း တွေသတိ ထားမိမယ် ထင်တယ်။ ဒါကြောင့် ဒီနေ့ကို မပျက်မကွက် ဆင်နွဲဘို့ အချိန်မရတဲ့ ကြားက ဓါတ်ပုံတွေ တင်လိုက်တယ်..။ အားလုံးကို လဲပါဝင်ဆင်
Migrant workers in UK; I got this picture from here.
အလုပ်သမား တွေရဲ့အခွင့်အရေး ကိုလေးစား လိုက်နာပါ တယ်ဆိုတဲ့
အနောက်တိုင်း တွေမှာတောင် ၈နာရီထက်ကျော် အလုပ်လုပ်ရ ဒါ နဲ အလုပ်
ရှင် တွေရဲ့ နိုင်ထက် ပြုမှု့တွေ ကရှိနေဆဲ..။ ကျွှန်မတို့နိုင်ငံတို့လို တိုးတက်
စနိုင်ငံတွေမှာတော့ အလုပ်ရှင်ရဲ့ လေးစားမူ မဆိုထားနဲ့ ဘယ်အချိန်များ အလုပ်
ရှင်က ထငေါက် လိုက်မလဲ ဆိုတဲ့ စိတ်နဲ့၊ ၈ နာရီမပြောနဲ့ လကုန်ရင် လခ ရရင်
ကိုကျေးဇူးကြီး လှပေပြီ မဟုတ်လား…။ အသက်မပြည့် လုပ်ခနိမ်ပြီး ခိုင်းခံနေရ
တဲ့ကလေး တွေကလဲ မနည်းဘူးလေ…။
May Day Parade fun; I got this picture from here.
တချို့တွေက ပြောတတ် ကြပါတယ်.. ဆင်းရဲ ဒါ ပျင်းလို့ တဲ့လေ..။
တကယ်တော့ မိုးလင်း ကနေ မိုးချုပ်အထိ အလုပ်လုပ် ဒါတောင် တနေ့စာ
မဖူလုံဘဲ အငတ်ခံနေ ရတဲ့လူတွေက ဒုနဲဒေ မဟုတ်လား....။
Another May Day Parade fun; I got this picture from here.
ကဲမိမိ ကိုယ်မိမိ guilty မဖြစ် ရအောင် သူတို့လေးတွေရဲ့ ကံတရား
ကြောင့်ဆိုပြီး မျက်နှာလွဲ လိုက်မလား..? သူတို့လေး တွေဒီဘ၀က မလွတ်
မြောက် နိုင်ဘို့ စီမံထားတဲ့ စနစ်တွေကို လေ့လာ ပြင်ဆင်သင့်လား..?
အားလုံးဝိုင်းပြီး အဖြေ ရှာကြဒါ ပေါ့နော်….။
တကယ်တော့ ဒီအလုပ် သမားတွေကသာ နိုင်ငံ ၀င်ငွေတွေ ရှာပေး
နေသူ တွေမဟုတ်လား....။ အကျိုး အမြတ်တော့ သူတို့တွေ မဆိုဆ
လောက်သာ ခံစားကြရတယ်..။ အလုပ်သမား အခွင့်အရေးတောင်း
ဆို မှုတွေက ယနေ့တိုင် ကြားရဆဲ ၊ ယနေ့တိုင် မပြီးဆုံးသေးတဲ့
့တိုက်ပွဲများပေါ့..။ ကျွှန်မတို့ အားလုံးကို အလုပ်အကျွေးပြု နေတဲ့ ကျေးဇူးရှင်
တွေကို ကျေးဇူး တင်ကြတယ် ဆိုရင်သူတို့ ဘ၀လေးတွေ ငြိမ်းချမ်းပြီး တရားမျှ
တတဲ့ အခွင့်အရေးများ ရရှိစေဘို့ တတ်နိုင်တဲ့ ဘက်က ကူညီပေး ကြရအောင်
လား..။
ဒီ post လေးနဲ့ May 1 မှာကျရောက် မဲ့အလုပ်သမားနေ့ ကိုအသိ အမှတ်ပြု လေးစားရင်း အလုပ်သမား အားလုံးကို ဂါဝရပြု ၊ ဂုဏ်ပြု မှတ်တမ်း တင်ကြောင်း ပြောကြားပါ ရစေ..........…။
"Cuban President Fidel Castro listened to a speaker during the May Day parade in Havana's Revolution Square in last May 1, 2005 file photo." His kingdom was over thrown. No tyranny last forever.. there is always the end.
I got this picture and information from here.
Ma Lashiothu has been organizing May 1 as a prayer day.
Hope you all would participate. မိမိ ယုံကြည်မှု အလိုက်
အခက် အခဲတွေကြုံနေတဲ့ ကျွှန်မတို့ နိုင်ငံနဲ့ အခြားနိုင်ငံတွေ
အတွက်ရော အလုပ်သမား အားလုံးအတွက် တရားမျှတမှုနဲ့
ထိုက်တန်တဲ့ အခွင့်အရေးလေတွေ ရဘို့ဆုတောင်း
ကြရအောင်နော်...
If you want to read the history of May Day, Please click here and here.
7 comments:
I LIKE THE PICS! LOL>> :) especially the blue girls..
ပုံတွေအရမ်းလှတယ်နော်...ဖတ်ရဒါတကယ်အကြိုးရှိတယ်
Ap ကတော့လုပ်ပြီ ဘယ်နှယ့် Castro ပုံကြီးတင်ထားတာတုန်းဗျ။
အဲဒီလူကြီးတော့ ကြိုက်ဖူး... ဟီး....ဟီး
ကိုဂျူလိုင်လိုပဲ ပြောခဲ့တော့မယ် ။ အလည်တစ်ခေါက် လာရောက်ဖတ်ရှု့ သွားပါကြောင်း။း)
အဓမ္မလုပ်အားပေးချင်းကင်းဝေးပါစေ..
NICE PICS! May day ko dlo lote kya dae so dar ku hma thi. dae! thank you! and thanx for visiting my blog.
Apprenticeship ရဲ့ ဆောင်းပါးပို့စ်လေးတွေက တစ်ခါဆိုဆိုသလောက် လာဖတ်ရတာ တန်ပါတယ်ဗျာ. အားပေးနေပါမယ်.
Post a Comment