Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

Peace One Day 2009

စက်တင်ဘာလ ၂၁ ရက်နေ့ဟာ ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ ဖြစ်ပါတယ်။ စစ်တိုက်နေတဲ့ နိုင်ငံတွေလဲ ၂၄ နာရီအပစ်အခတ်ရပ်ပီး ငြိမ်းချမ်းရေးနေ့ကို ဆင်နွဲကြဖို့ UN က နိုးဆော်ကျင်းပခြင်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူသားများအားလုံး ငြိမ်းချမ်းရေးကို တန်ဖိုးထား မြတ်နိုးတတ်ပြီး ၊ လူသားအချင်းချင်း အပြန်အလှန် စာနာနားလည်ဖို့ ၊ အပြန်အလှန် လေးစားချစ်ခင်ပြီး ငြိမ်းချမ်းစွာ အတူလက်တွဲ နေထိုင်သွားနိုင်ဖို့ ရည်ရွယ်ပါတယ်။ ငါ့လူမျိုး ၊ ငါ့ယဉ်ကျေးမှု၊ ငါ့နိုင်ငံ၊ ငါ့ဘာသာတရား၊ ငါ့ယုံကြည်မှု့၊ ငါ့ အဖွဲ့ အစည်း အစရှိတဲ့ “ငါ” ဆိုတဲ့ အတ္တအစွဲတွေရဲ့ လောင်းရိပ် တစ်ဘက်မှာ ငြိမ်းချမ်းခြင်းဆိုတာ အမှန်တစ်ကယ် ဖြစ်တည်နေပါတယ်။ ကမ္ဘာ့လူသားအားလုံးရဲ့ မတူညီမှုတွေ အတွက် အငြင်းပွား၊ စစ်ခင်းနေကြမယ့် အစား အဲဒီ မတူညီမှုတွေထဲကနေ မတူညီတဲ့ အလှအပတရားတွေကို အတူခံစားကြရရင် ပိုမကောင်းဘူးလား…….? question

မေတ္တာတရားကသာ အနာဂတ် ငြိမ်းချမ်းမှု အတွက် တစ်ခုတည်းသော အဖြေပါ...။ ငါဆိုတဲ့ အတ္တစည်းဝိုင်း အပြင်ဘက်မှာရှိတဲ့ လူတစ်ဦးချင်းစီရဲ့ အခြားသူများအပေါ်၊ သတ္တ၀ါအားလုံးအပေါ်၊ ဒီကမ္ဘာမြေကြီး အပေါ် ထားတဲ့ မေတ္တာ တရားပေါ့နော်..။

တရားမျှတမှု့ဟာ ငြိမ်းချမ်းခြင်းရဲ့ ဖခင်ဆိုရင်မှားမယ်မထင်ဘူးနော်..။ တစ်ကယ်တော့ “ငါ” ဆိုတဲ့ လူသားအားလုံးတို့ဟာ ကမ္ဘာ့ မိသားစုဝင်တွေ မဟုတ်လား….? ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ စိတ်ဓာတ်တွေ ထားခဲ့ပြီး ကိုယ်လုပ်လိုက်တဲ့ လုပ်ဆောင်ချက်တွေရဲ့ နောက်ဆက်တွဲ ဖြစ်လာမယ့် ရလာဒ်(ဆိုး/ကောင်း)တွေ အတွက် တာဝန်ယူတတ်သူများဖြစ်ဖို့ အရေးကြီးပါတယ် ။ ကိုယ့်အသက်ရှင်ခြင်းကနေ သူတစ်ပါးရဲ့ အသက်ရှင် ရပ်တည်မှု့အပေါ် တန်ဖိုးထားလေးစား မြတ်နိုးတတ်တဲ့ မေတ္တာတရား လက်ကိုင်ထားနိုင်တဲ့ သူများဖြစ်အောင် ကြိုးစား အားထုတ်ကြရအောင်လား… ။ သူမှန်တယ် ငါမှန်တယ် ဆိုပြီး အငြင်းပွား စစ်ခင်းနေကြမယ့် အစား မေတ္တာတရားနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သွားကြရင် ပိုမကောင်းဘူးလား ?

ငြိမ်းချမ်းခြင်းရဲ့ အနစ်သာရကို ခံစားနိုင်ပြီး ငြိမ်းချမ်းခြင်းကို သယ်ဆောင်ပေးနိုင်တဲ့ လူသားဆန်တဲ့ လူပီသတဲ့ လူသားများ ဖြစ်နိုင်ကြပါစေ… ကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေ……..

မေတ္တာစက်ဝိုင်း အတွင်းမှ လူသားအားလုံးကို လေးစားချစ်ခင်လျက်…. AP

P.S>> ဒီပိုစ်လေးက မနှစ်က Peace One Day မှာရေးခဲ့တာပါ။ အခုထိ Mission Complete မဖြစ်သေးတဲ့အပြင် အသစ်တင်ဖို့လဲ ငြိမ်းချမ်းမှုအတွက် ကျွန်မရဲ့ခံစားချက်တွေ မျော်လင့်ချက်တွေ တစ်ထပ်ထဲကျနေသေးတဲ့အတွက် ဒီအဟောင်းလေးကိုပဲ ပြန်တင်လိုက်ပါတယ်။ မဖတ်သေးတဲ့ သူငယ်ချင်း တွေအတွက်တော့ အသစ်ပေါ့နော်...။ ငြိမ်းချမ်းရေးကို လူသားတိုင်းမျောင်လင့်တောင့်တကြပေမယ့် အခုထိ ခရီးမရောက်သေးတာ ရင်နာစရာပဲနော်။ cry သံလွင်ခက်နဲ့ ဂျိုးငှက်ငယ်လေးရေ... အမြန်အိမ်ပြန်လာပါတော့။


The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)