Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

ကောင်ကင်သားများ သီချင်းဆိုစေ


အဖြူရောင်နတ်သမီးလေးတွေ မွန်းမံထားတဲ့ ခရစ္စမတ်သစ်ပင်တွေ္စ္စ
Photo by AP


ကောင်ကင်သားများ သီချင်းဆိုစေ

ငါ့ရင်မှာ
ခရစ္စမတ်ခေါင်းလောင်းလေးတွေ သီးခတ်၊ကခုန်နေရဲ့။

ဒီဇင်ဘာဆိုတာ ကျွန်မအတွက်တော့
မွေးဖွားခြင်းနဲ့ ရှင်သန်မှုရဲ့ သင်္ကေတ။

လောဘ၊ရမက်တွေကြောင့် ညစ်ညမ်းနေတဲ့
ကမ္ဘာမြေတစ်ခုလုံးကို နှင်းပွင့်လိုဖြူစင်စေဖို့
ကောင်းကင်သားများ အဖြူရောင်ဝတ်ရုံ လက်ဆောင်ပေးတဲ့လ။

ရန်သူအချင်းချင်း အပြစ်လွှတ်ပြီး
မေတ္တာသီးချင်းများ သံပြိုင်သီဆိုတဲ့လ။

ပူဆွေးသောက ရောက်နေသူအတွက်
ကောင်းကင်တမန်များ တေးဆိုတဲ့လ။

သုန်ညတွေရဲ့ ပကတိတန်ဖိုးတွေ အရောင်လက်နိုင်ဖို့
မေရှီးယကိုယ်တိုင် ကမ္ဘာမြေကိုကြွဆင်းပြီး
မေတ္တာတံတားခင်းခဲ့တဲ့ လမြတ်လေးပေါ့....။

ပျော်ရွှုင်ခြင်း၊ ၀မ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းတွေ ဆောင်ပေးခဲ့တဲ့ ဒီဇင်ဘာရေ...
သင့်အပေါ်မှာ ကောင်းကြီးများနဲ့ ပြည့်စုံပါစေသော်...။


နွားညီနှောင်ခလောက်သံတွေနဲ့ အမေ့အိမ်ကိုလွမ်းမိတယ် :P
Photo by AP


*** သူငယ်ချင်းတွေအားလုံး ပျော်ရွှင်မှုအပေါင်း ခညောင်းပြီး မွေးဖွားလာတဲ့ မေရှီးယ ယူဆောင်ပေးခဲ့တဲ့ ခရစ္စမတ်လက်ဆောင်လေးတွေလဲ ရရှိပါစေ...
အားလုံးကို ချစ်ခင်လေးစားလျှက် :)
စာမေးပွဲတွေ မပြီးသေးတဲ့အတွက်ပါ မကြာခင် ဘလောက်တွေဆီ လာလည်ပါ့မယ်။
(နှင်းတွေကျနေတဲ့ ဒီဇင်ဘာနေ့ခင်းအတွက် ဒီကဗျာလေး ရင်မှာဖြစ်လာလို့ ရေးချမိတယ်။)

Scholarship For Myanmar Students in Phillipines

ဒီတစ်ပတ်ကိုတော့ အားလုံးအတွက် Scholarship တွေတင်ပေးလိုက်တယ်။ အားလုံးအဆင်ပြေပါစေ...
Phillipines မှာကျောင်းတက်ချင်တဲ့သူတွေ အတွက်ပါ။ Deadline is January 31. အကြီးကြီးကြည့်ချင်သူတွေ
ဒီမှာ နဲ့ဒီမှာ click ပါ။


PB Miriam Announcement(3)




Miriam Pack for 2009

Scholarship For Myanmar Student in Hong kong

Hong Kong မှာကျောင်းတက်ချင်တဲ့သူတွေအတွက်ပါ...။ အကြီးကြီးကြည့်ချင်ရင် Invitation letter ကြည့်ချင်ရင် ဒီမှာ Reference Form အတွက် ဒီမှာ ဒီမှာ Application form အတွက်က ဒီမှာ နောက်ဆုံးရက်: Deadline January 5
HKBU Kearny Myanmar Announcement 2009


HKBU Kearny Myanmar Application Form 2009

HKBU Kearny Myanmar Reference Form 2009

Scholarship for Myanmar Students in Thailand

ထိုင်းနိုင်ငံမှာကျောင်းတက်ချင်တဲ့ သူတွေအတွက်ပါ. ပိုကြီးကြီးဖတ်ချင်ရင်ဒီမှာ click ပါ။
Heinrich Boell Foundation Scholarships

Happy Sweet December to you all…..





ပျော်ရွင်ဖွယ်ကောင်းတဲ့ လမြတ် ဖြစ်ပါစေ…။ ခရစ္စမတ်ရောက်ပြီဆိုတာနဲ့ပဲ မသိစိတ်ထဲက ကြည်နူးပျော်ရွင်မှုကို ခံစားရတယ်။ ဒီ post အတွက် Christmas Pictures ဆိုပြီး Google မှာရှာကြည့်လိုက်တော့ အရောင်တောက်ပစုံလင်တဲ့ decoration ရယ်၊ပျော်ပွဲရွင်ပွဲဆင်နွဲ နေတဲ့ပုံတွေရယ်ကပိုများတယ်။ ကျွန်မရှာမိတာတော့ နွားစားခွက်လေးထဲက သခင်ခရစ်တော်ကိုရှာတာ ပုံနဲနဲပဲတွေ့တယ်။ အဲဒါနဲ့အတော်စိတ်မကောင်းဖြစ်သွားတယ်။ ဒီနေ့မြို့ထဲကအပြင်အဆင်တွေလဲ ခရစ္စမတ်အပြင်အဆင်တွေနဲ့ ပြောင်းလဲသွားပြီးမို့ လိုက်ငေးဖြစ်တယ်။ အတူတူပဲ လှပတဲ့ပြင်ဆင်မှုတွေအလယ် သခင်ယေရူက နေရာမရနေပြန်ဘူး။ဒါနဲ့ ကျွန်မကိုယ်ကျွန်မ ပြန်မေးလိုက်တယ် သခင်ခရစ်တော် မွေးဖွားဖို့နေရာပေးခဲ့တဲ့သူ ကျွန်မဖြစ်ပြီလားပေါ့။တကယ်တော့ ခရစ္စမတ်ဟာ လောကီသားတွေ ကိုအပြစ်နွံထဲက ကယ်တင်ဖို့ မွေးဖွားလာတဲ့သခင်ခရစ်တော်ရဲ့မွေးနေ့မြတ်ပါ။ ဒီလိုရာသီမှာအချင်းချင်း မေတ္တာပြတဲ့အနေနဲ့ ခရစ္စမတ်လက်ဆောင်တွေပေးကြတာဟာ သခင်ခရစ်တော်ကျွန်မတို့အားလုံးအတွက် ယူဆောင်ပေးခဲ့တဲ့ ချစ်ခြင်းမေတ္တာလက်ဆောင်ကို နမူနာယူပြီး အခြားသူများကိုမေတ္တာပြတဲ့အနေနဲ့ အချင်းချင်းလက်ဆောင် လေးတွေဝေကြတာပါ။ ခရစ်ယာန်ဘာသာရေးပွဲဖြစ်တဲ့ အတွက်ဆင်နွဲရခြင်းရဲ့ အနစ်သာရကို နဲနဲမျှဝေလိုက်ခြင်းပါ။ ကျွန်မတို့အားလုံးသိပီးသားအကြောင်း ဖြစ်ချင်ဖြစ်မယ်၊ အမှုမဲ့အမှတ်မဲ့
ခရစ္စမတ်ကိုသာ ၀င်ဆင်နွဲနေသူဖြစ်ခြင်းဖြစ်မယ် ဘာပဲဖြစ်ဖြစ် ကျွန်မတို့ပါဝင်ဆင်နွဲတဲ့ပွဲတော်ရဲ့ အနှစ်သာရလေး ကိုမေ့သွားတတ်ကြတယ်နော်....... :(

The Redneck Christmas Tree













ခရစ္စမတ် သစ်ပင်လုပ်ဖို့ Fund လိုနေတဲ့လူတွေသူငယ်ချင်းတွေအတွက် :P
ကျောင်းကသူငယ်ချင်း FW လုပ်လာတဲ့ ပုံတွေပါ။ Good ideas now?

ဒီလိုအားလုံးဝမ်းမြောက်ဝမ်းသာတဲ့ ဒီလကိုပဲ The World Health Organization (WHO) အဖွဲ့ကမျော်လင့်ချက်ကင်းမဲ့နေတဲ့ AIDS ဝေဒနာရှင်များနေ့အဖြစ် ၁၉၈၈ ကတည်းက သတ်မှတ်ကျင်းပခဲ့တာ ဒီနှစ်ဆိုရင် အနှစ် ၂၀ ရှိပြီးဖြစ်ပါတယ်။ အချိန်အနှစ် ၂၀ ကြာလာတာနဲ့အမျှ ၂၀၀၇ မှာ WHO ရဲ့ကောက်ယူခဲ့တဲ့ စရင်းအရ ကမ္ဘာတစ်ဝန်းးမှာ AIDS ဝေဒနာရှင်ပေါင်း ၃၃ သန်းကျော်က ဒီရောပါနဲ့ အသက်ရှင်နေရပြီးဖြစ်ကြောင်း WHO ရဲ့စစ်တမ်းအရ သိရှိရပါတယ်။ ဒီရောဂါဝေဒနာဆိုးကြီးပြန့်ပွားလာတာနဲ့အမျှ ဝေဒနာရှင်များကို ကူညီပံ့ပိုးရေး NGOs နဲ့ နိုင်ငံအသီသီက အစိုးရတွေလဲ အရေးတယူဆောင်ရွက်ကူညီနေကြပါပီ။ ဒါပေမဲ့ အားလုံးသိတဲ့ အတိုင်းအခုထိ သုတေသီများအနေဖြင့် ပျောက်ကင်းအောင်ကုသနိုင်တဲ့ဆေးရှာမတွေ့သေးပါ။ တင်ကြိုကာကွယ်ရန်မှတပါး အခြားနည်းမရှိသေးတဲ့အတွက် အားလုံးလဲသတိနဲ့ မိမိကိုယ်ကိုကာကွယ် ကြရဖို့သာကျန်ပါတယ်။ သွေးအချင်းချင်းနဲ့ ခန္ဒာကိုယ်က ထွက်တဲ့အရည်အချင်းချင်း မထိတွေ့မိဖို့တော့ အရေးကြီးပါတယ်။ ကာမဆက်ဆံခြင်းနဲ့၊ သွေးသွင်းခြင်း၊ မသန့်တဲ့ ဆေးထိုးအပ်တွေ ကတဆင့်ကူးဆက်မှု အမြန်ဆုံးဖြစ်တဲ့ အတွက် တစ်ခဏတာ သာယာမှုအပေါ်အလေမလိုက်မိဖို့နဲ့ သန့်စင်သောဆေးထိုးအပ်နဲ့ သွေးများကို သာသွင်းမိစေဖို့တော့ အထူးဂရုပြုသင့်ပါတယ်။ အိမ်ထောင်မတည်ခင် ဆေးစစ်ခြင်းနဲ့၊ အိမ်ထောင်တည်များအနေနဲ့ တစ်ဦးပေါ်တစ်ဦး သစ္စာရှိစွာပေါင်းသင်းဖို့ အလွန်ပင်အရေးကြီးပါတယ်။


ဒီလိုသတိနဲ့နေဖို့ပြောတဲ့ အခါ AIDS ဝေဒနာရှင်များကို ရှောင်ဖယ်သွားဖို့မဟုတ်ပါဘူး။ အမှန်တော့ ဝေဒနာရှင်တွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုအများကြီးလိုပါတယ်။ မိသားစုသူငယ်ချင်းတွေရဲ့ နားလည်ဖေးမမှုတွေ ကသူတို့အတွက်အားပါ။ AIDS ဝေဒနာရှင်များနဲ့ အတူနေထိုင်စားသောက်ခြင်းအားဖြင့် ရောဂါမကူးနိုင်ပါ။ အားလုံးသိ ပြီးသားဖြစ်မှာပါ။အကျဉ်းချုပ်အနေနဲ့သာသင်ပြလိုက်ပါတယ်။ AIDS အကြောင်းပိုသိလိုသူများ ဒီမှာ
Click ပါ။ မြန်မာပြည် AIDS တစေ့တစောင်းကိုတော့ မအိခင်ရေးသားထားပါတယ်။ စိတ်ဝင်စားတဲ့ သူများသူ့ဘလောက် (ဒီ post) လေးကိုဖတ်ကြည့်ပါ။


Reference: The World Health Organization (WHO)
Baby Jesus picture from here.

သူငယ်ချင်းတွေအားလုံး ဒီခရစ္စမတ်မှာ သခင်ခရစ်တော် ကျွန်မတို့အတွက်ယူဆောင်လာတဲ့ ပျော်ရွှင်ခြင်း၊ ငြိမ်သက်ခြင်း၊ ချစ်ခြင်း ဆုကျေးဇူးများနဲ့အတူ သူငယ်ချင်းတွေမျော်မှန်းထားတဲ့ ဘ၀မှတ်တိုင်တွေကိုလဲရရှိ နိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။

ဆက်လက်ကြိုးစားပါအုံးမည်..
Apprenticeship

AAUW International Women Scholarship

ဒီတစ်ပတ်တော့ မိန်းကလေးတွေအတွက် သီးသန့် Scholarship တစ်ခုအကြောင်းကို မျှဝေချင်ပါတယ်။ American Women University ကပေးတဲ့ ပညာသင်ဆုပါ။ Graduate နဲ့ Postgraduate ကျောင်းသူတွေအတွက်ဖြစ်ပြီး အမေရိကန်တွေဖွင့်ထားတဲ့ University (any country as long as it is American University) တက်၊ ဒါမှမဟုတ် research လုပ်နေတဲ့ ကျောင်းသူတွေအတွက်ပေးတဲ့ ပညာသင်ဆုပါ။ Graduate နဲ့ Postgraduate အတွက် ကျောင်းတွေကနေတိုက်ရိုက်ပေးတဲ့ Full Scholarship တွေမရှိသလောက်ပါ။ အဲဒီအတွက် Graduate နဲ့ Postgraduate တက်ဖို့အားပြင်နေတဲ့ သူငယ်ချင်းတွေအနေနဲ့ ဒီလိုအပြင်အဖွဲ့အစည်းတွေကပေးတဲ့ Scholarship တွေကို ပြန်လျှောက်ရပါတယ်။ စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေ ဒီလင့်ကို click ပါနော်။ Deadline က ဒီဇင်ဘာ ၁ ရက်နေ့ပါ။ Application Form ကို online ကနေပဲတင်ရပါတယ်။ ဒီမှာ အပြည့်အစုံရှိပါတယ် သူတို့ပေးတဲ့ $$$ များသလို ရေးခိုင်းတဲ့ Essay တွေလဲ အများကြီး။ Essay အတွက် Ideas တွေလိုချင်ရင်လဲ AP အနေနဲ့ နဲနဲပါးပါးကူလို့ရပါတယ်။ မနှစ်တုံးက ဒီအချိန်ခေါင်းရှုပ်ခံခဲ့တာ အဖတ်တင်သွားတယ်။အဲ့ဒီအတွက် သူတို့ဘယ်လို Candidate ကိုရှာလဲဆိုတာ နဲနဲသိလိုက်တယ်ပေါ့။။ မေးချင်တာ ရှိရင် အားမနာနဲ့နော်။ အဆင်ပြေပါစေ....

International Fellowships
2009-2010 Academic Year
Master's/Professional Fellowship $18,000
Doctorate Fellowship $20,000
Postdoctoral Fellowship $30,000

Applications available* Aug. 15 - Dec. 1, 2008
Application deadline*

December 1, 2008
Fellowship year July 1, 2009 - June 30, 2010

International Fellowships are awarded for full-time study or research in the United States to women who are not United States citizens or permanent residents. Both graduate and postgraduate study at accredited institutions are supported. Several fellowships are available for study outside of the U.S.

ဆက်လက်ကြိုးစားပါအုံးမည်
Apprenticeship

ပဓာနကျတဲ့ ငါတို့

ပဓာနကျတဲ့ ငါတို့

တကယ်တော့
ကံကြမ္မာဆိုတာ object လေးတစ်ခုပါ။
subject ဖြစ်တဲ့ ငါတို့
active နဲ့ passive verb တွေကို သေချာသုံးတတ်ဖို့တော့
ပဓာနကျတယ်။
မနေ့ကအဖြစ်တွေကို သင်ခန်းစားယူပြီး
ဒီနေ့အတွက်
အကောင်းဆုံး ပေးဆပ်နေသူ အတွက်
ကံကြမ္မာက မျက်နှာပေးစမြဲမို့
မနက်ဖြန်ရေ.......
မင်းအတွက် မျော်လင့်ခြင်းတွေ တည်ဆောက်နေတယ်
ယုံကြည်မှု အပြည့်နဲ့
လှမ်းခဲ့ပါတော့။


ဆက်လက်ကြိုးစားအုံးမည်.
Apprenticeship

ခေတ်အစားဆုံးလူတစ်ယောက်

To a new pasture….. Change has come.
Align Center

အခုတလောသတင်းစာနဲ့သတင်းတွေမှာ ခေတ်အစားဆုံးလူတစ်ယောက်ကို ပြောပါဆိုလျှင် အရွေးချယ်ခံ သမ္မတ အိုဘားမား ဆိုလျှင်ကန့်ကွက်မည့်သူ ရှိမည်မထင်ပါ။ ကန့်ကွက်မည့်သူရှိပါက “Yes, we can.” ဟဲဟဲ…
ကျွန်မ ရဲ့အမေရိကန်သမ္မတရွေးကောက်ပွဲအပေါ်စိတ်ဝင်စားမှုကို Democratic သမ္မတ
လောင်း Al Gore နဲ့ လက်ရှိသမ္မတ Bush တို့ရဲ့ယှဉ်ပြိုင်ပွဲကို မြန်မာနိုင်ငံ American Center မှာသွားကြည့်ဖြစ်ကတည်းက စခဲ့တာပါ။ အဲဒီအချိန်တုံးက အမေရိကန်ရဲ့ နိုင်ငံရေးဖွဲ့စည်းပုံ
တွေ အသေအချာ မသိသေးတဲ့အတွက်သိပ်နားမ လည်ဘူး။ ဘယ်သူ့ကို ထောက်ခံရမှန်းလဲ
မသိခဲ့ဘူးပေါ့။ (တကယ်တမ်းပြောရရင် နိုင်ငံရေးတွေကိုအသေအခြာနားမလည်ဘူး..နားလည်
ရင်ထောင်နန်းစံရတာကများတယ်လေ။ AP တို့ကကြောက်ကြောက် :P ။)

သမ္မတ Bush ဒုတိကတစ်ခေါက်ပြန်အရွေးခံတော့ အမေရိကမှာ ကျောင်းတက်နေပီမို့ campaign တစ်ခုလုံးကို အသေ အချာသိလိုက်ရတယ်။ အဲဒီတစ်ခေါက်တော့ Democratic သမ္မတလောင်း Kerry နဲ့ သမ္မတ Bush လိင်တူဆက်ဆံမှုတွေနဲ့ National Security တွေကအဓိက Issues တွေအနေနဲ့သပိတ်လုပ်ပြီး သမ္မတ Bush ကပဲအနိုင်ရသွားတယ်။ တကယ်ဆိုအဲဒီအခေါက်ကတည်းက အမေရိကန်အတော်များများ သမ္မတ Bush ရဲ့ဦးဆောင်
မှုကို မကြိုက်တော့ဘူး ဒါပေမဲ့ Democratic သမ္မတလောင်း Kerry က လိင်တူဆက်ဆံမှုကို
သရေ၀င်ထောက်ခံတဲ့ အပြင် သူကိုယ်တိုင် မိန်းမနှစ်ယောက်ရှိတာမို့ အမေရိကန်အတော်
များများက Kerry ကိုမကြိုက်ကြဘူး။ သမ္မတ Clinton ရဲ့မိန်းမရှုပ်ထွေးမှုကတည်းက အမေရိ
ကန်အတော်များများက မိန်းမရှုပ်ထွေးမှုကိစ္စကိုအတော် အလေးထားကြတယ်လေ။ ဒီလိုနဲ့ လက်ရှိသမ္မတ Bush နေရာလေးတည်မြဲနေခဲ့တာ အမေရိကန်တွေအတော်များများ လက်ရှိ
သမ္မတ Bush အိမ်ဖြူတော်ကထွက်သွားမဲ့နေ့ကို လက်ချိုးရေတွက်နေကြတယ်။ (တကယ်တော့ Bush သနားပါတယ်နော်.. သူလဲ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်ဦး
ဆောင်နေခဲ့တာပဲ။ သမ္မတသက်တမ်းရှစ်နှစ်အတွင်း သူရုပ်အတော်အိုသွားလိုက်တာ။ သူလဲမအိပ်မနားပေးဆပ် လုပ်နေတာ သိတာထင်ရှားပါတယ်။ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံကို ဦးဆောင်ဖို့ အတတ်နိုင်ဆုံးကျိုးစားနေတာနဲ့ မလုံလောက်ဘူးဆိုတာသက်သေထူနေလေရဲ့) တစ်ချိန်ထဲမှာပဲ Republic ပါတီပြန်အနိုင်ရသွားမှာကိုလဲ လူတွေတော်တော်များများ
ကြောက်ရွံ့နေကြတယ်။ တကယ်တော့သမ္မတ Bush ရဲ့ဦးဆောင်မှုအောက်မှာ အမေရိကန်
စီပွားရေး အရမ်းကိုထိုးကျဆင်းသွားတဲ့ အပြင် အီရတ်စစ်ပွဲရဲ့ကုန်ကျစရိတ် ကြီးကလဲပိနေ
တယ်။ ဒီကြားထဲ အီရန်နဲ့ ပါကစ်စတန် အရေးကလဲနောက်ထပ် စစ်မြေပြင်အသစ်လိုဖြစ်နေ တဲ့အချိန်သမ္မတလောင်း McCain နဲ့ အရွေးချယ်ခံသမ္မတအိုဘားမားတွေရဲ့ ရွေးကောက်ပွဲ
ယှဉ်ပြိုင်မှုတွေက အတော်ကိုပြင်းထန်ခဲ့ပါတယ်။

အဖြူအမဲ အသားအရောင်ခွဲခြားမှုမရှိတော့ဘူးလို့ ကြေငြာခဲ့တဲ့ အမေရိကန်လူဖြူတွေအတွက်
လူမဲသမ္မတရဲ့ဦးဆောင်မှုကိုလိုက်ဖို့အတွက် မဟာသွေးကြောက်မှု တွေဖြစ်နေခဲ့တာ စိတ်မ
ကောင်းစရာပဲ။ ရွေးကောက်ပွဲ မဲထည့်ဖို့ အချိန်ရောက်လာတဲ့အထိ အမေရိကန် လူဖြူတွေ
အတွက် လူမဲသမ္မတ တစ်ယောက်ကိုမဲထည့်ဖို့ တွေဝေနေ ခဲ့ကြတာပါ။ တကယ်တော့ အမေရိကန်တော်များများက Democratic သမ္မတလောင်းတစ်ဦးဖြစ်တဲ့ Mrs. Clinton ကိုသမ္မတဖြစ်စေချင်ခဲ့တာပါ။ ခုထိတောင် ရွေးကောက်ခံသမ္မတ အိုဘားမားကို နောက်တစ်
ခေါက် ရွေးကောက်ပွဲမှ ၀င်ပြိုင်သင့်ကြောင်း၊ Mrs. Clinton ကိုဦးစားပေးခဲ့သင့်ကြောင်း
ပြောနေတဲ့သူတွေရှိနေဆဲပါ။ တကယ်တော့ ဒီနှစ်သမ္မတရွေးကောက်ပွဲကို Mrs. Clinton ကို ရာထားခဲ့ကြတာပါ..။

ဒါပေမယ့်ဒီလို အခက်အခဲတွေကြားကပဲ ဘာလို့အိုဘားမား အရွေးချယ်ခံသမ္မတအဖြစ် ရောက်သွားလဲဆိုတာတော့ စနစ်တကျဖွဲ့စည်းထားတဲ့ campaign နည်းလမ်းတွေကြောင့်
လို့ပြောရင်ရပါတယ်။ အရွေးချယ်ခံသမ္မတ အိုဘားမားကိုတိုင် သူ့ရဲ့အောင်မြင်မှုဟာ Campaign Manager နဲ့ Volunteers လုပ်သူတွေကြောင့်ဖြစ်တယ်လို့ election night speech ပေးတုံးကပြောကြားခဲ့တဲ့အပြင် ဒီ campaign ဟာ “probably one of the best political campaign” ဖြစ်တယ်လို့ချီးကျူးခဲ့ပါတယ်။



အတုယူသင့်သော အရွေးချယ်ခံသမ္မတ အိုဘားမားဧ။် Campaign နည်းများ
၁) အခြေအနေနဲ့ အချိန်အခါတွေကို သေချာနားလည်ပြီး အဲဒီအချိန်အခါနဲ့ကိုက်ညီမဲ့ အရေးပါမှုတွေကိုခွဲခြား၊ ဦးစားပေးတတ်တယ်။ (ဥပမာ.. campaign အစပိုင်းမှာ national security နဲ့ immigration တွေက အရမ်းအရေးကြီးတဲ့ ခေါင်းစဉ်အနေနဲ့ပါဝင်ခဲ့ပေမဲ့ campaign နောက်ပိုင်းမှာ စီပွားရေး၊ ကျန်းမားရေးအားမခံကြေးနဲ့ ပညာရေးတွေကို ပြည်သူတွေအဓိကအဖြစ်မြင်တတ်လာဖို့ အိုဘားမားလုပ်နိုင်ခဲ့တယ်။ တကယ်တမ်း immigration နဲ့ National Security တွေကသာ အဓိကကျတဲ့ ခေါင်းစဉ်တွေဖြစ်ခဲ့မယ်ဆိုရင် McCain နိုင်ဖို့အလားအလားပိုရှိမလားလို့???) (နောက်ပြီး online;Obama everywhere မှာကြည့်ပါ; ခေတ်စားချိန်မှာ campaign အတွက် မီဒီယာကို အကောင်းဆုံးအသုံးချသွားတယ်)

၂) လူငယ်ကျောင်းသားတွေနဲ့စခဲ့တယ်… ( တကယ်တော့ လူငယ်တွေက နိုင်ငံတစ်ခုရဲ့
အင်အားစုတွေမဟုတ်လား။ အသက်အရွယ်ကြီး လာတဲ့မိဘတွေ အရွယ်ရောက်လာတဲ့ သားသမီးတွေရဲ့အလိုကို မသိမသာလိုက်တတ်ကြတယ်လေ… လူငယ်တွေရဲ့စွမ်းပကားနဲ့ ပညာတွေကို အားကိုးတတ်လာတာထင်ပါ့)

၃) အိုဘားမားရဲ့ policy တွေက Middle class နဲ့ lower class တွေအတွက် အဓိကဖြစ်ခဲ့တယ်။ (နိုင်ငံတစ်ခုရဲ့ လူများစုတွေပေါ့) နိုင်ငံတကာ policy တွေက သံတမန်နည်းကိုအခြေခံတာယ်။ စစ်အင်းအားကို အမှီမပြုဘူး။ ငြိမ်းချမ်းရေးအတွက် အခွင့်ရေးပေါ့.......။

၎) campaign ဖွဲ့စည်းပုံတွေက Grassroots movement ဖြစ်တယ်။ (ခေါင်းဆောင်းပိုင်းကို တစ်ချိန်လုံးဝေဖန်နေတာမဟုတ်ဘူး။ အခြေခံလူတန်းစားတွေရဲ့ ကျဆုံးနေတဲ့ အခွင့်အရေး
တွေကို များများပြောပြီးမိမိရဲ့ကျရှုံးနေတဲ့ အခွင့်အရေးတွေအတွက် မိမိရပ်တည်တောင်းဆို
ရမှာဖြစ်ကြောင်းပြောခဲ့တယ်။ အခြေခံလူတန်း စားနဲ့လူလတ်တန်းစားတွေရဲ့ လုပ်အားစွန်း
ပကားနဲ့ အမေရိကန်ကိုတည်ဆောက်ထားတဲ့ အဓိက စီးပွားရေး အင်းအားတွေ ဖြစ်ကြောင်း
မကြာခဏပြော။ အိုဘားမားရဲ့ campaign သည်သူ့အောင်မြင်မှုအတွက်မဟုတ် ကျရှုံးနေတဲ့ အခြေခံနဲ့လူလတ်တန်းစားတွေအတွက် အောင်ပွဲဖြစ်ကြောင်းမကြာခဏပြောကြား။ သည်လိုပြောကြားခြင်းအားဖြင့် သူ့ campaign သည်သူတို့ ပြည်သူတွေရဲ့ campaign ဖြစ်ကြောင်းသိစေခဲ့တယ်။ ဒီနည်းက သူ့ campaign အတွက် ပြညသူတွေအားလုံး grassroots movement မှာပါဝင်လာဖို့ တွန်းအားတွေဖြစ်ခဲ့
တယ်။)

၅) သူနဲ့ဆန့်ကျင်ဘက် အမြင်မတူတွေရဲ့ အမြင်တွေကို အလေးထားနားထောင်းပြီး သူ့
Campaign မှာပါဝင်လာအောင်လုပ်နိုင်တဲ့စွမ်းအား အိုဘားမားဆီမှာရှိတယ်။ ဥပမာ…ပါတီမတူတဲ့ Republic ပါတီကအားလုံး လေးစားတဲ့ အတွင်းရေးမူးဟောင်း Colin ရဲ့တရာဝင်ထောက်ခံမှုကိုရတယ်။ တစ်ခြားနာမည်ကြီး republic ပါတီခေါင်းဆောင်တွေရဲ့ ထောက်ခံမှုကိုလဲရအောင်ယူခဲ့တယ်။ သူပြိုင်ဖက်ဖြစ်တဲ့ Mrs. Clinton ကိုယ်တိုင်ရဲ့ ထောက်ခံ
မှုကို ရတဲ့အပြင် Mrs. Clinton ကိုယ်တိုင် အရွေးချယ်ခံသမ္မတ အိုဘားမားအတွက်campaign
တွေလုပ်ပေးခဲ့တယ်။

၆) အိုဘားမားဟာ မှားခဲ့တဲ့အမှားအတွက် တောင်းပန်ဖို့ ၀န်မလေးဘူး။ သူ့ပါတီအနိုင်ရပြီး
တဲ့နှောက်ရော Campaign လုပ်နေတဲ့ လျှောက်သူပြောတာလွန်သွားတာများရှိရင် အသေ
အချာ တောင်းပန်တယ်။ အဲဒီလိုသူတောင်းပန်တဲ့ အကြောင်းတွေလဲ Private မဟုတ်ဘူး အားလုံးလူသိရှင်ကြား သတင်းမီဒီယာတွေကနေ တောင်းပန်တယ်။

ရ) အမှန်တရားကိုလက်ခံပြီး အဲဒီအမှန်တရားကို အကောင်အထည်ဖော်တယ်။ ဥပမာ… ရွေးကောက်ပွဲအောင်ပွဲခံတဲ့ညရဲ့မိန့်ခွန်းမှာ လူတွေမျော်လင့်တဲ့ ပြောင်းလဲမှုဟာလွယ်လွယ်နဲ့ ရောက်လာမှာမဟုတ်ကြောင်း တစ်နှစ်ထဲနဲ့မပြီးနိုင်ကြောင်း၊ သူ့သမ္မတ ပထမသက်တမ်း
(၄ နှစ်) နဲ့တောင်ဖြစ်ခြင်မှဖြစ်လာမှာ ဖြစ်ကြောင်းနဲ့ ဒါပေမယ့် အဲဒီပြောင်းလဲမှုဖြစ်ပေါ်
လာအောင် သူလုပ်မှာဖြစ်ကြောင်းပြောကြားသွားတယ်။ (တကယ်တော့ ၈နှစ်လုံးလုံး policy မှားယွင်းခဲ့တဲ့ အစိုးရတစ်ခုကိုလမ်းကြောင်းမှန်ပြန်ရောက်ဖို့ လုပ်တဲ့အလုပ်က မလွယ်ကူ တဲ့အလုပ်ပါ။)

၈) အသေးအမွှားကအစ ကတိတည်သူဖြစ်သည်။ သူ့သမီးနှစ်ယောက်ကို ရွေးကောက်ပွဲ
အနိုင်ရရင် ခွေးကလေး လက်ဆောင်ပေးမယ်လို့ကတိပေးထားတာကို သူ့ ရွေးကောက်ပွဲ အောင်ပွဲခံမိန့်ခွန်းပြောတဲ့ညမှာ ထည့်ပြောခဲ့တယ်။ အခုသတင်းတွေက အိုဘားမား ဘယ်လို ခွေးမျိုးကို အိမ်ဖြူတော်ခေါ်သွားမလဲဆိုတာရေးနေကြပီ။

၉) ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်တတ်သူဖြစ်တယ်။ (ဥပမာ….သူ့ ရွေးကောက်ပွဲအောင်ပွဲခံမိန့်ခွန်းပြောဖို့မထွက်ခင် campaign မှာပါဝင်ကူ
ညီခဲ့တဲ့ volunteers’ တွေဆီ email ပို့ပြီး ကျေးဇူးတင်ကြောင်း mail ပို့ခဲ့တယ်။)

၁၀) မိမိကိုယ်ကို ပညာပေးနိုင်မဲ့လူတွေနဲ့ အမြဲဝန်းရံစေခဲ့တယ်။ (ဥပမာ-- Vice President နေရာကို ဘယ်သူများရွေးမလဲလို့လူတွေအားလုံး စိတ်ဝင်စားနေချိန်မှာ သူ့ထက်အများကြီး အတွေ့အကြုံပိုများပြီး အသက်ပိုကြီးတဲ့ Joe Biden ကို ရွေးခဲ့တယ်။

အချုပ်အားဖြင့်ပြောရသော အရွေးချယ်ခံသမ္မတအိုဘားမားသည် စိတ်ဓာတ်ကြံခိုင်ပြတ်သား
သူဖြစ်တယ်။ သူနှစ်သက်စွဲလမ်းစွားသောက်ခဲ့တဲ့ ဆေးလိပ်ကို ရွေးကောက်ပွဲဝင်ဖို့အတွက်
ဖြတ်ခဲ့တယ်။ နားထောင်ခြင်းစွမ်းအားအလွန်ကောင်းသူ၊ သင်ယူဖို့ရန်ဝင်မလေးသူဖြစ်သည်။ အဲဒီနားထောင်ကောင်းတဲ့ စွမ်းအားတွေကြောင့် သမ္မတ debate တွေမှာ အသင့်လျှော်ဆုံး
အဖြေတွေကိုသူပေးနိုင်ခဲ့တယ်။ အဲဒီအဖြေတွေကသူ့ကိုသံသယနဲ့စောင့်ကြည့်နေတဲ့ အမေရိကန်ပြည်သူတွေနဲ့ အိုဘားမားကြားက တံတားကောင်းတွေဖြစ်ခဲ့တယ်။ အမေရိကန်
သမိုင်းအပြင် ကမ္ဘာ့သမိုင်းကို ကျွမ်းကျင်စွားသိတဲ့အပြင် အဲဒီသမိုင်း အထောက်အထားတွေကို Speech (စကားပြော) ပေးတဲ့နေရာမှာအကွက်ကျကျ ထည့်သွင်းပြောတတ်တယ်။ Speech ပေးတဲ့အတတ်ကျွမ်းကျင်လိမ္မာသူလဲဖြစ်တယ်။ အမေရိကန်သမ္မတ ဟောင်း Kennedy ပြီးရင် Speech ပေးတဲ့နေရာ နောက်ထပ် အရည်အချင်းအရှိဆုံးနဲ့အကျွမ်းကျင်ဆုံးဖြစ်ကြောင်း အမေရိကန်အများစုလက်ခံကြတယ်။

ဘာပဲဖြစ်ဖြစ်အိုဘားမားနိုင်သွားတဲ့ အတွက်ကျွန်မ အရမ်းကိုဝမ်းသာမိတယ်။ မြန်မာနိုင်ငံ
အတွက်ပိုမို ကောင်းမွန်တဲ့ Policy အသစ်တွေနဲ့ ချဉ်းကပ်နိုင်ပါစေလို့ ဆုတောင်းနေတယ်။ တကယ်တော့ သမ္မတ Bush က Foreign Diplomacy မှာသိပ်မကျွမ်းကျင်ခဲ့တာပါ။ ကျွန်မအတော် ဒေါသထွက်ခဲ့တယ် နားဂစ်မုန်းတိုင်းကြီးဖြစ်လို့ သမ္မတ Bush ကယ်ဆယ်ရေး
အလူငွေပေးတဲ့နေ့မှာပဲ အောင်ဆန်းဆုကြည်အတွက် ဂုဏ်ပြုလွာကို လက်မှတ်ရေးထိုး
ခဲ့တယလေ။ ရလတ်က မြန်မာအစိုးရ အမေရိကန်ကပို့တဲ့ စစ်သဘောင်္ကအကူအညီတွေနဲ့ အလှူငွေတွေငြင်းဆန်လိုက်တာပေါ့။ တကယ်တမ်းဖြစ်သင့်တာတော့ ပေါက်ပြဲနေတဲ့ သံတမန်ကိုအရင် တည်ဆောက်သင့်တာပေါ့။ နောက်မှပဲသူပြောချင်တဲ့ နိုင်ငံရေးတွေပြော
ချင်ပြောပေါ့။ ဒီနေရာမှာ သူငယ်ချင်းတွေ Argument လုပ်မယ်ဆိုလုပ်လို့ရပါတယ်။ “ဘာပဲ
ဖြစ်ဖြစ် အကူအညီတွေအရမ်းလိုနေတဲ့ မြန်မာအစိုးရ ကလက်ခံခဲ့ဖို့သင့်တယ် ဆိုတာပေါ့။" သာမန်အားဖြင့်ဆိုရင် အဲဒီ Argument ကမှန်ပါတယ်။ ဒါပေမယ့် တစ်ခု ကျွန်မတို့ အားလုံး သိသင့်တာက မြန်မာအစိုးရရဲ့ psychology and philosophy လိုအပ်ချက် ဒါမှမဟုတ်
(….)ပဲ။ ပြောပြအုံးမယ်။ နာဂစ်ဖြစ်တုံးက ကျွန်မကို အမေရိကန်သူငယ်ချင်း တစ်ယောက် ကဘာလို့မင်းတို့အစိုးရက အကူအညီကိုလက်မခံတာလဲလို့ ကျွန်မကိုမေးတယ်။ ကျွန်မ လဲဘားမှပြန်မပြောချင်တာနဲ့ ငြိမ်နေတာ မြန်မာပြည်မှာ volunteer လုပ်ဘူးတဲ့ သူငယ်ချင်း တစ်ယောက်က ကျွန်မကိုယ်စား ဖြေပေးခဲ့တာက “because they are special."တဲ့။ သူပြောတဲ့ Special ဆိုတဲ့အဓိပါယ်ကိုသိနေတဲ့ ကျွန်မ ဘားမှပြန်မပြောနိုင်ခဲ့ဘူး အနေခက် တဲ့အခါပြုံးတဲ့ ရှုံ့မဲ့အပြုံးနဲ့သာ တုန့်ပြန်နေခဲ့တယ်။ ဟုတ်တယ်လေ What can I say at that point???


အချက်တွေက ကျွန်မရဲ့ အမြင်များသာဖြစ်တဲ့အတွက် သူငယ်ချင်း တွေနဲ့ အမြင်မတူတာရှိရင် ခွင့်လွတ်စေချင်ပါတယ်။ အမြင်မတူတာလေးတွေရှိရင်လဲ ပြော သွားနော်…. ကျွန်မတော့ မတူညီမှုတွေကို တန်ဖိုးထားတယ်။ မတူညီမှုတွေတစ်ခုစီရဲ့ လှပမှု တွေကတကယ်လှပတယ်။ မယုံရင်စပ်ကြည့်။ :D :) ဒီတစ်ခါ campaign တစ်ခုလုံးလိုက် လေ့လာနေခဲ့တာ အကျိုးရှိသွားတယ်... Change has come... yae....

အိုဘားမားကို တစေ့တစောင်းကြည့်ချင်ရင် ဒီမှာ click. သူ့ policy သိချင်ရင် ဒီမှာ click... Obama ပစ္စည်းတွေဝယ်ချင်ရင်တော့ ဒီမှာ။ တခြားလိုချင်တာတွေကို အဲဒီ .com တွေမှာရှာလို့ရတယ်.. ဟိုကလစ်ဒီကလစ်သာလုပ်...

Reference: I got these pictures from Google.

ဆက်လက်ကြိုးစားအုံးမည်..
Apprenticeship

Scholarship For Master of Public Health

Public Health အတွက် Scholarship Information ပါ..။ University of the Philippines, Manila ကပေးတာပါ။ အောက်မှာဖေါ်ပြထားတဲ့ Fields တွေအတွက်ပေးတာပါ။ အပြည့်အစုံကို ဖတ်ကြည့်ရအောင်နော်။
ဒီ PDF လိုပုံစံလေးဖြစ်လာအောင်ကူညီပေးတဲ့ ဖိုးဆိတ်ဖြူလေးရေ ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Master of Public Health
Masters of Science in Public Health Program in
• Biostatistics
• Epidemiology
• Environmental Health
• Nutrition
• Medical Microbiology
• Medical Parasitology
Masters of Occupational Health
Masters of Science in Epidemiology
Masters of Rehabilitation Science
Masters of Health Professions Education
Masters of Arts in Health Policy Studies
Masters of Hospital Administration
Download ယူနိုင်ဖို့ ဒီမှာ click ပြီးယူနိုင်ပါတယ်

MPH Application Form ဒါမှမဟုတ်လဲ ဒီမှာ click နော်...

စကားပြောသောသစ်ရွက်များ......


အမေရိကမှာရှိတဲ့ အနှစ်သက်ဆုံးများကို ပြောပါဆိုရင် Fall အလှနဲ့ Spring အလှတွေက ကျွန်မကိုအတော် ဖန်းစားနိုင်လွန်းပါတယ်.. ဒီလိုပဲလှပတဲ့ ပတ်ဝန်းကျင်တွေကို အားလပ်ချိန်တွေမှာ စက်ဘီးကလေးနဲ့လှည့်ပတ်ပီး အမှတ်တရ ဓါတ်ပုံတွေ ရိုက်ရင်းကနေ သစ်ရွက်လေးတွေ၊သစ်ပင်တွေနဲ့ စကားပြောဖြစ်ခဲ့တယ်...။ Spring တုံးကရိုက်ခဲ့တဲ့ ပုံတွေတော့ အကြောင်းအမျိုးမျိုးကြောင့်မတင်ခဲ့ဘူး။ တင်ဘို့နောက်ကျသွားတာမို့ နောက်နှစ် မှပဲတင်တော့မယ်နော်..။ အခုတော့ Fall အလှလေးတွေကိုခံစားရင် သူတို့တွေနဲ့ စကားပြောကြည့်ရအောင်။ AP ပေါက်သွားပီးလို့တော့မထင်လိုက်နဲ့နော်..။ ကြောက်ကြောက် :D :) :P

သူတို့လေးတွေပေါ့ ကြွေခသွားမှာကိုတောင် မမူဘူး။ အစွမ်းကုန် အလှဆင်နေကြလေရဲ့။
နောက်ဆုံးထွက်သက်အထိ သစ္စာရှိထားတယ်ဆိုတာ AP ကိုပြောပြနေကြတယ်လေ။
အားကျစရာနော်..။







သူတို့လေးတွေက လုပ်ဆောင်မှုတိုင်းမှာ တန်ပြန်မှုရှိတယ် ဆိုတဲ့နိယာမတွေနဲ့ AP ကို ခရီးဆက်ဖို့ ခွန်းအားပေးနေပြန်တယ်။ ဒီလိုနယ်ခြားမြေခြားမှာ ဒုက္ခခံပြီး လာရုန်းကန်နေရတာ.. ပန်းတိုင်မှာ တန်ပြန်မှုကောင်းကောင်းတော့ စောင့်နေကောင်းပါရဲ့။


အဲဒီနေ့က ကောင်ကင်မှာရော AP ကမ္ဘာမှာပါ မိုးတွေအုပ်နေခဲ့တယ် :( ဒါပေမဲ့ လှပနေစဲပဲ... ငွေ့ရေဖွဲ့ခြင်းက မိုးရေတွေအတွက်တော့ နိမိတ်ကောင်းပဲ မဟုတ်လား ????


င်္Fall သစ်ရွက်တွေနဲ့သူတို့ တတွေအတော်လိုက်ဖက်သလိုပဲ... တစ်ကယ်တော့ AP တို့လဲတစ်နေ့ ကြွေရမှာပဲ။
မကြွေခင် ဒီသစ်ရွက်လေးတွေကို လောကကြီးကို အလှဆင်နိုင်သူတော့ ဖြစ်ချင်သေးလေရဲ့။


ကောင်းကင်ကိုခေါင်းမော့ကြည့်တော့ Grave တွေရဲ့အပေါ်မှာ ငှက်အမဲလေးတွေ စက်ဝိုင်းပုံလှည့်ပတ်ပျံသန်းနေတယ်။ သူတို့လေးတွေရဲ့ ၀ိညာဉ်တွေလားတော့ မသိဘူး။ လွတ်လပ်ခြင်းရဲ့ ရသမှာတောင်းပုံစံတွေ ပါဝင်နေတတ်တာကို သတိပြုမိလိုက်တယ်။ ကျေးဇူးပါ ငှက်ကလေးတို့ရေ..။



သူတို့လေးတွေရဲ့ စွန့်လွှတ်ရဲတဲ့ သတ္တိတွေက စံထားလောက်ပါပေတယ်။


ငြိမ်းချမ်းခြင်းရဲ့ ရသတွေ ခံစားလိုက်ရတယ်... :

ငါတို့အားလုံးခရီးတစ်ခုသွားနေကြတယ်နော်


ဘယ်တော့ခရီးဆုံးမလဲ... အင်းလေ ခရီးဆုံးသွားရင်တော့ ဖန်းတီးပိုင်ခွင့် ကုန်ဆုံးသွားတဲ့နေ့ပဲနေမှာ
အခုလို ရုန်းကန်လှုပ်ရှားနေရတာ အနစ်သာရရှိတယ်...


Just random beauty... bus က မူလတန်း-အထက်တန်းကျောင်းတွေ အတွက်နော်. ဒီမှာမနက်တိုင်း ကျောင်းကားတွေ အိမ်အရောက်ကြိုပေးပီး ညနေလဲအရောက်ပြန်ပို့တယ်...



ကဲဒီနေရာလေမှာထိုင်းပြီး ကမ္ဘာမြေကြီးရဲ့ အလှကို ခံစားကြည့်ကြရအောင်နော်....
ပင်ပန်းတာတွေပျောက်ကင်းပါစေ.... သူတို့လေးတွေပြောတဲ့ စကားတွေလဲ နားထောင်ပေးလိုက်အုံးနော် :P




နီးနီးလေးနော်... အမြင်အာရုံတွေရဲ့ဖမ်းစားနိုင်စွမ်းတွေပေါ့ ဒါပေမယ့် AP Camera လေးက အမြင်အာရုံတွေ ကန့်သတ်ပေးတာပေါ့။ အနီးအဝေးကိုဖမ်းစားဖို့ မှန်ဘီလူးကောင်းကောင်းပါတဲ့ ကင်မရာတစ်လက်ဆိုရင်တော့ ပုံတွေဒီထက်ပိုလှမှာ သေချာတယ်....
လက်တွေ့ ဘ၀တွေမှာ အဲဒီလိုတွေဖြစ်တတ်တယ်နော်.. ဗဟုသုတနဲ့ Open-minded တွေက ငါတို့အားလုံးရဲ့ အတွေးကို ထောင့်ပေါင်းဆုံကမြင်နိုင်အောင် ဖမ်းစားနိုင်ဖို့ ကရိယာကောင်းတွေပေါ့။
မနက်ဖန်အတွက်တင်ကြိုပီး ပျော်ရွှင်နေမဲ့အစား ဒီနေ့လက်ရှိ အချိန်တိုင်းမှာ ပျော်ရွှင်၊ငြိမ်းချမ်းခြင်း
ကျေးဇူးတွေရရှိနိုင်ပါစေ..
ဆက်လက်ကြိုးစားအုံးမည်
AP
Photos by AP. Great thanks for your time and visit.
Have a great Fall enjoy before it's over...

မတူညီတဲ့ ယဉ်ကျေးမှုမှာ လွင့်ပါစေချင်လို့ :D :P :)

မီးနီးပြက ကူးရမှတ်ကြတနည်းတာ :P
အီဂျစ်တိုင်းပြည်ကို အလည်ရောက်တဲ့ ခရီးသွားဧည့်သည် တစ်ယောက် အီဂျစ်ပြည်ရောက်တုံး အီဂျစ်မာမီတွေ လိုက်ကြည့်ဖို့ Taxi လေးငှားပြီးထွက်လာခဲ့တာ မာမီတွေနဲ့မတွေ့ခင် အီဂျစ် ဒရိုင်ဘာပေးတဲ့ သင်ခန်းစာ ကောင်း ရလိုက်ပုံပါ။ ဖြစ်ပုံက ဂလို….
မာမီတွေဆီ Taxi ကားစီးရင်းထွက်လာတာ မီးပွိုင့်လေးရောက်တော့ မီးနီးလေးပြနေတုံး ဒရိုင်ဘာက အေးအေး ဆေးဆေး ဖြတ်မောင်းသွားတယ်တဲ့။ ခရီးသွားဧည့်သည်က အရမ်းလန့်သွားပီး ထအော်တော့ ငါ့အလုပ်ငါ လုပ်နေတာ ကျေးဇူးပြုပီး ငြိမ်ငြိမ်လေး နေပါလို့ ပြန်ပြောလိုက်သတဲ့။ ဒီလိုနဲ့မောင်းလာတာ နောက်မီးပွိုင့် တစ်ခုရောက်တော့လဲ အရင်း အတိုင်းပဲ ဒရိုင်ဘာနဲ့ ခရီးသည် သူမှန်ငါမှန်နဲ့ အော်သာဖြစ်တယ် ဒရိုင်ဘာတော့ မီးပွိုင့်ကို အေးအေးဆေးဆေး ဖြတ်မောင်းပြန်သတဲ့။ ဒါနဲ့ နောက်တတိယမီးပွိုင့်မှာ မီးစိမ်းသွားတော့ ဒရိုင်ဘာက ဆက်မသွားပဲ ရပ်နေတော့ ခရီးသွားဧည့်သည်က အရမ်းအံ့သြပြီးပြန်မေးတယ်…။ အခုမီးစိမ်းနေတော့ ဘာလို့ရပ်နေလဲလို့ မေးတော့  ဒရိုင်ဘာက မီးနီနေ တဲ့ဘက်က ဒရိုင်ဘာတွေ ဖြတ်မှာမို့ ဒီအချိန်သွားဖြတ်ရင် ယဉ်တိုက်မှုတွေဖြစ်မှာပေါ့လို့ ပြန်ပြောလိုက်တယ်တဲ့….။ သတိနော် :P ကဲမှတ်ကရော။ သူ့ယဉ်ကျေးမှုနဲ့သူနော်.. :P

အပျိုလိုချင်ခေါင်းညိတ်
ဂရစ်တိုင်းပြည်ကို Study Abroad သွားတဲ့ အမေရိကန် ကျောင်းသူတစ်ဦးကို ဂရစ်ကောင်းလေးက Date သွား ဖို့ခေါ်သတဲ့။ အမေရိကန်ကျောင်းသူက စိတ်မ၀င်စားတာနဲ့ ခေါင်းခါ ပြလိုက်တာ ဂရစ်ကောင်းလေးကအရမ်း ကျေနပ် ပျော်ရွှင်တဲ့ပုံစံနဲ့ ညနေ၇နာရီမှာ လာခေါ် မယ် လို့ပြောပြီး ပြန်သွားတယ်တဲ့ဗျာ။ကောင်မလေးက အ တော်မျက်နှာပြောင်တိုက်နိုင်တဲ့လူလို့တွေး ပီးစိတ်ထဲမှာတော့ ၇နာရီမှာ မျက်နှာပြောင်တိုက်ပြီး ထပ်လာရင် တော့ဒုက္ခလို့ တွေးပြီး ကြောက်နေတယ်တဲ့….။ရနာရီရောက်တော့ ထင်တဲ့အတိုင်း ရွှေမင်းသား ကြီးက အဆောင်ကို ပေါက်ချရောက်လာတော့ ……..။
သူငယ်ချင်းတွေဘယ်လိုထင်လဲ သူတို့ နှစ်ယောက် Date သွား ဖြစ်မယ်လို့ထင်လား? အဖြေလေးတွေ ပေးသွား ပေါ့ :D

မှတ်ချက်။ ။ ဂရစ် ယဉ်ကျေးမှုမှာ ခေါင်းခါတာက သဘောတူတာဖြစ်ပြီး ခေါင်းညိမ့်တာက သဘောမတူတာတဲ့။ အမေရိကန်မှာတော့ ဂရစ်နဲ့ ဆန့်ကျင်ဘက်…

အယုဒ္ဓယ
မကြားသေးခင်က ထိုင်းကို အလည်သွားနေတဲ့ အဖေကြီးတစ်ယောက်က မြန်မာပြည်မှာ ကျန်ခဲ့တဲ့ ချစ်ဇနီးချောလေးဆီ ဖုန်းခေါ်ပြီး တစ်နေ့တာသူ့အတွေ့အကြုံတွေမျှဝေတယ်တဲ့..။ အဲဒီနေ့တော့ ဖေကြီးလုပ် သူအယုဒ္ဓယကို သွားလည် တဲ့နေ့။ အယုဒ္ဓယမှာ အရင်တုံးက မြန်မာစစ်သည်တော်တွေ ယိုးဒယားနိုင်ငံကို ၀င်တိုက်ရင်းပျက်သွားတဲ့မြို့ကို ထိုင်းတွေက သမိုင်းဝင်နေရာအဖြစ် မပြုမပြင် ထိန်းသိမ်းထားတဲ့ နေရာပါ။ အဖေကြီးကလဲ မြန်မာ နဲ့ပတ်သက် တာမို့ မြန်မာမှာကျန်ခဲ့တဲ့ ချစ်ဇနီးချောလေးကို ဘယ်လို့ထိန်းသိမ်းထား ကြောင်းကို ပြေပြတော့ အမေကြီး လုပ်သူက သူခင်ပွန်းသည် စကားမဆုံးခင်ဝင်ပြောလိုက်ပုံဖြင့်....့..... ဟုတ်လား အတော်ခေတ်မှီမှာပဲနော်? ရောက်ဘူးချင် လိုက်တာလို့ ပူဆာသတဲ့။ အဖေကြီးက စိတ်အရမ်းကုန်သွားတဲ့ လေသံနဲ့ အင်း....ငါ့မိန်းမ သမိုင်းမနိုင်ဘူးလို့ ငြီးတွားရင်းပြောမိတာ အမေကြီး ပြန်ပြောပုံက ဟုတ်တယ် ငါက သိပ္ပံသမားတဲ့ဗျာ..... :D ။ အဖေကြီးကတော့ ငိုရအခက်ရယ်ရအခက်တဲ့ရှင်း။။။။။။ ကဲသူငယ်ချင်း မိန်းကလေးတို့ရေ…. အဲဒီလိုတော့ အဖြစ်မခံနဲ့နော်…

မှတ်ချက်။ ။တွေ့ကြုံ ပြောကြတဲ့ ရယ်စရာတွေ ပြန်မျှဝေတာပါ...။ ပြုံးနိုင်ပါစေနော်...
ဆက်လက်ကြိုးစားအုံးမည်.. :P
Apprenticeship

အချစ်ဆိုသည်မှာ....

ကျွန်မကိုဘလက်ကြီး tag တုံးကဖြေခဲ့တဲ့ အတိုင်းအချစ်ဆိုတာ
အဖြူစင်ဆုံးဘုရားပေးလက်ဆောင်ပါ။
လိုချင်တပ်မက်တဲ့ ရမ္မက်တွေနဲ့ ပူလောင်နေမယ်ဆိုရင်
စစ်မှန်တဲ့ ချစ်ခြင်းမဟုတ်ဘူးလို့ဆိုရမှာပဲ။
ချစ်တဲ့သူတိုင်းဟာ (အချစ်စစ်၊ချစ်မှန်ဖြစ်ခဲ့မယ်ဆိုရင်ပေါ့)
ကိုယ်ချစ်မြတ်နိုးတဲ့သူ အတွက်အကောင်းဆုံးဖြစ်စေချင်ကြတာပဲ။
ကျွန်မကိုယ်တိုင်တော့ အချစ်ရဲ့လေးနက်ဆန်းကျယ်မှုကို လေ့လားတုံး၊
တစ်ခါတစ်လေတော့ အချစ်ဆိုတာကြီးနဲ့ အဝေးကြီးမှာ နေလိုက်ချင်ပေမဲ့
စစ်မှန်တဲ့ ချစ်ခြင်းနဲ့ကမ်းလှမ်းလာတဲ့ လက်တစ်စုံရဲ့
စွမ်းအားကိုလဲ ကျွန်မကိုးကွယ်ချင်နေသေးတယ်။
အဲဒီအတွက် အချစ်ကို တွေဝေခြင်းလို့ အမည်ပေးမယ်...။
တစ်ဆက်ထဲမှာပဲ့ မမြင်ရတဲ့ အချစ်ဆိုတာကြီးကို လိုလိုချင်ချင်နေရာပေးမိတတ်ကြတာမို့
အချစ်ဟာ Adventure ဆိုလဲမှန်တယ်။
ဆုံဆည်းမှု မှတ်တိုင်မပါတဲ့ အပျော်လှေတွေမှာ မပျော်တတ်တဲ့ ကျွန်မအတွက်
အချစ်ဟာ ရယူပိုင်ဆိုင်ခြင်းပေါ့။
ဒါပေမယ့် ကမ်းလှမ်းလာတဲ့ လက်တစ်စုံမှာ ဆုံဆည်းမှုဆိုတဲ့ မှတ်တိုင်မပါလာရင်တော့
နွေးထွေးပါတယ်ဆိုတဲ့ လက်အစုံရဲ့ကမ်းလှမ်းမှုနဲ့ အဝေးဆုံးကို ထွက်ပြေးမိမှာမို့
အချစ်ဟာ စွန့်လွှတ်ခြင်းလဲ ဖြစ်နေပြန်တယ်...
ဘာပဲဖြစ်ဖြစ် ရင်ထဲကပေါက်ဖွားလာတဲ့ အချစ်ကို ပုစုပျိုးထောင်မဲ့
ယုံကြည်မှုအုပ်မြစ်တောကျွန်မအတွကလိုအပ်တယ်....
အဲဒီအတွက် အချစ်ဟာ ယုံကြည်မှုဆိုလဲ မှန်နေပြန်တယ်။
မတူညီတဲ့ ခန္ဒာနှစ်ခုပေါင်းစပ်ပြီး နှစ်ယောက်တစ်ဘ၀ တည်ဆောက်ရမှာမို့
နာလည်မှုနဲ့ ကိုယ်ချင်းစာတရားတွေက အချစ်ကိုရှင်သန်စေမဲ့
မြေဆီသြဇာလို့ ကျွန်မခံယူ တယ်။
အဲဒီအတွက် အချစ်ဟာ နားလည်မှုနဲ့ကိုယ်ချင်းစာတရားတွေရဲ့
မျှတတဲ့ အပေးအယူလဲဖြစ်နေပြန်တယ်။
မိန်းကလေးအတော်များများတော့ မိမိရဲ့ဘ၀ကို အကာအကွယ်ပေးနိုင်မဲ့
ယောင်္ကျားမျိုးကို လိုချင်ကြတယ်။
ကျွန်မလဲ မိန်းမတွေထဲက မိန်းမတစ်ယောက်မဟုတ်လား။
ဒါပေမဲ့ စံထားနုန်းတွေတော့ မတူဘူးပေါ့။
အကာအကွယ်ပေးနိုင်တယ်ဆိုတဲ့ ဖွင့်ဆိုချက်မှာ မြင်နိုင်တဲ့ ဥစ္စာဓနတွေက
ကျွန်မအတွက် အရေးမကြီးဘူး။
လူမသေငွေမရှားလေ....
လူသေတော့လဲ ငွေမှမလိုတော့တာနော်...။

ဒါပေမယ့် ကျွန်မဘ၀တစ်သက်စာ
ကြင်နာချစ်ခြင်းတွေနဲ့ ဖေးမနားလည်မဲ့
အချစ်စစ်နဲ့ပဲ ခရီးသွားချင်မိတော့.....
အင်း.....အချစ်ဟာ မျော်လင့်စွာ၊ ရူးသွပ်ခြင်း ဆိုလဲ မှားဘူးပေါ့။
ချစ်ပါတယ်ဆိုတဲ့ စကားလေးနဲ့တင်
တလောကလုံးကို မေ့သွားအောင်လဲ
အချစ်ကညှိ့အားကြီးတော့ တစ်ခါတစ်လေတော့ အချစ်က
ကမ္ဘာမြေကြီးထက်လ စွဲငင်အားပိုများနေတာမို့ Gravity လဲခေါ်လို့ရတယ်။
ချစ်သူအလိုကျ အလိုလိုက်အကြိုက်ဆောင်နိုင်တဲ့ ချစ်သူလေးလဲဖြစ်ချင်တော့
အချစ်ဆိုသည်မှာ ပါရမီဖြည့်ဘက် ဆိုရင်လဲမှန်တယ်။
ချစ်သူရဲ့ အပူအအေးမှန်သမျှကို မျှဝေခံစားပေးချင်ပြန်တော့
အချစ်ဟာ ပေးဆပ်ခြင်းပေါ့...
တဖက်ကပြောရင် ချစ်သူ့ လူယုံတော် ပေါ့နော်...
တကယ်တော့ အချစ်ဟာ နူးညံသိမ်မွေ့စွာ သွေးဆောင်တတ်သေးတာမို့
အသာယာဆုံး ဘ၀ Music ပေါ့....
နောက်ထပ်အများကြီး အများကြီး...
ဒါပေမဲ့ အသေချာဆုံးတစ်ခုက
အချစ်ဟာ အမြဲရှင်သန်နေတယ်ဆိုတာပါပဲ..
အဲဒီအတွက်လဲ မျိုးဆက်ပေါင်းများစွားက ပြောဆိုခဲ့တဲ့
အချစ်ဒဿနိကများဟာ
အခုထိဖွဲ့လို့ မကုန်သေးဘူး... နောက်မျိုးဆက်တွေလဲ ဆက်ဖွဲ့အုံးမှာပဲ
ဒီလိုရေးဖွဲနေတဲ့ သူငယ်ချင်းအားလုံးလဲ လှပစစ်မှန်တဲ့ အချစ်ကို
ပိုင်ဆိုင်နိုင်သောသူများဖြစ်ပါစေ..


အချစ်ကို ခံစားမှုဝါဒီ အမျိုးမျိုးနဲ့ ချစ်နေတဲ့ အထဲမှာ
ကျွန်မကတော့ ဒီချစ်ခြင်းမေတ္တာမျိုးကို အတောင့်တဆုံးပေါ့။

ဖတ်ကြည့်လိုက်နော်....


ပရောဖက်ဥာဏ်ကို ငါရ၍ ၊
နက်နဲသော အရာရှိမျှတို့နှင့် သိပ္ပံအတတ်အမျိုးမျိုးကိုတတ်သော်၎င်း၊
မေတ္တာမရှိလျှင် အချည်းနှီးသက်သက်ဖြစ်ဧ။်။
သူတပါးကိုငါကျွေးမွေး၍ဥစ္စာရှိသမျှကို စွန့်ကြဲသည်သာမက
ကိုယ်ခန္ဒာကို မိးရှို့စေ ခြင်းငှါအပ်သော်လည်း၊
မေတ္တာ မရှိလျှင် ငါ၌ အကျိုးမရှိ။
မေတ္တာသည် စိတ်ရှည်တတ်ဧ။်။
ကျေးဇူးပြုတတ်ဧ။်။
မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ၀ါကြွားခြင်းမရှိ၊ မာန်မာနမရှိ။
မလျောက်ပတ်စွာမကျင့်တတ်၊
ကိုယ်အကျိုးမရှာတတ်၊
ဒေါသအမျက် မထွက်တတ်၊
အပြစ်ရှိသည်ဟု မထင်တတ်၊
မတရားသော အမှု၌ ၀မ်းမြောက်ခြင်းမရှိတတ်၊
သမ္မာတရား၌ ၀မ်းမြောက်တတ်ဧ။်
ခပ်သိမ်းသောအရာကို ဖုံးတတ်ဧ။်။
ခပ်သိမ်းသောအရာကို ယုံတတ်ဧ။်။
ခပ်သိမ်းသောအရာကို သည်းခံတတ်ဧ။်။
မေတ္တာသည် ဖေါက်ပြန်ခြင်းသဘောနှင့် အစဉ် ကင်းလွတ်ဧ။်။
ယခုတွင် ယုံကြည်ခြင်း၊ မြော်လင့်ခြင်း၊ ချစ်ခြင်း
ဤသုံးပါးတည်လျက်ရှိဧ။်။
ဤသုံးပါးတွင် ချစ်ခြင်းမေတ္တာသည်
အမြတ်ဆုံးဖြစ်သတည်း။
2 Corinthian 2-13
သခင်ခရစ်တော်ရဲ့ အချစ်ဒဿနိကလေးပါ.. AP အရမ်းကြိုက်တယ်..
ကဲကိုလင်းထက်ရေ.. ကျွန်မရဲ့ အချစ်ဒဿနိကလေးက ဒါပါပဲ..။
ကိုလင်းထက်ပြောတဲ့ အထိန်းတော်ကောင်းကြီးဖြစ်နိုင်တယ်နော် :D
ဆက်လက်ကြိုးစားအုံးမည်.. :P
Apprenticeship

စွန့်လွှတ်ခြင်းဆိုရာ၌



တွေ့၊ဆုံ၊ခွဲ၊ခွာမှု့တွေနဲ့ ခရီးလမ်းသွားနေတဲ့ ကျွန်မတို့ရဲ့ တစ်သက်တာမှာ ကျွန်မတို့ကို အလွန်မြတ်နိုးတန်ဖိုးထား သူများနဲ့ အမျိုးမျိုးသော အကြောင်းတရားကြောင့် လမ်းခွဲ နှုတ်ဆက် ရတဲ့ အချိန်တွေ ရှိသလို ချစ်သောသူ၊ မချစ်မနှစ်သက်သောသူများနဲ့ တစ်ပါတည်း ခရီးသွားရတဲ့ အချိန်တွေလဲ အများကြီးပေါ့…..။

ချစ်သောသူများနဲ့ ခရီးသွားရတဲ့ အချိန်တွေကို မြတ်နိုးတန်ဖိုးထားတတ်တဲ့ ကျွန်မတို့ တစ်တွေဟာ ခွဲခွာမှုရဲ့ မှတ်တိုင်တွေကိုတော့ အလူးအလဲ ခံစားတတ်ကြတာ လူသားတွေရဲ့ ဓမ္မတာ တွေလားတော့ မသိဘူး။ ဒါပေမယ့် ခွဲခွာခြင်းရဲ့ ဆုလာဘ်ကို လက်ခံ၊မြတ်နိုးတတ်တဲ့ အခါ အဖိုးမဖြတ်နိုင်တဲ့ စွန့်လွှတ်မှုရဲ့ အသီးအပွင့်တွေ ခံစားရရှိမှာ ဖြစ်ပါတယ်…။ စွန့်လွတ်မှုရဲ့ လှပမှုတရားတွေကို မျှဝေလိုက်ပါတယ်… စွန့်လွှတ်စွန့်စားပြီး အသစ်၊ အသစ်သော ကောင်းချီးများကို ခံစားနိုင်သောသူများ ဖြစ်ပါစေလို့လဲ ဆုတောင်းပေး လိုက်ပါတယ်…။


စွန့်လွှတ်ခြင်းဆိုရာ၌


စွန့်လွှတ်ခြင်းဆိုရာ၌ အရေးပေး၊ ဂရုစိုက်မှု့ကို ရပ်တန့်လိုက်ခြင်းမဟုတ်

တစ်ခြားသူရဲ့ လွတ်လပ်မှု့ကိုလေးစားပြီး သူ့ရဲ့လုပ်ရပ်အတွက် သူ့ကိုတာဝန်ပေးလိုက်ခြင်းဖြစ်တယ်။


စွန့်လွှတ်ခြင်းဆိုရာ၌ သူတစ်ပါးကို အတင်းပြောင်းလဲစေခြင်း မဟုတ်တဲ့အပြင် အပြစ်တင် နေခြင်းလဲမဟုတ်ဘူး

မိမိကိုယ် မိမိပြောင်းလဲဖို့တော့ ဖြစ်နိုင်ကြောင်း နားလည်ခြင်းဖြစ်တယ်။


စွန့်လွှတ်ခြင်းဆိုရာ၌ လူတစ်ဦး တစ်ယောက်ကို ပြုပြင်ခြင်းမဟုတ်

သူ့ပြောင်းလဲမှု့ ဖြစ်စဉ်အတွက် လိုအပ်မယ့် အကူအညီတွေပေးခြင်းဖြစ်တယ်။


စွန့်လွှတ်ခြင်ဆိုရာ၌ လူတစ်ဦးတစ်ယောက်ကို တရားဇာတ်ခုံပေါ်တင်နေခြင်းမဟုတ်

သူ့ရဲ့ လူ့အခွင့်အရေးကို လေးစားခြင်းဖြစ်တယ်။


စွန့်လွှတ်ခြင်းဆိုရာ၌ လူတစ်ဦးတစ်ယောက်ကို ငြင်းပယ်ခြင်းမဟုတ်

သူ့ရဲ့ ဖြစ်တည်မှု့ကို အသိအမှတ် ပြုခြင်းဖြစ်တယ်။


စွန့်လွှတ်ခြင်းဆိုရာ၌ သူတစ်ပါးကို အပြစ်တင် ဆူပူနေခြင်းမဟုတ်

မိမိရဲ့ အမှားကို အသိအမှတ်ပြု ပြုပြင်ခြင်းဖြစ်တယ်။


စွန့်လွှတ်ခြင်းဆိုရာ၌ မိမိရဲ့ဆန္ဒနဲ့တောင့်တမှုကို ငြင်းပယ်နေခြင်းမဟုတ်

ဆန္ဒများရဲ့ ဖြစ်တည်မှု့ကို အသိအမှတ်ပြုပြီး ပြုစုပျိုးထောင်ခြင်းဖြစ်တယ်။


စွန့်လွှတ်ခြင်းဆိုရာ၌ သူတစ်ပါးအား ပြစ်တင်ရှုံ့ချပြီး လိုရာပုံစံသွင်းနေခြင်းမဟုတ်

မိမိဘ၀ မှတ်တိုင်များကို အကောင်အထည်ဖေါ် ပုံသွင်းနေခြင်းဖြစ်တယ်။


စွန့်လွှတ်ခြင်းဆိုရာ၌ အတိတ်ကို နောင်တရနေခြင်းမဟုတ်

အနာဂတ်အတွက် ပြင်ဆင်နေခြင်းဖြစ်တယ်။


စွန့်လွှတ်ခြင်းဆိုရာ၌ ကြောက်ရွံ့ခြင်း၊အဆက်မပြတ်ပူဆွေးခြင်းတွေနဲ့ခရီးသွားနေခြင်းမဟုတ်

မိမိကိုယ်မိမိ လေးစားပြီး သူတစ်ပါးရဲ့ အထင်အမြင်သေးမှုကို ရုတ်သိမ်းလိုက်ခြင်းဖြစ်တယ်။


စွန့်လွှတ်ခြင်ဆိုရာ၌ အမုန်းတွေမဟုတ်

ပိုမိုချစ်မြတ်နိုးတတ်ခြင်းသာ ဖြစ်တယ် ။



Photos By Me(AP)
Great Thanks to Ko Yin Nein for editing this post.

မစားဖြစ်ခဲ့တဲ့ အချစ်လှေငယ်လေး

လာမကြိုဖို့ အတန်တန်မှားထားတာမို့ အိမ်သားတွေရော သူငယ်ချင်းတွေပါ မည်သူမျှ လေဆိပ်မှာ ရှိမနေပါ။ ဒါပေမယ့် အမိမြေကို ခြေချလိုက်တယ်ဆိုတဲ့ အသိလေးတင်ပဲ နွေးထွေးလန်းဆန်းမှုနဲ့အတူ ဘယ်လိုမှ တိုင်းတာလို့မရတဲ့ ပျော်ရွင်မှုကို ခံစားလိုက်ရတယ်။ အမိနိုင်ငံဆိုတဲ့ ခံစားမှုက နှလုံးခုန်သံကို မြန်စေခဲ့တာ အမှန်ပဲ။ ကြောက်ရွံမှုနဲ့ အမောဆို့နေတဲ့ နှလုံးခုန်သံမဟုတ် ကျေနပ်ပီတိကြောင့် ဖြစ်လာတဲ့ နှလုံးစည်းချက်။ အဲဒီတော့မှပဲ အမိမြေကို ဘယ်လောက်တောင် လွမ်းဆွတ်နေမှန်း ကိုယ့်ကိုကိုယ် သတိထားမိသွားတယ်။

ဒါပေမယ့် လေယာဉ်လေးငါးစင်းလောက်နဲ့ ခြောက်သွေ့နေတဲ့ ရန်ကုန်လေဆိပ်ကြီး အတွက်တော့ တကယ် စိတ်မကောင်းဖြစ်သွားတယ်။ သူများနိုင်ငံတွေရဲ့ နိုင်ငံတကာ လေယာဉ်ကွင်းတွေမှာ ၅-၈ မိနစ်ခြား တစ်ခါလောက်တစ်ခါ လေယာဉ်ထွက်နေတဲ့ လေယာဉ်တန်းရှည်တွေရှိနေချိန်မှာ ကျွန်မတို့ မြန်မာနိုင်ငံတကာ လေဆိပ်မှာတော့ ပြည်တွင်း လေယာဉ် ၃ စင်းနဲ့ စင်ကာပူ ထိုင်းတွေက လေယာဉ်နှစ်စင်းသာ ရှိတယ်လေ…..။

လန်းဆန်းမှုတော့ ပျောက်ကွယ်မသွားဘူး။ နှစ်ရက်သာ လေယာဉ်စီးလို့ ပင်ပန်းလာတဲ့ စိတ်တွေအစား အိမ်မှာ အသင့်စောင့်နေမယ့် အိမ်သားတွေနဲ့ လာစောင့်နေမဲ့ သူငယ်ချင်းတွေအတွက် နိုးကြားနေတာပေါ့။ စကားတွေ တ၀ကြီးပြောကြမယ်။ ပါလာတဲ့ လက်ဆောင်လေးတွေ ဝေမယ်။ နောက်နေ့တွေမှာတော့ ရန်ကုန်မှာ လုပ်ရမဲ့ ကိစ္စ၀ိတ်စလေးတွေကို ပြတ်အောင်လုပ်မယ်။ မပြန်ခင်ကတည်းက သွားဖို့ စိုင်းပြင်းထားတဲ့ နေရာလေးတွေ သွားမယ်။ ရန်ကုန်မှာ တစ်ပတ်လောက်ပဲ အချိန်ရှိတာလေ….။

အဲဒီတစ်ခေါက် အိမ်ပြန်တုန်းက လုပ်ချင်တာတွေလုပ်ဘို့ ခရီးတစ်ခုလုံးအတွက် ခုနှစ်ပတ်လောက်ပဲ အချိန်ရတယ်။ ရတဲ့ အချိန်ကလေးတွေတော့ အပြည့်အ၀ အသုံးချဖြစ်တယ်လေ။ ဆရာအတတ်သင် ကျောင်းလေးတစ်ခုမှာ လေးပတ် စာဝင်သင်ဖို့ မြန်မာပြည်မပြန်ကတည်းက ပြောထားပြီးးသားမို့ အဲဒီနေရာကို သွားရမယ်။ သွားရမယ့် ခရီးတွေ မဆက်ခင် အမေနဲ့ မြစ်ကြီးနားမှာရှိတဲ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကို အရင်သွားတွေ့ဖြစ်တယ်။

သုံးရက်လောက်ပဲ အချိန်ရတာပါ။ သူငယ်ချင်းတစ်ယောက်က တွေ့ဆုံမှု အမှတ်တရအနေနဲ့ အသစ်ဖွင့်ထားတဲ့ စာသောက်ဆိုင်မှာသွားစားဖို့ ခေါ်လို့လိုက်သွားရင် မစားဖြစ်ခဲ့တဲ့ အချစ်လှေနဲ့ ကြုံရတာပါ…..။ စားသောက်ဆိုင်လေးက ကျွန်းသားရောင်လက်လက် ပရိဘောဂတွေနဲ့ မြန်မာဆန်ဆန် အပြင်အဆင်လေးတွေမို့ စိတ်ထဲမှာ နွေးထွေးမှု ရသွားတာ အမှန်ပဲ။ ဆိုင်ထဲရောက်တော့ ကိုးနှစ်လောက်ရှိမဲ့ ကလေးငယ်တစ်ယောက်က menu စာအုပ်တွေ လာပေးတယ်။ စားပွဲထိုးလေးက အတော်ငယ်မှန်း သတိထားမိပါတယ်။ ဒါပေမဲ့ ဆိုင်ရှင်သား လက်ဝင်စော့တာ ဖြစ်လိမ့်မယ်လို့တွေးပီး စိတ်သက်သာသွားတယ်။ Menu ပေးတာလောက်တော့ အပန်းမကြီးဘူးလေ။ ကလေးငယ်ကို ကျေးဇူးတင်စကားဆိုပြီး ဆိုင်ကိုလဲ ပထမဆုံး အကြိမ်ရောက်တာမို့ သူငယ်ချင်းတွေက ကောင်းတယ်ဆိုတဲ့ မြေအိုးခေါက်ဆွဲနဲ့ အချစ်လှေငယ် ဆိုတဲ့ ice-cream လေးကို မှာလိုက်တယ်။

စောင့်နေရင်း မတွေ့တာကြားပြီးဖြစ်တဲ့ သူငယ်ချင်းနဲ့ စကားဖောင်ဖွဲ့နေခဲ့တာ ခုနသူငယ်လေးက နောက်ထပ် သူ့အရွယ်ကလေးငယ် စားပွဲထိုးတစ်ယောက်နဲ့အတူ စားစရာတွေ ပြန်လာချတဲ့အခါတော့ ကျွန်မ စကားမဆက်နိုင်တော့ဘူး။ အရပ်တွေက စားပွဲထက် တစ်ပေလောက်သာ ပိုရှည်တာလေခေါက်ဆွဲပူပူကို မမှီမကန်း လာချပေးနေတဲ့ ကလေးငယ်ကို ဒီနေ့အထိ မျက်စိထဲက မထွက်ဘူး။ ဒီကလေးတွေ စားပွဲထိုးလုပ်နေကြတာ သေချာနေပြီလေ။ ကျွန်မတကယ်ကို စိတ်မကောင်းဖြစ်သွားတယ်။ သူငယ်ချင်းတွေတော့ စားစရာတွေရောက်လာပြီမို့ စားတော့တာပေါ့။

ပိုပြီး စိတ်မကောင်းဖြစ်သွားတာက သူတို့လေးတွေအတွက် ဘာမှမလုပ်ပေးနိုင်တဲ့ အနေအထားမှာမို့ပါ။ စွန့်အသလိုဖြစ်သွားတဲ့ ကျွန်မကို သူငယ်ချင်းတွေက စားပါ…။ အထူးအဆန်းကြီးမလုပ်နဲ့။ ကဲမနေနဲ့။ နင်အခုမှ ပြန်ရောက်လို့ပါ ဒီအရွယ်တွေကသာ ဆိုင်တိုင်းလိုလိုမှာ လုပ်နေတာတဲ့။ ရန်ကုန်မှာ စားသောက်ဆိုင်တွေ သွားဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလောက်ငယ်တဲ့ စားပွဲထိုးတော့ မဟုတ်ဘူး။ လဖက်ရည်ဆိုင်တွေကလွဲရင်ပေါ့။ ဒါပေမယ့် နောက်ပိုင်း ကျွန်မသတိထားမိတယ် မန္တလေး ဒန်ပေါက်ဆိုင်မှာ သွားဝယ်တော့လည်း သနပ်ခါး အဖွေးသား လိမ်းထားတဲ့ ကလေးငယ်တွေက တစ်ဆိုင်လုံးကို တာဝန်ယူ စီမံနေတာလေ....။

ကျွန်မစိတ်က သူတို့လေးတွေ စီစဉ်ပေးတဲ့ အစားအသောက်တွေကို မြိန်ရည်ရှက်ရည် စားနိုင်ဖို့ ဘယ်လိုမှ ခွင့်မပြုဘူး။ အဖြေမရနိုင်တဲ့ မေးခွန်းပေါင်းများစွာအတွက် စိတ်ပျက်စွာနဲ့ပဲ ဆက်မေးနေလိုက်တယ်။ ဒီလို ပညာသင်ချိန်တွေမှာ အရွယ်နဲ့မလိုက် အလုပ်ဝင်လုပ်နေရတဲ့ ကလေးငယ် ဘယ်လောက်များ အမိမြေမှာရှိလဲ? မင်းနဲ့ ငါတို့နဲ့ သွေးသားမတော်စပ် (မောင်နှမ/သားသမီးတွေ) မဟုတ်တာနဲ့ပဲ ပေါ့ပေါ့လေးတွေး ဘာမှမဖြစ်သလို ဟန်ဆောင်နေရမှာလား? ဆင်းရဲသားတွေကို ပျင်းလို့ ဆင်းရဲတယ်၊ အလွယ်လိုက်တယ်လို့ ပြီးစလွယ်တွေးပြီး မျက်နှာလွဲထားရမှာလား? ဒီကလေးတွေရဲ့ အနာဂတ်က ဘာတွေလဲ? အသက်ရှင်သန်ခြင်းရဲ့ အနှစ်သာရက ဘာတွေလဲ ?????? မေးခွန်းပေါင်းများစွာအတွက် အဖြေရှာရင်း မစားခဲ့တဲ့ အချစ်လှေငယ်လေးပေါ့။

အချစ်လှေငယ်
မြေအိုးခေါက်ဆွဲ
အမှတ်တရ ရိုက်ဖြစ်ခဲ့တယ်။


ကိုလင်းထက်ရေ.. ပထမဆုံးတွေ ရေးပေးရမယ် ဆိုလို့ သွားကြည့်တာ ကိုလင်းထက်ရဲ့ပထမဆုံး အတော်များများကို ဒီနေ့ထိမလုပ်ဖူးတာတွေ များနေလို့ ဒီ post ရေးပေးလိုက်ပါတယ်.. ရေးပေးဖို့နောက်ကျသွားတာ ကိုတော့ နားလည်ပေးမယ်ထင်ပါတယ်.. အားလုံးလဲ AP လိုပထမဆုံးတော့ မကြုံရပါစေနဲ့နော်.. :D :P
Photo by Me(AP)

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)