Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

မတူညီတဲ့ ယဉ်ကျေးမှုမှာ လွင့်ပါစေချင်လို့ :D :P :)

မီးနီးပြက ကူးရမှတ်ကြတနည်းတာ :P
အီဂျစ်တိုင်းပြည်ကို အလည်ရောက်တဲ့ ခရီးသွားဧည့်သည် တစ်ယောက် အီဂျစ်ပြည်ရောက်တုံး အီဂျစ်မာမီတွေ လိုက်ကြည့်ဖို့ Taxi လေးငှားပြီးထွက်လာခဲ့တာ မာမီတွေနဲ့မတွေ့ခင် အီဂျစ် ဒရိုင်ဘာပေးတဲ့ သင်ခန်းစာ ကောင်း ရလိုက်ပုံပါ။ ဖြစ်ပုံက ဂလို….
မာမီတွေဆီ Taxi ကားစီးရင်းထွက်လာတာ မီးပွိုင့်လေးရောက်တော့ မီးနီးလေးပြနေတုံး ဒရိုင်ဘာက အေးအေး ဆေးဆေး ဖြတ်မောင်းသွားတယ်တဲ့။ ခရီးသွားဧည့်သည်က အရမ်းလန့်သွားပီး ထအော်တော့ ငါ့အလုပ်ငါ လုပ်နေတာ ကျေးဇူးပြုပီး ငြိမ်ငြိမ်လေး နေပါလို့ ပြန်ပြောလိုက်သတဲ့။ ဒီလိုနဲ့မောင်းလာတာ နောက်မီးပွိုင့် တစ်ခုရောက်တော့လဲ အရင်း အတိုင်းပဲ ဒရိုင်ဘာနဲ့ ခရီးသည် သူမှန်ငါမှန်နဲ့ အော်သာဖြစ်တယ် ဒရိုင်ဘာတော့ မီးပွိုင့်ကို အေးအေးဆေးဆေး ဖြတ်မောင်းပြန်သတဲ့။ ဒါနဲ့ နောက်တတိယမီးပွိုင့်မှာ မီးစိမ်းသွားတော့ ဒရိုင်ဘာက ဆက်မသွားပဲ ရပ်နေတော့ ခရီးသွားဧည့်သည်က အရမ်းအံ့သြပြီးပြန်မေးတယ်…။ အခုမီးစိမ်းနေတော့ ဘာလို့ရပ်နေလဲလို့ မေးတော့  ဒရိုင်ဘာက မီးနီနေ တဲ့ဘက်က ဒရိုင်ဘာတွေ ဖြတ်မှာမို့ ဒီအချိန်သွားဖြတ်ရင် ယဉ်တိုက်မှုတွေဖြစ်မှာပေါ့လို့ ပြန်ပြောလိုက်တယ်တဲ့….။ သတိနော် :P ကဲမှတ်ကရော။ သူ့ယဉ်ကျေးမှုနဲ့သူနော်.. :P

အပျိုလိုချင်ခေါင်းညိတ်
ဂရစ်တိုင်းပြည်ကို Study Abroad သွားတဲ့ အမေရိကန် ကျောင်းသူတစ်ဦးကို ဂရစ်ကောင်းလေးက Date သွား ဖို့ခေါ်သတဲ့။ အမေရိကန်ကျောင်းသူက စိတ်မ၀င်စားတာနဲ့ ခေါင်းခါ ပြလိုက်တာ ဂရစ်ကောင်းလေးကအရမ်း ကျေနပ် ပျော်ရွှင်တဲ့ပုံစံနဲ့ ညနေ၇နာရီမှာ လာခေါ် မယ် လို့ပြောပြီး ပြန်သွားတယ်တဲ့ဗျာ။ကောင်မလေးက အ တော်မျက်နှာပြောင်တိုက်နိုင်တဲ့လူလို့တွေး ပီးစိတ်ထဲမှာတော့ ၇နာရီမှာ မျက်နှာပြောင်တိုက်ပြီး ထပ်လာရင် တော့ဒုက္ခလို့ တွေးပြီး ကြောက်နေတယ်တဲ့….။ရနာရီရောက်တော့ ထင်တဲ့အတိုင်း ရွှေမင်းသား ကြီးက အဆောင်ကို ပေါက်ချရောက်လာတော့ ……..။
သူငယ်ချင်းတွေဘယ်လိုထင်လဲ သူတို့ နှစ်ယောက် Date သွား ဖြစ်မယ်လို့ထင်လား? အဖြေလေးတွေ ပေးသွား ပေါ့ :D

မှတ်ချက်။ ။ ဂရစ် ယဉ်ကျေးမှုမှာ ခေါင်းခါတာက သဘောတူတာဖြစ်ပြီး ခေါင်းညိမ့်တာက သဘောမတူတာတဲ့။ အမေရိကန်မှာတော့ ဂရစ်နဲ့ ဆန့်ကျင်ဘက်…

အယုဒ္ဓယ
မကြားသေးခင်က ထိုင်းကို အလည်သွားနေတဲ့ အဖေကြီးတစ်ယောက်က မြန်မာပြည်မှာ ကျန်ခဲ့တဲ့ ချစ်ဇနီးချောလေးဆီ ဖုန်းခေါ်ပြီး တစ်နေ့တာသူ့အတွေ့အကြုံတွေမျှဝေတယ်တဲ့..။ အဲဒီနေ့တော့ ဖေကြီးလုပ် သူအယုဒ္ဓယကို သွားလည် တဲ့နေ့။ အယုဒ္ဓယမှာ အရင်တုံးက မြန်မာစစ်သည်တော်တွေ ယိုးဒယားနိုင်ငံကို ၀င်တိုက်ရင်းပျက်သွားတဲ့မြို့ကို ထိုင်းတွေက သမိုင်းဝင်နေရာအဖြစ် မပြုမပြင် ထိန်းသိမ်းထားတဲ့ နေရာပါ။ အဖေကြီးကလဲ မြန်မာ နဲ့ပတ်သက် တာမို့ မြန်မာမှာကျန်ခဲ့တဲ့ ချစ်ဇနီးချောလေးကို ဘယ်လို့ထိန်းသိမ်းထား ကြောင်းကို ပြေပြတော့ အမေကြီး လုပ်သူက သူခင်ပွန်းသည် စကားမဆုံးခင်ဝင်ပြောလိုက်ပုံဖြင့်....့..... ဟုတ်လား အတော်ခေတ်မှီမှာပဲနော်? ရောက်ဘူးချင် လိုက်တာလို့ ပူဆာသတဲ့။ အဖေကြီးက စိတ်အရမ်းကုန်သွားတဲ့ လေသံနဲ့ အင်း....ငါ့မိန်းမ သမိုင်းမနိုင်ဘူးလို့ ငြီးတွားရင်းပြောမိတာ အမေကြီး ပြန်ပြောပုံက ဟုတ်တယ် ငါက သိပ္ပံသမားတဲ့ဗျာ..... :D ။ အဖေကြီးကတော့ ငိုရအခက်ရယ်ရအခက်တဲ့ရှင်း။။။။။။ ကဲသူငယ်ချင်း မိန်းကလေးတို့ရေ…. အဲဒီလိုတော့ အဖြစ်မခံနဲ့နော်…

မှတ်ချက်။ ။တွေ့ကြုံ ပြောကြတဲ့ ရယ်စရာတွေ ပြန်မျှဝေတာပါ...။ ပြုံးနိုင်ပါစေနော်...
ဆက်လက်ကြိုးစားအုံးမည်.. :P
Apprenticeship

14 comments:

NBWISAM October 19, 2008 at 8:56 AM  

Mau hpa re i?
Garan gachyan ya ai majaw grai chyeju kaba sai yaw.

ညမီးအိမ် October 19, 2008 at 11:55 AM  

ကိုမ ရေဖတ်လို့အရမ်းကောင်းတယ်ဗျ။ ဗဟုသုတလဲရ စိတ်ကျေနပ်မှု့လဲရ နိုင်ငံတကာယဉ်ကျေးမှု့ကိုလဲသိခွင့်ရလိုက်တယ်။
ဒီပိုစ်လေးကိုသဘောကျတယ်။ ဒီလိုပိုစ်လေးတွေများများရေးပါဦးနော်။

ပန်းခရေ October 19, 2008 at 12:04 PM  

နိုင်ငံတကာယာဉ်ကျေးမှုလေးကို သိလိုက်ရလို့ ကျေးဇူးပဲ အစ်မရေ ...ဆက်ရေးအုံးနော် အားပေးတယ်

အလင်းစေတမန် October 20, 2008 at 2:09 PM  

ကဲမီးနီဲဖြတ်ပြီမောင်းပြီဗျာ တာဝန်ယူတော့။

မောင်ဖားကြီး October 21, 2008 at 1:13 AM  

ပထမဆုံးအပုဒ်မှာတင် ရယ်ရတယ်ဗျာ
မာမီဆိုတော့ မိတ်ကပ်အခြောက်တွေပြေးမြင်လာလို့ :-)
လေးဖြူခွေမှာတော့ မံမီများလို့ ရေးထားတာပဲ။
ဒီပို့စ်ကတော့ အမောပြေစေတဲ့ ပို့စ်လေးပါပဲခင်ဗျာ။

Anonymous October 22, 2008 at 3:29 AM  

hahahhahaa! i love it! it makes me laugh non-stop!
Thanks!

ဇင်ယော် October 22, 2008 at 12:02 PM  

အဟဲ အီဂျစ်က ဒရိုင်ဘာတွေ မြန်မာပြည်ကို အင်ပို့  လုပ်ရမယ်။ ဟေဟေ. ဒါမှ ဘဲဥလေးတွေ အလုပ်ဖြစ်မှာ။ ကြုံရင် ဂရိမချောချောလေးတွေဆီသွားပြီး ခေါင်းခါမှာလား၊ ခေါင်းညိမ့်မှာလား သွားမေးဦးမယ်။ ခေါင်းခါရင် ဂရိလိုယူမယ်။ ခေါင်းညိမ့်ရင် မြန်မာလို ယူမယ်။ ဟီဟိ ပိုင်တယ်ကွာ။

lovelessguiter October 23, 2008 at 9:40 PM  

မှတ်သားလောက်ပါရဲ့. .. ပြောင်းပြန်တွေချည်းပါလား.. နောက်ရော ဘာတွေပြောင်းပြန်လုပ်သေးလဲဗျ.. ဟာဟ ဆက်ရေးနော်...

Anonymous October 24, 2008 at 11:31 PM  

အီဂျစ်နဲ့ ဂရိမှာ အားလုံး ပြောင်းပြန်ဖြစ်နေတော့ ရောက်သွားရင်တော့ တကယ် ခက်ပြီး)

Unknown October 25, 2008 at 8:31 PM  

Date သွားဖြစ်မယ်ထင်တာပဲဗျ။ ဟုတ်မဟုတ်ဖြေအုံးနော်.....

ရွှေပြည်သူ (ShwePyiThu) October 26, 2008 at 10:58 AM  

ရှာရှာဖွေဖွေလေးတွေ ဖတ်ရလို့ ကျေးဇူးတင်ပါတယ် မApprenticeship ရေ...း) ကျွန်မလည်း ကိုအညတရလိုပဲ Date သွားဖြစ်မယ် ထင်တာပဲ... အဖြေလေး ပြောပြပါဦး...

မသက်ဇင် October 26, 2008 at 6:29 PM  

ရှာဖွေတင်ပြတာကျေးဇူးတင်ပါတယ်--
အဲဒီဘက်သွားလည်ရင် ကြိုသိထားတာပေါ့---
ဗဟုသုလေးတွေ ဆက်ရေးပေးအုံးနော်--
ခင်မင်လျက်
မသက်ဇင်

Apprenticeship October 27, 2008 at 12:58 AM  

အမ်း... ဟတ်ကြီးနဲ့မရွှေပြည်တော့ ဒုက္ခပဲ.. မသွားဖြစ်ဘူးလေ.. ကောင်းမလေးစိတ်မ၀င်စားဘူး.. အမေရိကန်တွေမှာ မြန်မာတွေလိုအားနာတယ်လဲမရှိတော့ ကောင်းလေးသနားပါတယ်နော့်.. :P :D :) လာအားပေး ကွန်မိန့်ပေးသွားတဲ့အတွက် ကျေးဇူးကမ္ဘာဆိုင်... :)

JulyDream November 5, 2008 at 9:05 AM  

အခုလို ဝေမျှတဲ့အတွက် ကျေးဇူးပါ။ ဂရိတွေတော့ မသိဘူးဗျ။ ကုလားတွေလည်း ခေါင်းခါတာက ၂ မျိုးရှိတယ်နော်။ ခေါင်းခါနေတိုင်း ငြင်းနေတာ မဟုတ်ဘူးဗျ။

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)