Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

စကားပြောသောသစ်ရွက်များ......


အမေရိကမှာရှိတဲ့ အနှစ်သက်ဆုံးများကို ပြောပါဆိုရင် Fall အလှနဲ့ Spring အလှတွေက ကျွန်မကိုအတော် ဖန်းစားနိုင်လွန်းပါတယ်.. ဒီလိုပဲလှပတဲ့ ပတ်ဝန်းကျင်တွေကို အားလပ်ချိန်တွေမှာ စက်ဘီးကလေးနဲ့လှည့်ပတ်ပီး အမှတ်တရ ဓါတ်ပုံတွေ ရိုက်ရင်းကနေ သစ်ရွက်လေးတွေ၊သစ်ပင်တွေနဲ့ စကားပြောဖြစ်ခဲ့တယ်...။ Spring တုံးကရိုက်ခဲ့တဲ့ ပုံတွေတော့ အကြောင်းအမျိုးမျိုးကြောင့်မတင်ခဲ့ဘူး။ တင်ဘို့နောက်ကျသွားတာမို့ နောက်နှစ် မှပဲတင်တော့မယ်နော်..။ အခုတော့ Fall အလှလေးတွေကိုခံစားရင် သူတို့တွေနဲ့ စကားပြောကြည့်ရအောင်။ AP ပေါက်သွားပီးလို့တော့မထင်လိုက်နဲ့နော်..။ ကြောက်ကြောက် :D :) :P

သူတို့လေးတွေပေါ့ ကြွေခသွားမှာကိုတောင် မမူဘူး။ အစွမ်းကုန် အလှဆင်နေကြလေရဲ့။
နောက်ဆုံးထွက်သက်အထိ သစ္စာရှိထားတယ်ဆိုတာ AP ကိုပြောပြနေကြတယ်လေ။
အားကျစရာနော်..။







သူတို့လေးတွေက လုပ်ဆောင်မှုတိုင်းမှာ တန်ပြန်မှုရှိတယ် ဆိုတဲ့နိယာမတွေနဲ့ AP ကို ခရီးဆက်ဖို့ ခွန်းအားပေးနေပြန်တယ်။ ဒီလိုနယ်ခြားမြေခြားမှာ ဒုက္ခခံပြီး လာရုန်းကန်နေရတာ.. ပန်းတိုင်မှာ တန်ပြန်မှုကောင်းကောင်းတော့ စောင့်နေကောင်းပါရဲ့။


အဲဒီနေ့က ကောင်ကင်မှာရော AP ကမ္ဘာမှာပါ မိုးတွေအုပ်နေခဲ့တယ် :( ဒါပေမဲ့ လှပနေစဲပဲ... ငွေ့ရေဖွဲ့ခြင်းက မိုးရေတွေအတွက်တော့ နိမိတ်ကောင်းပဲ မဟုတ်လား ????


င်္Fall သစ်ရွက်တွေနဲ့သူတို့ တတွေအတော်လိုက်ဖက်သလိုပဲ... တစ်ကယ်တော့ AP တို့လဲတစ်နေ့ ကြွေရမှာပဲ။
မကြွေခင် ဒီသစ်ရွက်လေးတွေကို လောကကြီးကို အလှဆင်နိုင်သူတော့ ဖြစ်ချင်သေးလေရဲ့။


ကောင်းကင်ကိုခေါင်းမော့ကြည့်တော့ Grave တွေရဲ့အပေါ်မှာ ငှက်အမဲလေးတွေ စက်ဝိုင်းပုံလှည့်ပတ်ပျံသန်းနေတယ်။ သူတို့လေးတွေရဲ့ ၀ိညာဉ်တွေလားတော့ မသိဘူး။ လွတ်လပ်ခြင်းရဲ့ ရသမှာတောင်းပုံစံတွေ ပါဝင်နေတတ်တာကို သတိပြုမိလိုက်တယ်။ ကျေးဇူးပါ ငှက်ကလေးတို့ရေ..။



သူတို့လေးတွေရဲ့ စွန့်လွှတ်ရဲတဲ့ သတ္တိတွေက စံထားလောက်ပါပေတယ်။


ငြိမ်းချမ်းခြင်းရဲ့ ရသတွေ ခံစားလိုက်ရတယ်... :

ငါတို့အားလုံးခရီးတစ်ခုသွားနေကြတယ်နော်


ဘယ်တော့ခရီးဆုံးမလဲ... အင်းလေ ခရီးဆုံးသွားရင်တော့ ဖန်းတီးပိုင်ခွင့် ကုန်ဆုံးသွားတဲ့နေ့ပဲနေမှာ
အခုလို ရုန်းကန်လှုပ်ရှားနေရတာ အနစ်သာရရှိတယ်...


Just random beauty... bus က မူလတန်း-အထက်တန်းကျောင်းတွေ အတွက်နော်. ဒီမှာမနက်တိုင်း ကျောင်းကားတွေ အိမ်အရောက်ကြိုပေးပီး ညနေလဲအရောက်ပြန်ပို့တယ်...



ကဲဒီနေရာလေမှာထိုင်းပြီး ကမ္ဘာမြေကြီးရဲ့ အလှကို ခံစားကြည့်ကြရအောင်နော်....
ပင်ပန်းတာတွေပျောက်ကင်းပါစေ.... သူတို့လေးတွေပြောတဲ့ စကားတွေလဲ နားထောင်ပေးလိုက်အုံးနော် :P




နီးနီးလေးနော်... အမြင်အာရုံတွေရဲ့ဖမ်းစားနိုင်စွမ်းတွေပေါ့ ဒါပေမယ့် AP Camera လေးက အမြင်အာရုံတွေ ကန့်သတ်ပေးတာပေါ့။ အနီးအဝေးကိုဖမ်းစားဖို့ မှန်ဘီလူးကောင်းကောင်းပါတဲ့ ကင်မရာတစ်လက်ဆိုရင်တော့ ပုံတွေဒီထက်ပိုလှမှာ သေချာတယ်....
လက်တွေ့ ဘ၀တွေမှာ အဲဒီလိုတွေဖြစ်တတ်တယ်နော်.. ဗဟုသုတနဲ့ Open-minded တွေက ငါတို့အားလုံးရဲ့ အတွေးကို ထောင့်ပေါင်းဆုံကမြင်နိုင်အောင် ဖမ်းစားနိုင်ဖို့ ကရိယာကောင်းတွေပေါ့။
မနက်ဖန်အတွက်တင်ကြိုပီး ပျော်ရွှင်နေမဲ့အစား ဒီနေ့လက်ရှိ အချိန်တိုင်းမှာ ပျော်ရွှင်၊ငြိမ်းချမ်းခြင်း
ကျေးဇူးတွေရရှိနိုင်ပါစေ..
ဆက်လက်ကြိုးစားအုံးမည်
AP
Photos by AP. Great thanks for your time and visit.
Have a great Fall enjoy before it's over...

18 comments:

Anonymous October 26, 2008 at 11:03 PM  

ကျွန်တော်က တစ်ခါမှသစ်ရွက်တွေနဲ့စကားမပြောဖူးတော့
မိုးဖွဲဖွဲ၊ လေပြည်အသော့ဆို သူတို့လေးတွေ ပြုံးပျော်နေကြမယ်ပေါ့။
နေပြင်းတဲ့နွေဆို နွမ်းနယ်ညဉ်းညူနေကြမယ်
ဆောင်းဦးမှာတော့ ရွက်သစ်တွေနဲ့ အလှဆင်လို့
သူတို့သီချင်းသံ လူတိုင်းကြားနိုင်မယ်ထင်ပါ့။

ဟန်လင်းထွန်း October 27, 2008 at 4:11 AM  

သစ်ရွက်တွေနှင့်တော့ စကားမပြောဖူးပါဘူး။ ဒါပေမယ့် သူများပုံတွေကိုတော့ လိုက်ဘတ်ဖူးတယ်။ :)

မသက်ဇင် October 27, 2008 at 2:28 PM  

Ap ရေ----
ရေးတတ်ပါ့ရှင်---
စကားပြေအရေးလည်းကောင်းတာပါပဲ--
သုတတွေလည်းရှာပေးတတ်တယ်---
ချစ်ချင်းမေတ္တာ တွေလည်း ပေးတတ်တယ်--
ပရောဖက် စကားတွေကိုလည်း တဆင့်
ပြောပေးတတ်တယ်--
ဓါတ်ပုံလေးတွေကြည့်ပြီးခံစားပါတယ်---
ကျေးဇူးတင်ပါတယ်ရှင်---
ခင်မင်လျက် မသက်ဇင်

Dream October 28, 2008 at 8:14 AM  

ရူခင်းလေးတွေ က အရမ်းကိုလှတယ်တီတီAPရေ..
စာသားလေးတွေကလည်းလန်းတယ်...

နောက်ကျရင် Spring ကပုံလေးတွေ ပါတင်ပေးပါ..
လိုချင်တယ်။။ ကြည့်ချင်တယ်လေ.. နောက်နှစ်ထိ
စောင့်ချင်းဘူး..တီတီရ..
အထုဖဲကြည့်ချင်တယ်.. တင်ပေးတင်ပေး..
ပို့စ်တင်ပေးတာကိုပြောတာနော်.. အလွဲတွေ မတွေးရ
ဖူးနော်..တီတီ.. ဟိးဟီး...:P :P

Unknown October 28, 2008 at 7:32 PM  

your pictures are beautiful...very inspiring.

မောင်အညတရ October 28, 2008 at 9:25 PM  

APရေ ရှုခင်းတွေက လှလိုက်တာ.....
ဒါတွေသိလို့ ဒီရာသီ အမှီလာတာ ရောက်မှ အရိုးတွေချည်းကျန်ရင်တော့ သေပြီဆရာ.....
ံHeartmuseum

NBWISAM October 28, 2008 at 9:39 PM  

Hpa mung gaw n mai hti ai. Font n nga ai net cafe kaw na lang ai majaw. Raitim, sumla ni yu mat ai.

Grai tsawm ai.

Kyaw Myat Thu October 29, 2008 at 6:19 AM  

Great shots and really stunning pics! I love 'em and thanks you so much for sharing with us! :)

And have a nice chat with beautiful leaves (may be snow. huh? :) ) again! It's good to read like a poem.

C ya around!

pandora October 29, 2008 at 10:51 AM  

ဓာတ်ပုံလေးတွေ လှလိုက်တာ။

ပုံလေးတွေကတဆင့် လာခံစားသွားတယ်။

Anonymous October 29, 2008 at 9:45 PM  

ခံစားသွားပါတယ်ရှင်.. ကျေးဇူးပါ

megumi October 30, 2008 at 9:52 PM  

ရှုခင်းတွေကို မမပြောတဲ့ စာသားတွေနဲ့ ခံစားသွားပါတယ်။
ကျမက Maple Leavesအရမ်းကြိုက်တာ။ ဂျပန်မှာလည်း ရှိတယ်သိလား။မမပြောတဲ့ Idea နဲ့ သစ်ရွက်တွေကို ထပ်သွားကြည့်လိုက်အုန်းမယ်။ :P :P

စူး October 31, 2008 at 9:22 AM  

အမလဲ အဲဒီအချိန်ကို ဘာနဲ့မှမလဲနိုင်ပါ

khin oo may October 31, 2008 at 11:11 PM  

အတော်လှတယ်နော်။မျှတဲ့အတွက် ကျေးဇူး။ နောင်လဲဆက်တင်ပေးပါဦး။

အလင်းစေတမန် November 2, 2008 at 1:51 AM  

ရှုခင်းတွေ လာရောက်ခံစားသွားပါတယ်ဗျာ

My Native Land November 3, 2008 at 7:33 PM  

မြန်မာပြည်က သစ်ရွက်တွေ စကားပြောတတ်ရင် ကောင်းမှာ..

ဇင်ယော် November 4, 2008 at 4:50 AM  

သစ်ရွက်လေးတွေ ပြောတဲ့စကားကို တမှတ်တရ ဓါတ်ပုံလေးတွေနဲ့  တင်ပြပေးထားတာ ဖတ်တဲ့လူတောင် ကိုယ်တိုင်လာပြီး နားထောင်နေသလိုပါပဲလား AP ရေ။ ဓါတ်ပုံလေးတွေ တော်တော်လှတယ်။ Caption စာတမ်းလေးတွေက မိုက်တယ်။ Rating အပြည့်ပေးလိုက်ပြီဗျို.။

ရွှေပြည်သူ (ShwePyiThu) November 4, 2008 at 10:57 AM  

မ Apprenticeship ရေ ဓာတ်ပုံတွေနဲ့ မျှဝေပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်မလည်း Fall အလှကို အရမ်းသဘောကျပါတယ်။ “Fall သစ်ရွက်တွေနဲ့သူတို့တတွေ အတော်လိုက်ဖက် သလိုပဲ... တစ်ကယ်တော့ AP တို့လဲတစ်နေ့ ကြွေရမှာပဲ။ မကြွေခင် ဒီသစ်ရွက်လေးတွေကို လောကကြီးကို အလှဆင်နိုင်သူတော့ ဖြစ်ချင်သေးလေရဲ့။” အဲဒီစကားလေးကို အရမ်းသဘောကျမိပါတယ်...

Anonymous November 5, 2008 at 10:20 PM  

ဓါတ်ပုံတွေအရမ်းလှတယ်..။ လယ်ဘယ်စာတမ်းတွေလည်း ကဗျာဆန်ပြီး လှပနေတယ်..။

ငြိမ်းချမ်းအောင်

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)