Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

စွန့်လွှတ်ခြင်းဆိုရာ၌



တွေ့၊ဆုံ၊ခွဲ၊ခွာမှု့တွေနဲ့ ခရီးလမ်းသွားနေတဲ့ ကျွန်မတို့ရဲ့ တစ်သက်တာမှာ ကျွန်မတို့ကို အလွန်မြတ်နိုးတန်ဖိုးထား သူများနဲ့ အမျိုးမျိုးသော အကြောင်းတရားကြောင့် လမ်းခွဲ နှုတ်ဆက် ရတဲ့ အချိန်တွေ ရှိသလို ချစ်သောသူ၊ မချစ်မနှစ်သက်သောသူများနဲ့ တစ်ပါတည်း ခရီးသွားရတဲ့ အချိန်တွေလဲ အများကြီးပေါ့…..။

ချစ်သောသူများနဲ့ ခရီးသွားရတဲ့ အချိန်တွေကို မြတ်နိုးတန်ဖိုးထားတတ်တဲ့ ကျွန်မတို့ တစ်တွေဟာ ခွဲခွာမှုရဲ့ မှတ်တိုင်တွေကိုတော့ အလူးအလဲ ခံစားတတ်ကြတာ လူသားတွေရဲ့ ဓမ္မတာ တွေလားတော့ မသိဘူး။ ဒါပေမယ့် ခွဲခွာခြင်းရဲ့ ဆုလာဘ်ကို လက်ခံ၊မြတ်နိုးတတ်တဲ့ အခါ အဖိုးမဖြတ်နိုင်တဲ့ စွန့်လွှတ်မှုရဲ့ အသီးအပွင့်တွေ ခံစားရရှိမှာ ဖြစ်ပါတယ်…။ စွန့်လွတ်မှုရဲ့ လှပမှုတရားတွေကို မျှဝေလိုက်ပါတယ်… စွန့်လွှတ်စွန့်စားပြီး အသစ်၊ အသစ်သော ကောင်းချီးများကို ခံစားနိုင်သောသူများ ဖြစ်ပါစေလို့လဲ ဆုတောင်းပေး လိုက်ပါတယ်…။


စွန့်လွှတ်ခြင်းဆိုရာ၌


စွန့်လွှတ်ခြင်းဆိုရာ၌ အရေးပေး၊ ဂရုစိုက်မှု့ကို ရပ်တန့်လိုက်ခြင်းမဟုတ်

တစ်ခြားသူရဲ့ လွတ်လပ်မှု့ကိုလေးစားပြီး သူ့ရဲ့လုပ်ရပ်အတွက် သူ့ကိုတာဝန်ပေးလိုက်ခြင်းဖြစ်တယ်။


စွန့်လွှတ်ခြင်းဆိုရာ၌ သူတစ်ပါးကို အတင်းပြောင်းလဲစေခြင်း မဟုတ်တဲ့အပြင် အပြစ်တင် နေခြင်းလဲမဟုတ်ဘူး

မိမိကိုယ် မိမိပြောင်းလဲဖို့တော့ ဖြစ်နိုင်ကြောင်း နားလည်ခြင်းဖြစ်တယ်။


စွန့်လွှတ်ခြင်းဆိုရာ၌ လူတစ်ဦး တစ်ယောက်ကို ပြုပြင်ခြင်းမဟုတ်

သူ့ပြောင်းလဲမှု့ ဖြစ်စဉ်အတွက် လိုအပ်မယ့် အကူအညီတွေပေးခြင်းဖြစ်တယ်။


စွန့်လွှတ်ခြင်ဆိုရာ၌ လူတစ်ဦးတစ်ယောက်ကို တရားဇာတ်ခုံပေါ်တင်နေခြင်းမဟုတ်

သူ့ရဲ့ လူ့အခွင့်အရေးကို လေးစားခြင်းဖြစ်တယ်။


စွန့်လွှတ်ခြင်းဆိုရာ၌ လူတစ်ဦးတစ်ယောက်ကို ငြင်းပယ်ခြင်းမဟုတ်

သူ့ရဲ့ ဖြစ်တည်မှု့ကို အသိအမှတ် ပြုခြင်းဖြစ်တယ်။


စွန့်လွှတ်ခြင်းဆိုရာ၌ သူတစ်ပါးကို အပြစ်တင် ဆူပူနေခြင်းမဟုတ်

မိမိရဲ့ အမှားကို အသိအမှတ်ပြု ပြုပြင်ခြင်းဖြစ်တယ်။


စွန့်လွှတ်ခြင်းဆိုရာ၌ မိမိရဲ့ဆန္ဒနဲ့တောင့်တမှုကို ငြင်းပယ်နေခြင်းမဟုတ်

ဆန္ဒများရဲ့ ဖြစ်တည်မှု့ကို အသိအမှတ်ပြုပြီး ပြုစုပျိုးထောင်ခြင်းဖြစ်တယ်။


စွန့်လွှတ်ခြင်းဆိုရာ၌ သူတစ်ပါးအား ပြစ်တင်ရှုံ့ချပြီး လိုရာပုံစံသွင်းနေခြင်းမဟုတ်

မိမိဘ၀ မှတ်တိုင်များကို အကောင်အထည်ဖေါ် ပုံသွင်းနေခြင်းဖြစ်တယ်။


စွန့်လွှတ်ခြင်းဆိုရာ၌ အတိတ်ကို နောင်တရနေခြင်းမဟုတ်

အနာဂတ်အတွက် ပြင်ဆင်နေခြင်းဖြစ်တယ်။


စွန့်လွှတ်ခြင်းဆိုရာ၌ ကြောက်ရွံ့ခြင်း၊အဆက်မပြတ်ပူဆွေးခြင်းတွေနဲ့ခရီးသွားနေခြင်းမဟုတ်

မိမိကိုယ်မိမိ လေးစားပြီး သူတစ်ပါးရဲ့ အထင်အမြင်သေးမှုကို ရုတ်သိမ်းလိုက်ခြင်းဖြစ်တယ်။


စွန့်လွှတ်ခြင်ဆိုရာ၌ အမုန်းတွေမဟုတ်

ပိုမိုချစ်မြတ်နိုးတတ်ခြင်းသာ ဖြစ်တယ် ။



Photos By Me(AP)
Great Thanks to Ko Yin Nein for editing this post.

14 comments:

Unknown October 4, 2008 at 6:43 PM  

ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာတော့ "ယောနိသော မနသိကာရ" လို့ခေါ်တဲ့ "သင့်တင့်လျှောက်ပတ်စွာ နုလုံးသွင်းပါ" ဆိုတဲ့ စကားတစ်ခုထဲနဲ့ အဲ့ဒီအရာတွေအားလုံးကို ခြုံငုံထားလေရဲ့ :)

December Cinderella October 4, 2008 at 10:16 PM  

တခါတုံးက အဲ့ဒီအကြောင်းကို ဆရာတော် ဦးဇောတိကလဲ ပြောဖူးတယ် ...စွန့်လွှတ်ခြင်းကို ရေးဖွဲ့သွားတာပြည့်စုံပါတယ် ..အရမ်းလဲ သဘောကျတယ်။
စွန့်လွတ်ခြင်းဆိုရာ၌ အရေးပေး၊ ဂရုစိုက်မှု့ကို ရပ်တန့်လိုက်ခြင်းမဟုတ် တစ်ခြားသူရဲ့ လွတ်လပ်မှု့ကိုလေးစားပြီး သူ့ရဲ့လုပ်ရပ်အတွက် သူ့ကိုတာဝန်ပေးလိုက်ခြင်းဖြစ်တယ်။
စွန့်လွတ်ခြင်းဆိုရာ၌ သူတစ်ပါးကို အတင်းပြောင်းလဲစေခြင်း မဟုတ်တဲ့အပြင် အပြစ်တင် နေခြင်းလဲမဟုတ်ဘူး မိမိကိုယ် မိမိပြောင်းလဲဖို့တော့ ဖြစ်နိုင်ကြောင်း နားလည်ခြင်းဖြစ်တယ်။

အဲ့ဒါမှန်တယ် ..ဒါပေမဲ့လေ ..စွန့်လွှတ်ဖို့တော့ တကယ်ခွန်အားမရှိသေးဘူး

Anonymous October 4, 2008 at 11:23 PM  

စွန့်လွတ်ခြင်းဆိုရာ၌ လူတစ်ဦး တစ်ယောက်ကို ပြုပြင်ခြင်းမဟုတ်

သူ့ပြောင်းလဲမှု့ ဖြစ်စဉ်အတွက် လိုအပ်မယ့် အကူအညီတွေပေးခြင်းဖြစ်တယ်။


စွန့်လွတ်ခြင်ဆိုရာ၌ လူတစ်ဦးတစ်ယောက်ကို တရားဇာတ်ခုံပေါ်တင်နေခြင်းမဟုတ်

သူ့ရဲ့ လူ့အခွင့်အရေးကို လေးစားခြင်းဖြစ်တယ်။
စွန့်လွှတ်ခြင်းကိုရေးသွားတာတစ်ကယ် လှတယ်ဗျာ

ရှင်သန်မှု October 5, 2008 at 3:08 AM  

အရာရာကိုကောင်းတဲ့အမြင်နဲ့ကြည့်ပေးတာအကောင်းဆုံးပါပဲ။

ညမီးအိမ် October 5, 2008 at 5:08 AM  

စွန့်လွတ်ခြင်းလေးတွေဖတ်ရတာကောင်းသဗျ။ တချို့ဟာလေးတွေတော့သိပ်နားမလည်ပေမယ့်

“စွန့်လွတ်ခြင်ဆိုရာ၌ အမုန်းတွေမဟုတ်
ပိုမိုချစ်မြတ်နိုးတတ်ခြင်းသာ ဖြစ်တယ်၊”

အဲဒါလေးကိုတော်တော်သဘောကျတယ်။

မသက်ဇင် October 5, 2008 at 5:29 AM  

“စွန့်လွတ်ခြင်:ဆိုရာ၌ အမုန်းတွေမဟုတ်
ပိုမိုချစ်မြတ်နိုးတတ်ခြင်းသာ ဖြစ်တယ်၊”

ဒီအပိုဒ်လေးကိုတွေ့ရတော့--ငယ်စဉ်ကသူငယ်ချင်းတွေနဲ့ ----
ခရစ်ယန်ဘုရားကျောင်းလေးတခုရှိရာ ကို
ရောက်သွားတော့ သင်းအုပ်ဆရာတယောက်
တရားဟောတာတခုကို သတိရမိတယ်-----
အဲဒီလို စာသားအသုံးအနှုန်းလေးပါ---ယခုအချိန်အထိ စွဲလမ်းသတိရနေမိပါတယ်---
ချစ်မြတ်နိုးလို့စွန့်လွှတ်တယ်---
စွန့်လွှတ်ပြီးတော့ အမုန်းမရှိပဲ---
ချစ်လျက်ရှိတယ်---
လူသားတွေ အားလုံး ခုလို ထားရှိနိုင်ရင်
ကောင်းမှာပဲနော်----
ခင်မင်လျက်
မသက်ဇင်

Shanghtin October 5, 2008 at 6:42 AM  

laika si na nau kaja na gtalk kaw masha ni loi hti la mu ga ngu copy di mat sai yaw, chyeju ba ba:P :P

Anonymous October 5, 2008 at 12:00 PM  

မိုက်တယ်ဗျာ... စွန့်လွှတ်တာတော့ မသိဘူး။ စွန်လွှတ်ရင်တော့ မှန်စာကြိုးရှမှာသေချာတယ်။ (နောက်တာဗျို့)

အရေးကောင်းတယ်ဗျာ။

တောင်ပေါ်သား October 5, 2008 at 8:49 PM  

စွန့်လွှတ်ခြင်းများကို အသေအချာ မှတ်သားသွားပါတယ် တနေ့နေ့ တချိန်ချိန်မှာ ကျနော်တို့လဲ တစ်ခုမဟုတ်တစ်ခုတော့ စွန့်လွတ်ရမှာပါ

NBWISAM October 5, 2008 at 9:02 PM  

Shakut na hti mat ai. Ndai lam hpe ngai atsawm n chye na ai majaw ... Chye na tim, um ... hkan sa na yak ai zawn ...

Anonymous October 5, 2008 at 10:30 PM  

အရမ်းကိုတလေးတစားဖတ်ဖို့ကောင်းတဲ့
post လေးတခုပါ....
ကျေးဇူးတင်ပါတယ်

ရွှေပြည်သူ (ShwePyiThu) October 6, 2008 at 11:26 AM  

မ Apprenticeship ရေ... စွန့်လွှတ်ခြင်းနဲ့အတူ အဓိပ္ပါယ်ပေါင်းများစွာပါ ထပ်ကြပ်မကွာလိုက်လာတာကို ခံစားသိ သိလိုက်ရပါတယ်။ သိပ်ကောင်းတာပဲ။ ဒါကြောင့် ရေးပါလို့ ပြောပြောနေရတာ...း)

မေမိုးမခ October 10, 2008 at 7:43 AM  

စွန့်လွတ်ခြင်းလို့ဆိုလိုက်ရာမှာ စွန့်လွတ်မှုအမျိုးမျိုးရှိတယ်ဆိုတာပါဘဲ။
အဲဒီစွန့်လွတ်မှုတွေကို စွန့်လွတ်ဖို့ကို
ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ရအုံးမယ်။
အရမ်းကောင်းတယ် အစ်မရေ။
မေမိုးမခ

အိတာ October 14, 2008 at 9:41 AM  

အရေးအသားကတော့မိုက်တယ်အမရေ...

ဒါပေမယ့်စွန့် လွှတ်ရတာတော့ မသက်သာဘူး...
လူတွေကို...:(

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)