Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

အချစ်ဆိုသည်မှာ....

ကျွန်မကိုဘလက်ကြီး tag တုံးကဖြေခဲ့တဲ့ အတိုင်းအချစ်ဆိုတာ
အဖြူစင်ဆုံးဘုရားပေးလက်ဆောင်ပါ။
လိုချင်တပ်မက်တဲ့ ရမ္မက်တွေနဲ့ ပူလောင်နေမယ်ဆိုရင်
စစ်မှန်တဲ့ ချစ်ခြင်းမဟုတ်ဘူးလို့ဆိုရမှာပဲ။
ချစ်တဲ့သူတိုင်းဟာ (အချစ်စစ်၊ချစ်မှန်ဖြစ်ခဲ့မယ်ဆိုရင်ပေါ့)
ကိုယ်ချစ်မြတ်နိုးတဲ့သူ အတွက်အကောင်းဆုံးဖြစ်စေချင်ကြတာပဲ။
ကျွန်မကိုယ်တိုင်တော့ အချစ်ရဲ့လေးနက်ဆန်းကျယ်မှုကို လေ့လားတုံး၊
တစ်ခါတစ်လေတော့ အချစ်ဆိုတာကြီးနဲ့ အဝေးကြီးမှာ နေလိုက်ချင်ပေမဲ့
စစ်မှန်တဲ့ ချစ်ခြင်းနဲ့ကမ်းလှမ်းလာတဲ့ လက်တစ်စုံရဲ့
စွမ်းအားကိုလဲ ကျွန်မကိုးကွယ်ချင်နေသေးတယ်။
အဲဒီအတွက် အချစ်ကို တွေဝေခြင်းလို့ အမည်ပေးမယ်...။
တစ်ဆက်ထဲမှာပဲ့ မမြင်ရတဲ့ အချစ်ဆိုတာကြီးကို လိုလိုချင်ချင်နေရာပေးမိတတ်ကြတာမို့
အချစ်ဟာ Adventure ဆိုလဲမှန်တယ်။
ဆုံဆည်းမှု မှတ်တိုင်မပါတဲ့ အပျော်လှေတွေမှာ မပျော်တတ်တဲ့ ကျွန်မအတွက်
အချစ်ဟာ ရယူပိုင်ဆိုင်ခြင်းပေါ့။
ဒါပေမယ့် ကမ်းလှမ်းလာတဲ့ လက်တစ်စုံမှာ ဆုံဆည်းမှုဆိုတဲ့ မှတ်တိုင်မပါလာရင်တော့
နွေးထွေးပါတယ်ဆိုတဲ့ လက်အစုံရဲ့ကမ်းလှမ်းမှုနဲ့ အဝေးဆုံးကို ထွက်ပြေးမိမှာမို့
အချစ်ဟာ စွန့်လွှတ်ခြင်းလဲ ဖြစ်နေပြန်တယ်...
ဘာပဲဖြစ်ဖြစ် ရင်ထဲကပေါက်ဖွားလာတဲ့ အချစ်ကို ပုစုပျိုးထောင်မဲ့
ယုံကြည်မှုအုပ်မြစ်တောကျွန်မအတွကလိုအပ်တယ်....
အဲဒီအတွက် အချစ်ဟာ ယုံကြည်မှုဆိုလဲ မှန်နေပြန်တယ်။
မတူညီတဲ့ ခန္ဒာနှစ်ခုပေါင်းစပ်ပြီး နှစ်ယောက်တစ်ဘ၀ တည်ဆောက်ရမှာမို့
နာလည်မှုနဲ့ ကိုယ်ချင်းစာတရားတွေက အချစ်ကိုရှင်သန်စေမဲ့
မြေဆီသြဇာလို့ ကျွန်မခံယူ တယ်။
အဲဒီအတွက် အချစ်ဟာ နားလည်မှုနဲ့ကိုယ်ချင်းစာတရားတွေရဲ့
မျှတတဲ့ အပေးအယူလဲဖြစ်နေပြန်တယ်။
မိန်းကလေးအတော်များများတော့ မိမိရဲ့ဘ၀ကို အကာအကွယ်ပေးနိုင်မဲ့
ယောင်္ကျားမျိုးကို လိုချင်ကြတယ်။
ကျွန်မလဲ မိန်းမတွေထဲက မိန်းမတစ်ယောက်မဟုတ်လား။
ဒါပေမဲ့ စံထားနုန်းတွေတော့ မတူဘူးပေါ့။
အကာအကွယ်ပေးနိုင်တယ်ဆိုတဲ့ ဖွင့်ဆိုချက်မှာ မြင်နိုင်တဲ့ ဥစ္စာဓနတွေက
ကျွန်မအတွက် အရေးမကြီးဘူး။
လူမသေငွေမရှားလေ....
လူသေတော့လဲ ငွေမှမလိုတော့တာနော်...။

ဒါပေမယ့် ကျွန်မဘ၀တစ်သက်စာ
ကြင်နာချစ်ခြင်းတွေနဲ့ ဖေးမနားလည်မဲ့
အချစ်စစ်နဲ့ပဲ ခရီးသွားချင်မိတော့.....
အင်း.....အချစ်ဟာ မျော်လင့်စွာ၊ ရူးသွပ်ခြင်း ဆိုလဲ မှားဘူးပေါ့။
ချစ်ပါတယ်ဆိုတဲ့ စကားလေးနဲ့တင်
တလောကလုံးကို မေ့သွားအောင်လဲ
အချစ်ကညှိ့အားကြီးတော့ တစ်ခါတစ်လေတော့ အချစ်က
ကမ္ဘာမြေကြီးထက်လ စွဲငင်အားပိုများနေတာမို့ Gravity လဲခေါ်လို့ရတယ်။
ချစ်သူအလိုကျ အလိုလိုက်အကြိုက်ဆောင်နိုင်တဲ့ ချစ်သူလေးလဲဖြစ်ချင်တော့
အချစ်ဆိုသည်မှာ ပါရမီဖြည့်ဘက် ဆိုရင်လဲမှန်တယ်။
ချစ်သူရဲ့ အပူအအေးမှန်သမျှကို မျှဝေခံစားပေးချင်ပြန်တော့
အချစ်ဟာ ပေးဆပ်ခြင်းပေါ့...
တဖက်ကပြောရင် ချစ်သူ့ လူယုံတော် ပေါ့နော်...
တကယ်တော့ အချစ်ဟာ နူးညံသိမ်မွေ့စွာ သွေးဆောင်တတ်သေးတာမို့
အသာယာဆုံး ဘ၀ Music ပေါ့....
နောက်ထပ်အများကြီး အများကြီး...
ဒါပေမဲ့ အသေချာဆုံးတစ်ခုက
အချစ်ဟာ အမြဲရှင်သန်နေတယ်ဆိုတာပါပဲ..
အဲဒီအတွက်လဲ မျိုးဆက်ပေါင်းများစွားက ပြောဆိုခဲ့တဲ့
အချစ်ဒဿနိကများဟာ
အခုထိဖွဲ့လို့ မကုန်သေးဘူး... နောက်မျိုးဆက်တွေလဲ ဆက်ဖွဲ့အုံးမှာပဲ
ဒီလိုရေးဖွဲနေတဲ့ သူငယ်ချင်းအားလုံးလဲ လှပစစ်မှန်တဲ့ အချစ်ကို
ပိုင်ဆိုင်နိုင်သောသူများဖြစ်ပါစေ..


အချစ်ကို ခံစားမှုဝါဒီ အမျိုးမျိုးနဲ့ ချစ်နေတဲ့ အထဲမှာ
ကျွန်မကတော့ ဒီချစ်ခြင်းမေတ္တာမျိုးကို အတောင့်တဆုံးပေါ့။

ဖတ်ကြည့်လိုက်နော်....


ပရောဖက်ဥာဏ်ကို ငါရ၍ ၊
နက်နဲသော အရာရှိမျှတို့နှင့် သိပ္ပံအတတ်အမျိုးမျိုးကိုတတ်သော်၎င်း၊
မေတ္တာမရှိလျှင် အချည်းနှီးသက်သက်ဖြစ်ဧ။်။
သူတပါးကိုငါကျွေးမွေး၍ဥစ္စာရှိသမျှကို စွန့်ကြဲသည်သာမက
ကိုယ်ခန္ဒာကို မိးရှို့စေ ခြင်းငှါအပ်သော်လည်း၊
မေတ္တာ မရှိလျှင် ငါ၌ အကျိုးမရှိ။
မေတ္တာသည် စိတ်ရှည်တတ်ဧ။်။
ကျေးဇူးပြုတတ်ဧ။်။
မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ၀ါကြွားခြင်းမရှိ၊ မာန်မာနမရှိ။
မလျောက်ပတ်စွာမကျင့်တတ်၊
ကိုယ်အကျိုးမရှာတတ်၊
ဒေါသအမျက် မထွက်တတ်၊
အပြစ်ရှိသည်ဟု မထင်တတ်၊
မတရားသော အမှု၌ ၀မ်းမြောက်ခြင်းမရှိတတ်၊
သမ္မာတရား၌ ၀မ်းမြောက်တတ်ဧ။်
ခပ်သိမ်းသောအရာကို ဖုံးတတ်ဧ။်။
ခပ်သိမ်းသောအရာကို ယုံတတ်ဧ။်။
ခပ်သိမ်းသောအရာကို သည်းခံတတ်ဧ။်။
မေတ္တာသည် ဖေါက်ပြန်ခြင်းသဘောနှင့် အစဉ် ကင်းလွတ်ဧ။်။
ယခုတွင် ယုံကြည်ခြင်း၊ မြော်လင့်ခြင်း၊ ချစ်ခြင်း
ဤသုံးပါးတည်လျက်ရှိဧ။်။
ဤသုံးပါးတွင် ချစ်ခြင်းမေတ္တာသည်
အမြတ်ဆုံးဖြစ်သတည်း။
2 Corinthian 2-13
သခင်ခရစ်တော်ရဲ့ အချစ်ဒဿနိကလေးပါ.. AP အရမ်းကြိုက်တယ်..
ကဲကိုလင်းထက်ရေ.. ကျွန်မရဲ့ အချစ်ဒဿနိကလေးက ဒါပါပဲ..။
ကိုလင်းထက်ပြောတဲ့ အထိန်းတော်ကောင်းကြီးဖြစ်နိုင်တယ်နော် :D
ဆက်လက်ကြိုးစားအုံးမည်.. :P
Apprenticeship

13 comments:

Anonymous October 14, 2008 at 5:40 AM  

အချစ်ဒဿနိကလေးတွေ မိုက်တယ်ဗျို့....။

လင်းထက် October 14, 2008 at 8:14 AM  

အပျိုကြီး ရဲ့ အချစ်ဒဿနိက တွေက အရမ်းလန်းတယ် နော် အချစ်နဲ့တွေ့ပြီးသွားရင် တော့ ဒိ့ထက် မက ပို ကောင်းလာမယ် ထင်တယ် :P
အိမ်စာပြီးလို့ ဆုချမယ် ရော့ သကြားလုံးတစ်လုံး ဟီး ဟီး..။

အိတာ October 14, 2008 at 9:36 AM  

ခံယူချက်တွေကတော့ လန်းနေတယ်...

တစ်ခါတစ်ခါလည်း သူ့ ဟာသူလွှတ်ပေးလိုက်ရင်ကောင်းမယ်ထင်တယ် (အချစ်ကိုပြောတာပါ)...:)

အမြဲခင်တဲ့
အိမွန်တာ

မသက်ဇင် October 14, 2008 at 7:40 PM  

အခုတလော----အချစ်တွေ များနေကြတယ်--
ဘယ်သွားသွား အချစ်လေ-----
အချစ်ဆိုတာ---အမုန်းမှမဟုတ်တာ---
ကောင်းတာပေါ့---
မသက်ဇင်---
ဖေဖေတာဝန်ကျလို့ ငယ်ငယ် က မြစ်ဝကျွန်းပေါ်ဘက် မှာ နေဘူးတယ်---
သူငယ်ချင်းတွေက ခရစ်ယန် ကိုးကွယ်ကြတာ---
သူတို့နဲ့ ဘုရားကျောင်းတွေ လိုက်တက်တယ်လေ----အဲဒီမှာ သဘောကျတာကတော့---
ချစ်ခြင်းမေတ္တာအကြောင်းပဲသူတို့ပြောကြတယ်----
သိပ်ရိုးသားတဲ့ တိုင်းရင်းသားတွေပါ---
ခင်မင်လျက်

ပန်းခရေ October 15, 2008 at 4:09 AM  

အချစ်ကိုဖွင့်တဲ့ ဒဿနတွေလန်းတယ် မိုက်တယ် မလိမ်မာဘူး လူဆိုး သူခိုးဂျပိုး :p
စတာအရမ်းကောင်းတယ်.....ဆက်ရေးနော် အားပေးတယ် စာမူခလာပေးတား)

Anonymous October 15, 2008 at 5:10 AM  

အချစ်ဆိုတာ..
ဆိုတဲ့ဆိုရိုး၊ ဒဿနတွေကများသား
သူ့ရှုထောင့်နဲ့သူတော့မှန်ကြတယ်။

ကျွန်နော့်အဖို့တော့`အချစ်ဆိုတာ
လွင့်ပါးသူပုဝါစလေး´ဆိုတဲ့ မောင်ချောနွယ်ရဲ့စကား
ယူသုံးပြောချင်ပါတယ်။

ညမီးအိမ် October 15, 2008 at 3:43 PM  

ကိုမ ရဲ့အချစ်ဖွင့်ဆိုချက်လေးကိုအရမ်းသဘောကျတယ်။ အပျိုကြီးမမ ကိုမရဲ့ ရေးသားချက်လေးကိုဖတ်ရတာ ရည်းစားရှိသေးဘူးထင်တယ်။ ကိုမရဲ့အရေးအသားတွေအရမ်းကောင်းနေတယ်နော် ချစ်တတ်နေပြီထင်တယ် ဟုတ်လားဟေ့။

Nyein Chan Aung October 15, 2008 at 4:39 PM  

အချစ်ကို အဓိပ္ပါယ်ဖွင့်ထားတာ ဆရာတင်လောက်တယ်..။

မေမိုးမခ October 16, 2008 at 5:17 AM  

မap ဘယ်လိုရေးလဲ ရေးနည်းလေး နည်းနည်းပြောပြလေ။
အရမ်းကောင်းတယ်။ အချစ်ဆိုတာလဲ Adventure တစ်ခုလိုဘဲလို့ပြောတာ သိပ်မှန်တာပေါ့။
အချစ်အကြောင်းတွေ တော်တော်ပြည့်စုံတယ်နော်။
ဒဿနိက ဆရာမလုပ်လို့ရပြီ ဟိဟိ။
အော်.... အချစ်က ဂလိုပါလား။
မှတ်သားလိုက်ပြီ။
မေမိုးမခ

Anonymous October 16, 2008 at 1:19 PM  

အချစ်ဆိုတာ အစုံပဲနော်..
ခံယူချက်တွေ ကောင်းတယ်ဗျ..

ရွှေပြည်သူ (ShwePyiThu) October 18, 2008 at 5:11 AM  

အနှစ်သာရ တကယ်ပြည့်တဲ့ အချစ်အကြောင်းပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ် မ Apprenticeship ရေ...

ဇင်ယော် October 22, 2008 at 12:09 PM  

အချစ်အကြောင်း ၀င်လေ့လာသွားတယ်ဗျို.။ အရေးအသား အတွေးအခေါ်တွေက မိုက်တယ်ဗျာ။ ကြုံတုန်း တခါတည်း ခွင့်တောင်းသွားဦးမယ်။ လိုအပ်လာရင် မှီငြမ်းခွင့်ပြုပါခင်ဗျ။ အောင်မြင်သွားရင် ကျေးဇူးမမေ့ပါဘူး။ သိတယ်ဟုတ် ဖိတ်စာပို့ ပြီး ကျေးဇူးဆပ်မှာ ဟေဟေ.။

Unknown October 25, 2008 at 8:33 PM  

ငြိမ်းချမ်းလိုက်တဲ့ အချစ် ......
APတယောက် ပိုင်ဆိုင်ပါစေဗျာ။

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)