Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

ကောင်ကင်သားများ သီချင်းဆိုစေ


အဖြူရောင်နတ်သမီးလေးတွေ မွန်းမံထားတဲ့ ခရစ္စမတ်သစ်ပင်တွေ္စ္စ
Photo by AP


ကောင်ကင်သားများ သီချင်းဆိုစေ

ငါ့ရင်မှာ
ခရစ္စမတ်ခေါင်းလောင်းလေးတွေ သီးခတ်၊ကခုန်နေရဲ့။

ဒီဇင်ဘာဆိုတာ ကျွန်မအတွက်တော့
မွေးဖွားခြင်းနဲ့ ရှင်သန်မှုရဲ့ သင်္ကေတ။

လောဘ၊ရမက်တွေကြောင့် ညစ်ညမ်းနေတဲ့
ကမ္ဘာမြေတစ်ခုလုံးကို နှင်းပွင့်လိုဖြူစင်စေဖို့
ကောင်းကင်သားများ အဖြူရောင်ဝတ်ရုံ လက်ဆောင်ပေးတဲ့လ။

ရန်သူအချင်းချင်း အပြစ်လွှတ်ပြီး
မေတ္တာသီးချင်းများ သံပြိုင်သီဆိုတဲ့လ။

ပူဆွေးသောက ရောက်နေသူအတွက်
ကောင်းကင်တမန်များ တေးဆိုတဲ့လ။

သုန်ညတွေရဲ့ ပကတိတန်ဖိုးတွေ အရောင်လက်နိုင်ဖို့
မေရှီးယကိုယ်တိုင် ကမ္ဘာမြေကိုကြွဆင်းပြီး
မေတ္တာတံတားခင်းခဲ့တဲ့ လမြတ်လေးပေါ့....။

ပျော်ရွှုင်ခြင်း၊ ၀မ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းတွေ ဆောင်ပေးခဲ့တဲ့ ဒီဇင်ဘာရေ...
သင့်အပေါ်မှာ ကောင်းကြီးများနဲ့ ပြည့်စုံပါစေသော်...။


နွားညီနှောင်ခလောက်သံတွေနဲ့ အမေ့အိမ်ကိုလွမ်းမိတယ် :P
Photo by AP


*** သူငယ်ချင်းတွေအားလုံး ပျော်ရွှင်မှုအပေါင်း ခညောင်းပြီး မွေးဖွားလာတဲ့ မေရှီးယ ယူဆောင်ပေးခဲ့တဲ့ ခရစ္စမတ်လက်ဆောင်လေးတွေလဲ ရရှိပါစေ...
အားလုံးကို ချစ်ခင်လေးစားလျှက် :)
စာမေးပွဲတွေ မပြီးသေးတဲ့အတွက်ပါ မကြာခင် ဘလောက်တွေဆီ လာလည်ပါ့မယ်။
(နှင်းတွေကျနေတဲ့ ဒီဇင်ဘာနေ့ခင်းအတွက် ဒီကဗျာလေး ရင်မှာဖြစ်လာလို့ ရေးချမိတယ်။)

6 comments:

Nyein Chan Aung December 17, 2008 at 4:21 PM  

ခရစ်စမတ်နီးလာပြီနော်။ ဒီကဗျာက နှင်းတစ်စလို ဖြူလွပြီး အပြစ်ကင်းစင်နေတယ်။

Mhaw Sayar December 18, 2008 at 4:38 PM  

ဒီဇင်ဘာလည်း လှတယ်၊ နှင်းတွေလည်း လှတယ်၊ ကဗျာကလည်း လှတယ်၊ ဓာတ်ပုံတွေလည်း လှတယ်ဗျာ.. အလှတွေကို ငြိမ်းငြိမ်းချမ်းချမ်း မျှဝေပေးတဲ့ မ အေပီ လည်း စိတ်ရော၊ ကိုယ်ပါ ဆထက်ထမ်းပိုး အလှတိုး နိုင်ပါစေဗျို့။ :)

Merry X'Mas!

ရွှေပြည်သူ (ShwePyiThu) December 25, 2008 at 2:13 AM  

ကဗျာလေးက အရမ်းကောင်းတယ် မ Apprenticeship ရေ... Merry Christmas ပါး)

အလင်းစေတမန် December 27, 2008 at 4:54 AM  

ကဗျာလေး ကောင်းပါတယ် ခင်ဗျာ။

Anonymous January 8, 2009 at 4:27 PM  

အေပီကိုသတိရလို့လာလည်တာ--
၂၀၀၉ နှစ်သစ်နဲ့အတူ ပျော်ရွှင်ချမ်းမြေ့ပါစေ---

ဇင်ယော် January 16, 2009 at 3:06 PM  

လှပခမ်းနားတဲ့ ကဗျာလေးကို ဓါတ်ပုံတွေက အားဖြည့်ပေးထားတာ အတော့်ကို လိုက်ဖက်တယ်ဗျာ။ ၂၀၀၉ နှစ်သစ်မှာ ပျော်ရွှင်ငြိမ်းချမ်းပါစေဗျာ။

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)