
ပျော်ရွင်ဖွယ်ကောင်းတဲ့ လမြတ် ဖြစ်ပါစေ…။ ခရစ္စမတ်ရောက်ပြီဆိုတာနဲ့ပဲ မသိစိတ်ထဲက ကြည်နူးပျော်ရွင်မှုကို ခံစားရတယ်။ ဒီ post အတွက် Christmas Pictures ဆိုပြီး Google မှာရှာကြည့်လိုက်တော့ အရောင်တောက်ပစုံလင်တဲ့ decoration ရယ်၊ပျော်ပွဲရွင်ပွဲဆင်နွဲ နေတဲ့ပုံတွေရယ်ကပိုများတယ်။ ကျွန်မရှာမိတာတော့ နွားစားခွက်လေးထဲက သခင်ခရစ်တော်ကိုရှာတာ ပုံနဲနဲပဲတွေ့တယ်။ အဲဒါနဲ့အတော်စိတ်မကောင်းဖြစ်သွားတယ်။ ဒီနေ့မြို့ထဲကအပြင်အဆင်တွေလဲ ခရစ္စမတ်အပြင်အဆင်တွေနဲ့ ပြောင်းလဲသွားပြီးမို့ လိုက်ငေးဖြစ်တယ်။ အတူတူပဲ လှပတဲ့ပြင်ဆင်မှုတွေအလယ် သခင်ယေရူက နေရာမရနေပြန်ဘူး။ဒါနဲ့ ကျွန်မကိုယ်ကျွန်မ ပြန်မေးလိုက်တယ် သခင်ခရစ်တော် မွေးဖွားဖို့နေရာပေးခဲ့တဲ့သူ ကျွန်မဖြစ်ပြီလားပေါ့။တကယ်တော့ ခရစ္စမတ်ဟာ လောကီသားတွေ ကိုအပြစ်နွံထဲက ကယ်တင်ဖို့ မွေးဖွားလာတဲ့သခင်ခရစ်တော်ရဲ့မွေးနေ့မြတ်ပါ။ ဒီလိုရာသီမှာအချင်းချင်း မေတ္တာပြတဲ့အနေနဲ့ ခရစ္စမတ်လက်ဆောင်တွေပေးကြတာဟာ သခင်ခရစ်တော်ကျွန်မတို့အားလုံးအတွက် ယူဆောင်ပေးခဲ့တဲ့ ချစ်ခြင်းမေတ္တာလက်ဆောင်ကို နမူနာယူပြီး အခြားသူများကိုမေတ္တာပြတဲ့အနေနဲ့ အချင်းချင်းလက်ဆောင် လေးတွေဝေကြတာပါ။ ခရစ်ယာန်ဘာသာရေးပွဲဖြစ်တဲ့ အတွက်ဆင်နွဲရခြင်းရဲ့ အနစ်သာရကို နဲနဲမျှဝေလိုက်ခြင်းပါ။ ကျွန်မတို့အားလုံးသိပီးသားအကြောင်း ဖြစ်ချင်ဖြစ်မယ်၊ အမှုမဲ့အမှတ်မဲ့
ခရစ္စမတ်ကိုသာ ၀င်ဆင်နွဲနေသူဖြစ်ခြင်းဖြစ်မယ် ဘာပဲဖြစ်ဖြစ် ကျွန်မတို့ပါဝင်ဆင်နွဲတဲ့ပွဲတော်ရဲ့ အနှစ်သာရလေး ကိုမေ့သွားတတ်ကြတယ်နော်....... :(






ခရစ္စမတ် သစ်ပင်လုပ်ဖို့ Fund လိုနေတဲ့လူတွေသူငယ်ချင်းတွေအတွက် :P
ကျောင်းကသူငယ်ချင်း FW လုပ်လာတဲ့ ပုံတွေပါ။ Good ideas now?
ဒီလိုအားလုံးဝမ်းမြောက်ဝမ်းသာတဲ့ ဒီလကိုပဲ The World Health Organization (WHO) အဖွဲ့ကမျော်လင့်ချက်ကင်းမဲ့နေတဲ့ AIDS ဝေဒနာရှင်များနေ့အဖြစ် ၁၉၈၈ ကတည်းက သတ်မှတ်ကျင်းပခဲ့တာ ဒီနှစ်ဆိုရင် အနှစ် ၂၀ ရှိပြီးဖြစ်ပါတယ်။ အချိန်အနှစ် ၂၀ ကြာလာတာနဲ့အမျှ ၂၀၀၇ မှာ WHO ရဲ့ကောက်ယူခဲ့တဲ့ စရင်းအရ ကမ္ဘာတစ်ဝန်းးမှာ AIDS ဝေဒနာရှင်ပေါင်း ၃၃ သန်းကျော်က ဒီရောပါနဲ့ အသက်ရှင်နေရပြီးဖြစ်ကြောင်း WHO ရဲ့စစ်တမ်းအရ သိရှိရပါတယ်။ ဒီရောဂါဝေဒနာဆိုးကြီးပြန့်ပွားလာတာနဲ့အမျှ ဝေဒနာရှင်များကို ကူညီပံ့ပိုးရေး NGOs နဲ့ နိုင်ငံအသီသီက အစိုးရတွေလဲ အရေးတယူဆောင်ရွက်ကူညီနေကြပါပီ။ ဒါပေမဲ့ အားလုံးသိတဲ့ အတိုင်းအခုထိ သုတေသီများအနေဖြင့် ပျောက်ကင်းအောင်ကုသနိုင်တဲ့ဆေးရှာမတွေ့သေးပါ။ တင်ကြိုကာကွယ်ရန်မှတပါး အခြားနည်းမရှိသေးတဲ့အတွက် အားလုံးလဲသတိနဲ့ မိမိကိုယ်ကိုကာကွယ် ကြရဖို့သာကျန်ပါတယ်။ သွေးအချင်းချင်းနဲ့ ခန္ဒာကိုယ်က ထွက်တဲ့အရည်အချင်းချင်း မထိတွေ့မိဖို့တော့ အရေးကြီးပါတယ်။ ကာမဆက်ဆံခြင်းနဲ့၊ သွေးသွင်းခြင်း၊ မသန့်တဲ့ ဆေးထိုးအပ်တွေ ကတဆင့်ကူးဆက်မှု အမြန်ဆုံးဖြစ်တဲ့ အတွက် တစ်ခဏတာ သာယာမှုအပေါ်အလေမလိုက်မိဖို့နဲ့ သန့်စင်သောဆေးထိုးအပ်နဲ့ သွေးများကို သာသွင်းမိစေဖို့တော့ အထူးဂရုပြုသင့်ပါတယ်။ အိမ်ထောင်မတည်ခင် ဆေးစစ်ခြင်းနဲ့၊ အိမ်ထောင်တည်များအနေနဲ့ တစ်ဦးပေါ်တစ်ဦး သစ္စာရှိစွာပေါင်းသင်းဖို့ အလွန်ပင်အရေးကြီးပါတယ်။
ခရစ္စမတ်ကိုသာ ၀င်ဆင်နွဲနေသူဖြစ်ခြင်းဖြစ်မယ် ဘာပဲဖြစ်ဖြစ် ကျွန်မတို့ပါဝင်ဆင်နွဲတဲ့ပွဲတော်ရဲ့ အနှစ်သာရလေး ကိုမေ့သွားတတ်ကြတယ်နော်....... :(
The Redneck Christmas Tree






ခရစ္စမတ် သစ်ပင်လုပ်ဖို့ Fund လိုနေတဲ့လူတွေသူငယ်ချင်းတွေအတွက် :P
ကျောင်းကသူငယ်ချင်း FW လုပ်လာတဲ့ ပုံတွေပါ။ Good ideas now?
ဒီလိုအားလုံးဝမ်းမြောက်ဝမ်းသာတဲ့ ဒီလကိုပဲ The World Health Organization (WHO) အဖွဲ့ကမျော်လင့်ချက်ကင်းမဲ့နေတဲ့ AIDS ဝေဒနာရှင်များနေ့အဖြစ် ၁၉၈၈ ကတည်းက သတ်မှတ်ကျင်းပခဲ့တာ ဒီနှစ်ဆိုရင် အနှစ် ၂၀ ရှိပြီးဖြစ်ပါတယ်။ အချိန်အနှစ် ၂၀ ကြာလာတာနဲ့အမျှ ၂၀၀၇ မှာ WHO ရဲ့ကောက်ယူခဲ့တဲ့ စရင်းအရ ကမ္ဘာတစ်ဝန်းးမှာ AIDS ဝေဒနာရှင်ပေါင်း ၃၃ သန်းကျော်က ဒီရောပါနဲ့ အသက်ရှင်နေရပြီးဖြစ်ကြောင်း WHO ရဲ့စစ်တမ်းအရ သိရှိရပါတယ်။ ဒီရောဂါဝေဒနာဆိုးကြီးပြန့်ပွားလာတာနဲ့အမျှ ဝေဒနာရှင်များကို ကူညီပံ့ပိုးရေး NGOs နဲ့ နိုင်ငံအသီသီက အစိုးရတွေလဲ အရေးတယူဆောင်ရွက်ကူညီနေကြပါပီ။ ဒါပေမဲ့ အားလုံးသိတဲ့ အတိုင်းအခုထိ သုတေသီများအနေဖြင့် ပျောက်ကင်းအောင်ကုသနိုင်တဲ့ဆေးရှာမတွေ့သေးပါ။ တင်ကြိုကာကွယ်ရန်မှတပါး အခြားနည်းမရှိသေးတဲ့အတွက် အားလုံးလဲသတိနဲ့ မိမိကိုယ်ကိုကာကွယ် ကြရဖို့သာကျန်ပါတယ်။ သွေးအချင်းချင်းနဲ့ ခန္ဒာကိုယ်က ထွက်တဲ့အရည်အချင်းချင်း မထိတွေ့မိဖို့တော့ အရေးကြီးပါတယ်။ ကာမဆက်ဆံခြင်းနဲ့၊ သွေးသွင်းခြင်း၊ မသန့်တဲ့ ဆေးထိုးအပ်တွေ ကတဆင့်ကူးဆက်မှု အမြန်ဆုံးဖြစ်တဲ့ အတွက် တစ်ခဏတာ သာယာမှုအပေါ်အလေမလိုက်မိဖို့နဲ့ သန့်စင်သောဆေးထိုးအပ်နဲ့ သွေးများကို သာသွင်းမိစေဖို့တော့ အထူးဂရုပြုသင့်ပါတယ်။ အိမ်ထောင်မတည်ခင် ဆေးစစ်ခြင်းနဲ့၊ အိမ်ထောင်တည်များအနေနဲ့ တစ်ဦးပေါ်တစ်ဦး သစ္စာရှိစွာပေါင်းသင်းဖို့ အလွန်ပင်အရေးကြီးပါတယ်။
ဒီလိုသတိနဲ့နေဖို့ပြောတဲ့ အခါ AIDS ဝေဒနာရှင်များကို ရှောင်ဖယ်သွားဖို့မဟုတ်ပါဘူး။ အမှန်တော့ ဝေဒနာရှင်တွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုအများကြီးလိုပါတယ်။ မိသားစုသူငယ်ချင်းတွေရဲ့ နားလည်ဖေးမမှုတွေ ကသူတို့အတွက်အားပါ။ AIDS ဝေဒနာရှင်များနဲ့ အတူနေထိုင်စားသောက်ခြင်းအားဖြင့် ရောဂါမကူးနိုင်ပါ။ အားလုံးသိ ပြီးသားဖြစ်မှာပါ။အကျဉ်းချုပ်အနေနဲ့သာသင်ပြလိုက်ပါတယ်။ AIDS အကြောင်းပိုသိလိုသူများ ဒီမှာ Click ပါ။ မြန်မာပြည် AIDS တစေ့တစောင်းကိုတော့ မအိခင်ရေးသားထားပါတယ်။ စိတ်ဝင်စားတဲ့ သူများသူ့ဘလောက် (ဒီ post) လေးကိုဖတ်ကြည့်ပါ။
သူငယ်ချင်းတွေအားလုံး ဒီခရစ္စမတ်မှာ သခင်ခရစ်တော် ကျွန်မတို့အတွက်ယူဆောင်လာတဲ့ ပျော်ရွှင်ခြင်း၊ ငြိမ်သက်ခြင်း၊ ချစ်ခြင်း ဆုကျေးဇူးများနဲ့အတူ သူငယ်ချင်းတွေမျော်မှန်းထားတဲ့ ဘ၀မှတ်တိုင်တွေကိုလဲရရှိ နိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။
ဆက်လက်ကြိုးစားပါအုံးမည်..
Apprenticeship
2 comments:
Merry X' Mas ပါ AP ရေ. ပျော်ရွှင်ဖွယ် ခရစ်စမတ် နဲ့ နှစ်သစ်ကူး ဖြစ်ပါစေ!
Merry X' Mas ပါခင်ဗျာ။ အစိမ်းရောင်ပေါ်မှာ ခရမ်းရောင်နဲ.ရေးထားတော့ ဖတ်ရတော့ခက်တယ်ဗျ။
Post a Comment