Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

ပဓာနကျတဲ့ ငါတို့

ပဓာနကျတဲ့ ငါတို့

တကယ်တော့
ကံကြမ္မာဆိုတာ object လေးတစ်ခုပါ။
subject ဖြစ်တဲ့ ငါတို့
active နဲ့ passive verb တွေကို သေချာသုံးတတ်ဖို့တော့
ပဓာနကျတယ်။
မနေ့ကအဖြစ်တွေကို သင်ခန်းစားယူပြီး
ဒီနေ့အတွက်
အကောင်းဆုံး ပေးဆပ်နေသူ အတွက်
ကံကြမ္မာက မျက်နှာပေးစမြဲမို့
မနက်ဖြန်ရေ.......
မင်းအတွက် မျော်လင့်ခြင်းတွေ တည်ဆောက်နေတယ်
ယုံကြည်မှု အပြည့်နဲ့
လှမ်းခဲ့ပါတော့။


ဆက်လက်ကြိုးစားအုံးမည်.
Apprenticeship

15 comments:

NBWISAM November 15, 2008 at 4:24 AM  

Subject ni, object ni hti na loi gaw bri mat sai ... :P

Anonymous November 15, 2008 at 1:11 PM  

ယုံကြည်မှုအပြည့်နဲ. လှမ်းခဲ့ပါပြီဗျာ။

လင်းထက် November 15, 2008 at 2:29 PM  

အတွေးလေးတွေ ကောင်းတယ် ညီမလေးရေ..။

Anonymous November 15, 2008 at 7:09 PM  

မနေ့ကအဖြစ်တွေကို သင်ခန်းစားယူပြီး
ဒီနေ့အတွက်
အကောင်းဆုံး ပေးဆပ်နေသူ အတွက်
ကံကြမ္မာက မျက်နှာပေးစမြဲမို့
မနက်ဖြန်ရေ.......
မင်းအတွက် မျော်လင့်ခြင်းတွေ တည်ဆောက်နေတယ်။
AP ရေ ယုံကြည်ချက်ကော၊ ခံယူချက်ပါ တူ၏။ ထို့ကြောင့် ထောက်ခံပါသည် ခင်ဗျား......

ဟန်လင်းထွန်း November 15, 2008 at 7:19 PM  

ကောင်းတယ်။ အားရှိသလို ခံစားရတယ်

Welcome November 15, 2008 at 10:37 PM  

စာလေးဖတ်ပြီး တက်ကြွတဲ့ စိတ်တွေ တဖွား၂ ဖြစ်စေခဲ့တယ်၊ စာပါ စေတနာကြောင့် ကျေးဇူးပါ။ အစဉ်အားပေးလျက်ပါ

http://winzaw-mdy.blogspot.com

December Cinderella November 16, 2008 at 12:57 AM  

ကဗျာတစ်ပုဒ်လုံးကြိုက်တယ် Appreticeship ရေ ..

ဘာလို့လဲ မသိဘူး ..
Appreticeship ဆိုတဲ့ နာမည်ပေးပုံလေးကို တွေ့ကတည်းက တို့က ကြိုက်နေခဲ့တာ ...

မနက်ဖြန်ရေ
ယုံကြည်ချက်တွေနဲ့ ခရီးဆက်နေတဲ့
ငါတို့ရဲ့ အနာဂတ်တွေဟာ
မျှော်လင့်ချက်တွေရှိမှ
ဘ၀ရဲ့ တဆစ်ချိုး
နေရတာ တန်ဖိုးရှိမယ်လို့ ယုံတယ် ...

မသက်ဇင် November 16, 2008 at 9:14 AM  

AP ရေ----
ကောင်းလိုက်တဲ့ကဗျာလေး--
အတွေးကောင်းလေးပါလား--
ကဗျာတွေ ဆက်ရေးပါအုံး--
တအားကြိုက်တယ်----

Anonymous November 16, 2008 at 9:35 AM  

ကဲလှမ်းခဲပါပီဗျာ

ဟဟဟ...ကဗျာလေးကတော့ မိုက်တယ်ဟာ

ယုံကြည်မှုကတော့အပြည့်နော်

ပြန်မလွတ်ရဘူးနော်

ခင်လျက်

Shanghtin November 16, 2008 at 1:43 PM  

Dai subject ,object ni nau n chye na ai majaw tsang 10 English 40 sha lu ai le :P :) ya Ap tsung jang she loi chye na mat re sai :) grai hkrak ai yaw law law bai ka na hpe myit mada let re :)

Shweyamin November 16, 2008 at 8:53 PM  

this right. I like your post.
http://goldmyanmar.myanmarbloggers.org

ရှင်သန်မှု November 16, 2008 at 10:28 PM  

ကောင်းလိုက်တဲ့အရေးပဲ။ကဗျာလေးကတခုခုကိုအားပေးသလိုခံစားရတယ်။

Anonymous November 16, 2008 at 10:35 PM  

အားပေးလျှက်ပါ

Nyein Chan Aung November 19, 2008 at 10:43 AM  

ကဗျာကောင်းတယ်.. ကြိုက်တယ်..။ အမြဲအားပေးနေတယ်..

ဇင်ယော် November 23, 2008 at 11:20 AM  

မျှော်လင့်ခြင်းတွေ ရှိနေသမျှ မနက်ဖြန်တိုင်းဟာ လှပနေဦးမှာပါပဲလေ။ APရေ ကဗျာလေးက တကယ်မိုက်တယ်။ လမ်းခရီးတထောက်မှာ မောပန်းလို့  နွမ်းနယ်နေသူအဖို့ တော့ energy drink တစ်ခွက်စာပါပဲဗျာ။

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)