Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

ဒီအထိမ်းအမှတ်နေ့လေးကိုတော့အတူဆင်နွှဲချင်


ကျွန်မဘလောင်ဒ့်စရေးကတည်းကတစ်ခါမှ အမှတ်တရ အထိမ်းအမှတ် မလုပ်ရသေး ဘူးနော်။ ကျွန်မ ကိုယ်တိုင်က အစဉ်အလာ တော်တော် များများကို အမှတ်တမဲ့နဲ့ ဖြတ်သန်းနေတာတော့မဟုတ်ဘူး ဒါပေမဲ့ တချို့ အထိမ်းအမှတ်တွေက စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ ဈေးကွက်ကို မြှင့်တင်တဲ့ အစီအစဉ်တွေ (Market promotion) လုပ်ရင်း ဖြစ်လာတာလို့ ယူဆလို့ပေါ့။


ဥပမာပြောရရင်တော့ အများကြီးဗျ။ ဒါပေမဲ့ ဒီအမေရိကန်တွေရဲ့ engage ring အကြောင်းကို ကြည့်ကြရအောင်...။ ဒီမှာက လက်မထပ်ခင် စေ့စပ်စိန်လက်စွပ်ကို ယောကျာင်္းလေးက ပေးရတယ်။ မင်္ဂလာဆောင်တဲ့နေ့ကျတော့ စိန်မြုပ်ထားတဲ့ လက်ထပ်လက်စွပ် ဒါမှမဟုတ် ရိုးရိုး လက်ထပ်လက်စွပ်ကို သတို့သမီးနဲ့ သတို့သား တစ်ခုစီ ပြန်လဲပြီး လက်ထပ်ကတိကို ယူကြတယ်။

တကယ်တန်းကျတော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုထားပြီး တသက်လုံး သစ္စာရှိရှိ ပေါင်းသင်းဖို့ကအဓိက မဟုတ်လား…။ ။


Blood Diamond

I got this picture from here.

ဒီကြားထဲ စေ့စပ်လက်စွပ်လဲပြီးမှ ပြတ်သွားတဲ့
အတွဲတွေလဲ မနည်းဘူးဗျ။ နောက်တစ်ခုကလဲရှိသေး တချို့လူတွေဆို အိမ်ထောင် နှစ်ဆက် သုံးဆက်ရှိတယ်…။ ။ စဉ်းစားကြည့်ပါ တစ်နှစ်တစ်နှစ်ကို မင်္ဂလာဆောင်တဲ့ အတွဲတွေနဲ့ စိန်လက်စွပ်ကို ထုတ်လုပ်တဲ့လူတွေနဲ့ ရွှေထုပ်လုပ်သူတွေရဲ့ စီးပွားရေးက ဘယ်လောက်တောင် ကောင်းမလဲဆိုတာ။

ဒါပေမဲ့ စိန်ထုတ်လုပ်တဲ့ အာဖိရိကနိုင်ငံတွေနဲ့ ရွှေထုတ်လုပ်တဲ့ မြန်မာနိုင်ငံလိုတွေ အတွက်တော့ ဆင်းရဲပြီး ဆင်ရဲရင်းပေါ့။ အဆင်းရဲဆုံးဆိုတဲ့ နာမည်ကောင်းတွေကလဲ ရထားတယ်။ ချစ်သူများနေ့ရဲ့ ချော့ကလက်တွေရဲ့ အစွန်းအမြတ်ကို ချော့ကလက် ထုပ်လုပ်မှု့ရဲ့ အဓိကကုန်ကြမ်း ထုတ်လုပ်တဲ့ အာဖိရိကနိုင်ငံတွေအတွက် မပါခဲ့ဘူးပေါ့။ ဒါနဲ့ စကားရှည်နေတာနဲ့ လိုရင်းကို မရောက်တော့ဘူး။


ဒါပေမဲ့ သူငယ်ချင်းအားလုံးနဲ့ ဒီအထိမ်းအမှတ် နေ့လေးကိုတော့ အတူ ဆင်နွှဲချင်တယ်။ အားလုံးကိုလဲ အားတက်သရော ပါဝင်ဖို့ ဖိတ်ခေါ်ပါရစေ….။ လာမဲ့ April 22 ရက်နေ့ဟာ ကျွန်မတို့ အားလုံးရဲ့ မိခင် ကမ္ဘာမြေကြီးနေ့ (Earth Day) ပေါ့ ။ ။ Earth Day သမိုင်းအကျဉ်းကို သိချင်တယ်ဆိုရင် ဒီမှာ click ပါ။

နိုင်ငံတကာက နိုင်ငံခေါင်းဆောင်တွေက မိမိနိုင်ငံအလိုက် ပညာပေး အစီအစဉ်တွေ ပျော်ပွဲရွှင်ပွဲတွေ အမျိုးမျိုးလုပ်ပြီး ကျင်းပကြဖို့ စီစဉ်နေကြပါတယ်။

US မှာတော့လွန်ခဲ့တဲ့ April 16 ရက်နေ့ကတည်းက အစီအစဉ် အမျိုးမျိုးနဲ့ ကျင်းပနေခဲ့တာပေါ့။ ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာကြီးပူနွေးမှု့ကို ကာကွယ်ဖို့နဲ့ ကမ္ဘာကြီးမှာ နေထိုင်တဲ့ သက်ရှိသတ္တ၀ါ အားလုံးရဲ့ ရှင်သန်ခွင့်ကို လေးစားတတ်ဖို့ပေါ့။ ပြီးတော့ စက်ရုံးတွေက ထုတ်လုပ်တဲ့ စွန့်ပြစ်ပစ္စည်းတွေကြောင့် ဖြစ်တတ်တဲ့ အကျိုးဆက်ကအစ လယ်ယာလုပ်ငန်းတွေမှာ သုံးတဲ့ ဓါတ်မြေသြဇာတွေကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေ အကြောင်းတွေကအဆုံး အဲ့ဒီလယ်ယာနဲ့ စက်ရုံးတွေက လိုက်နာသင့်တဲ့ စည်းကမ်း ဥပဒေတွေ ဘယ်လိုရှိသင့်ကြောင်းတွေကို ပြည်သူတွေက တင်ပြပုံအမျိုးမျိုးနဲ့ အစိုးရကို တင်ပြ အစိုးရက အကောင်အထည်ဖေါ်ပေါ့။

အမှန်မှာတော့ ပိုကောင်းတဲ့ ဥပဒေတွေ ဖြစ်လာဖို့ဖိအားပေးတဲ့ သဘောပေါ့။ တကယ်တော့ သဘာဝ ဘေးအန္တရယ် ကျရောက်ရင် အားလုံးခံရမှာ မဟုတ်လား။ အစိုးရကလဲ ပြည်သူတွေပြောတာ အကောင်အထည် လုပ်ပါတယ်… ပြည်သူတွေက အချက်အလက်တွေနဲ့ တင်ပြတာလေ..။



ဒါနဲ့ပဲ ကျွန်မလဲ ကိုယ့်နိုင်ငံအကြောင်း ပြန်စဉ်းစားပြီး စိတ်မကောင်းဖြစ်မိတယ်..။
တရုတ်တွေတူးတဲ့ ရွှေတွေက မြန်မာပြည်အတွက် မထွန်းတောက်နိုင်ခဲ့သလို… နိုင်ငံကထွက်တဲ့ သဘာဝဓါတ်ငွေ့နဲ့ လောင်စာဆီတွေက ကိုယ့်နိုင်ငံကို အလင်းမပေးပဲ ရှို့မီးတွေများ ဖြစ်နေလား လို့စဉ်းစားမိလို့……။

တကယ်တော့ ကျွန်မတို့နိုင်ငံက အလားအလာ အများကြီးရှိတဲ့ နိုင်ငံပါ... သဘာဝ ရာသီဥတုက မျက်နှာသာပေးတဲ့အပြင် ပထ၀ီအနေထားကလဲ ကောင်းကြီးတမျိုးပေါ့။ ဒါပေမဲ့ ဘာများမှားနေခဲ့လဲ…? ။

ဘာပဲဖြစ်ဖြစ် တစ်ခုခုတော့ လုပ်ရတော့မယ်.. မဟုတ်ရင်တော့ မြန်မာပြည်သားတွေ အနေနဲ့ သစ်ခုတ်လို့ ပျက်စီးသွားတဲ့ တောတောင်နဲ့ နောက်ကျိနေတဲ့ရေတွေ အို… အများကြီး… ဘေးအန္တရာယ်က ချီးမြှင့်တဲ့ ဒုက္ခတွေနဲ့ နှစ်ပါးသွားရမှာ မလွဲပဲပေါ့။ ဒီလိုပြောတော့ တချို့လူတွေက ခုလဲ ဒုက္ခရောက်နေတာ ဘာထူးမှာလဲလို့ ပြောချင်တဲ့လူ ရှိချင်ရှိနေမှာနော်… မဟုတ်ဘူးထူးတယ် ဘာလို့လဲဆိုတော့ သဘာဝ ဘေးတွေက… ဆင်းရဲချမ်းသာ လူကြီးမကြီး မျက်နှာ မလိုက်တတ်လို့ပေါ့..။

Activity Resources: စိတ်ဝင်စားသူများအတွက်ပါ။

ဂျပန်ရောက်များ ဒီမှာ click လုပ်ပြီး Earth Day အစီစဉ်ကိုပါဝင်ခွင့်ရှိတယ်။

ရှရှားရောက်မြန်မာတွေ ဒီမှာ click လုပ်ပြီး Earth Day အစီစဉ်ကိုပါဝင်ခွင့်ရှိတယ်။

မြန်မာပြည်က သူငယ်ချင်းတွေက Earth Day မှာ ကိုယ့်ဟာကိုယ်ဖြစ်ဖြစ် သူငယ်ချင်းတွေ စုပြီးဖြစ်ဖြစ် Earth Day အတွက် တခုခု လုပ်လို့ရတယ်… ideas လိုချင်ရင် ဒီမှာ click နော်။

I took all the pictures except the weeding rings.

Great thanks to Ko Nyameeein for proof reading.

10 comments:

Anonymous April 21, 2008 at 2:19 AM  

ကျေးဇူးဘဲနော် အခုလိုဝေမျှတဲ့အတွက်....
Earth Day ကို တူတကွဆင်နွှဲကြဒါပေါ့....

NatShinNaung April 21, 2008 at 4:30 AM  

သတင်းထူးအတွက် ကျေးဇူးပါဗျို့။ ကျောင်းပြေးပြီး သွားဖြစ်မလားတော့မသိဘူး။

Unknown April 21, 2008 at 5:04 AM  

ကမ္ဘာမြေမြင်နှင့်တကွ ချစ်သော မြန်မာပြည်ကို အခုလို နေ့ရက်မျိုးမှာ ထာဝရ ငြိမ်းချမ်းစေဖို့ ဆုတောင်းပါတယ်...။

Nyein Chan Aung April 21, 2008 at 8:21 AM  

Thanks for this post. Sure, people should celebrate the Earth Day.

Unknown April 21, 2008 at 9:01 AM  

ံHee! I have a plan to celebrate with some pics.
Please come & see me. Hee!.....hee!!!!!!!!Ok!

Anonymous April 21, 2008 at 10:57 AM  

ကောင်းတယ်ဗျာ တတပ်တအားပါဝင်ကြတာပေါ့
ကမ္ဘာကြီး ငြိမ်ချမ်းပါစေ..

Google Myanmar Services April 21, 2008 at 1:16 PM  

ကမ္ဘာကြီး ထာဝရ အေးချမ်းသာယာပြီး သက်တမ်းရှည်အောင် အခုကတည်းက ကိုယ့်ရဲ့နေ့စဉ်လူနေမှုပတ်ဝန်းကျင်မှာ တတ်နိုင်သလောက် တစ်ယောက်ကစလို့ တစ်ကမ္ဘာလုံးရှိလူသားတိုင်း ကာကွယ်ထိန်းသိမ်းခြင်းဖြင့် Earth Day နေ့ကို ဆင်နွှဲးကြပါစို့။ :)

Yan April 21, 2008 at 9:22 PM  

အတူတူဆင်နွှဲဖို့ စာရင်းလာပေးတာပါခင်ဗျာ.

အားပေးနေပါမယ်...

Pinkgold April 22, 2008 at 4:11 AM  

လာရောက် ဆင်နွှဲပါတယ် ညီမလေးရေ

Anonymous April 23, 2008 at 7:37 AM  

Nice Post!!

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)