Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

နှစ်သစ်သန္နိဋ္ဌာန်

သင်္ကြန်ကို ရေမကစားနိုင်ခဲ့ပေမဲ့ ဘလောဒ့်ဂါသူငယ်ချင်းတွေရဲ့ ကောင်းမူ့ (အတာရေတွေကြောင့်) ဒီသင်္ကြန်ကို ကိုယ်တိုင်ပါဝင်ဆင်နွှဲခွင့်ရသလိုဘဲ ပျော်ရွှင်နိုင်ခဲ့တဲ့ အတွက်အားလုံးကို အထူးကျေးဇူး တင်ရှိပါကြောင်း ဒီနေရာကနေ မှတ်တမ်းတင် ပြောကြားပါရစေ….။ သူငယ်ချင်းတွေ ဘယ်လိုခံစားနေလဲတော့မသိဘူး။ နှစ်သစ် ဆိုတဲ့အသိက ကျွန်မရဲ့ရင်ကိုပျော်ရွှင်တက်ကြွ နေစေတာတော့ အမှန်ဘဲ။

ဒါနဲ့ကိုယ့်ရဲ့ကုန်လွန် ခဲ့တဲ့နေ့ရက်တွေ ပြန်စဉ်းစားပြီး ဘာတွေဆက်လုပ်သွားသင့်သလဲ ပြန်စဉ်းစားမိတဲ့အခါတော့ နှစ်သစ်ညရဲအိပ်စက်ခြင်းကို မရေရာမသေချာ စိုးရိမ်ပူပန်မူ့တွေ ကအနိုင်ယူသွားတယ်လေ…။ ဒါနဲ့အိပ်ရာက ပြန်ထပြီးနှစ်သစ်သန္ဒိဋ္ဌာန် ကိုထိုင်ရေးနေခဲ့တာပေါ့…။ ကုန်လွန်ခဲ့တဲ့ နှစ်သစ်တွေ အားလုံးမှာတော့ ကိုယ့်ဟာကိုယ်ဘဲ သန္ဒိဋ္ဌာန် တွေရေးပြီး အတတ်နိုင်ဆုံးဖြစ်အောင် လိုက်လုပ်တာပေါ့နော်…။ နှစ်သစ်သန္ဒိဋ္ဌာန် တွေသာရေးဖြစ်တာ လက်တွေ့မှာတော့ အကောင်အထည်မဖော် ဖြစ်တာကများပေါ့…..။ါကြောင့်ဒီနှစ်သင်္ကြန်မှာတော့ သူငယ်ချင်းတွေဆီက လုပ်ဆောင်ဖြစ် ဖို့နဲ့အောင်မြင်နိုင်မဲ့နှစ်သစ်သန္ဒိဋ္ဌာန်လေးများ ကိုမျှော်လင့်ရင်း ဒီပိုစ့်လေးကိုရေးနေခဲ့တာ…။ အကြံဥာဏ်ကောင်းများဖြင့်မဆကြပါဗျို့……။

ကျွန်မနာမည်က မယ်မြန်မာ အသက်အားဖြင့်ပြောရရင်တော၆၀ပြည့်သွားတာလပိုင်းပဲရှိသေးတယ် ဆိုပါတော့။ ကျွန်မရဲ့ သားသမီးတွေ ကတော့တော်တော်များပါတယ်။ ။ အယောက် သန်း ၅၀ ကျော်ရှိတယ်ရှင့်။ ။ အနှစ်၆၀ အတွင်းကလေးတွေများလှချည်လားလို့တော့ မအံ့သြလိုက်ပါနဲ့ နောက်မှပဲဒီအ ကြောင်းတွေပြောပြအုံးမယ်။ ။ အခုတော့စကားဆက်ပါရစေနော်…။ ကျွန်မအိမ်တွင်းရေးအကူအညီတောင်း ရမှာတော့စိတ်မကောင်းပါဘူး..။ ဒါပေမဲ့ကျွန်မ ဘာဆက်လုပ်သင့်တယ်ဆိုတာ တကယ် လမ်းပျောက်နေလို့ပါ။ ။ သူငယ်ချင်းတို့အနေနဲ့ အတတ်နိုင်ဆုံးစဉ်းစား ပေးမဲ့အကြံကောင်းလေးတွေ မျှော်နေပါ့မယ်…။ ။ ။

ပြဿနာကတော့

၁) ကျွန်မရဲ့ရင်တွင်းဖြစ်သားသမီးတွေ တယောက်နဲ့တယောက်စိတ်ဝမ်းကွဲ ရိုက်ကြပုတ်ကြနဲ့
ကျွန်မဘယ်လိုလ
ုပ်သင့်လဲ့?။ ၀င်တားသင့်လား?။ ဒါမှမဟုတ်ကြည့်နေရမှာလား?။ အမှန်အတိုင်ဝန်ခံရရင်တော့ ကျွန်မ မနိုင်တော့လို့ပါ။ ။

၂) ပျောက်ဆုံးနေတဲ့မိသားစုစိတ်ဓါတ် ကိုဘယိုပြန်တည်ဆောက်သင့်ပါသလဲ?။ ကျွန်မသားသမီးတွေခုလို စိတ်ဝမ်းကွဲနေတာ ကျွန်မအသဲနာလှပါပြီ..။ ။

၃) ပျောက်ဆုံးနေတဲ့ မိသားစုရဲ့ယုံကြည်မှုကိုဘယ်လိုပြန်လည်တည်ဆောက်သင့်ပါသလဲ?။ ။

၎) တော်တော်ကိုကျဆင်းနေတဲ့ မိသားစုရဲ့စီးပွါးရေး နလံထူလာအောင် ဘာလုပ်သင့်ပါလဲ?။ ။

၅) မိတ်ဆွေယောင်ဆောင်နေတဲ့ တရုတ်၊ ကုလား၊ နဲ့ရှရှားတွေ ကြောင့်ပါပါသွားနေတဲ့ အမွေတွေကိုဘယ်လို ကာကွယ်သင့်ပါလဲ?။ ။

၆) သားငယ်လေးတွေကိုအကိုကြီးအားမနာကျည်းဖို့ကျွန်မဘယ်လိုပြော သင့်သလဲ?။ ။ ပြောကောပြောသင့်လား?။ ။

၇) သားငယ်တွေရဲ့လိုအပ်ချက်ကိုသားကြီး နားလည် အောင်ဘယ်လို ပြောပြသင့်လဲ?။ ။

၈) သားကြီးကရော ကျွန်မဆီကတဆင့် သားငယ်တွေကိုတခုခု ပြောစေလို မယ်လို့ထင်ပါသလား?။ ။

၉) နောင်တော်တွေကို ညှာမတာ သာသနာတော်ကိုမလေးမစားလုပနေတဲ့ သားကြီးကိုကျွန်မဘယ်လိုသွန်သင်သင့်သလဲ?။ သူ့မောင်နှမတွေကို ဒုက္ခပေးပေါင်းများနေလို့ပါ..။ ။

၁၀) ကျွန်မရဲ့ဒုက္ခအတွက် အဖွဲ့အစည်းတွေဆီ အကူအညီတောင်းသင့်ပါသလား?။ ။

ကျွန်မချစ်တဲ့မိသားစုဝင်တွေဖြစ်တဲ့ သူငယ်ချင်းအားလုံးဆီက အဖြေကိုစောင့်မျှော်နေပါ့မယ်…။ ။ ။

အားလုံးမင်္ဂလာနှစ်သစ်မှာပျော်ရွှင် အေးချမ်း အောင်မြင်သော အသက်သာ ပိုင်ဆိုင်နိုင်ပါစေ…..

Great Thanks to Ko Htut for the proof reading.

20 comments:

လင်းထက် April 17, 2008 at 2:52 AM  

အဲဒီမေးခွန်းလေးတွေက မေမြန်မာ မှ မဟုတ်ပါ ဘူး လူတိုင်းရင်မှာ ဖြစ်တည်နေတာ ကြာခဲ့ပါ ပြီ အဖြေလဲ ခုထိမပေါ် သေးပါ သားကြီး က ခေါင်းမာရက်စက်အာဏာမက် နေလို့ သားကြီး ကို အရင်ဖယ်ရှား သင့်တယ် ထင်ပါတယ်..။

99 April 17, 2008 at 3:14 AM  

ဘယ်ကိစ္စမဆို ကွာဟချက်တွေများနေရင် မျက်နှာခြင်းဆိုင်ပြီး ဖြေရှင်းတာ အကောင်းဆုံးပါပဲ ..။
ကြားနေတဲ့လူက ဘယ်လောက်ကြိုးစားကြိုးစား .. နှစ်ဖက်လုံးက စိတ်ဓာတ်မှန်မှန်ကန်ကန်နဲ့
ရိုးရိုးသားသား ၀န်ခံတွေ့ဆုံတာမျိုး မဟုတ်ရင်လည်း .. ကြားလူပဲ စိတ်ပန်းလူပန်းရုံပါ။
ကာယကံရှင်ကိုယ်တိုင်က အမှန်တကယ် လိုလားတာမျိုး ဖြစ်ဖို့လိုပါတယ်။ အဇာတသတ်ထက်ဆိုးတဲ့ သားမျိုးကိုတော့ .. အားနည်းပြီး အခွင့်အာဏာမပိုင်ဆိုင်တဲ့ သားငယ်တွေ အန္တရာယ် မဖြစ်ရလေအောင် .. လုပ်သင့်လုပ်ထိုက်တာကို လုပ်ရပါလိမ့်မယ်။
ဘာလုပ်သင့်လဲ ဆိုတာကိုတော့ ....
တခြားလူတွေ ပြောတာ ဆက်နားထောင်မယ်ဗျာ ..။ :D

ကောင်းအောင် April 17, 2008 at 3:53 AM  

မိသားစုလို့ ပြောလိုက်ကတည်းက တစ်ယောက်ယောက်ကို ဖယ်ရှားလိုက်တာနဲ့ မမေမြန်မာပြန်လိုချင်တဲ့ မိသားစု ဘဝကိုပြန်ရမှာ မဟုတ်တော့ပါဘူး။ ဒီအတွက်အတတ်နိုင်ဆုံး ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းလိုက်တာ အကောင်းဆုံးပါ။ ကျွန်တော်စကားပုံတစ်ခုကြားဘူးတယ်ဗျ “အထင်အမြင်လွဲမှားခြင်း သံသယဖြစ်ခြင်းတွေရဲ့ ၉၀% က ထိပ်တိုက်ဖြေရှင်းလိုက်ရင် ပြေလည်သွားစေတယ်”။
အခုကြုံတွေ့နေရတာတွေက သံသယတော့မဟုတ်ပါဘူး။ ဒါပေမယ့် “တောင်းဆိုးပလုံးဆိုးကိုသာ စွန့်ပစ်ရိုးထုံးဆံရှိသော်လည်း သားဆိုးသမီးဆိုးကို စွန့်ပစ်ရိုးထုံစံမရှိဆိုတာလည်း” စကားပုံရှိသေးတယ် မဟုတ်လားဗျ။ မိသားစုအရေးဆိုတာ ညှိနှိုင်းယူတာ အကောင်းဆုံးပါဗျာ။ ဖြစ်ပြီးနေမှတော့ ဟိုလူကိုရန်ရှာ ဒီလူကိုအပြစ်ပုံချလို့ မရတော့ပါဘူး။ မသကာ အလွန်ဆုံး အပြစ်ရှိသူ အပြစ်ပေးပြီး ကျေအေးလိုက်တာ အကောင်းဆုံးပါ။ အာဃာတ တွေကို ရာသက်ပန်ချဝါချနိုင်ရင်တော့ အေးချမ်းတဲ့မိသားစု ဘဝကိုပိုင်ဆိုင်နိုင်ပါဗျာ။ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့သောမိသားစု ဘဝကိုပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ။

Welcome April 17, 2008 at 4:20 AM  

ပြဿနာများအဖြေ
(၁)ကြည့်နေသင့်တယ်။
(၂)အမေချမ်းသာမှဖြစ်မယ်။
(၃)အမေချမ်းသာမှဖြစ်မယ်နော့်။
(၄)ခဏနားထား။
(၅)us နဲ့ ဗြိတိန်ကျန်သေးတယ်။
(၆)ကိုရင်ဝတ်ပေးလိုက်။
(၇)သားကြီးမိန်းမကိုမေး။
(၈)Right .
(၉)ရဟန်းခံစေ။
(၁၀)NGO တွေများသား....။

ကောင်းဆက်လင်းဗီဒီယိုဖြန့်ချိရေး April 17, 2008 at 4:49 AM  

မိသားတစ်စုရဲ့လိုအပ်ချက်တွေကို အမေ၀င်တားမှ အမေ ၀င်ဖြေရှင်းမှ ရတော့မှာပေါ့။ အဲ့ဒီမေးခွန်းလေးတွေကို နည်းသေးတယ်။ လူတိုင်းရင်မှာ ဖြစ်တည်နေတဲ့ မေးခွန်းတွေ။ ထောင်နဲ့၊ သောင်းနဲ့၊ အဖြေလိုက်ရှာရင်း လိုက်ရှာရင်းနဲ့ မဖြစ်သင့်တာတွေဖြစ်၊ မရောက်သင့်တတဲ့နေရာတွေရောက်၊ မသေသင့်ဘဲနဲ့ သေကြရတဲ့ သားတွေသမီးတွေလဲ အများကြီးပဲ။ အမေရေ မေမြန်မာရဲ့ သားသမီးတွေအနေနဲ့ကတော့ လုပ်သင့် လုပ်ထိုက်တာတွေကို လုပ်သင့် လုပ်ထိုက်တဲ့ အချိန်မှာ လုပ်ဖို့ပါပဲ။

လားရှိုးသူ April 17, 2008 at 5:44 AM  
This comment has been removed by the author.
Nyein Chan Aung April 17, 2008 at 5:56 AM  

ညီမ မေးခွန်းတွေက တိုင်းပြည်အတွက် မဖြစ်မနေလိုအပ်နေတဲ့ အကြပ်အတည်း အခက်အခဲ တွေပါပဲ။

Unknown April 17, 2008 at 9:30 AM  

We need to negotiate each other. I believe Win-win strategy is the best way to solve the problem. When we discuss each other, we also need to be honest, simple & wise . The most important thing is the mature mind which want to get the real solution & accept the answer.

Tea April 17, 2008 at 11:56 AM  

Awww... :)
Beat every single son and daughter!!
:P Put all of them in washing machine to wash to be clean and fresh! shoulda use a very powerful detergent cuz.. it has been many many years that they all are in dirt.
after that process, i hope everyone will b with clean mind, and will do good things for their MOM!!!

ညမီးအိမ် April 17, 2008 at 12:48 PM  

အင်းးးးးး စဉ်းစားရင်ခေါင်းတော်တော်ခြောက်သွားတယ်။ သားကြီးကို အလုပ်ပြောင်းလုပ်ရင်လုပ် မလုပ်ရင် သူ့အလုပ်ကို တတ်သိနားလည်တဲ့ညီလက်ထဲအပ်လိုက်လို့။ အင်းးးလောဘလောဘ။ ကျွန်တော်ဒီလောက်ပဲစဉ်းစားလို့ရတယ်ဗျို့။ ဪ ဒါနဲ့သားကြီးကိုပြောလိုက်ပါဦးဗျ အသက်ကြီးပြီလို့။ လောဘတွေ လျှော့တော့လို့။ အေးဆေးနားတော့လို့။

BLANK PAPER April 17, 2008 at 4:23 PM  

စိတ်ကူးတော်တော်ကောင်းတာပဲ..ကျွန်တော်တောင်အဲလောက်မစဉ်းစားနိုင်ဘူး

Anonymous April 17, 2008 at 6:30 PM  

မေးခွန်းတွေအတွက် အဖြေကများများစားစားတော့မရှိပါဘူး။ မိသားစုရေးမို့ အခြားသူ ၀င်စွက်ဖက်ရင် ပိုရှူပ်ကုန်လိမ့်မက်။ အဲဒီတော့ ကိုယ်ဟာ ကိုယ်ဖြေရှင်းဒါ အကောင်းဆုံးဘဲ။အများစုကောင်းဖို့ တယောက်တလေ ကိုတော့ စုပေါင်းပြီးအတူဖယ်ရှား(သို့)နားလည်အောင် ညှိနှိုင်း။

Anonymous April 17, 2008 at 7:04 PM  

အမေ မေမြန်မာရယ် အမေရဲ့ သားသမီး သန်း၅၀ ထဲမှာ သမီးလဲပါတယ် လို့ထင်တာပဲ သမီးအမေပျောက်နေတာ ကြာလှပါပြီ အမေမရှိလို့ အကိုကြီးက သမီးတို့ကို ရက်စက် သတ်ဖြတ် အနိုင်ကျင့်။ အခု အမေ၀င်ပြောသင့်တယ် မိသားစုရေးလို့ ဘေးလူတွေက ဆိုပေမဲ့ လူတိုင်းမှာ မိသားစုဆိုဒါရှိတယ်။ နာလည်ပေးသင့်တယ်လို့ထင်တယ်။ အမေ၀င်ဖြေရှင်းပါ အကိုကြီးက သမီးတွေကို အနိုင်ကျင့်ပြီးတော့ အခုမှ ကြောက်ချီးပန်နေပြီ သူရဲ့ အကိုကြီးဆိုတဲ့နေရာကိုဘဲ စွဲလမ်းနေတယ်။ ဒါပေမဲ့ တစ်ခုတော့ရှိတယ် အမေ ၁ လ တောင်မလိုတော့ ဘူး စောင့်ကြည့်ရတာပေါ့အမေရယ် ဒီလိုမှ ပြသာနာက ဆက်ပွားနေရင်တော့ သမီးတို့လဲ လက်ပိုက်က်ြည့်နေမှာ မဟုတ်ဘူး ချသင့်ရင်လဲ ချမှာပဲ ။ သေရင်လဲသေပစေ တော့။

Kaung Kin Ko April 17, 2008 at 9:21 PM  

သားကြီးကို သားလို့ တောင် မခေါ်ထိုက်တော့ပါဘူးဗျာ

Unknown April 18, 2008 at 1:58 AM  

တကယ်နားလည်သလိုပြော၇မယ်ဆိုရင် ကျနော်တို့တွေမှာ မိသားစုစိတ်ဓာတ်နဲ့ မိသားစုဝင်တိုင်းဟာ ကိုယ့်တာဝန်ကို ပီပီပြင်နားလည်မယ်ဆိုရင်ကောင်းပဗျာ။
အခုက ကိုယ့်တာဝန်ကိုတောင်ကိုမသါတာများနေတာကိုး ဘုရားဟောတာတွေနားမထောင်ဘး လိုက်မကျင့်ဘူး တတ်ရောင်ကားလုပ်ပြီး ပါးစပ်နဲကဘုရားကိုချစ်နေကြတာမျာနေလို့ပါ

Unknown April 18, 2008 at 8:42 AM  

good questions! And also have the answers already. we just need to change some view of points and some extremisms.

ဆိုးသွမ်း April 18, 2008 at 3:50 PM  

သိပ်ကောင်းတဲ့ အတွေးတွေပါပဲ အမရေ။ ကျွန်တော်လည်း အဲဒါလေးနဲ့ ပတ်သက်လို့ စာရေးဖို့ စဉ်းစားထားတယ်။ ထပ်တူကျနေတယ်ဗျ။း)

မင်းကျန်စစ်။ April 18, 2008 at 5:46 PM  

စဉ်းစားစရာတွေ သိပ်ရေးတတ်တဲ့ သူပဲ။
စဉ်းတော့ စဉ်းစားသွားတယ်။ အဖြေကတော့ တော်တော်များများရေးထားကြလို့ မရေးတော့ပါဘူး။ (သိပ်လည်း မစဉ်းစားတတ်လို့ :P)

Apprenticeship April 19, 2008 at 4:56 PM  

Dear all friends:
Thank you so much for your contributions.. they are really helpful for May Myanmar :) I will try to write some more follow up issues soon. Now, the school is going very hectic, please do allow me some time naw :).
Again great thanks to you all and have a blest new year.. and the following days..
Peace to be with you all.
Sincerely:
Apprenticeship

MELODYMAUNG April 20, 2008 at 4:12 AM  

Great thinkings and good feedback.

အင်း အဲဒီမိသားစုရဲ့ သားကြီးက မိသားစုစိတ်ဓာတ်လဲမရှိ
ပြီးတော့ တော်တော်ဆိုးတာပဲ အဲဒီတော့ ငါသာ မယ်မြန်မာဆိုရင်တော့ ခြေမမကောင်းခြေမ လက်မမကောင်းလက်မ ဖြတ်ထုတ်ပစ်သင့် ဖြတ်ထုတ် သွေးဆိုးသွေးညစ်တွေကို ဖောက်ထုတ်ပစ်သင့် ဖောက်ထုတ်မှာပါ
ခင်ပွန်းကြီးဆယ်ပါးကိုတောင် ပစ်မှားတဲ့ သားမျိုးအတွက်ကတော့ မေတ္တာ၊ဂရုဏာ၊ မုဒိတာအပြင် သူ့ကိုဆုံးမမဲ့သူဖြစ်တဲ့ အပြင်အဖွဲ့အစည်းက ပါဝင်ပါတ်သက်လာရင်လဲ ဥပက္ခော ပြုသင့် ပြုရမှာပါပဲ(ကျန်တဲ့ သားသမီးတွေ ကောင်းစားနိုင်ဖို့ကြည့်ရဦးမယ်လေ)

This is just my opinion naw.(may be not the best)

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)