Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

တိတ်တိတ်မျက်ရည်



ရှာပေးလှည့်ပါ
မနေ့ညက ပျောက်ဆုံးသွားသော
ကျမအပျိုစင်ဘ၀။


ဘ၀ဟာရွေးချယ်စရာတွေနဲ့ ပြည့်လျှမ်းလို့
သူတို့ဆိုကြ။
တကယ်ရော ရွေးချယ်စရာတစ်ခုရှိပါရဲ့လား။


မိဘတွေရဲ့နေမှုနေရေး၊ မောင်လေးတွေရဲ့ ပညာရေး
ဒီ့ထက်အရေးကြီးတာ ကျမဘ၀မှာမရှိ။
ဒါဆိုဘာလုပ်သင့်လဲစဉ်းစား။


ကျမအလုပ်တစ်ခုရဖို့ အခုထိရှာတုန်း။
ရှင်တို့သိရင်လည်း ပြောပြပေးပါ။


ကျေးဇူးပြုပြီး အလုပ်အကိုင်အတွက်လိုအပ်တဲ့ အရည်အချင်းတွေ
ရွတ်ဆိုမပြပါနဲ့။
ဟောဒီ့ခန္ဓာကိုယ်ကလွဲရင် ကျမပိုင်တာဘာဆိုဘာမှမရှိ။
ဒါဆိုသိပ်မလွယ်ဘူးပေါ့။


နောက်ဆုံး၊ မနေ့ညကအလုပ်တစ်ခုရတယ်
အဲဒီ့ညမှာပဲ ကျမအပျိုစင်ဘ၀ပျက်ခဲ့ရ။
တစ်စုံတစ်ယောက်ကများ ကူညီရှာဖွေပေးနိုင်မလား။


ကျမတစ်စာစာ လှည့်လည်တောင်းခံခဲ့ပေမယ့်၊ ၀မ်းနည်းမှုနှင့်
ငြင်းဆိုမှုတွေကလွဲရင် ဘာများရနိုင်လို့လဲ။
ရှင်ရောကြားပါစ ကျမအသံ။


ကျမဘ၀ကိုပြဌာန်းပေးထားတာက အရှက်တကွဲဖြစ်မှု၊ လျစ်လျှူရှုခံရခြင်းနှင့်
အထီးကျန်မှု။
ရှင်တို့နားမျက်စိတွေ ကန်းနေကြရော့လား။


သူတို့အလိုရှိသလို ကျမဘ၀ဖြစ်နေတော့
အနာဂတ်ဆိုတာရော ရှိနိုင်ပါဦးမလား။


အခွင့်ရှိလို့တောင်းခံပါဆိုရင် ကျမအပျိုစင်ဘ၀ပြန်ရချင်

ဒါကိုတောင်းခံဖို့ သိပ်များလွန်းသွားပါသလား။ ။

translated by Ko Yu Thar from the "Unseen Tears"

The photos were taken by me at the Burmese Art Show in New York. Sorry I didn't remember the artist's name, of cause, a Burmese artist.

The poem was translated from the "Unseen Tears" by Ko Yu Thar, but Ko Stanylay was the one who wanted to translate. If you would like to see the original English poem click here. Great thanks to Ko Stanylay and Ko Yu Thar. It's even better than English :).

မကြာခင် မြန်မာလိုပါတင် နိုင်အောင် ကြိုးစားနေ ပါတယ်။
ဒါပေမဲ့ မြန်မာလိုကဗျာ ရေးနိုင်ဖို့တော့ အားထုတ်မှုတွေ အများကြီးလိုပါလိမ့်ဦးမယ်..
အတတ်နိုင်ဆုံး ကြိုးစား ပါ့မယ်။ ကျောင်းစာကများတော့ နဲနဲတော့ သည်းခံပြီး စောင့်ပေးပါနော်.... ခုလိုနေ့တိုင်း လာဖတ်တဲ့သူရော.. အလည်လာသူ အားလုံးကို
အမြဲချစ်ခင် လေးစားလျှက် အပရမ်းတစ်ရှစ် (Apprenticeship)

ကိုယုတာ နဲ့ ကိုစတန်နီလေး ကိုဒီကဗျာလေး အတွက်အထူး ကျေးဇူးတင် ကြောင်းထပ်မံ ပြောကြား ပါရစေနော်။


6 comments:

Nyein Chan Aung April 8, 2008 at 9:04 AM  

ရှင်းရှင်းလင်းလင်းမြင်ရပါတယ်။ ဘာသာပြန်လိုက်တော့လည်း အင်္ဂလိပ်လိုရေးထားတုံးကလိုပဲ ကောင်းတာပဲ။ ပျော်ရွှင်ပါစေ။

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် April 8, 2008 at 10:30 AM  

ညီမရေ ကဗျာလေးကို လာခံစားသွားပါတယ် ။ဘ၀ကို ဖောက်ထွက်ပုံ အမျိုးမျိုးရှိမယ်ထင်ပါတယ်။ ခုတစ်မျိုးကတော့ လူပြောအများဆုံး တစ်ခုထင်ပါရဲ့ ။ တကယ်ကို နင့်နင့်နဲနဲ ခံစားရသော ကဗျာ တစ်ပုဒ်ပါ ။

Unknown April 8, 2008 at 1:27 PM  

စိတ်မကောင်းဘူးဗျာ.....
စနစ်တခုရဲ့ သားကောင်တွေဘ၀က
ရင်နင့်စရာပါဗျာ......
အားလုံးဘ၀ လှပါစေ.......

Anonymous April 9, 2008 at 1:40 AM  

ပန်းချီလက်ရာရှင်က ကျနော် မမှားဘူးဆိုရင် “ကြီးမြင့်စော”လို့ ထင်ပါတယ်

မြန်မာပြည်ကိုလွမ်းတယ် April 9, 2008 at 8:10 AM  

ကဗျာလေးဖတ်လိုက်ရတာစိတ်မကောင်း
လိုက်တာ၊မဖြစ်နိုင်တော့မှန်းသိပေမဲ့
သူ.ဆုတောင်းလေးကိုပြည့်စေချင်လိုက်
ပါဘိတော့ဟာ။

မေမိုးမခ April 10, 2008 at 5:09 AM  

ကဗျာလေးက အရမ်းကိုကောင်းတယ် ဘ၀ကို လှလှလေး ပုံဖော်နိုင်တဲ့သူ ဖြစ်ပါစေ။

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)