Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

အမွေအနှစ်

အမွေအနှစ်

ကျွန်မပထမနှစ်စတက်ခါစ ဖေဖေနှုတ်ဆက်သွားတယ်လေ
အဖေ့ကိုအဘိုးရဲ့ အုတ်ဂူဘေးမှာ မြုတ်နှံထားတယ်
တနေ့နေ့တော့ ကျွန်မလဲသူတို့နဲ့ပူးပေါင်းမယ်
ကျွန်မရဲ့နောင်လာနောက်သားများအတွက် အမွေအနှစ်တွေ စီစဉ်ထားခဲ့ပြီးနောက်ပေါ့။

ကျွန်မ အဖေ့အတွက်နှုတ်ဆက်ပွဲလေးလုပ်မပေးခဲ့ဘူး
အဖေဟာကျွန်မအတွက် အမြဲရှင်သန်နေဆဲဘဲလေ….
အထူးသဖြင့် လွတ်လပ်ခြင်း၊ချစ်ခြင်း အငွေ့အသက်များအဖြစ်ပေါ့
အဲ့ဒါဖေဖေပေးခဲ့တဲ့ ထာဝရရှင်သန်သောအမွေအနှစ်
ကျွန်မအမြတ်နိုးဆုံး အရာပေါ့။

ဖေဖေကျွန်မကိုပိုက်ဆံတွေထားတဲ့နေရာအမြဲပြောလေ့ရှိတယ်
ကျွန်မလိုရင်အလွယ်တကူယူသုံးနိုင်အောင်လေ
ဒါပေမဲ့အဖေ့ဆီ ငွေတွေဘယ်လိုသုံးကြောင်းအမြဲအစီရင်ခံပေါ့
အဖေ့ရဲ့ပင်စင်လစာက ဒီခေတ်ကုန်ဈေးနှုန်းနဲ့လုံလောက်မူမရှိဘူး
အဲ့ဒီအချက်က သမီးနဲ့အဖေကြားကနားလည်မူ
အဖေကငွေမလုံလောက်မှုကိုတကြိမ်မှ မပြောခဲ့ဘူး
ဒါပေမဲ့ကျွန်မတာဝန်ယူခဲ့တယ် ငွေတွေမဖြုန်းဖို့ပေါ့။

အဖေကငွေတွေ ဘယ်လိုသုံးစွဲသင့်ကြောင်းလဲ
တကြိမ်တခါမှ မပြောခဲ့ပါဘူး
ဒါပေမဲ့လွတ်လပ်သေားရွေးချယ်ခွင့်လေးက
အဖေပေးတဲ့အရိုးရှင်းဆုံးလမ်းညွှန်မူပေါ့။

ငွေတွေအကုန်ဖြုန်းမလား
ဒါမှမဟုတ် ချွှေတာခြိုးခြန်စွာသုံးမလား
ကျွန်မအတွက်ရွေးချယ်ခွင့်အပြည့် ပေးထားလေရဲ့
အဖေရဲ့အမွေလေးကို ခုတော့ကျွှန်မကောင်းကောင်းသဘောပေါက်မြတ်နိုးခဲ့ပြီလေ။

အဲ့ဒါက လွတ်လပ်စွာရွှေးချယ်ဆုံးဖြတ်ခွင့်
ကျွန်မရဲ့လွတ်လပ်မှုကို တန်ဖိုးထားလေးစားရင်းပေါ့
အိုး ……….ကျွန်မနှစ်ခြိုက်လှလေခြင်း
ကျွန်မရဲ့နောင်လာနောက်သားများအတွက် အမွေအနှစ်အဖြစ်ထားခဲ့ပါရစေလား………

This is a poem that I Translated from my English poem "The Legacy for The Generation". I'm trying my best to fulfill for your requests.. Please enjoy my dear friends..... Happy Thingyan to you all. <-_->
Yeah don't forget to get your New Year present if you haven't done s
o.:P

Great Thanks to Ko Minnkyansis for the proof reading.

သူငယ်ချင်း တို့ရောဘာ အမွေအနှစ် ထာခဲ့မှာလဲ? အကောင်ဆုံး အမွေအနှစ် များထားခဲ့ နိုင်သူများ ဖြစ်စေဗျာ....

12 comments:

Nyein Chan Aung April 13, 2008 at 10:02 PM  

အဓိပ္ပါယ်အများကြီးရှိတဲ့ ကဗျာတစ်ပုဒ်ပါပဲ။ မြန်မာလို သိတ်မမှတ်မိတော့လို့သာပဲ။ စကားလုံးရွေးချယ်မူ အရမ်းလှတယ်။ အစဉ်အမြဲအားပေးနေတယ် ညီမ။

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ....။

စိုးထက် - Soe Htet ! April 13, 2008 at 10:35 PM  

ကောင်းတယ် ဗျို့ ... ပရုဖတ်ပေးတဲ့ ပဂ္ဂိုလ် ကြီးလဲ ကျေးဇူး :)

ပန်းခရေ April 13, 2008 at 11:58 PM  

သိပ်ကောင်းတဲ့
အမွေအနှစ်ပဲ
အဲ့ဒါက လွတ်လပ်စွာရွှေးချယ်ဆုံးဖြတ်ခွင့်
ကျွန်မရဲ့လွတ်လပ်မှုကို တန်ဖိုးထားလေးစားရင်းပေါ့
အိုး ……….ကျွန်မနှစ်ခြိုက်လှလေခြင်း
ကျွန်မရဲ့နောင်လာနောက်သားများအတွက် အမွေအနှစ်အဖြစ်ထားခဲ့ပါရစေလား………

လင်းထက် April 14, 2008 at 2:20 AM  

ကောင်းလိုက်တဲ့အမွေအနှစ်လေးပါလားညီမလေး ရေ..

Mhaw Sayar April 14, 2008 at 2:41 AM  

လက်ဆောင်လာယူတယ်ဗျို့။

Happy Thinွyan & New Year 1370 !!!!!!!

ညမီးအိမ် April 14, 2008 at 6:36 AM  

ကိုမ ရေအမွေအနှစ်တော့ ထားစရာရှိသေးဘူးဗျ။ အကောင်းဆုံးအမွေအနှစ်တော့ထားခဲ့ပါမယ်ဗျ။ ရေလိုအေးလို့ ပန်းလိုလန်းပါစေ။ ဆုတောင်းပေးတယ်နော်။
online မှာတွေ့ရင်မေးတာဖြေရမယ်ရ၀ူး။ ဟဲဟဲ အကျပ်ကိုင်တာ။

သူရဿဝါ April 14, 2008 at 7:27 AM  

အင်း... ကဗျာလေးက အတွေးတွေအများကြီးပေးပါတယ်.. ဒါပေမယ့် တစ်ခုတော့ရှိတယ်... ကဗျာနဲ့တူအောင်ရေးပြနိုင်ရင် ပိုကောင်းလိမ့်မယ် အမ... ခု စကားပြေနဲ့တူနေတယ်.... ဆရာလုပ်တာမဟုတ်ပါဘူးနော်.... ဘာသာပြန်ပြီး အဆင်ချောအောင်ရေးရတာ မလွယ်မှန်းသိပါတယ် .. ဒါပေမယ့်.. သူ့အတိုင်း တိုက်ရိုက်ကြီးမဟုတ်ပဲ .. ဆိုလိုရင်းလေးကို ပြန်ယူပြီး ကဗျာပုံစံထဲဝင်အောင်ပြန်ရေးသင့်တယ်လို့တော့ ထင်ပါတယ်....

Anonymous April 14, 2008 at 1:10 PM  

Great! As good as English version..

wynn.sun April 14, 2008 at 2:28 PM  

Great job, fri!!

Unknown April 14, 2008 at 7:48 PM  

Apprenticeship ရေ.....
အမွေလာယူတယ်။ဘယ်မလဲ စုထားတဲ့ ပိုက်ဆံတွေ။
ဟီး...ဟိ.....နောက်တာဗျ.... အတော် Idea ကောင်းတဲ့
အဖေပဲဗျ သမီးကို အသိတရား တခုပဲ သင်ပေးလိုက်တော့
ကျန်တာ ပြောစရာ၊စိတ်ပူစရာ မလိုတော့ဖူးပေါ့။
မှတ်လောက်ပါပေတယ်။

ein April 15, 2008 at 1:34 AM  

အကောင်းဆုံးအမွေအနှစ်ထားပေးခဲ့တဲ့ ခုလို ဖေဖေမျိုးရှိခဲ့တာ ကံကောင်းတာပေါ့နော်...း)

Unknown April 16, 2008 at 2:38 PM  

မထူးတော့ပါဘူး သူများတွေလည်း သိနေတဲ့အတူတူ အရက်ပုလင်းပဲ အမွေထားခဲ့တော့မယ်..ဟဲ..ဟဲ..။ အလကားစတာ...။ တကယ်ကောင်းတယ်ဗျာ ကဗျာက။ လွတ်လပ်ခွင့်ရဲ့ အနှစ်သာရကို ကောင်းကောင်းကြီး ပုံဖော်သွားနိုင်တယ်..။

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)