Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

Me and the Earth


မြေကြီး နဲ ကောင်းကင်

Earth Day ကိုအားတက်သရော ပါဝင်ခဲ့ကြတဲ့ သူတွေရော Post တွေပါတင်ပြီး
ပါဝင်ခဲ့တဲ့
မလားရှိုးသူKo Heartmuseum ၊ Ko Tea တို့အားလုံး ကျေးဇူးနော်…။


Apprenticeship{အပရမ်တစ်(စ်)ရှစ်(စ်)}တော့ ၄မိုင် ဝေးတဲ့ကျောင်းကို စက်ဘီး
နဲ့သွားခဲ့တယ်ဗျ။ ၄မိုင် ဆိုလို့နီနီးလေးပေါ့...။ ဒါပေမဲ့မထင်လိုက်နဲ့ ဒို့ကျောင်း
ကတောင်ထ
ိပ် မှာဗျ…။ Men တွေတောင် အသွားကို bus (ဒီက bus တွေရဲ့ရှေ့မှာ
စက်ဘီးတင်လို့ ရတဲ့နေရာ တွေပါတယ်) နဲ့သွားပြီ အပြန်မှ စက်ဘီးနဲ့ ပြန်ကြတာ
လေ…။ ဒါနဲ့ April 21 ရက်ညကတည်းက တကယ်ကော စက်ဘီးနဲ့ သွားသင့်
မသွားသင့်စဉ်:စား ပြီး တော်တော်လေး ခေါင်းစားခဲ့တယ်ဗျ…။စာတွေကလဲ အရမ်း
များနေတာ...မောပြီး စာမလုပ်နိုင်မှာကို လဲတွေးပူရင်းပေါ့...။

ဒါပေမဲ့ ငယ်ငယ်ကတည်းက တရားဟောပြီး ဟောတဲ့အတိုင်း မလုပ်တဲ့လူတွေ
ကိုအထင်မကြီးတဲ့ အပြင်၊ကိုယ်တိုင်လဲ အဲဒီအဖွဲ့မှာ မပါအောင်အမြဲ ကြိုး
စားတယ်..။ ။ မလုပ်နိုင်တာကို မပြောဘဲ ပြောပြီးသားကို လဲဖြစ်အောင် လုပ်တယ်
ပေါ့နော့်….celebrating the earth…။ ဒါနဲ့နောက်ဆုံး ဆုံးဖြတ်ချက်ကို ချပြီး

အိပ်လိုက်တယ်။ စက်ဘီးနဲ့ သွားမယ်ပေါ့…။


ဒါနဲ့ဘဲ မနက် April 22, Earth Day, ရောက်တော့ ညကတည်းက
ဆုံးဖြတ်ထားတဲ့ ကိုယ်ပိုင် စွန့်စားမှု့အတွက် စိတ်လှုပ်ရှားပျော်ရွှင်(excited)
နေခဲ့တယ်…ဗျ။ ၁၂ထိုးတော့ Lunch စားပြီး လွယ်အိတ်မှာ လိုအပ်တဲ့
စာအုပ်တွေထည့် ၊Laptopထည့် ၊ tennis Shoes တွေစီး ၊ စက်ဘီးစီး
ဖို့အသင့် ပြင်ပြီးထွက်ခဲ့တယ်…။ ခရီးစပြီဗျို့…။ အားလားလား
ပူလိုက်တာဗျ…..။ သိသားပဲ ဒီနေ့ပူမယ်ဆိုတာ… ညကတည်းက Internet မှာ
weather report ကြည့်ထားတယ်လေ…။ တမင်သက်သက် ဒီအချိန်ကို ရွေးထားတာနေရောင် မခံတာကြာလို့ ပိုးဟတ်ဖြူ လေးလို ဖြစ်နေတဲ့ အသားတွေကို သင်ခန်းစာ ပေးဖို့ပေါ့...။

အလှဆင်ဘို့ အားယူနေ သူများ

စက်ဘီး စီးလိုက်တယ် ဆိုရင်ပဲ နေကထင်သလောက် မပူတော့ဘူးဗျ..
သူ့ထက်ငါ အပြိုင် ဖူးထွက်လာနေတဲ့ သစ်ရွက်ရစ် ပန်းဖူးလေး
တွေကလောကကြီးကို အလှဆင်ဖို့ အားယူနေကြပြီလေ...forsythia
လို့ခေါ်တဲ့ အ၀ါရောင်ပန်းလေးတွေက လှမှလှ… မယုံရင်လာကြည့်
:P


forsythia ပန်း

ဒါနဲ့ဟိုငေးဒီငေးနဲ့ နင်းလာတာ ရောက်ပါပြီ တောင်ကုန်းတော့… စက်ဘီးဂီယာ
လေးပြောင်းပြီး ဆက်နင်းပေါ့… ဒီတောင်ကုန်းလေး လောက်တော့အပျော့လေ..
ဟောဟဲ ဟောဟဲ ..
L

တောင်ကုန်းအဆင်းလေးက တော်တော် အရသာရှိတယ်ဗျ..။ ကုန်းအဆင်း
လေးအလွန်မှာ Connecticut River ကိုဖြတ် သွားတဲ့
တံတားလေးကို ဖြတ်ရတယ်…။

တော်တော်လေး လှတယ်ဗျ...။


ငြိမ်းချမ်းသော
ရေပြင်လေးက ငြိမ်သက်နေပြီး မြစ်ဘေးနား မှာရှိတဲ့ အိမ်လေးတွေနဲ့ သစ်ပင်၏
လေးတွေကရေပြင်မှာ ပြန်ဟပ်နေတာ တကယ် ကဗျာဆန်တယ်ဗျာ...။
မြင်စေချင်လိုက်တာ…camera မပါခဲ့တာ နာတယ်...။


ဒါနဲ့ခရီးဆက်ပေါ့...နောက်ထပ် ပိုမြင့်တဲ့ တောင်ကုန်းတစ်ခု ပြန်ရောက်ပါပြီ...
နင်းတော့ပေါ့...။ ဒီတစ်ခါလဲမဆင်းဘဲတောင်ထိပ်ကိုရောက်ခဲ့ပြီ...။
ဒါပေမဲ့လူကဖတ်ဖတ်ကိုမော နေတော့တာပေါ့...ထွက်လိုက်တဲ့ ချွေးတွေလဲ
မနည်းပေါ့။ တောင်ထိပ်ရောက် တော့ခဏ ရပ်ပြီး ပါလာတဲ့ ရေဗူးကို
ထုတ်သောက် ခရီးဆကပေါ့..။

Just another View

နောက်ဆုံးတော့ ကျောင်းထဲကို ၀င်မယ့် လမ်းသွယ် လေးဆီ ၀င်လိုက်တယ်
်ဆိုရင်ပဲ ဇာတ်လမ်းက စပါပြီ..။ တကယ့်တောင်ကြီးတွေစောင့်နေတယ်လေ...။
အခုကျွန်မ ပြောနေတဲ့ တောင်ကုန်းတွေကလဲ အဝေးကနေ ကြည့်ရင်တော့
တောင်တွေပေါ့..။ ဒီကလဲ ဘယ်ရမလဲ ရအောင်တက် မယ်ပေါ့…။ ဟူး…မရဘူးဗျ

တောင်ကမြင့်လွန်းတော့ စက်ဘီး ပေါ်ကဆင်းပြီးတွန်းပေါ့…။ တရားပါတယ်နော်..
သူ့ကိုချည်း စီးလာတာ ဒီတစ်ခါတော့ ကျွန်မ အလည့်ပေါ့။


တပင်ချင်းတပင်ယှက်

စက်ဘီးပေါ်က ဆင်းလိုက်မှပဲ သိတော့တယ် ကျွန်မ ဘယ်လောက်တောင်
ပင်ပန်းနေမှန်း။ လမ်းလျှောက်တာ ယိုင်တိယိုင်တိုင် နဲ့ပေါ့...။ အခုမှ သတိ
ထားမိတယ် နှုတ်ခမ်းတွေလဲ ခြောက်လို့ သက်ပြင်း တွေသာ ရှူနေတော့
တာ…. ဟူး….................. ငါတော့ မှားပြီလားပေါ့..။ ပြောရအုံးမယ်..
ပါလာတဲ့ bagpack ကလဲ ပို
လေး လာတယ်ဗျား.. ..ဒါနဲဖြေးဖြေး
ချင်းလှမ်း လာတာတောင်ကုန်း တောင်ကျော်ခဲ့ပြီပဲ…။ သက်ပြင်းလေး ချပြီး
စက်ဘီးပြန်စီး ပြီးထွက်လာလိုက်တာ အရသာ ရှိတယ်ဝေ့…။
ရေတံခွန်ငယ်..

သိပ်ကြာကြာ အရသာ မခံရပါဘူး တောင်ခြေအောက် ကိုရောက်ခဲ့ပြီ..။
ဆက်မကြိုးစားဘူးစက်ဘီး ပေါ်ကအသာလေး ဆင်းပြီး တောင်ရဲ့မတ်
စောက်နိုင်မှုကို ဂါဝရပြု ပေးလိုက်တယ်..။ ဒါပေမဲ့ အရင်လောက်မော

မနေတော့ဘူး...။
တောင်ခြေကို ပတ်စီးဆင်း နေတဲ့ ချောင်းငယ်
လေးက သဘာဝ တေးသံသာနဲ့ အတူအေးမြတဲ့
အငွေ့မှုတ်ထုတ်ပေးပြီး
ကျွန်မကို ချော့မြူနေလေရဲ့…။

ချောင်းရေတွေက တကယ်ကို ကြည်လင်ပြီး သွက်လက်စွာ စီးဆင်း
နေပုံက တကယ်ခွန်အားပေးပါတယ်... ငှက်ကလေးတွေ ရဲ့တေးဆိုသံ
တွေပါပေါင်း လိုက်တော့ အေဒင် ဥယျာဉ် ထဲလှမ်းလျှောက်နေ သလိုလို
မဖော်ပြတတ်တဲ့ ကြည်နူးမှု့ကို ရလိုက်တယ်..သဘာဝနဲ့ စကားပြောဖူးတဲ့
သူငယ်ချင်းတွေက ကျွန်မပြောတဲ့ အရသာကို ကောင်းကောင်းကြီးသိမှာပါ..။
မနားထောင်ဖူးတဲ့ သူငယ်ချင်းတွေ ကိုတော့ ချိန်ရရင် နားစဉ်ကြည့်ဖို့ ဖိတ်ခေါ်
လိုက်ပါရစေ…
ဒီလိုနဲ့ပဲ ကျောင်းတော်ဆီ ရောက်ခဲ့ပါတယ်…။
မောတာတော့ စာတောင် မဖွဲ့တတ်တော့ဘူး...ဗျာ…။


မြင့်ရာမှ နိပ်ရာသို့ (ကျောင်းတောင်ထိပ် ကလှမ်းရိုက်ဒါ)

ပြောရအုံးမယ်… စီးလာခဲ့တဲ့ လှမ်းလျှောက် လူတွေက ကျွန်မကို လက်လှမ်းပြ
သူကပြ၊ အားပေးတဲ့ အ
ပြုံးနဲ့ ပြုံးသူကပြုံး၊ တချို့ကတော့လဲအော်သွားပေါ့..။
သူတို့တွေက ကျွန်မဆန္ဒပြနေတဲ့အထင်နဲ့ အားပေးသွား ကြတာလေ… (စက်ဘီး
စီးဒါ မထူးဆန်း ပေမဲ့ နေ့လည် နေပူပူ ကြီး မှာ စီးနေလို့ပါ.).
ကျွန်မတော့ခန့်ပြုံးပြုံးနဲ့ သူတို့တွေ အတွေးချော်နေတာကို စဉ်းစား ပြီးခုတောင်
ပြုံးချင်လာပြီ..။

သူတို့တွေးတာလဲ တွေးချင် စရာပါ…။ အခုကျွန်မ နေတဲ့မြို့က Independent
state အနေနဲ့ အရမ်းခေတ်စားတဲ့ မြို့လေ…။ (နိုင်ငံရေးအရရော စီးပွါးရေးအရ
ရောပေါ့...။ Independent state ဆိုလိုတာက mainstream နိုင်ငံရေး ဖြစ်တဲ့
Republic နဲ့ Democratic မဟုတ်တာပေါ့နော်...။ ) ဒီမြို့မှာ တစ်ယောက်ထဲ
ဆိုင်းဘုတ်လေးတွေ ကိုင်ပြီးဆန္ဒပြတာကဘာမှ အထူးအဆန်း မဟုတ်ဘူးလေ…။

ခွန်အား

နှင်းတွေကြား ထဲမှာ တစ်နေကုန် ရပ်ပြီး ဆန္ဒပြသူ ၅-၇ ဖွဲ့ကိုတွေ့လိုက်တယ်
လွန်ခဲ့တဲ့ဆောင်းက။ ။ President Bush ရဲ့Iraqi War ကိုဆန့်ကျင်နေ ကြတာ
လေ။ တချို့ကျတော့ ကိုယ်လုပ်ချင်တဲ့ Public Policy အတွက်လက်မှတ်တွေစု
နေသူတွေလဲပါတယ်ပေါ့။ ဘယ်သူမှ မဖမ်းဘူး သူတို့တွေ ပြန်ချင်တဲ့အချိန် ပြန်ပြီး
လာချင်တဲ့ အချိန်လာပေါ့….။ ပြီးတော့ မြို့လေးက သဘာဝအရ အရမ်းလှတဲ့
state အနေနဲ့ နာမည်ကြီးတယ်… ကြည့်ကြသေးတာပေါ့နော်…။ တချို့နယ်ခံတွေက
ပြောတယ်သူတို့ရဲ့state ရဲ့အလှက Switzerlandကိုယှဉ်ရဲ တယ်တဲ့…
Switzerland လှတာတော့ အမှန်ပဲ...။ နောက်မှ ပဲအချိန်ရှိ ရင်ပြောပြမ
ယ်နော်...
အခုတော့ ဒီနေ့စက်ဘီးနဲ့ ထပ်သွားပြီး ရိုက်လာတဲ့ပုံတွေပါ တင်ထားပါတယ်…။
Connecticut river ကဒီနေ့လေ နဲနဲတိုက်နေတော့မနေ့ကလောက်
မလှဘူး...။

ကဲ…သူငယ်ချင်းတွေ ကောဘာတွေ လုပ်ဖြစ်လဲ...
အားလုံး ပျော်ရွှင် နိုင်ကြပါစေသော်……။


တောင်လမ်း အလှ

Great Thanks to Ko Nymeeeain for the proof reading.


8 comments:

Anonymous April 24, 2008 at 4:16 PM  

i went and participated at the Podebrady Square with local people.I celebrate Earth Day everyday since I arrive here as i have to go to school on foot everyday :).Nice post.I really enjoy the photos and the beauty of Earth..Thanks naw..Libi se mi tvůj článek;i enjoy reading your article..

Unknown April 24, 2008 at 7:11 PM  

Ha!... Ha!.... I know why u chose to bike in the after noon. Actually, u want ur skin to be tan color, right.

Anonymous April 24, 2008 at 7:30 PM  

အမရဲ့ ကြိုးစားမှုကိုအာပေးပါတယ်။ အလုပ်တခုကိုဆုံးဖြတ်တဲ့ အတိုင်းလုပ်တာ လေးစားပါတယ်။
နောင်လဲဆက်လုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်။
အဆင်ပြေပါစေ။ Earth day ကိုနှစ်တိုင် ဆင်နွှဲနိုင်ပါစေ။

ညမီးအိမ် April 25, 2008 at 3:47 PM  

ကိုမရေ နောက်တစ်ခါ စက်ဘီးမ မော်တာတတ်ထားဗျနော်။ ပင်ပန်းတော့ဝူး။ စတာ။ ကိုမရဲ့ အားထုတ်ကြိုးပမ်းမှု့ကိုဂုဏ်ယူပါတယ်။

Tea April 25, 2008 at 9:39 PM  

woww... I LOVE THESE PHOTOS SO MUCH!!!!! :D GOOD BIKING, Huh? :P

ThinkingHoney April 25, 2008 at 9:58 PM  

congratulations!
ဇွဲ ကောင်းတာကို ရေရေလည်လည် လေးစားပါတယ်။
wow... your photos are fabulous!
ကြည့်စမ်း လှချက်က ကမ်းကုန်ရော တို့တောမှာလိုပါပဲလား။
:)
နောက်လည်း ဘယ်သွားသွား ဓါတ်ပုံရိုက်လာခဲ့နော်

ဒီဇင်ဘာနှင်း April 26, 2008 at 10:15 AM  

ဓါတ်ပုံတွေက အရမ်းကိုလှတယ်နော် ပြောတဲ့အတိုင်းလုပ်တတ်တာကို လေးစားပါတယ် အစ်မရေ

MelodyMon April 27, 2008 at 11:27 AM  

beautiful pics!!! and good luck for everything.(^_^)

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)