Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

မင်းလေးအတွက် နှစ်သစ်လက်ဆောင်


အားလုံးဘဲ … ကောင်းကြီးမင်္ဂလာအဖြာဖြာနဲ့ပြည်စုံသော နှစ်သစ်ဖြစ်ကြပါစေကွယ်…။
အားလုံးကိုနှစ်သစ် လက်ဆောင်ပေးချင်ဒါနဲ့ ဘာပေးရမလဲလို့ စဉ်းစားနေတာ နဲနဲနောက်ကျတော့မလို့ ဒါပေမဲ့ခါတော်မီပိတောက်ပန်းတော့ဟုတ်တယ်နော်…..:)…။

ဒါနဲ့ဘဲစဉ်းစားနေတုံး အကြံတခုရလာတယ်။ အစွမ်းကုန်တောက်ပနေတဲ့ နေမင်းရဲ့အလင်းရောင်ကြောင့် ဖွင့်ရခက်နေတဲ့ မျက်လုံးလေးတွေအတွက် အေရိပ်ပေးဘို့ နေကာမျက်မှန်လေးတစ်လက် ၀ယ်ဘို့ ကြည့်ရင်.... သူငယ်ချင်းတွေအတွက်ကိုလဲ နေကာမျက်မှန်တစ်လက်စီ ၀ယ်ခဲ့တယ် ကြိုက်တာယူသွားနော်. ဟဲဟဲ..။

မျက်မှန်က ဈေးကြီးနေတာကတစ်ကြောင်း၊ တကယ်မလိုဘဲမ၀ယ်ချင်တာကတစ်ကြောင်ကျွန်မရဲ့ရွှေးချယ်မှုက ကမ္ဘာကြီးရဲ့ ကျန်မာရေးအတွက် အနာတရမဖြစ်စေချင်တာကြောင့်ပါ (Global warming and consumerism) ပေါ့နော် ။ နေကာမျက်မှန်က UV Rays (နေရောင်ခြည်ကထုတ်လွတ်တဲ့ လူသတ္တ၀ါတွေကို အန္တရာယ်ပေးနိုင်တဲ့ရောင်ခြည်ပေါ့ဗျာ..) sorry.. စကားရှည်နေလို့ ။

ဒါနဲ့ဘဲ Google မှာ “Why we have to wear sunglasses” မြန်မာလိုတော့ ဘာကြောင့် နေကာမျက်မှန်တပ်သင့်သလဲပေါ့... ဆိုပြီးရိုက်လိုက်ပြီး research နဲနဲလုပ်ကြည့်တော့ ထုံးစံအတိုင်း web တွေအများကြီးထွက်လားဒါပေါ့။ ဒါနဲ့ ဟိုဖတ်ဒီဖတ် အချက်အလက်တွေယူပြီး ပြန်ခဲ့တယ်ဆိုပါတော့။ သူတို့ပြောထားတာက UVC, UVA, UVB ဆိုတဲ့ နေကထုတ်လွတ်တဲ့ ရောင်ခြည်သုံးမျိုး ထဲမှာ UVB (ultra Violet Rays) က လူတွေရဲ့မျက်လုံးကို အန္တရာယ် အပေးနိုင်ဆုံးတဲ့။

မျက်မှန်ထုတ်လုပ်သူများရဲ့ရှာဖွေတွေ့ရှိချက်အရ နေကာမျက်မှန် ဒါမှမဟုတ် ပါဝါမျက်မှန်တပ်ခြင်းဖြင့် UVB ရန်မှကာကွယ်နိုင်တယ်တဲ့။ ။ ဒါနဲ့ဒီကလဲ ဟုတ်ပြီပေါ့။ နေကာမျက်မှန်ကိုတကယ်ဘဲ အရမ်းကြိက်တာဗျ။ ။ နာတံချွန်ချွန်နဲ့မို့ မျက်မှန်နဲ့ဆိုတော့ စတိုင်မိတယ်ပေါ့ဗျာ (ကိုယ်ဖာသာကိုယ် ထင်တာ) ဟဲဟဲ ။ အပရမ်တစ်ရှစ်ကို ပုံဖေါ်ရခက်နေသော သူငယ်ချင်းတွေအတွက် tip ပေါ့..ဟဟာ ကြော်ညာဗျို့ ~~~~ :P

ဒါနဲ့ဝယ်မယ်ပေါ့.. ဘာ Quality တွေရှိသင့်လဲဆိုတာသိရအောင် နဲနဲထပ်ဖတ်တယ်..။ အဓိကတော့ ၁၀၀ ရာနှုန်း ရောင်ခြည်ကာကွယ် (100% UV protection) တယ်ဆိုတာကိုဝယ်ရမယ်တဲ့။ ။ ဒါပေမဲ့သတိနော်.. တရုတ်ထုတ် နဲ့ထိုင်းတွေကထုတ်တာဆိုရင်တော့ တံဆိပ်ကောင်းတယ် ဆိုပြီးတော့ တန်းမ၀ယ်လိုက်နဲ့အုံး များသောအားဖြင့် အတုဖြစ်နေတတ်တယ်။ ။အဲ့ဒါမျိုးနဲ့ဆိုရင်တော့ မျက်လုံးမကာကွယ်တဲ့အပြင် အနာတရများဖြစ်စေမလားလို့လေ….။

ပြီးတော့ပြောထားသေးတယ် မျက်မှန်ကို ကလေးလူကြီး အားလုံးတပ်သင့်တယ်တဲ့။ ။ များသောအားဖြင့် ကျွန်တော်တို့နိုင်ငံမှာ ကလေးတွေမတပ်ဘူးနော်.. လူကြီးတွေကသာ စတိုင်အနေနဲ့တပ်တာများတယ်…။


အဲအားလုံး စာရှည်ဖတ်နေဒါနဲ့ မျက်မှန် လက်ဆောင်ယူသွားဘို့မမေ့နဲ့အုံးနော်….။

မှတ်ချက်။ ။ မိမိ ကြိုက်နှစ်သက်ရာ ပုံစံနှင့်အရောင် ကိုရွေးချယ် နိုင်ခွင့်ရှိသည်။ ။ ။ မိမိရွေးချယ်သော နေကာမျက်မှန် ပေါ်လိုက်ပြီး ပုံစံနဲ့ ကိုယ်မြင်ရတဲ့ အရောင်မတူကြတဲ့အတွကတစ်ခါတစ်လေ တော့လဲ့ဲလောကကြီးကို အရောင်ဘောင်မပါဘဲ သဘာဝအလှများကို နေကာမျက်မှန် ချွတ်ပြီး ခံစားဘို့တော့ပြောလိုက်ပါရစေလား….။


Great Thanks to Owe Wai for the proof reading.

If you wanna know more about Ultraviolet UV: please click here.

For the reference: please click here .

14 comments:

Unknown April 12, 2008 at 12:50 AM  

ဟီး....ဟိ...... ဘယ်သူမှမရောက်ခင် အားလုံးကြိုက်လို့
အားလုံးမသွားပြီ.....
ကျန်လူတွေ အမြတ်ရရင်ပြန်ရောင်းမယ်ဟေ့... ဟီး...ဟီး..
$$$$$ US $$$$ only

မေမိုးမခ April 12, 2008 at 12:53 AM  

မျက်မှန်ယူသွားပါသည် သင်္ကြန်အတွင်း လောကကြီးကို ခဏလေးဘောင်ခတ်လိုက်ပါဦးမယ် ဟိဟိ
အမပေးတဲ့မျက်မှန် က တော်တော်လေးကောင်းမဲ့ပဲုဘဲ ဒါပေမဲ့ မျက်မှန်ကနည်းတယ် လာတဲ့လူ၁၀ ယောက်လောက်ဆိုလို့ရှိရင် ကုန်ပြီး ဟိဟိ

Anonymous April 12, 2008 at 1:40 AM  

Hi! Happy New Year..How coincide! These days i am thinking of buying sunglasses:) Now i don't have to spend money..Thanks million naw...

Unknown April 12, 2008 at 2:04 AM  

ကြိုက်ဖူး..ကျွန်တော် Oakley ပဲတပ်တယ်...ဟိ :P

လင်းထက် April 12, 2008 at 2:19 AM  

မြန်မာလို အရှည်ကြီးရေးထားတယ် တော်တော် စိတ်ရှည်လိုက်ရတယ်ထင်တယ် ကောင်း၏ ဆက် ကြိုးစားနော်မျက်မှန်တွေက အမျိုးသမီး တပ်တွေ လားမသိဘူး ဒါက ကိစ္စမရှိပါဘူးလေ အဓိက က ဒီမှာ လာပြီ ဗွမ်း..ဗွမ်း ဟီ ဟိ အိပ်နေတုန်း အလစ် လောင်းရတာ ဆိုတော့ အိပ်ရာတွေပါ စိုကုန်တာ ခွင့်လွှတ်နော်....။

ပန်းခရေ April 12, 2008 at 2:27 AM  

အကုန်ကြိုက်တယ်
ယူသွားတယ်ကွာ
ပြန်မပေးဘူးနော်
ပိုတာပြန်ရောင်းစားမယ်
ဘာရမလဲ
နာကွ
ဟိဟိ

Anonymous April 12, 2008 at 3:50 AM  

မျက်မှန်တွေလာကြည့်သွားတယ်ဗျ... မျက်လုံးထဲရေဝင်မှာဆိုးလို့ တစ်လက်လောက်ယူသွားတယ်ဗျ.. ဟီးဟီး.. :P :$

ရွှေရောင်ကောင်းကင် April 12, 2008 at 3:59 AM  

နှစ်သစ်လက်ဆောင် မျက်မှန်တွေပေးနေတယ်ဆိုလို့.. အပြေးအလွှားလာယူသွားပါတယ်... ရေလည်းလောင်းသွားပါတယ် .... အေးချမ်းပါစေ..

မြန်မာပြည်ကိုလွမ်းတယ် April 12, 2008 at 4:25 AM  

ဟီး...နောက်ကျသွားပြီ..။သူများယူသွားကြ
လို. မျက်မှန်တစ်လက်မှရှိတော့ဘူး ပုံတွေပဲ
ရှိတော့တယ်....ဟီးဟီးဟီး...မျက်မှန်မရ
ရင် ရေလောင်းမယ်နော် ဗွမ်း..ဗွမ်း...ဗွမ်း..။

သူရဿဝါ April 12, 2008 at 7:43 AM  

အနော်နဲ့တော်တဲ့ ညက်မှန်လည်း အချိဝူး..... အကုန်လုံး အကြီးကြီးတွေ မရ၀ူး အနော့်ဖို့ ညက်မှန်တစ်လက် ထပ်ဝယ်ပေး.....း((

ညမီးအိမ် April 12, 2008 at 8:02 AM  

ကိုမရေ မျက်မှန်တော့ မယူတော့ဘူးကျွန်တော်မေးတာသာဖြေပေး။ မဖြေရင်ရေးကို ပီပါနဲ့လောင်းမှာနော်။

မြစ်ကောက် @ ÇÜ®ΛΞ ®!Λ∈R April 12, 2008 at 11:33 AM  

ဖြစ်နိုင်ရင် ကျနော့်အတွက် မျက်မမြင်တတ်တဲ့ မျက်မှန်တစ်လက်လောက် ရှာပေးပါလား ? အမြင်မတော်တဲ့အခါ တတ်ချင်လို့ ...

Nyein Chan Aung April 12, 2008 at 10:04 PM  

ကုန်သွားပြီလား။ လက်သွက်တယ်နော်။ နှစ်သစ်မှာ ပျော်ရွှင်ပါစေ ညီမလေး။

MELODYMAUNG April 13, 2008 at 3:25 AM  

ပေးတဲ့သူက လက်ဆောင်ပေးတာကို အကုန်ယူသွားသမို့ မကျန်တော့ဘူးထင်ပါရဲ့
အမယ်မယ် ဟိုထောင့်မှာ တစ်လက်ကျန်နေတယ် မှန်းစမ်း တပ်ကြည့်လိုက်မယ်
အီးးးးဟီးးးးးးး တော်ဘူးဗျ အနော့မျက်နှာက သေးသေးလေးဟာကို
ဝမ်းနည်းသွားပီ ပို့စ်ပိုင်ရှင် အသစ်ဝယ်ပေးပါ
မရရင်တော့ သိကြားမင်းနဲ့ တိုင်ပြောမယ် ဟွန်းးး

အခုတော့ လောလောဆယ် ရေလောင်းပီး အိုးမည်းပါသုတ်သွားမယ် လာလေရော့ ဗွမ်းးးးးးဗွမ်းးးးးးးး ရွှိရွှိ.. အဟိဟိ :P

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)