Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

ထူးဆန်းသော ဘဘကြီး

တနေ့သ၌ ဘဘကြီးကိုမြေးလေးက မသိတာများကိုမေးလေသည်။

မြေးလေး။ ။ ဘဘကြီးလူတွေအများကြီးပဲနော်။ အဲဒီလူတွေက ပုံးထဲက
စာလေးတွေထည့်ထည့်သွားတယ်နော်။ အပေါ်မှာလဲ အမှား

ခြစ်ကြီးတွေခြစ်ထားတယ်နော်။ ဘာလို့လဲဟင်။
ဘဘကြီး။ ။ အေး…မြေးလေးရဲ့အဲဒါ စာပေါ်ကအမှားခြစ်လေးတွေ
က အရေးကြီးတဲ့စာတွေမို့လို့ အမှားအယွင်းမရှိအောင်လုပ်ဆောင်ပေး
ပါလို့ရေးထားတာလေ။

မြေးလေး။ ။ ဘဘကြီးက အဲဒီစာလေးတွေကိုဘာလုပ်ပေးရတာလဲ
ဟင်။
ဘဘကြီး။ ။ ဘဘကြီးက အဲဒီစာလေးတွေကို မှန်ကန်အောင်ဆောင်
ရွက်ပေးရတာလေ။

မြေးလေး။ ။ ဟုတ်လား…ဘဘကြီးက အရမ်းသဘောကောင်းတာပဲနော်။
မြေး အပြင်ခဏထွက်ဆော့လိုက်ဦးမယ်နော်…ဘဘ။
ဘဘကြီး။ ။ အေးအေး…ဘဘကြီးလဲလုပ်စရာရှိတာလုပ်လိုက်ဦးမယ်။

မြေးလေးထွက်သွားပြီးနောက် ဘဘဆိုသောလူကြီးသည် ပုံးထဲမှအမှား
ခြစ်ထားသော
စာများကို ထုတ်ပြီး အမှန်ခြစ်ထဲသို့လဲထည့်နေသည်။
အဲဒီအချိန်မှာမြေး
လေးပြန်ဝင်လာပြီး..........

မြေးလေး။ ။ ဟင်ဘဘကြီးအဲဒါဘာလုပ်တာလဲဟင်…။
ဘဘကြီး။ ။ ဪမြေးလေးပြန်ရောက်လာတာလား။ အင်းဘဘကြီးက
ဒီအမှားခြစ်ထားတာတွေကို အတည်ပြုပေးနေတာလေ။ အဲဒီတော့ ဒီအမှား
ခြစ်ထားတာလေးတွေကို အမှန်ခြစ်လေးတွေနဲ့ပြောင်းထည့်ပေးနေတာလေ။

မြေးလေး။ ။ ဘဘကြီးက အရမ်းသဘောကောင်းတာပဲနော်။ အမှန်ခြစ်လေးတွေနဲ့အတည်ပြုပေးနေတယ်ဆိုတော့။ မြေးလေးကိုလဲဘဘကြီး
လိုဖြစ်အောင်သင်ပေးနော်။

မြေးလေးကိုလဲ အဲလိုသင် ပေးတဲ့။ ကဲ…ဘယ်လိုလုပ်ကြမလဲ။ ဘဘကြီးကတော့တော်တော်သဘောကောင်းတာနော်။ အမှားခြစ်လေးတွေကို အမှန်လေးတွေနဲ့တောင်လဲပေးထားတာ။

Apprenticeship မှာတော့ ကြားလိုက်ရတဲ့ သူငယ်ချင်း ရဲ့သဘောကောင်း
သော ဘဘကြီး ကြောင့် Frustrated ဖြစ်လွန်းလို့ Depression ၀င်သွားပါ
တော့တယ်။ ဆေးတွေများ ရှိရင်လုပ်ပါဗျို့...... :(

ကဲဒီဘဘကြီးတွေ နဲ့ဘယ်လိုလုပ် ကြမလဲ?????????????????????????

အမည်မဖော်လိုသော သူငယ်ချင်း တယောက်ရဲ့ထူးဆန်းသော ဘဘကြီး
အကြောင်းကို သူငယ်ချင်းတွေ ခံစားနိုင်ဘို့ တင်ပြလိုက် ၇ကြေား ပါရှင့် ။ ။

14 comments:

Unknown May 1, 2008 at 1:43 PM  

တော်လိုက်တဲ့ ဘဘကြီး :P

NatShinNaung May 1, 2008 at 1:54 PM  

နှာစေးနေတယ်ဗျ။ :D

မင်းကျန်စစ်။ May 1, 2008 at 2:45 PM  

ကွမ်းသီးသုံးလုံး ရေစိမ်ပြီး အာမထိလျှာမထိ သောက်။
မပျောက်သေးရင် ဂွေးတောက်ရွက်ပြာချ သုံးခွက်တခွက်တင်ကြိုပြီး သောက်
ညတစ်ခွက်သောက် မနက်အသက်ပျောက်
အာမခံအထူးဆေးကြီး :P

Unknown May 1, 2008 at 3:11 PM  

ဟား...ဟား.... Ap တို့ကတော့ လုပ်ပြီ။
ဘဘကြီးရေ... စာရွက်တွေမို့ လိမ်လို့ရတယ်။
ဒါပေမယ့်..... ရင်ထဲက ဆန္ဒတွေကိုလိမ်ရင်တော့
ပြဿနာက ပိုပြီးကြီးထွားရုံသာ......

ထွန်း May 1, 2008 at 3:47 PM  

အပင်ပန်းခံပြီး အမှားကို အမှန်ခြစ်နေရသေးတယ်။ မဲမရေတွက်ဘဲနဲ့  ရာနှန်းပြည့် အမှန်လို့ ပြောလိုက်တာ သက်သာအုန်းမယ်။ ဒီဘဘကြီးက အလုပ်မရှိအလုပ်ရှာ တာကိုး။ တယ်ခက်တာဘဲ။ ဘယ်လောက်မှားမှား အမှန်လို့ ပြောမှာဘဲဟာ... ဒါများ ၄၆နစ်သက်တမ်း တလျောက်လုံးခံစားခဲ့ရတာ
ပုံ
အကြောင်းသိတွေ

Tea May 1, 2008 at 5:27 PM  

ဘုရားရေ.. အမှားတွေကို အမှန်ပြင်နေတယ်..
တော်လိုက်တာကွယ်..
နာမည်လေးနဲ့ လိပ်စာ လေး ရှိရင် ရှဲပါဦး..
တွယ်လို့ရအောင် :P

Anonymous May 1, 2008 at 6:23 PM  

ကောင်းလိုက်တာ။ ညဏ်ကြီးရှင်ပါလား။ :P

ပန်းခရမ်းပြာ May 1, 2008 at 8:30 PM  

Nice post. We have to queue a few hours to make this big ( X ). But finally, see, what “Ba Ba Gyi” do?

လင်းထက် May 2, 2008 at 2:41 AM  

ဒီဘဘကြီး အမှန်လဲ မထည့်နိုင် လောက်အောင် များပြား တဲ့ အမှားခြစ် တွေ ကိုဆန္ဒပြု ကြ..။

nyiyekhaung May 2, 2008 at 4:46 AM  

ကျွန်တော်လည်းစဉ်းစားနေတာဗျ။ကျွန်တော်တို့ကအမှား
ခြစ်လိုက်ပြီးပြီ။သူတို့ကဗြောင်လိမ်ရင်ဘယ်လိုလုပ်ကြမလဲ?

MelodyMon May 2, 2008 at 8:20 AM  

ဥာဏ်ကြီးရှင်ဘဘကြီးဘဲ။ (^_^)

အိတာ May 2, 2008 at 8:41 AM  

babagyi is very good :D hehe

Anonymous May 2, 2008 at 2:31 PM  

ဟ! ဘဘကြီးက တယ်လည်းစွမ်းပါလား။ ဒါပေမယ့် သိပ်တော့ခံမယ် မထင်ဘူး..ခက်တာက ဘကြီနဲ့အတူနေတဲ့ကလေးက အဲဒီပညာကို တတ်ချင်နေပြန်ရော..ကဲဒီသံတရာက ဘယ်တော့များ ပြီမလည်းနော်...

မျှားပြာ May 2, 2008 at 3:48 PM  

အဆင်ပြေပါစေဗျို့  ...။

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Blog Archive

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)