Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

May Peace be with you all--Mothers....

အမေများအားလုံး (အမေချစ်သော အဖေကြီးများနဲ့တကွ သား
သမီးအားလုံး)ကို ၂၀၀၈ မေလ ၁၁ ရက်၌်ကျရောက်သော အမေ
များနေ့၌ ဤကဗျာလေးနဲ့ ဂါဝရ ပြူလိုက်ပါရစေ..၀မ်းနည်းပူဆွေး
သောကဝေနေသောသူများ ၀မ်းမြောက်ခြင်း၊ပျော်ရွှင်ခြင်းး၊ ငြိမ်
သက်ခြင်း ဆုနဲ့အတူ ကူကယ်မည့်သူများတွေ့ပါစေ.. အားပေးမည့်
သူများနဲ့ခရီးသွားနိုင်ပါစေ...........

ဒုက္ခ သုခများကို ခံနိုင်ပြီး စုံးစမ်းနှောက်ယှက် ခြင်းများမှကင်းပါစေ....


အားလုံး ကောင်းကြီး
သစ်များ ထပ်လောင်းရရှိပြီး ဘ၀တိုက်ပွဲ၌်
အောင်ပွဲခံနိုင်သူများ ဖြစ်စေ….
လို့ဆုတောင်းပေးလိုက်ပါတယ်.....။

အမေ့ကမ္ဘာ နေသာစေ

မေမေဟာ သမီးရဲ့
စံထားရာကောင်းကင်
အသက်လုမွေး ချစ်ခြင်းဖွဲတည်
မြစ်ဖျားခံရာ မျှော်လင့်ခြင်း

မီးပြတိုက်ပေါ့ အမေ့ဆုတောင်းသံ
ဖေါ်စပ်ပေးသူ နိယာမ (ခွင့်လွတ်ခြင်း)
ခင်းတဲ့တံတား ယုံကြည်မှု
မြတ်နှိုးစေခဲ့ ဘ၀စာမျက်နှာ
ဆောင်ပေးခဲ့တဲ့ ဗျာဒိတ်တော်

သို့ပါသော်လည်း အမေရယ်

အတူရှိရန် တောင်းဆုပြုကြောင်း
သမီးသိလျက် မဖြည့်ဆည်းနိုင်ခဲ့
မပြည့်ပါရမီ သမီးကျောင်းသူ
ဆိုခဲ့ရပြန် နယ်ခြားမြေခြား

နုတ်ဆက်စကား….

စီးကျပုလဲသွယ် အမေ့မျက်ဝန်း
သုတ်ကာပေးကာ အတူနေချင်လဲ
ခွင့်လွတ်စေရန် အယူခံရင်း
ဆွတ်ကာယူနေ အမေ့ကြယ်ပွင့်
ပညာသည်ကြီး ဖြစ်စေရန်ပေါ့

ကောင်းစားစေသော် နောင်လာနောက်သား
ထွန်းကာဖေါက်ကာ လမ်းစရှာတဲ့
သမီးထွေးအား ခွင့်လွတ်စေရန်
တောင်းကာလျှောက်ရင်း တောင်းဆုပြုသည်

အမေ…..

မျိုးတုန်းပါစေ အလွမ်းပန်း
ပွင့်ကာလန်းစေ အပြုံးပန်းများ
အမေ့ကောင်းကင် တိမ်ကင်းစေ
အမေ့ကမ္ဘာ နေသာစေကွယ်…..။ ။

Mother
M for mavourneen,
O for outstanding,
T for Tenderness,
H for holy,
E for eternal,
and R for royal……..
dear......mavourneen; Mother… Great thanks for your eternal outstanding royal tenderness that comes from your holy Heart.

Great Thanks to my mother-land, Burma too. You are the only place I call home, and I will try my best to heal you. I love you, Burma!!!!!!!!!!!!!!!!!!!!!!

I wrote this poem two weeks ago. My sky is really gloomy and iced for now. I have beyond dejection for the sound of crying ghosts and sound of people who are in trouble. Where can I get some release?????? I see parent is the best place for refuge, but then I don't know how to answer for the children who just lost their parents and parents who just lost their children. Their refuges have been destroyed and they are in hopeless situation. Let's answer to their crying...... I'm praying that the aid would flow into Burma as soon as possible, and the Burmese government would allow the aids and experts ASP since we don't have enough in our country... May peace be with you all.....

Great thanks to Watery for the proof reading.

5 comments:

Mhaw Sayar May 11, 2008 at 12:47 AM  

အားလုံးသော ဒုက္ခရောက်သူများ အတွက် အကောင်းဆုံး ဖြစ်စေနိုင်ဖို့ လာရောက် ၀တ်ပြုဆုတောင်းသွားပါကြောင်း..

Anonymous May 11, 2008 at 5:56 AM  

အမေများနေ့မှာ အမေများအားလုံး ပျော်ရွှင်နိုင်ကြပါစေသား...အမေ့အိမ်ဟာ အနွေထွေးဆုံး ပြန်ဖြစ်လာပါစေလို့ တောင်းဆုပြုပါတယ်။

Unknown May 11, 2008 at 8:45 AM  

မိဘ(မိသားစု) များနဲ့ဝေးနေသူများလည်း အမြန်ဆုံး ပျော်ရွှင်စွာ ပြန်လည်ဆုံဆည်းနိုင်ကြပြီး...အတူရှိနေသူများလည်း မိဘနှင့် မိသားစုများရဲ့ နွေးထွေးမှုနဲ့ တန်ဖိုးကို နားလည်နိုင်ကြပါစေလို့ အမေများနေ့ အမှတ်တရ ဆုတောင်းလိုက်ပါတယ်ဗျာ..။

Welcome May 12, 2008 at 12:29 AM  

နွေးထွေးပျော်ရွှင်တဲ့ မိသားစုဘ၀လေး အမြန်ပြန်ဆုံဆည်းနိုင်စေဖို့ ဆုတောင်းပေးလိုက်ပါတယ် သူငယ်ချင်း...

Unknown May 12, 2008 at 9:35 AM  

မျိုးတုန်းပါစေ အလွမ်းပန်း
ပွင့်ကာလန်းစေ အပြုံးပန်းများ
အမေ့ကောင်းကင် တိမ်ကင်းစေ
အမေ့ကမ္ဘာ နေသာစေကွယ်…..။ ။
......စာပုဒ်မှာ ကာရန်လိုက်ချင်ဇောနဲ့ အလွမ်းပန်းနဲ့ မျိုးတုန်းပါစေကို ရှေ့နောက်ချိန်း လိုက်တာထင်တယ်။
အဓိပ္ပါယ် နှစ်ခွထွက်သွားတယ်။ တကယ်ဆို စေ က ကာရန်လိုက်တယ်လေဗျာ........ မှားရင် ခွင့်လွှတ်ပါဗျာ။
တတ်လို့ဟုတ်ဘူး စိတ်ထဲထင်တာကို အကြံပေးတာဗျ။

*စီးကျပုလဲသွယ် အမေ့မျက်ဝန်း
သုတ်ကာပေးကာ အတူနေချင်လဲ
ခွင့်လွတ်စေရန် အယူခံရင်း
ဆွတ်ကာယူနေ အမေ့ကြယ်ပွင့်
ပညာသည်ကြီး ဖြစ်စေရန်ပေါ့

ကောင်းစားစေသော် နောင်လာနောက်သား
ထွန်းကာဖေါက်ကာ လမ်းစရှာတဲ့
သမီးထွေးအား ခွင့်လွတ်စေရန်
တောင်းကာလျှောက်ရင်း တောင်းဆုပြုသည်
APရေ.... ဒီစာပုဒ်က Heart အထိဆုံးပဲဟာ........

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Blog Archive

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)