Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

ဖြစ်တည်မှု

~~~ဖြစ်တည်မှု~~~


အလင်းနဲ့
အမှောင်


တလှည့်စီြ
ဖစ်တည်နေတဲ့


လောက
ဓမ္မာတာမှာ


နေညိုဆည်းဆာ
အချိန်ကို လွမ်းဆွေးမှုနဲ့


အကျည်းတန်
မဆန်စေချင်သလို


အလင်းရောင်တွေ
သယ်ဆောင်လာမဲ့


နေမင်းကြီးအတွက်လဲ


တင်ကြို
မပျော်မြူးချင်ဘူး


ဒါပေမဲ့


အမှောင်ညကို
ဖြိုခွင်းမဲ့


နီယွန်မီးနဲ့


နေမင်းရဲ့
အလင်းတန်းကို ၀ါးမြိုမဲ့


တိမ်ညိုတွေရဲ့


ဖြစ်
တည်
မူ့ ကိုတော့


မလိုလား
မိတာ


အမှန်ပဲ...


11 comments:

စိုးထက် - Soe Htet ! May 2, 2008 at 10:10 PM  

ကောင်းတယ် ဗျို့ ... ကိုယ် လိုသလိုလေး ဆွဲ ခံစား သွားပါတယ် ...

Anonymous May 2, 2008 at 11:16 PM  

လာရောက်သွားပါသည် ကဗျာလေးက တော်တော်ကောင်းတယ်
အမှောင်ညကို ဖြိုခွင်းမဲ့
နီယွန်မီးနဲ့
နေမင်းရဲ့အလင်းတန်းကို ၀ါးမြိုမဲ့
တိမ်ညိုတွေရဲ့
ဖြစ်တည်မူ့ ကိုတော့
မလိုလားမိတာ
အမှန်ပဲ...
ကြိုက်သွားပြီ
တကယ်ကိုမလိုလားတာလား ဟိဟိ

Unknown May 3, 2008 at 12:16 AM  

ဟဟ AP တယောက်က ဒါမျိုးလဲ ဖြစ်တာပဲလား ....
ကောင်းတယ်ဗျာ။ Title ပေးတာကော၊ အကြောင်းအရာလေးပါကောင်းတယ်။ Title စာလုံးပေါင်းလေးတော့ပြင်လိုက်အုံးဗျ။ "ဖြစ်တည်မှု" လို့ပေါင်းတာဗျ။ကဗျာလေးကို ဖတ်ပြီး အဆိုတော် စိုင်းထီဆိုင် ရဲ့ သီချင်း ရန်ကုန်မှာသာတဲ့လ ကို ပြန်သတိရမိတယ်ဗျာ။ ကျွန်တော် ရင်ထဲအသဲထဲက ခံစားပြီး အရမ်းကြိုက်တဲ့ သီချင်းတွေထဲက တပုဒ်ပေါ့ဗျာ။

NatShinNaung May 3, 2008 at 1:40 AM  

ဒီလိုလေးတွေလဲ ရတာပဲလားဗျ။ ကောင်းတယ် အစ်မရေ။ နောက်ထပ်ကဗျာတွေကို မျှော်နေပါတယ်။

Anonymous May 3, 2008 at 3:25 AM  

ကဗျာလေးကဖတ်ရတာကောင်းတယ်ဗျာ.
နောက်လည်းဒီထက်ကောင်းတာတွေတင်
နိုင်ပါစေဗျာ..
အားပေးလျှက်ပါ။

Unknown May 3, 2008 at 9:38 AM  

တကယ်မိုက်တယ်ဗျာ...အပိုင်းအစလေးတွေ...ကျွန်တော်အဲဒါမျိုးကို တော်တော်သဘောကျတယ်...။ ကျွန်တော်လည်း အရင်တစ်ခါအဲလိုမျိုးလေးရေဖူးတယ်။

Anonymous May 3, 2008 at 9:46 AM  

တကယ်ကောင်းတယ် ဒီကဗျာလေးက... ဆက်ရေးဗျို့....
အားပေးနေတယ်...

Anonymous May 3, 2008 at 5:47 PM  

ကဗျာလေး အရမ်းကောင်းတယ်ဗျာ
အလင်းရောင်တွေ သယ်ဆောင်လာမယ့်
နေမင်းကြီးကို လည်း ကြိုတင် မပျော်ချင်ဘူး
လှတယ်ဗျး)။
ဖြစ်တည်မှုတွေကို ရောင့်ရဲကျေနပ်နိုင်ပါစေဗျာ။

ရွှေပြည်သူ (ShwePyiThu) May 4, 2008 at 6:13 AM  

အသုံးအနှုန်းလေးတွေက ရိုးသလိုလိုနဲ့ဆန်းပြီး ထိမိတယ် မ Apprenticeship ရေ။ တစ်ခုခု စိတ်ထဲမှာ ကျန်ခဲ့စေပါတယ်း)

Unknown May 4, 2008 at 6:00 PM  

မဆိုးဘူးပဲ..ရေးတတ်နေတယ်..

December Cinderella May 5, 2008 at 1:42 AM  

ကဗျာလေးက ကောင်းလိုက်တာ၊ ဆက်ရေးပါဦးနော်

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Blog Archive

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)