Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

~~~~May God Richly bless you-NU~~~~

Get well Soon.........

မှီဝဲရာ ကမ္ဘာ

ခမ်းနားလှတဲ့ 5 stars hotel
မနွေးထွေးဘူး အမေ့ရင်ခွင်လောက်
ကောင်းပဆိုတဲ့ 5 starts restaurant
မကောင်းပါဘူး အမေ့လက်ရာလောက်

လှပေ့ဆိုတဲ့ Time Square
မတောက်ပဘူး အမေ့အပြုံးလောက်
အေးမြကြည်လင် Evian စမ်းရေ

မအေးမြဘူး အမေ့မေတ္တာလောက်

ဘ၀လမ်းညွန် 5 stars
မကောင်းပါဘူး အမေ့နှုတ်ထွက်စကားလောက်

ရှု့မောဖွယ်ရာ Switzerland ရယ်

မလှပါဘူး အမေ့လ၀န်းလောက်

မွှေးပရေမွှေး Dior ရယ်
အမေ့ကိုယ်သင်းဘဲ ယူပါ့မယ်


တကယ်တော့ မေမေဟာ

သမီးရဲ့ 

မှီဝဲရာ ကမ္ဘာ

စံထားရာ ကောင်းကင်

အသက်လုမွေး ချစ်ခြင်းဖွဲ့တည်
မြစ်ဖျားခံရာ မျှော်လင့်ခြင်း

မီးပြတိုက်ပေါ့ အမေ့ဆုတောင်းသံ
ဖေါ်စပ်ပေးသူ နိယာမ (ခွင့်လွတ်ခြင်း)

ခင်းတဲ့တံတား ယုံကြည်မှု
မြတ်နှိုးစေခဲ့ ဘ၀စာမျက်နှာ
ဆောင်ပေးခဲ့တဲ့ ဗျာဒိတ်တော်

သို့ပါသော်လည်း အမေရယ်
အတူရှိရန် တောင်းဆုပြုကြောင်း

သမီးသိလျက် မဖြည့်ဆည်းနိုင်ခဲ့

မပြည့်ပါရမီ သမီးကျောင်းသူ


ဆိုခဲ့ရပြန်

နယ်ခြားမြေခြား
နုတ်ဆက်စကား….
စီးကျပုလဲသွယ် အမေ့မျက်ဝန်း
သုတ်ကာပေးကာ အတူနေချင်လဲ
ခွင့်လွှတ်စေရန် အယူခံရင်းသာ

ဆွတ်ကာခူးနေတယ် အမေ့ကြယ်ပွင့်
ပညာသည်ကြီး ဖြစ်စေရန်ပေါ့

ကောင်းစားစေသော် နောင်လာနောက်သား
ထွန်းကာဖေါက်ကာ လမ်းစရှာတဲ့
သမီးထွေးအား လွှတ်စေရန်

တောင်းကာလျှောက်ရင်း တောင်းဆုပန်သည်


အမေ…..

ရှည်စေသက်တော် ရာကျော်နော်..

မျိုးတုန်းပါစေ အလွမ်းပန်း
ပွင့်ကာလန်းစေ အပြုံးပန်းများ

အမေ့ကောင်းကင် တိမ်ကင်းစင်စေ

အမေ့ကမ္ဘာ နေသာစေကွယ်…..။ ။

P.S I just added some more to the poem that I posted on the mother day.
I took this picture at A flower gift shop in NY.

11 comments:

Unknown May 26, 2008 at 12:40 AM  

Ap ရေ ဖြည့်ရေးလိုက်တာ ပိုပြီး
ဖတ်လို့ကောင်းသွားတယ်။

Anonymous May 27, 2008 at 9:17 AM  

အမေကသားသမီးတွေကို လမ်းပြပေတဲ့ မီးအိမ်ရှင်မလေး ဖြစ်သလို သားသမီးတွေအတက် အမြဲတမ်းတောက်ပပေးတဲ့ ကြယ်လေးတစ်ပွင့်လဲဖြစ်တယ်။
အမေကဗျာလေးကို သဘောကျမိတယ် အမေ့ကိုတောင်လွမ်းလာပြီ အားပေးနေမယ် အမြဲ။
အဆင်ပြေပါစေ။

Anonymous May 27, 2008 at 11:54 AM  

အိမ်ကို လွမ်းတယ် အရမ်းပဲ။ အရမ်းခံစားရတယ်။ အားပေးလျက်ပါ။

Tea May 28, 2008 at 2:09 AM  

good poem! :P

Anonymous May 28, 2008 at 8:53 PM  

အမေလို့ ပြောလိုက်တာနဲ့ အမေတိုင်းကို အမှတ်ရစေ ပါတယ်။ ကျွန်တော့်မှာ မရှိတော့တဲ့ အမေကိုလည်း သတိရစေပါတယ်။ ကောင်းတဲ့ကဗျာလေးပါ။

ပန်းခရေ May 28, 2008 at 9:38 PM  

အမေဆိုတာ ဘာနဲ့မှတုနှိုင်းမရတဲ့ ...
ကျေးဇူးရှင်..မေတ္တာရှင်ပါ...
အမေ..........
ဆိုတဲ့စကားလုံးကို ခေါ်ဆိုလိုက်တိုင်း
ရင်ထဲက ရှိသမျှအပူတွေအားလုံး ငြိမ်းချမ်းကုန်တာလည်း
အမေ့မေတ္တာကြောင့်ပါ...
အမေ............
အမေ့ကိုသမီးချစ်တယ်အမေ....
ဒီကဗျာကိုကြိုက်တယ်...

madaka May 28, 2008 at 11:43 PM  

သယ်ရင်းရေ..
မှီဝဲရာကမ္ဘာ..အရမ်းကောင်းတယ်..ထပ်ရေးအုန်းနော်..
ဒါမျိုးတွေ....အမေ့မေတ္တာကြောင့်..မှီဝဲလိုရာအမေ့ကမ္ဘာ မှာ.အပြုံးတွေတမြိုက်မြိုက်..အောင်မြင်မှုတွေထွေးပိုက်နိုင်ပါစေ..

madaka May 28, 2008 at 11:48 PM  

သယ်ရင်းရေ..
မှီဝဲရာကမ္ဘာ..အရမ်းကောင်းတယ်..ထပ်ရေးအုန်းနော်..
ဒါမျိုးတွေ....အမေ့မေတ္တာကြောင့်..မှီဝဲလိုရာအမေ့ကမ္ဘာ မှာ.အပြုံးတွေတမြိုက်မြိုက်..အောင်မြင်မှုတွေထွေးပိုက်နိုင်ပါစေ..

madaka..madinekyinywa
သယ်ရင်း..ကို့နာမည်မပေါ်လို့..နှစ်ခါထပ်ရေးလိုက်တယ်

ကလူသစ် May 29, 2008 at 7:24 AM  

အမေကိုခံစားသွားပါတယ်

Anonymous July 3, 2008 at 8:48 AM  

အေးဗျာ ကျွန်တော်လည်း ခံစားရတယ်
ကြိုက်တယ်။

ဇင်ယော် October 11, 2008 at 1:01 PM  

ကဗျာလေးဖတ်ပြီး အဝေးက အမေကို သတိရ လိုက်တာ။ ဘယ်လိုမှ တုနှိုင်းလို့ မရတဲ့ ဂုဏ်ပုဒ်တစ်ခုအဖြစ် အမေက အမြဲတမ်း ရပ်တည်နေမှာပါ။ အပြုံးပန်းတွေ ထာဝရ ပွင့်လန်းပြီး ရွှင်လန်းနိုင်ကြပါစေဗျာ။

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Blog Archive

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)