တရုတ်ပြည်အစိုးရက ငလျင်ဒဏ်ခံရတဲ့ ပြည်သူတွေ အတွက်ကယ်ဆယ်ရေး
လုပ်ငန်းကို အင်းတိုက်အားတိုက် လုပ်နေတဲ့အပြင် ပြည်ပက ကယ်ဆယ်ရေး
ဝန်ထမ်းတွေကိုလဲ လိုက်လဲ စွာကြိုဆိုခဲ့ပါတယ်..... သတင်းမီဒီယာ တွေမှာလဲ
တရုတ်သတင်း ကလှိုင်လှိုင် နေရာယူနေပါတယ်.. ဖတ်ဘူးတဲ့ စာအုပ်တစ်ခုထဲ
က အကြောင်းအရာလေးတစ်ခု သွာတွေးမိတယ်.. "You don't exit if you
were not in the media(news)." တဲ့......
ကျွန်မတို့ ပြည်ချစ်ခေါင်းဆောင် တွေတော့ထူးပ..။ အကူအညီပေးမှာကိုတောင်
တံခါးပိတ်ထား လေတော့ ဒုက္ခသည်တွေ တစ်ပူပေါ် နှစ်ပူဆင့် ဒုက္ခပင်လယ်ဝေ
ပူဆွေး သောကနဲ ခရီးသွားနေရပြီ... :( :( :(
အစိုးရတစ်ခု အနေနဲ့ ဒီ၂၁ရာစုမှာ တတ်နိုင်သလောက် အကောင်းဆုံး လုပ်နေ
တာနဲမပြီးဘူး။ လုပ်ဆောင်မှုရဲ့ ရလတ်က အကြောင်းပြချက်ထက် အများကြီးပို
အရေးပါ ပါတယ်........
အခုတင်ထားတဲ့ သီချင်းက တရုတ်ပြည်ကယ်ဆယ်ရေးအတွက် နိုးဆော်ထားတဲ့
သီချင်းပါ..
မြန်မာပြည်မှာတော့ အကူအညီပေးဘို့တောင် ခွင့်တွေတောင်း နေရတယ်...
သွားခွင့်မရှိ တဲ့နေရာတွေမှာတော့ ??????? သူငယ်ချင်းသိမှာပါ...... :( :( :(
P.S စာမေးပွဲတွေရှိနေလို့ အလည်မလာနိုင်တာ ခွင့်လွတ်စေကြောင်းပါနော်
ချစ်သောသူငယ်ချင်းတို့ရေ....... စာမေပွဲပြီးရင် စာကြွေးလာဆပ်ပါ့မယ်......
အဆင်ပြေပါစေလို့ မပြောပါရစေနဲ့လား.. အားလုံး အနဲနဲ့အများသောကရောက်
နေကြမှာကို ကိုယ်ချင်းစာလို့ပါ... ဒါပေမဲ့ သန်ခေါင်းထက် ညနက်စရာအကြောင်း
ရှိ တော့မယ် မထင်ပါဘူးနော်...
ရောက်ရှိလာမဲ့ မနက်ဖန်များ အတွက် အကောင်းဆုံး နည်းလမ်း ၀ိုင်းရှာကြတာပေါ့။
ငါတို့အားလုံးရဲ့ မြန်မာပြည်ကို ချစ်တဲ့ DNA ဟာအမိမြန်မာပြည် တိုးတက်ဘို့
အတွက်ပဲ ဖြစ်ရမယ်နော် သူငယ်ချင်း... ဒီပန်းတိုင်ကို ဖျက်စီးမဲ့ DNA မျိုးမသန့်
တွေကိုတော့ ၀ိုင်းဝန်းရှင်းလင်း ကြတာပေါ့....
တိမ်းကင်းစင်ပြီး နေသာပါစေ..... ချစ်သော အမိမြေ.........
မြန်မာ့ DNA
Posted by
Apprenticeship
at
Tuesday, May 20, 2008
Labels: Generosity , Nargis , sadddd news , urgent relief
The Creative Commons Attribution-No Derivative Works 3.0 Unported License.
This work is licensed under a Creative Commons Attribution-No Derivative Works 3.0 Unported License.
7 comments:
လာလည်တယ်ညီရေ...ဒို့နိုင်ငံက..အစိုးရက..ထူးဆန်းလွန်းလို့..ဘာပြောရမှန်းတောင်မသိတော့ဘူး ညီမရေ...ဆိုးပ..ကဲဒါတွေထားတော့..စာမေးပွဲဖြေ နိုင်ပါစေ
သယ်ရင်း..သူများအစိုးရတွေသိတ်အားကျစရာကောင်း တာဘဲနော်...ဒို့အဆိုးရကတော့..........................စာဖြေနိုင်ပါစေ
AP ရေ ....... ကောင်းလိုက်တဲ့ သုံးသပ်ချက်
လူယုတ်မာ၊ လူရမ်းကား အာဏာကလွဲရင်
ဘာမှမမြင်သူတစုကြောင့် တို့ချစ်တဲ့
ပြည်သူတွေ ရေတိမ်နစ်တော့မယ်ဟာ.......
All the best !
Good Luck for your Exam !
Cheers !
စာမေးပွဲကြီး အဆင်ပြေစွာဖြေနိုင်ပါစေဗျ အစိုးရက လာမပိတ်ပင်ခင်..:P
တရုတ်သီချင်းကို နားမလည်ပေမယ့် သူတို့ကိုကြည့်ရင်း အမိမြေက စောင့်ရှောက် အကူအညီပေးမှုတွေ ဝေးနေမယ့် သနားစရာ ဒုက္ခသည်တွေကို မြင်ယောင်ပြီး ရင်နင့်နေမိတယ် မ Apprenticeship ရယ်...
ဟုတ်ပါ့ဗျာ။ ဘယ်မှာလာ အစဉ်ပြေနိုင်ပါ့မလဲ။ တစ်ခါတစ်ခါ များထမင်းစားလို့ မျိုမကြဘူး။ ကလေး လေးတွေမြင်ယောက်ပြီး မျက်ရည်ကြမိတယ်။
Post a Comment