Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

It's up to you. Yeah?

နင့်အလိုကျ
မင်းမျက်မမြင် တာနဲ့ပဲ တစ်အိမ်လုံးကို အမှောင်ချထားရ ကောင်းလား..
နင့်အစာအိမ် မကောင်းတိုင်း ငါတို့အားလုံး ဆန်ပြုတ် လိုက်သောက်ရမှာလား..
မင်းခြေထောက်နာလို့ အပြင်မထွက်နိုင်တိုင်း ငါတို့အားလုံးကို လှောင်ထားရကောင်းလား...
မင်းကဧည့်ဝတ်မကျေချင် တာနဲ့ပဲ ဧည့်သည်တွေအားလုံး မောင်းထုတ်ရကောင်းလား...
မင်းအရုပ်ဆိုးတိုင်း မှန်တွေအားလုံး ရိုက်ခွဲရကောင်းလား..
မင်းပန်းချီမခံစားတတ်တိုင်း ပန်းချီတွေအားလုံး မီးရှို့ရကောင်းလား...
မင်းMusic မကြိုက်တာနဲ့ဘဲ တေးဆိုငှက်တွေ အားလုံးသတ်ပစ် ရကောင်းလား..
သွားပါ
မင်းရဲ့ဟောင်းနွမ်း ညစ်စုတ်နေတဲ့ ဝါဒီတွေ အတွက် ငါ့မနက်ဖန်တွေ
ထပ်စတေး မခံနိုင်တော့ဘူး

မင်းရဲ့ယုံတမ်း ချစ်စကားတွေ အတွက် ငါ့ရင်တွေခုန် မနေတော့တာ
အပင်ပန်းခံ ပြောမနေတော့ဘူး
လာရာလမ်းက ပြန်ပါတော့။

13 comments:

ပန်းခရေ May 14, 2008 at 12:04 AM  

သွားပါ မင်းရဲ့ဟောင်းနွမ်း ညစ်စုပ်နေတဲ့ ၀ါဒီတွေ အတွက် ငါ့မနက်ဖန်တွေ ထပ်စတေး မခံနိုင် တော့ဘူး မင်းရဲ့ယုံတမ်း ချစ်စကားတွေ အတွက် ငါ့ရင်တွေခုန် မနေတော့တာ အပင်းပန်းခံ ပြောမနေတော့ဘူး လာရာလမ်းက ပြန်ပါတော့….

အကြိုက်ဆုံးပဲ
ကဗျာတစ်ပုဒ်လုံးမှာ အကြောင်းတစ်ရာတစ်ခုမြှုပ်နေတယ်
ဆိုတာ မြင်သာတယ်
ပျော်ရွှင်ပါစေ

May Moe May 14, 2008 at 2:25 AM  

အရမ်းကောင်းတဲ့ ကဗျာ တပုဒ်ပါပဲ။

Welcome May 14, 2008 at 2:28 AM  

မျိုးကြီး ရဲ့ ဆန့်ကျင်ဘက် သီချင်းကို နားထောင်နေရ သလိုပဲ။ ခံစားရတဲ့ ကဗျာလေးပါ။ အားပေးနေတယ်။

Nyein Chan Aung May 14, 2008 at 2:39 AM  

really good poem. i like it much.

လားရှိုးသူ May 14, 2008 at 6:29 AM  

very touchy one! Great!

MelodyMon May 14, 2008 at 9:15 AM  

သံစဉ်နဲ့အတွေးအခေါ်ချင်းဆင်တယ်။
ကြိုက်သွားပြီ။

Unknown May 14, 2008 at 10:15 AM  

ဟဲ့..... ဟဲ့... AP ပေါက်ကွဲလှချေလား.......
နင်ပြောချင်တာ နာတိတယ်နော်...
မင်းသားကြီး မလုပ်ရရင် ပတ်မကြီး ထိုးခွဲမယ်ဆိုတဲ့လူတွေကို ဖျောင်းဖျတွဲခေါ်လို့ မရရင်
ရှင်းပစ်တာကောင်းတယ်ကွာ......

Anonymous May 14, 2008 at 1:09 PM  

စာသားတွေက ရိုးပေမယ့် Nigris cyclone ထက်ပိုပြီးအင်းအားပြင်းတယ်။ ကဗျာဖတ်ရင်း နဲ့ဒေါသ မကျေနပ်မှုနဲ့ စိတ်ပျက်မှု ဆိုတာတွေကို ခံစားလိုက်တယ်။ ကြိုက်တယ်ကွာ... ဆက်းရေးအားပေးနေတယ်။း)

ပန်းခရမ်းပြာ May 15, 2008 at 9:57 AM  

Very nice poem. can sense ur anger. we all behind u.

Unknown May 15, 2008 at 10:35 AM  

မြန်မာလို မရေးတတ်ဖူး မရေးတတ်ဖူးနဲ့...ရေးများရေး တတ်လို့ကတော့ဗျာ...။ တကယ်ကောင်းတယ်ဗျာ..။ အတွေးရော အရေးရောပဲ...။ လေးစားပါတယ် အစ်မ။ ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ မှန်ကန်တဲ့ နည်းလမ်းသာ ရှိရင် ကျွန်တော်တို့ ပန်းတိုင်က ရောက်ကိုရောက်ရမှာပေါ့။

Anonymous May 18, 2008 at 8:53 AM  

ကောင်းလိုက်တဲ့ အရေးအသားတွေ အမကိုလေစားပါတယ်။ ပညာပေးမဲ့ ပိုစ်တွေများများရေးပေးပါ။ အားပေးလျက်ပါ။
မေမိုးမခ

လသာည July 30, 2009 at 7:16 AM  

ကောင်းလိုက်တဲ့ ကဗျာလေး။ အဓိပ္ပါယ်လေးက စွာစွာလေး။အရမ်းကြိုက်တယ်။

Anonymous March 12, 2010 at 12:12 AM  

Aside to pass the deaf to with two backs casinos? testify to this advanced [url=http://www.realcazinoz.com]casino[/url] instruction and actuate evasively online casino games like slots, blackjack, roulette, baccarat and more at www.realcazinoz.com .
you can also into our blooming [url=http://freecasinogames2010.webs.com]casino[/url] keep at http://freecasinogames2010.webs.com and acquire valid folding shin-plasters !
another solo confinement [url=http://www.ttittancasino.com]casino spiele[/url] within an eyelash of is www.ttittancasino.com , because german gamblers, flyover manumitted online casino bonus.

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Blog Archive

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)