Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

မြန်မာ့ ရေးဘေးဒုက္ခဟာ ဆူနာမီ (Tsunami) ကထက်အပျက်အစီး အဆုံးအရှံးထက် ၆ဆပိုများနိုင်

မြန်မာ့ ရေးဘေးဒုက္ခဟာ ဆူနာမီမှာ (Tsunami) အပျက်အစီး အဆုံးအရှံးထက် ၆ဆပိုများနိုင် ကြောင်း တရားမျှတမှုနဲ့ လူးသားခြင်းစာနာ မှုကိုနိုင်ငံ ၁၀၀ ကျော်မှာလုပ်နေတဲ့ Oxfam အဖွဲ့ နေ့ညက သတိပေး ပြောကြားသွားပါတယ်။ (Oxfam အကြောင်း အပြည့်အစုံ သိချင်သူများ ဒီမှာ click ပါ) သတိပေးမှုဟာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အမှန်တကယ် အရေးကြီး လိုနေတဲ့ ဧရာဝတီတိုင်းမှ လေဘေးဒုက္ခသည် တွေရဲ့ခံစားနေရတဲ့ ဒုက္ခတွေတွေ ကြည့်ပြီး ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။

UN လူသားခြင်းစာနာ အဖွဲ့ကပြောကြားသွားဒါက နာဂစ်ဝင်မွှေသွားတဲ့ ၈ရက်မြောက်နေ့မှာ သန်း ၁.၂-၁.၉ ရှိတဲ့ မြန်မာပြည်သူတွေ အသက်ရှင် ရှုန်းကန် ဒုက္ခဝေနေရကြောင်းပါ..။ အဓိက အကြောင်းပြချက်တွေတော့ အစားအသောက် ငတ်ပြတ်မှုနဲ့ ငတ်ပြတ်ရေး ပြသနာ ကြောင့်လုရက်မှုနဲ့ ခိုးမှုတွေများပြား နေသောကြောင့်ဖြစ်ပါတယ်..။

UN လူသားခြင်းစာနာ အဖွဲ့ကဒီနေ့အထိသေဆုံးမှုဟာ ၆၃,၂၉၀ မှ ၁၀၁,၆၈၂ နဲ့ ၂၂၀,၀၀၀ ယောက် ပျောက်ဆုံးလျက်ရှိ ကြောင်းသိရ။

ဒါပေမဲ့ အစိုးရကတော့ ၂၈,၄၅၈ သေဆုံးပြီး ၃၃,၄၁၆ ယောက်သာ ပျောက်ဆုံးလျက်ရှိ ကြောင်းထုတ်ပြန် ။

ရန်ကုန်မှာတော့ ထောင်နဲချီသော လူများလမ်းပေါ်ထွက်ပြီး ကယ်ဆယ်ရေး ပစ္စည်းတွေ ဝေမျှမှုကို လက်ခံရ ရှိပြီးဖြစ်သော်လည်း နေရာတော်တော်များများ မှာတော့ မြုပ်သူမရှိ ပုတ်ပွနေသော အလောင်းများဟာ အစာမရှိလို့ နောက်ကျိနေတဲ့ ရေအိုင်တွေမှာ ငါးဖမ်း ရှာတဲ့ကလေးများကို သွေးခြောက်ခြား စေတယ်တဲ့။

UN လူသားခြင်းစာနာ အဖွဲ့ နဲ့ ကြက်ခြေနီအဖွဲ့က ဧရာဝတီတိုင်း လဘုတာမြို့မှာ ကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်ဆောင် နေပြီဖြစ်ပါတယ်..။

မြန်မာအစိုးရ ထိပ်တန်းခေါင်းဆောင် တချို့ ရိပ်က္ခာများ တင်ဆောင်လာတဲ့ အမေရိကန်လေယာဉ် c-130 ကို ကြိုဆိုခဲ့ကြပါတယ်..။ ကယ်ဆယ်ရေး ပစ္စည်းတွေ ကိုတနင်္ဂလာနေ့မှာ မြန်မာစစ်လေယာဉ်များနဲ့ အလိုအပ်ဆုံးနေရာများကို ဖြန့်ဝေသွားမှာဖြစ်ကြောင်း သိရ..။ အမေရိကန် အနေနဲ့ နောက်ထပ် လေယာဉ်နှစ်စင်း ပို့ဆောင်ခွင့်ရထားကြောင်းလဲသိရ..။ အမေရိကန်အစိုးရက အကူအညီပေးဘို့ ကမ်းလမ်းထားတဲ့ အစားအသောက်ဖြန့်ဝေမဲ့ လေယဉ်နဲ့ အလောင်းတွေကို ရှာဖွေမဲ့ သင်္ဘော နဲ့ $13 မြန်မာအစိုးရက လက္ခံကြောင်း အကြောင်းမကြားရသေးပါ…။

I got it form here.

0 comments:

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Blog Archive

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)