Posted by
Apprenticeship
at
Saturday, December 19, 2009
ကျွန်မ ယုံကြည်ပါသည်..... နေ့အခါ နေမင်းကို မမြင်ရသော်လည်း နေမင်းရှိသည်ကို ကျွန်မ ယုံကြည်ပါသည်။ ညအခါ ကြယ်၏အလင်းရောင်ကို မမြင်ရသော်လည်း ကြယ်ရှိသည်ကို ကျွန်မ ယုံကြည်ပါသည်။ ဘုရားသခင်ကို တစ်ခါမှမမြင်ဘူးသော်လည်း ဘုရားသခင်ရှိသည်ကို ကျွန်မ ယုံကြည်ပါသည်။ ထို့အတူ အချစ်ကို မခံစားနေရစဉ်ပင် အချစ်၏ တန်ခိုးကို ကျွန်မ ယုံကြည်ပါသည်။
Posted by
Apprenticeship
at
Monday, October 19, 2009
Q* ဆေးကျောင်း စာသင်ခန်းတစ်ခုရဲ့ စာသင်နှစ်ပထမဆုံးနေ့မှာ professor ဖြစ်သူက သူ့တပည့်တွေကို ဘာလို့ ဒီစာသင်ခန်းထဲ ရောက်လာကြောင်းမေးတော့
A* သမာရိုးကျပါပဲ ကျောင်းသားလေးက ဆရာဝန်ဖြစ်ချင်လို့လို့ ခပ်သွက်သွက်လေးဖြေလိုက်တယ်တဲ့။ Q* အဲဒီတော့ Professor ကဘာလို့ ဆရာဝန်ဖြစ်ချင်တာလဲလို့ ပြန်မေးတော့ A* အရင်ဖြေသွားတဲ့ ကျောင်းသားလေးကပဲ လူတွေရဲ့ အသက်ကိုကယ်ချင်လို့လို့ ပြန်ပြောတယ်တဲ့။ Q* အဲဒီတော့ Professor ကဘာလို့လူတွေရဲ့ အသက်ကို ကယ်ချင်ရတာလဲလို့ ပြန်မေးတော့ A* ကျောင်းသားလေးက ခပ်လွယ်လွယ်လေးပဲ အသက်ရှည်စေချင်လို့လို့ ပြန်ပြောတယ်တဲ့ Q* အဲဒီတော့ ဆရာက ဘာလို့ အသက်ရှည်စေချင်တာလဲ အသက်ရှည်လို့ကော ဘာထူးမှာလဲလို့ ပြန်မေးတယ်တဲ့ A* ဒီတစ်ခါတော့ ကျောင်းသားလေး နုတ်ပိတ်သွားရှာတယ်တဲ့လေ..... တကယ်တော့ အသက်ရှင်သန်ဖို့ထက် မိမိအသက်ရှင်သန်ခြင်းရဲ့ အနှစ်သာရကို ရှာဖွေမိဖို့ ပိုအရေးကြီးတယ်မဟုတ်ပါလား။ I got this picture from
here. ၀န်ခံချက်။ ။ ဒီစာကို ဘုရားရှိခိုးကျောင်းက ဝေတဲ့ စာရွှက်တစ်ခုမှာ ဖတ်မိတာပါ။ အဲဒီထဲမှာတော့ ပရောဖက်ဆာက ခရစ်ယာန်မို့ လူ့အသက်ကို ကယ်ဖို့ထက် ၀ိညာဉ်ကို ကယ်တင်နိုင်ဖို့ ပိုအရေးကြီးကြောင်း သူ့တပည့်လေးကို တင်ပြသွားတာပါ။ အားလုံးအတွက်အကျုံးဝင်ဖို့ မြန်မာမှုပြု ဘာသာပြန်ထားပါတယ်။ တင်ပြသွားတဲ့ အဓိက အကြောင်းအရာ "ရှင်သန်ခြင်းက ဘာအတွက်လဲဆိုတဲ့" မေးခွန်းလေးက လူတိုင်းစမ်းစစ်သင့်တဲ့ မေးခွန်းတစ်ခု မဟုတ်ပါလား??? ဒီမေးခွန်းလေးက သာမန်လေးပါပဲ ဒါပေမယ့် လျှောက်နေရင်း လွဲချော်နေတတ်တဲ့ လောကကြီးမှာ ဆရာဝန်တွေသာမက ဘယ်သူမဆို မိမိရပ်တည်ချက်ကို ပြန်ပြန်စမ်းစစ်ရင်း ဘ၀ပန်းတိုင်ရှာတွေ့ပီးသားလူတွေ အတွက်တော့ အားမန်းထပ်လောင်း ရှေ့သို့ချီဖို့ပေါ့နော်။ မရှာတွေ့သေးသူတွေလဲ ရှာဖွေတွေ့ရှိနိုင်အောင် ဒီမေးခွန်းလေးက လမ်းပြနိုင်မလားလို့ပါ။ မေတ္တာဖြင့် Apprenticeship
Posted by
Apprenticeship
at
Sunday, September 20, 2009
စက်တင်ဘာလ ၂၁ ရက်နေ့ဟာ ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ ဖြစ်ပါတယ်။ စစ်တိုက်နေတဲ့ နိုင်ငံတွေလဲ ၂၄ နာရီအပစ်အခတ်ရပ်ပီး ငြိမ်းချမ်းရေးနေ့ကို ဆင်နွဲကြဖို့ UN က နိုးဆော်ကျင်းပခြင်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူသားများအားလုံး ငြိမ်းချမ်းရေးကို တန်ဖိုးထား မြတ်နိုးတတ်ပြီး ၊ လူသားအချင်းချင်း အပြန်အလှန် စာနာနားလည်ဖို့ ၊ အပြန်အလှန် လေးစားချစ်ခင်ပြီး ငြိမ်းချမ်းစွာ အတူလက်တွဲ နေထိုင်သွားနိုင်ဖို့ ရည်ရွယ်ပါတယ်။ ငါ့လူမျိုး ၊ ငါ့ယဉ်ကျေးမှု၊ ငါ့နိုင်ငံ၊ ငါ့ဘာသာတရား၊ ငါ့ယုံကြည်မှု့၊ ငါ့ အဖွဲ့ အစည်း အစရှိတဲ့ “ငါ” ဆိုတဲ့ အတ္တအစွဲတွေရဲ့ လောင်းရိပ် တစ်ဘက်မှာ ငြိမ်းချမ်းခြင်းဆိုတာ အမှန်တစ်ကယ် ဖြစ်တည်နေပါတယ်။ ကမ္ဘာ့လူသားအားလုံးရဲ့ မတူညီမှုတွေ အတွက် အငြင်းပွား၊ စစ်ခင်းနေကြမယ့် အစား အဲဒီ မတူညီမှုတွေထဲကနေ မတူညီတဲ့ အလှအပတရားတွေကို အတူခံစားကြရရင် ပိုမကောင်းဘူးလား…….? မေတ္တာတရားကသာ အနာဂတ် ငြိမ်းချမ်းမှု အတွက် တစ်ခုတည်းသော အဖြေပါ...။ ငါဆိုတဲ့ အတ္တစည်းဝိုင်း အပြင်ဘက်မှာရှိတဲ့ လူတစ်ဦးချင်းစီရဲ့ အခြားသူများအပေါ်၊ သတ္တ၀ါအားလုံးအပေါ်၊ ဒီကမ္ဘာမြေကြီး အပေါ် ထားတဲ့ မေတ္တာ တရားပေါ့နော်..။ တရားမျှတမှု့ဟာ ငြိမ်းချမ်းခြင်းရဲ့ ဖခင်ဆိုရင်မှားမယ်မထင်ဘူးနော်..။ တစ်ကယ်တော့ “ငါ” ဆိုတဲ့ လူသားအားလုံးတို့ဟာ ကမ္ဘာ့ မိသားစုဝင်တွေ မဟုတ်လား….? ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ စိတ်ဓာတ်တွေ ထားခဲ့ပြီး ကိုယ်လုပ်လိုက်တဲ့ လုပ်ဆောင်ချက်တွေရဲ့ နောက်ဆက်တွဲ ဖြစ်လာမယ့် ရလာဒ်(ဆိုး/ကောင်း)တွေ အတွက် တာဝန်ယူတတ်သူများဖြစ်ဖို့ အရေးကြီးပါတယ် ။ ကိုယ့်အသက်ရှင်ခြင်းကနေ သူတစ်ပါးရဲ့ အသက်ရှင် ရပ်တည်မှု့အပေါ် တန်ဖိုးထားလေးစား မြတ်နိုးတတ်တဲ့ မေတ္တာတရား လက်ကိုင်ထားနိုင်တဲ့ သူများဖြစ်အောင် ကြိုးစား အားထုတ်ကြရအောင်လား… ။ သူမှန်တယ် ငါမှန်တယ် ဆိုပြီး အငြင်းပွား စစ်ခင်းနေကြမယ့် အစား မေတ္တာတရားနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သွားကြရင် ပိုမကောင်းဘူးလား ? ငြိမ်းချမ်းခြင်းရဲ့ အနစ်သာရကို ခံစားနိုင်ပြီး ငြိမ်းချမ်းခြင်းကို သယ်ဆောင်ပေးနိုင်တဲ့ လူသားဆန်တဲ့ လူပီသတဲ့ လူသားများ ဖြစ်နိုင်ကြပါစေ… ကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေ…….. မေတ္တာစက်ဝိုင်း အတွင်းမှ လူသားအားလုံးကို လေးစားချစ်ခင်လျက်…. AP P.S>> ဒီပိုစ်လေးက မနှစ်က Peace One Day မှာရေးခဲ့တာပါ။ အခုထိ Mission Complete မဖြစ်သေးတဲ့အပြင် အသစ်တင်ဖို့လဲ ငြိမ်းချမ်းမှုအတွက် ကျွန်မရဲ့ခံစားချက်တွေ မျော်လင့်ချက်တွေ တစ်ထပ်ထဲကျနေသေးတဲ့အတွက် ဒီအဟောင်းလေးကိုပဲ ပြန်တင်လိုက်ပါတယ်။ မဖတ်သေးတဲ့ သူငယ်ချင်း တွေအတွက်တော့ အသစ်ပေါ့နော်...။ ငြိမ်းချမ်းရေးကို လူသားတိုင်းမျောင်လင့်တောင့်တကြပေမယ့် အခုထိ ခရီးမရောက်သေးတာ ရင်နာစရာပဲနော်။ သံလွင်ခက်နဲ့ ဂျိုးငှက်ငယ်လေးရေ... အမြန်အိမ်ပြန်လာပါတော့။
Posted by
Apprenticeship
at
Thursday, August 20, 2009
I got this photo from here . မွေးကင်းစ ကလေးငယ်များဉ် Nerves ဆဲလ် သိန်း ၁၀၀ ကျော်ပါကြောင်း၊ လည်းကောင်းသိန်း ၁၀၀ ကျော်သော Nerves များသည် လူတစ်ယောက်သက်တမ်းတွင် အများဆုံးရှိနိုင်သော အရေအတွက်ဖြစ်ကြောင်း သိပ္ပံပညာရှင်များဧ။် တွေ့ရှိချက်အရ သိရှိရပါသည်။ ယင်း Nerves များဧ။် ဖွံ့ဖြိုးမှုဖြစ်စဉ်ကို မွေးကင်းစမှ အသက် ၁၀နှစ်အထိသာ ဖွံ့ဖြိုးနိုင်ပြီး မွေးကင်းစမှ အသက် ၂ နှစ် အရွယ်ရှိ ကလေးများတွင်မူ ဖွံ့ဖြိုးမှု အကောင်းဆုံးဖြစ်ကြောင်း ရင်သွေးငယ်များ ဖွံ့ဖြိုးမှုကို လေ့လာသော ပညာရှင် Marriosn ဧ။် သုသေတနများ အရသိရှိ ရပါတယ်။ ၀မ်းနဲစရာကောင်းသည်မှာ လည်းကောင်း Nerves ကြောများဧ။် ဖွံ့ဖြိုးမှု ဖြစ်စဉ်တလျှောက်မှာမှာ ဖွံဖြိုးမှု မရှိသော Nerves ကြောများမှာမူ ခြောက်သွေ့ သေဆုံးသွားကြောင်းကို လဲ Marrison ဧ။် သုသေတနများကပင် သက်သေပြခဲ့ ပါသည်။
Nerves ကြောများဧ။် ဖွံဖြိုးမှု ဆိုသည်မှာ သိန်း ၁၀၀ ကျော်သော Nerves များ တစ်ခုနှင့် တစ်ခု ဆက်စပ်သွားခြင်းကို ဆိုလိုခြင်းဖြစ်သည်။ မွေးကင်စမှ ၁၀နှစ်အတွင်း Nerves ဆဲလ်များများ ဆက်ခွင့်ရလိုက်သော ကလေးများသည် အခြားကလေးများထက် ညဏ်ရည်ပိုကောင်းပြီး တွေးခေါ်မှုများကို ပိုမိုလုပ်နိုင်သည့် ထူးချွန်ထက်မြတ်သော ကလေးများဖြစ်လာ နိုင်မည်ဖြစ်ပါသည်။ လူသားတိုင်းတွင် မှတ်နိုင်မှု ခွန်အား အတူတူလောက်ပင်ရှိသည်။ သို့ရာတွင် တစ်ချို့လူများသည် လူတော်ဟု သတ်မှတ်ခံရြ့ပီး တချို့လူများမှာမူ လူညံ့များအဖြစ် ခေါ်ဝေါ်သမုတ်ခြင်း ခံရခြင်းသည် ထို Nerves ကြောများဧ။် ဆက်သွယ်မှု များများရှိမရှိတွင် မူတည်ခြင်းသာ ဖြစ်ပါသည်။ ယင်း Nerves ကြောများဧ။် ဆက်သွယ်မှု (၀ါ) ဖွံ့ဖြိုးမှု ဖြစ်ရန် ကလေးငယ်များ နေထိုင်သော အိမ်၊ ကစားကွင်း၊ ပတ်ဝန်းကျင်နှင့် ထိတွေ့ ဆက်ဆံခြင်းများ တဆင့် ဖြစ်ပွားကြောင်း သိရှိရပါသည်။ ထို့ကြောင့် ငယ်ရွယ်နုနယ်သော ကလေးများနှင့် ထိတွေ့ဆက်ဆံမှု ပြုနေသော မိဘ မောင်နှမများ၊ ဆရာဆရာမများနှင့် နေ့ကလေးထိန်းတာဝန်ခံများ အနေဖြင့် ဆဲလ်ဖွံဖြိုးမှု များများ လုပ်ပေးနိုင်သော ထိတွေ့ ဆက်ဆံမှုတွေကို ဖန်တီးပေးနိုင်သော သင်ခန်းစား၊ ကစားနည်းများ အားစနစ်တကျ အသုံးပြုရန် အလွန်ပင် အရေးကြီးလှ ပါသည်။ ငယ်ရွယ်သော ကလေးများသည် အပြစ်ကင်းစင်ပြီး သင်ယူတတ်မြောက်ရန် အလွန်လွယ်ကူသော အချိန်ဖြစ်သည်။ ဘ၀တစ်တွင် မည်သို့ အသက်ရှင်နေထိုင်သင့်ကြောင်းကို သူတို့ကို အုပ်ထိန်းသော မိဘ၊ ဆရာ/မ နှင့် နေထိုင်ရာ ပတ်ဝန်းကျင်များ မှတဆင့် လေ့လာသင်ယူ လေ့လာနေသော အချိန်လည်းဖြစ်သည်။ ထို့ကြောင့် လုံခြုံနွေးထွေး၊ ပျော်ရွှင်စရာကောင်းသော ပတ်ဝန်းကျင်နှင့် ကျန်းမာရေးဖြင့် ညီညွတ်သော လူမှု ၀န်းကျင်သည် ငယ်ရွယ်သောကလေးများ အတွက် မရှိမဖြစ်လိုအပ်သော အရာများဖြစ်သည်။ ပျော်ရွှင်စရာကောင်းသော မိဘအသိုင်းအ၀ိုင်းနှင့် ပတ်ဝန်းကျင်မှ ကြီးပြင်းလာသော ကလေးများသည် လူမှုရေးနယ်ပယ်၊ စိတ်ကျန်းမာရေး၊ နှင့် ပညာရေးဘက်တွင် အများထက် သာလွန် ကျွမ်းကျင်လိမ္မာသော သူများဖြစ်လာကြမည်မှာ အေကန်အမှန်ပင်ဖြစ်သည်။ အချုပ်အားဖြင့် ဆိုရသော လုံခြုံနွေးထွေးပြီး ပျော်ရွှင်စရာကောင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော ပတ်ဝန်းကျင်သည် ကလေးငယ်များဧ။် ဦးနှောက်ဖွံ့ဖြိုးမှု ဖြစ်စဉ်တွင် အလွန်အရေးကြီးသော အခန်းဏ္ဍတွင် ပါဝင်သဖြင့် ထိုသို့သော ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ရန် မိဘ၊ဆရာများဧ။် တာဝန်ပင်ဖြစ်ပါတော့သည်။ ကလေးတစ်ဦးဧ။် ညာဏ်ရည် တိုးတက်မှုသည် အုပ်ထိန်းသူမိဘ၊ ဆရာဆရာမများ လက်တွင်ရှိသောကြောင့် လည်းကောင်းကလေးများနှင့် ထိတွေ့ဆက်ဆံရသော သူများအနေဖြင့် အလွန်ပင် ဂရုပြု စောင့်ရှောက် ခြင်းဖြင့် ကြယ်ပွင့်လေးများ တောက်ပလာစေဖို့ မျော်ကိုးရင်း မျှဝေလိုက်ပါတယ်။ လူတော်လေးတွေမွေးထုတ် ပေးနိုင်တဲ့ ဖေဖေမေမေတွေ ဖြစ်လာကြပါစေ... သူငယ်ချင်းတို့ရေ... မေတ္တာဖြင့်... Apprenticeship
Posted by
Apprenticeship
at
Saturday, July 25, 2009
Posted by
Apprenticeship
at
Wednesday, July 22, 2009
ဒီပုံလေးကို ကြည့်ပြီး ကျွန်မနဲ့ သူငယ်ချင်းတစ်ယောက် စကားလက်ဆုံကျဖြစ်ကြတယ်။ သူဘာသာပြန်ထားတဲ့ အနက်က အရမ်းလေးနက်ပီး အဓိပ္ပါယ်ရှိတယ်။ တွေးပုံ တစ်ချို့ ကျွန်မနဲ့ နဲနဲကွဲနေပေမယ့် သူ့အတွေးအခေါ်လေးကို ကြိုက်မိတယ်။ ဒီလိုကွဲပြားမှုတော့ ရှိနေအုံးမှာပဲ မဟုတ်လား။ တကယ်ဆို မတူညီတဲ့ အတွေးအခေါ်တွေ အဆင့်ဆင့်ပေါင်းစပ်ဖလှယ်ရင်း သိပ္ပံနည်းပညာတွေ အတွေးအခေါ်တွေ အံ့မခန်းတိုးတက်လာတာပေါ့။ ကိုယ်နဲ့မတူတဲ့ အတွေးအခေါ် အမူအကျင့် ရှိသူတွေနဲ့ သဟဇာတဖြစ်အောင် နေထိုင်တတ်ခြင်းဟာ ၂၁ ရာစုလူသားတွေအားလုံး ပိုင်ဆိုင်သင့်တဲ့ အရည်အချင်းတစ်ခုဆိုရင် မှားမယ် မထင်ဘူး။ ကျွန်မကံကောင်းချင်တော့ အဲဒီအချက်ကို သူလဲလက်ခံတယ်ရှင့်..။ မတူညီမှုတွေရဲ့ လှပမှုကို အရမ်းခုံမင်တဲ့ ကျွန်မအတွက်တော့ မိတ်ဆွေးကောင်းတစ်ယောက်ပေါ့။ ကျောင်းတွေ ပိတ်ထားတော့ သူနဲ့ဆွေးနွေးခွင့်တွေ ရနေတာကို အရမ်းကျေးဇူးတင်မိတယ်။ အဲဒီလိုနဲ့ စကားစပ်မိရင်း ဒီပုံလေးကို ဘလောက်ပေါ်တင်ပီး သူငယ်ချင်းတွေနဲ့ အတွေးဖလှယ်ကြည့်ဖို့ သူအဆိုပြုလာလို့ တင်လိုက်တာပါ။ ဘယ်လိုလေး ခံစားရတယ် အဓိပ္ပါယ်ဖွင့်ဖြစ် လဲဆိုတာ မျှပေးသွားကြပါနော်….။ ဘလောက်သူငယ်ချင်းတွေနဲ့ မတူညီမှုတွေပေါင်းစပ်ထားတဲ့ ရောင်စုံပန်းချီကားတစ်ချပ်ကို ပျော်ပျော်ပါးပါး ၀ိုင်းဆွဲကြတာပေါ့…။
Posted by
Apprenticeship
at
Saturday, July 18, 2009
စောင့်ဆိုင်းခံ မျှော်လင့်ချက်များ စောင့်ဆိုင်းခံ မျှော်လင့်ချက်တွေ ဘာတွေဖြစ်သွားတတ်လဲ အဖေ….။ မိုးရေတွေလို ငွေ့ရည်ဖွဲ့ ပြီး တိမ်တွေအသွင်ပြောင်းသွားလား? ဒါမှမဟုတ် တိမ်တွေလိုပဲ ရွှေ့ပါးရင်း မိုးရေအဖြစ် ရွာချတတ်လား? ဒါမှမဟုတ် လှိုင်းပုတ်ခတ်ဒဏ်တွေကြောင့် အသွင်ပြောင်းသွားတဲ့ ကမ်းခြေတွေလို ကွယ်ပျောက်သွားတတ်လား? ဒါမှမဟုတ် ပုပ်သိုးနေတဲ့ ကြက်ဥတွေလို နံစော်နေကြလား? ဒါမှမဟုတ် ကြက်ကင်တွေလို အနံ့မွှေးကြိုင် သင်းပျံ့ပြီး ဆွဲဆောင်တတ်ကြလား? ဒါမှမဟုတ် မျှော်လင့် ခြင်းဆိုတာ ဆွဲဆောင်အားကောင်းအောင် အပေါ်ယံဖြူးထားတဲ့ နှမ်းတွေလောက် ပဲလား? ဒါမှမဟုတ် လေရှိန်ပြင်းပြင်းနဲ့ အပြစ်ကင်းသူကော မကင်းသူအားလုံးကို ၀ါးမျိုးတတ်တဲ့ ဆူနာမီနဲ့ နာဂစ်စ်တွေလို အချိန်မတော် အငြိုးကြီးစွာ မွှေနှောက်တတ်လား? ဒါမှမဟုတ် ချိန်ကိုက်ဗုံးတွေလို ပေါက်ကွဲလွင့်စင်ပြီး အကောင်အထည်ဖော်ခံရတတ်လား? ဇူလှိုင် ၁၉ အမှတ်တရ
Posted by
Apprenticeship
at
Thursday, June 18, 2009
ဇွန်လ ၂၁ ရက်နေ့တွင်ကျရောက်သော အဖေများနေ့အတွက် သီကုန်းဖွဲ့ဆိုသည်။ ကမ္ဘာ တစ်ဝှမ်းက အဖေများအားလုံး ပျော်ရွှင်ကျန်မာပါစေ။ အဖေ တာဝန်ကျေပြွန်သူများ ဖြစ်ကြပါစေ။ သားသမီးတွေရဲ့လေးစားမှုကို ခံရပီ အိမ်ထောင် ဦးစီးကောင်းများ ဖြစ်နိုင်ပါစေ... သားသမီးတွေလဲ အဖေ့မေတ္တာကို ကျေးဇူးစပ်ခွင့်ရသူများ ဖြစ်ပါစေ...လို့ ဆုတောင်းလိုက်ပါတယ်။
ကျွန်မနဲ့ ယောကျာင်္များ လျှောက်လှမ်းခဲ့တဲ့ ဘ၀ခရီးတလျှောက် ယောကျာင်္း အမျိုးပေါင်း များစွားကို ကြုံတွေ့ခဲရတယ်။ တစ်ချို့ကို ခရီးသွားဟန်လွဲ တစ်ချို့ကို နို့စို့ဖက် ဖွားဖက်တော်အသွင် တစ်ချို့ကို ဆရာတွေအဖြစ် တစ်ချို့ကို ကျွန်မစာသင်ပေးရတဲ့ တပည့်တွေအဖြစ် တစ်ချို့ကို စာသင်ခန်းက ပြိုင်ဖက်တွေအဖြစ် တစ်ချို့ကို သူငယ်ချင်းတွေအဖြစ် ဒီလိုအကြောင်းအမျိုးမျိုးကြောင့် ပတ်သက် ရင်းနှီးခွင့်ကနေ ယောကျာင်္းတွေ အကြောင်း တစ်စေ့တစောင်း ကျမသိခွင့်ရခဲ့တယ်။ တစ်ချို့က ကျွန်မကို အားပေးတယ်။ တစ်ချို့ကို ကျွန်မအားပေးတယ်။ တစ်ချို့က ကျွန်မကိုပြုံးစေတယ်။ တစ်ချို့က ကျွန်မကို ငိုစေတယ်။ တစ်ချို့က ကျွန်မကို ရင့်ကျတ်စေတယ်။ တစ်ချို့က ကျွန်မကို ကလေးဆန်စေတယ်။ တစ်ချို့က ကျွန်မကို ရဲရင့်မှုတွေပေးတယ်။ တစ်ချို့က ကျွန်မကို ကြောက်ရွံ့အားငယ်စေတယ်။ တစ်ချို့က ကျွန်မကို အကြံကောင်းပေးတယ်။ တစ်ချို့က ကျွန်မဆီက အကြံတောင်းတယ်။ တစ်ချို့က ကျွန်မရဲ့ မျော်လင့်ချက်အလင်းတန်းတွေ အဖြစ်။ တစ်ချို့က ကျွန်မရဲ့ မျော်လင့်ချက်တွေ ရိုက်ချိုးတယ်။ တစ်ချို့တွေက ကျွန်မအတွက် တွန်းအားတွေအဖြစ်။ တစ်ချို့က ကျွန်မကို နှောင့်နှေးစေတယ်။ဒီလို အကြောင်းအမျိုးမျိုးနဲ့ သိခွင့်ရခဲ့တဲ့ ယောကျာင်္တွေ အားလုံးမှာ အဖေလို့ အမည်သွင်တဲ့ ကျမရဲ့ ဖြစ်တည်မှုအားလုံးကို ထာဝရ ချစ်မြတ်နိုး တန်ဖိုးထားတဲ့ ယောကျာင်္းမြတ်တစ်ယောက်ရဲ့ အနှိုင်းမဲ့ အချစ်တွေကြောင့် ဒီလောကကို ပိုချစ်တတ်လာတယ်။ ဒီလောကကို အကောင်းမြင်တတ်ခဲ့တယ်။ ဒီလောကကို အလှဆင်ဖို့ ပန်းပျိုးလက်ဖြစ်ချင်နေခဲ့တယ်။ ဒီလောကရဲ့ အမှောင်ထုအတွက် အလင်းဖြစ်ချင်နေခဲ့တယ်။ ဒီလောကရဲ့ အဖိုးတန် အရာရောက်သူ အဖြစ်ခံစားတတ်ခဲ့တယ်။ ဒီလောကရဲ့ စုံစမ်းနှောက်ယှက်ခြင်းတွေကို ခံနိုင်ရည်ရှိနေခဲ့တယ်။ ဒီလောကရဲ့ ဖျားနာမှုတွေ ကုသပေးနိုင်ဖို့ နည်းလမ်းရှာနေခဲ့တယ်။ ဒီလို ခွန်အားတွေ ပျော်ရွှင်မှုတွေ အမျိုးမျိုးရဲ့ အရင်းအမြစ် ဖြစ်တဲ့ဖေဖေ ကောင်းကင်ဘုံမှ ပီတိ အပြုံး ဝေနိုင်ပါစေ……။ The greatest gift I ever had. Came from God; I call him Dad! ~Author Unknown He didn't tell me how to live; he lived, and let me watch him do it. ~Clarence Budington Kelland
Posted by
Apprenticeship
at
Friday, June 12, 2009
ဘာပဲဖြစ်ဖြစ် (Anyway) People are unreasonable, illogical, and self-centered. Love them anyway. လူတွေဟာ အတ္တများ၊ တစ်ကိုယ်ကောင်းဆန်ပီး အကြိုးသင့်အကြောင်းသင့် မတွေးတတ်ကြဘူး။ ဘာပဲဖြစ်ဖြစ် လူတွေအပေါ် ဆက်ချစ်ပါ ။ If you do good, people may accuse you of selfish motives. Do good anyway. သင်ကောင်းတာ လုပ်နေရက်နဲ့ သင့်ရဲ့လုပ်ရပ်တွေက တကိုယ်ကောင်ဆန်တယ် အတ္တကြီးတယ် ကိုယ်ကြိုးရှာတယ်လို့ စွပ်စွဲချင် စွပ်စွဲကြလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကောင်းတာဆက်လုပ်ပါ။ If you are successful, you may win false friends and true enemies. Succeed anyway. အောင်မြင်လာတဲ့ အခါ သူငယ်ချင်းအတုအယောင်တွေ ရန်သူစစ်စစ်တွေ တွေ့ရလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဆက်လက် အောင်မြင်အောင်ကြိုးစားပါ။ The good you do today may be forgotten tomorrow. Do good anyway. ယနေ့သင်လုပ်ခဲ့တဲ့ ကောင်းကွက်တွေအတွက် မနက်ဖြန်ကျတော့ လူတွေမေ့ချင်မေ့သွားလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကောင်းတာဆက်လုပ်ပါ။ Honesty and transparency make you vulnerable. Be honest and transparent anyway. သင့်ရဲ့ရိုးသားမှုနဲ့ ပွင့်လင်းမှုဟာ သင့်အပေါ် လူအများ အနိုင်ယူဖို့ အကွက်ကောင်းတွေ ဖြစ်ရင်ဖြစ်နေမယ်။ ဘာပဲဖြစ်ဖြစ် ဆက်လက် ရိုးသားပါ.. ပွင့်လင်းပါ။ What you spend years building may be destroyed overnight. Build anyway. သင်နှစ်နဲ့ ချီပီး တည်ဆောက်ခဲ့တဲ့ အရာကို တစ်ခြားသူတစ်ယောက် တစ်ညထဲနဲ့ ဖျက်ချင်ဖျက်သွားလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဆက်လက်တည်ဆောက်ပါ။ People who really want help may attack you if you help them. Help them anyway. သင့်အကူအညီကို အမှန်တကယ်လိုအပ်နေရက်နဲ့ သင့်ကို တိုက်ခိုက်ကောင်း တိုက်ခိုက်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဆက်လက်ကူညီပါ။ Give the world the best you have and you may get hurt. Give the world your best anyway. ဒီကမ္ဘာမြေကြီအတွက် သင်လုပ်နိုင်သမျှ အကောင်းဆုံးတွေပေးပါ။ ဒီလိုပေးစပ်ရင်း သင်အနာခံချင်ခံရလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သင်လုပ်နိုင်သမျှ အကောင်းဆုံးတွေ ဆက်လက်ပေးဝေပါ....။ Mother Teresa မတွေ့တာ ကြာပီဖြစ်တဲ့ သူငယ်ချင်းတွေ အားလုံး ကျန်းမာပျော်ရွှင် ပါစေ...။ မတူညီမှုကို အစဉ်လေးစားလျှက်>>> Apprenticeship :)
Posted by
Apprenticeship
at
Tuesday, May 5, 2009
ဘ၀ဆိုတာရယ်လိုက် ငိုလိုက်.. ပြေးလိုက် လွှားလိုက် ရုန်းရင်း ကန်ရင်း သမိုင်းတစ်ခု လှဖို့ ကြိုးစား ရေးနေခြင်းပေါ့..။
Posted by
Apprenticeship
at
Saturday, March 28, 2009
Today is Saturday, March 28th from 8:30 to 9:30 p.m.! Why? We will vote for Earth by simply switching off your lights for one hour and join the world! 1,858 cities, towns and municipalities in 81 countries have already committed to VOTE EARTH for Earth Hour 2009, as part of the world's first global election to stop global warming. Let's switch off the lights! For more information, please visit their website I encourage you to join the world by switching off the lights! Try be creative and fun during the dark hour! Not only for Earth Hour on Saturday evening, I also encourage you to conserve the lights anywhere if you don't use or need it for around the year. Let protect our Earth :) This post meant for friends who live abroad. I'm sure our country is voting for it. You know what I meant :P
Posted by
Apprenticeship
at
Saturday, March 7, 2009
အခုတော့ ကျွန်မသိပြီ
ကျွန်မ အလယ်တန်းနဲ့ အထက်တန်းကျောင်းသူ ဘ၀တုံးကပေါ့…. စီးပွားရေးနဲ့ ခရီးရှည်ထွက်နေတတ်တဲ့ အကိုနဲ့ယောင်းမက သူ့သားသမီးတွေနဲ့ ကျွန်မကို ထိန်းကျောင်းဖို့ ကျွန်မရဲ့ဒုတိယ အမကြီးကျောင်းဆရာမကို အုပ်ထိန်းသူ အဖြစ်ထားသွားတယ်။ အမလဲ ကျူရှင်တစ်ဖက် ကျွန်မနဲ့ တူ၊သူမတွေလဲ ကျောင်းတက်ဆိုတော့ အိမ်မှာ ထမင်းချက်၊ အိမ်မှုကိစ္စတွေ လုပ်ဖို့ အကူလေးပါ ငြားထားပေးတယ်။ များသောအားဖြင့် ရွာက လာကူပေးနေတဲ့ သူတွေပေါ့။ အကူဆိုပေမဲ့ ကျွန်မတို့ စားတဲ့ စားပွဲဝိုင်းတစ်ခုထဲမှာပဲ အတူစား၊ လခအပြင် အ၀တ်အထည်တွေလဲ ဆင်တော့ သူတို့လေးတွေ ကျွန်မတို့အိမ်မှာ နေတာ ပျော်ပါတယ်။ အိမ်ကို ရောက်တာလဲ မကြာ "ရီမုတ်" တီဗီအဖွင့်အပိတ်နဲ့ တစ်ခြားမြို့ပြရဲ့ အရသာကို သူတို့နှစ်ခြိုက်စွာ ခုံမင်တတ်လာကြတယ်။ ချက်လိုက်ပြုတ်လိုက်နဲ့ အားလုံးက သူတို့လက်ထဲမှာမို့ ရောက်တာ သိပ်မကြာဘူး။ ပိန်းချုံးနေတဲ့ သူတို့က အသားအရေတွေ ပြည့်လာပြီး ပါးလေးတွေက နီရဲရဲနဲ့ ချစ်စရာ ပိုးကောင်းလာတတ်ကြတယ်။ သူတို့တွေလဲ အိမ်သားတွေလိုဖြစ်နေတဲ့ ကျွန်မတို့နဲ့ နေရတာ ပျော်ပါတယ်။ ဒါပေမယ့် ပြသနာက မကြာခဏ သူတို့ ရွာဆီ ခဏပြန်မယ်လို့ ပြောပြီး ပေါ်တော် မမူတော့တာများပါတယ်။ ကျွန်မတို့လဲ အိမ်မှာ အလုပ်ကူလုပ်မဲ့ သူမရှိတော့ ကျောင်းသွားကျောင်းပြန် ကျူရှင်တွေနဲ့ အဆင်မပြေဘူးပေါ့။ ဒါနဲ့ ကျွန်မအိမ်ကို လာကူတဲ့ ကောင်းမလေးတွေကို ကျွန်မမေးကြည့်တယ် ဒီအိမ်မှာ နေရတာ မပျော်ဘူးလား? ငါတို့နဲ့နေရတာ ရွာမှာလို ယာတော်ထဲ ပင်ပင်ပန်းပန်းလဲ လုပ်စရာမလိုဘူး။ အိမ်အလုပ်လေးပြီးတော့ နင်ကြိုက်တဲ့ ဇတ်ကားတွေကြည့် တစ်နေ့တစ်နေ့ ပျင်းရတယ်ဆိုတာ မရှိပါဘူး။ အစားအသောက်ကောင်းတွေနဲ့ အလုပ်ပင်ပင်ပန်းပန်း လုပ်စရာမလိုတော့ နင့်အသားအရည်တွေလဲ ၀င်းလဲလို့။ အ၀တ်အစား အသစ်တွေနဲ့ လှလှပပလည်း နေနိုင်တယ်။ မင်းရတဲ့ လခတွေနဲ့ မင်းမိဘတွေကို ကူညီနိုင်တယ်။ ဒီလောက် အပူအပင် အကြောင့်အကြကင်းပြီး နေနိုင်တာ ဘာကြောင့် ရွာကို ပြန်ချင်ရတာလဲလို့မေးတော့ သူစဉ်းစားရခက်သွားတဲ့ ပုံနဲ့ အတော်ကြာငြိမ်သွားတယ်။ ပြီးတော့ တွေဝေနေတဲ့ပုံနဲ့ ကျွန်မကို ပြန်ပြောတာဖြင့် မသိဘူးကွာ… ဒါပေမယ့် "ကျွန်မအိမ်ပြန်ချင်တယ်တဲ့။" အရင်တုံးကတော့ သူ့အဖြေကို ကျွန်မနား ကောင်းကောင်း မလည်ခဲ့ဘူး။ ဒါပေမယ့် အခုတော့ ကျွန်မ သေချာစွာ နားလည်ခဲ့ပြီး တိုးတက်ပါတယ် ပြည့်စုံပါတယ် ဆိုတဲ့ အရာအားလုံးကို စွန့်ပြီး "ကျွန်မ အိမ်ပြန် ချင်နေမိလို့ပေါ့။" စာကြွင်း။ ။(အခုတလော စာကပိ နေကမကောင်းဆိုတော့ ဘားမှ မရေးဖြစ်ဘူး။ ဒီညတော့ အကြွင်းမဲ့ ချစ်ခြင်း၊ နားလည်ခြင်းတွေနဲ့ ကျွန်မရဲ့ ဖြစ်တည်မှုကို ချစ်တဲ့ အမေနဲ့ အိမ်သားတွေကို အရမ်းလွမ်းမိလို့ ဒီစာထိုင်ရေးနေခဲ့တာပါ။)
Posted by
Apprenticeship
at
Saturday, February 14, 2009
နယ်ခြားမြေခြားနှင်းမြို့တော်မှာ ရောက်နေတဲ့ ကျွန်မအတွက် ချစ်သူများနေ့ကို တစ်ယောက်ထဲ အခန်းကျင်းလေးထဲမှာ မကုန်ဆုံးချင်တာကြောင့် သူငယ်ချင်းတွေနဲ့ Ski Jumping သွားကြည့်ဖြစ်တယ်။ Winter Sports တွေကို စိတ်ဝင်စားတဲ့ ကျွန်မ ဒီလိုခုန်တာ TV တွေလောက်မှာသာ မြင်ဘူးတာလေ...။ အဲဒါကြောင့် သွားကြည့်ဖြစ်တာပါ။ :) တကယ်ကိုရင်ခုန်စရာ ကောင်းတဲ့ ကစားနည်း တစ်မျိုးပါပဲ။ ကျွမ်းကျင်တဲ့ ကစားသမားတွေရဲ့ ၀မ်းလျားမောက်ပြီး ခုန်ဆင်း (ပျံသန်း)သွားတာ ကြောက်စရာ မကောင်းပဲ အရမ်းကို လှပါတယ်။ လာကြည့်သူတွေအားလုံးကို အားကျစေတဲ့ အပြင်၊ ပျော်ရွှင်ဖွယ်ရာ ရင်ခုန်မှု၊ မဖော်ပြတတ်တဲ့ ခွန်အားတစ်ခုနဲ့ အမြင်သစ်တွေလည်း ဖြစ်စေနိုင်တဲ့ ကစားနည်းတစ်မျိုးဖြစ်တဲ့ အတွက် ခံစားမှုတွေ မျှဝေနိုင်ဖို့ ရိုက်ခဲ့တဲ့ ပုံတွေနဲ့ Video ကိုမျှဝေလိုက်ပါတယ်။ အားလုံးပျော်ရွှင်ဖွယ်ရာ ချစ်သူများနေ့ ဖြစ်ပါစေကွယ်။။။။
အော်ဒါနဲ့ နောက်အခွင့်ကြုံရင် သွားကြည့်နော်။ အထူးသဖြင့် ချစ်သူများနေ့အတွက်တော့ a good leisure activity တစ်ခုဖြစ်တယ်။ ရင်ခုန်သံမြန်ချင်သူတွေ အတွက်ပေါ့။ :) :P
အတောင်ပံနှင့် လူသားများကင်မရာနဲပဲ ရိုက်ဖြစ်လို့ တစ်ယောက်စာပဲ မှတ်တမ်းတင်နိုင်ခဲ့တယ်။
Posted by
Apprenticeship
at
Thursday, February 12, 2009
ပြည်ထောင်စုနေ့ ရောက်တိုင်း ကျွန်မကိုယ်တိုင် ပြည်ထောင်စု ကိုယ်စားလှယ်အဖြစ် တက်ရောက်ဖူးတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားလေးတစ်ခုကို ပြန်သတိရ မိတယ်။ နိုင်ငံတော်က ပြည်နယ်နဲ့တိုင်း အသီးသီးမှ ကိုယ်စားလှယ်တော်များကို ဖိတ်ခေါ်ပြီး ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက် နိုင်ဖို့ အစီအစဉ်တွေ နဲ့စည်ကား သိုက်မြိုက်စွာ ကျင်းပလာတဲ့ အစဉ်အလာဟာ ဒီနေ့ အထိပါပဲ။ တကယ်လဲ အလေးထား လုပ်သင့်တဲ့ ရက်မြတ်လေးတစ်ခုပါ။ ဒီလို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တော်တွေက ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ရတဲ့ အပြင် တစ်ခြား လေ့လာရေး ခရီးစဉ်တွေလဲ အများကြီး စီစဉ်ပေးပါတယ်။ ခရီးစဉ် အများကြီးနဲ့ ရက်တိုတိုလေးမှာ ရန်ကုန်တစ်မြို့လုံးမှာ ရှိတဲ့ နေရာတော်တော် နှံ့အောင်လိုက်ကြည့်ခွင့်ရတယ်။ မနက် ၃ နာရီလောက် ထရတဲ့ ရက်တွေလဲ ရှိတယ်ဗျာ..။ အမောခံလိုက်တာ အကျိုးရှိပါတယ်။ ကိုယ့်ဟာကိုယ်ဆို သွားဖြစ်မဲ့ နေရာတွေ မဟုတ်လို့ပေါ့။ အဲဒီ အစီအစဉ်တွေ အားလုံးထဲက သမ္မတအိမ်ဖြူတော်မှာ ကျင်းပတဲ့ ညစာစားပွဲကိုတော့ ကျွန်မ အနှစ်သက်ဆုံးပါ။ ညစာ စားပွဲ အပြီးမှာ တက်ရောက်လာတဲ့ တိုင်းရင်းသား လူမျိုးစုတွေ အားလုံးရဲ့ တီးမှုတ်ကခုန်မှုတွေကို နိုင်ငံတော်လူကြီးမင်းတွေနဲ့ တိုင်းရင်းသားအားလုံးရဲ့ ကြည့်ရှု အားပေးရင်း ထွက်လာတဲ့ သြဘာပေးတဲ့ လက်ခုပ်သံတွေက ကျွန်မရင်ကို မဖော်ပြနိုင်အောင် ကြည်နူး ပီတိ ဝေစေခဲ့တာ ကြက်သီးဖြာ မိတဲ့အထိပါပဲ။ တိုင်းရင်းသားအားလုံးက (ဗမာ အပါအ၀င်) အခမ်းအနား အစီအစဉ်အတိုင်း သူတို့ရိုးရာဝတ်စုံနဲ့ ယဉ်ကျေးမှုအကကို ဂုဏ်ယူစွာ ဖေါ်ထုတ်ကပြသွားကြတဲ့ စည်းချက်ကခုန်မှုတွေကို အခုပြန်ရေးရင်းတောင် အတိုင်းသား ပြန်မြင်ယောင်လာတယ်။ ဒီကပွဲတွေရဲ့ ထူးခြားမှုက တစ်ဖက်နဲ့ တစ်ဖက်ယှဉ်ပြိုင်မှုမပါဘူး။ ဒါပေမယ့် မတူညီတဲ့ ယဉ်ကျေးမှု သီဆိုတီးမှုတ် ကခုန်မှု တွေကို အသိအမှတ်ပြု၊ လေးစားတဲ့ ညနေခင်းလေးတစ်ခုပါ။ တစ်ကယ်တော့ ကိုယ့်ယဉ်ကျေးမှုသာ အားလုံးထက်သာတယ်၊ ကောင်းတယ် ဆိုတဲ့ အတွေးအခေါ်ကို သင်ပုန်းခြေပြီး ယဉ်ကျေးမှုတိုင်းဟာ လှပတယ်၊ ချစ်စရာကောင်းတယ် ဆိုတဲ့ အရိုးခံစိတ်တွေနဲ့ တီးခတ်ကခုန်နေကြတာ ပြည်ထောင်စု ဆိုတဲ့ အနက်ကို ဖေါ်ထုတ်နေခြင်းပေါ့။ မင်္ဂလာရှိတဲ့ ညချမ်းကို အိမ်ဖြူတော်မှာ နားခိုနေတဲ့ သြဥငှက်တွေနဲ့ အခြားငှက်ကလေးတွေလဲ သီဆိုသြဘာပေးခဲ့ကြ။ ကောင်းကင်သားတွေ သီချင်းဆိုတဲ့ ညချမ်းလေးပါပဲ။ ဒီလိုအနစ်သာရနဲ့ ပြည့်ဝတဲ့ ပြည်ထောင်စုနေ့ဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့ တစ်ရက်ပဲ ဆင်နွဲပြီး ကျန်တဲ့ ရက်တွေမှာတော့ မေ့ထားရမှာလား? ပြည်ထောင်စု စိတ်ဓာတ်ဆိုတာ ဘာလဲ? ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံ စာချုပ်ရဲ့ အနှစ်က ဘာလဲ? ဘာအတွက် ကျွန်မတို့ တစ်ညီတစ်ညွတ် သဘောတူခဲ့ ကြလဲ? အဲဒီလို သဘော တူညီမှုတွေ ကျွန်မတို့ ခေတ်မှာ မရှိနိုင်တော့ ဘူးလား? ကိုယ့်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတဲ့ အခွင့်အရေးကို ကတိပြုခဲ့တဲ့ ပင်လုံ စာချုပ်ရဲ့ အရင်းအမြစ်ဟာ ကျွန်မတို့ တိုင်းပြည်ကို လာရောက် အုပ်ချုပ်ခဲ့တဲ့ နယ်ချဲ့တွေရဲ့ လက်ကလွတ်မြှောက်ဖို့ အတူတကွ ပါဝင်တိုက်ပွဲဝင်ဖို့ သဘောတူညီမှုနဲ့ တိုင်းရင်းသားအချင်းချင်း လေးစားတန်ဖိုးထားတတ်ဖို့ ရေးထိုးခဲ့တဲ့ လက်မှတ်တစ်ခု ဆိုရင် မှားမယ်မထင်ဘူး။ British လက်အောက်က လွတ်မြှောက်ခဲ့တဲ့ ကျွန်မတို့ တကယ်လွတ်လပ်ခဲ့ပါသလား? ဒီမေးခွန်းလေးက ကျွန်မကို မသက်မသာဖြစ်စေတာတော့ အမှန်ပဲ။ ဒီလိုနဲ့ လွတ်လပ်မှုရဲ့ ဖွင့်ဆိုချက်တွေ ကို ကျွန်မစဉ်းစားမိသွားတယ်။ တစ်ဆက်ထဲမှာပဲ၂၁ ရာစုရဲ့ လွတ်လပ်မှုကို ကျွန်မတွေးမိတယ်။ စစ်ပွဲနဲ့ ပတ်သက်ပြီး တင်းကျပ်လာတဲ့ နိုင်ငံတကာ ဥပဒေတွေကြောင့် စက်မှုနိုင်ငံတွေနဲ့ အရင်းရှင်နိုင်ငံတွေက သူတို့လိုချင်တာ ရဖို့ စစ်တိုက်ပြီး အရယူတဲ့ စနစ်ကို မသုံးတော့တာ ကမ္ဘာ့သမိုင်းကို ခြုံငုံကြည့်ရင် အထင်သားတွေ့နိုင်ပါတယ်။ ဒါဆို ၂၁ ရာစုမှာ စစ်ပွဲ မရှိတော့ဘူးလား မေးစရာရှိလာပါတယ်။ ၀မ်းနည်းစွာနဲ့ ကျွန်မဖြေရပါလိမ့်မယ်။ ကုန်ခမ်းလာတဲ့ ကမ္ဘာ့အရင်းအမြစ်တွေကြောင့် စစ်ပွဲတွေဟာ ပိုပြင်းထန်လာတယ်လို့ ဆိုရပါမယ်။ လက်နက်ကြီးတွေနဲ့ တိုက်ယူခြင်းတော့ မဟုတ်တော့ဘူးပေါ့။ ဒါပေမယ့် တိုးတိုးတိတ်တိတ် ညှင်ညှင်သာသာ ပါပဲ။ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု ဆိုတဲ့ စွဲဆောင်အား အရမ်းကောင်းတဲ့ စီးပွားရေး လက်နက်ကြီးတွေ တပ်ဆင် အသုံးပြုလာတာ ဆင်းရဲတဲ့ နိုင်ငံတွေက မွဲသေသွားပြီး၊ ချမ်းသာပြီးသား နိုင်ငံတွေက ချမ်းသာသထက် ချမ်းသာမှုကို ရလာအောင်ပေး နိုင်တဲ့ စီးပွားရေး ယန္တရား လက်နက်ကြီးတွေ တပ်ဆင် ပစ်ခတ်လိုက်တာ အရင် လက်နက်ကြီးတွေနဲ့ တိုက်တဲ့ စစ်ပွဲတွေထက်တောင် ပိုပြီး ကြောက်စရာကောင်းပါတယ်။ ဒီလို အင်းအားကြီးတဲ့ စီးပွားရေးလက်နက်တွေနဲ့ တိုက်နေချိန်မှာ ကျွန်မတို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်ခွင့် ဆိုတဲ့ ခေါင်းစဉ်ကြီးတွေတပ်ပြီး အချင်းချင်း သတ်ကြ၊တိုက်ကြ၊ ခိုက်ကြနဲ့ အခုကျွန်မတို့ ဒီနေ့ဘယ် အခြေအနေဘယ်နေရာကို ရောက်ရှိနေပြီလဲ ? British တွေလာတော့ မြန်မာတွေက သူတို့ ဝေယာဝိစ္စ လုပ်ပေးဖို့ နယ်ချဲ့လက်အောက်မှာ မလုပ်ဘူးလို့ ငြင်းဆန်တဲ့အတွက် India က ကုလားတွေကို ခေါ်ယူ အသုံးပြုခဲ့ရတယ်ဆိုတာ ကျွန်မတို့ အားလုံးသိပြီး ဖြစ်ပါတယ်။ အခု ခေတ်မှာတော့ ကျွန်မတို့ မြန်မာတွေက တိုင်းတပါးမှာ အလုပ်လုပ်နိုင်ဖို့ ပွဲစားကို ငွေသိန်းပေါင်းများစွာ ပေးပြီး အောက်ခြေသိမ်း အလုပ်တွေ သွားလုပ်နေရတဲ့ (ကျွန်ခံ) မြန်မာတွေ ဖြစ်နေခဲ့ပါပြီ။ မြန်မာလို့ ပြောလိုက်တာနဲ့ ကူညီရမဲ့ နိုင်ငံသားလို့ ကမ္ဘာက မြင်နေပြီ။ ပိုက်ဆံတတ်နိုင်လို့ အလည်သွားဖို့တောင် မြန်မာ Passport ဆိုရင် visa ရဖို့ မျက်နှာ ငယ်ရတယ်။ သံရုံးတွေမှာ ဘာမှ မမေးခင် “မင်း မြန်မာပြည်ကို ပြန်လာမှာ မဟုတ်ဘူး” ဆိုတဲ့ စကားနဲ့ အစွပ်စွဲခံရတယ်။ တကယ်လဲ စီးပွားရေး အခြေအနေနဲ့ အခြေအနေ အရပ်ရပ်ကြောင့် ပြန်မလာတဲ့ သူတွေက များနေတာကိုး။ ဘယ်မလဲ ကျွန်မတို့ ပြောတဲ့ ဂုဏ်? ဘယ်မှာလဲ ကျွန်မတို့ ပြောတဲ့ လွတ်လပ်ခွင့်? ငါတို့ နိုင်ငံက နေချင်စရာမကောင်းအောင်ကို ဖြစ်နေပြီးလား? တကယ်တော့ ကျွန်မတို့ ပြောပြောနေတဲ့ ပြည်ထောင်စု စိတ်ဓာတ်ဟာ မြန်မာပြည် ကောင်းစားရေးအတွက်ပါ။ ငါတို့ ခရီးတစ်ခု အတူတူ လျှောက်နေကြပြီး ဘာအတွက် အငြင်းပွား သတ်ဖြတ်နေတာလဲ ? ကျွန်မတော့ အထက်က ပြောခဲ့တဲ့ အိမ်ဖြူတော် ညလေးနဲ့ တိုင်းရင်းသား အချင်းချင်း လေးစား၊နာလည်မှုတွေနဲ့ တီးမှုတ် ကခုန်နိုင်မယ့် ညလေးကိုလိုချင်မိတယ်။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ တိုင်းရင်းသား အချင်းချင်း နားလည်၊ယုံကြည်မှုတွေနဲ့ လေးစားဂုဏ်ယူစွာ ကမဲ့နေ့လေးနဲ့ မြန်မာမျိုးဟေ့လို့ ကမ္ဘာမှာ ဂုဏ်ယူဝံ့ကြွားစွာ ပြောနိုင်မယ့် နေ့လေးကို တကယ်လိုချင်မိတယ်။ ကျွန်မရင်မှာ ရှိတဲ့ ပြည်ထောင်စု အိမ်မက်လေးတစ်ခုပေါ့။ မြန်မာဆိုပြီး ကမ္ဘာမှာ မော်ကြွားနိုင်ဖို့ ငါတို့ အချင်းချင်း လေးစား ချစ်ခင်ရမယ်။ မြန်မာပြည်ရဲ့ အနာဂတ်ဟာ မြန်မာလူငယ်တွေမှာ ရှိပါတယ်။ အဲဒီလို အရေးကြီးတဲ့ သမိုင်းကို ပြန်လည် တည်ဆောက်မယ့် ငါတို့ အရည်အချင်း ပြည့်မီရမဲ့အပြင် ကျွန်မတို့ရဲ့ ရပ်တည်ချက်တွေ နေရာမှန်ဖြစ်နေဖို့ လဲ အရမ်း အရေးကြီးပါတယ်။ အဲဒီတော့ အနာဂတ်ရဲ့ ခေါင်းဆောင်တွေ ဖြစ်လာမယ့် ငါတို့လူငယ်တွေ အားလုံး အမည်နာမ၊ အဖွဲ့အစည်း အစွဲတွေထက် မြန်မာပြည်ကောင်းစားရေး၊ မြန်မာပြည်ကြီး တိုးတက်ဖို့ ငါတို့ အားလုံးပြောနေတဲ့ “ပြည်ထောင်စု စိတ်ဓာတ်နဲ့ မျိုးချစ်စိတ်ဓာတ်တွေကို” ပြန်လည်သုံးသပ်ဖို့ ဖိတ်ခေါ် ချင်ပါတယ်။ အချင်းချင်းလေးစားမှုနဲ့ လူပီသတဲ့ လူ့ယဉ်ကျေးမှုကို လက်ဆင့်ကမ်းပေး နိုင်မယ့် သမိုင်းတစ်ခေတ်ရဲ့ သူရဲကောင်းများ ဖြစ်လာကြပါစေလို့လဲ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။ မတူညီမှုတွေကို အမြဲလေးစား မြတ်နိုးလျှက်>>>>>> Apprenticeship
Posted by
Apprenticeship
at
Friday, February 6, 2009
ကဗျာလေးကို အနီးစပ်ဆုံးဖြစ်အောင် ပြန်ဆိုထားပါတယ်။ ပိုသင့်တော်မဲ့ စကားလုံးတွေရှိရင်လဲ အကြံပေးသွားကြနော်။
ရက်မြတ်အတွက် ချီးမွန်းသီချင်း နေ့တိုင်းတာဝန်ကိုယ်စီနဲ့ ပြေးလွားသွားလာနေတဲ့ ငါတို့ တစ်ခါတစ်လေတော့ ဖာသိဖာသာ ဖြတ်သန်းသွားလာကြ တစ်ခါတစ်လေတော့လဲ မျက်မှန်းတန်းမိရုံ တစ်ခါတစ်လေတော့ ပြောတော့မလိုလိုနဲ့။ ငါတို့တွေဟာ ဆူညံသံတစ်ခု ဖြစ်တယ်။ တကယ်တော့ ငါတို့တတွေဟာ ငါတို့ကိုယ်စီရဲ့ ဘိုးဘွားတွေအကြောင်း ပြောရင်း ဆူညံသံနဲ့ နှင်းဆီချုံနွယ် ၊ ဆူးပင်နဲ့ အဆက်မပြတ်ဆူညံသံတွေဖြစ်နေကြတယ်။ တစ်ယောက်သောသူက အင်္ကျီအနားသားကို သီချုပ်ရင်း ပေါက်ပြဲနေတဲ့ ယူနီဖောင်းနဲ့ တာယာပေါက်တွေကို ပြုပြင်ဖာထေးနေတယ် ပြန်လည်တည်ဆောက်သင့် သည်များကို ပြုပြင်ဖာထေးခြင်းပေါ့။ တစ်ယောက်သောသူက သာယာတဲ့ တေးသံရဖို့ အဆီတွေပျံနေတဲ့ ဗုံပေါ်မှာ သစ်သားတုတ် နှစ်ချောင်းနဲ့ အားကုန်တီးခတ်ပြီး တယော၊ ဘာဂျာ၊ ကက်ဆက်၊ အသံစုံတွေနဲ့ ကီးညှိနေလေရဲ့။ မိခင်နဲ့ သူ့သားလေး ဘတ်စ်ကားစောင့်နေတယ်။ လယ်သမားကတော့ မိုးလေ၀သကောင်းဖို့ ကောင်းကင်ကို မျှော်ကြည့်နေတယ်။ ဆရာမလေးက ကလေးတွေကို ခဲတံထုတ်ဖို့ ညွှန်ကြားနေလေရဲ့။ ငါတို့အချင်းချင်း စကားလုံးတွေနဲ့ ဆုံမိ ကြုံမိကြတယ် ခက်ထန်မှုနဲ့ ညှင်သာမှုပါတဲ့ အပြောအဆိုများ၊ တိုးတိုးတိတ်တိတ်နဲ့ တောင်းဆိုမှုပါတဲ့အသံများ ပြန်လည် စဉ်းစားဖို့သင့်တဲ့ စကားလုံးများနဲ့ စဉ်းစားသင့်တဲ့ စကားလုံးတွေ ပါတယ်။ ညစ်ပတ်ပေတေနေတဲ့လမ်းနဲ့ အဝေးပြေးလမ်းမတွေ ငါတို့ဖြတ်ကြ အဲဒီလမ်းမတွေမှာပဲ မတူညီမှုတွေရဲ့ ထူးခြားမှုကို လေးစားတဲ့ တစ်စုံတစ်ယောက်ရဲ့ ဆန္ဒနဲ့ အများပြည်သူရဲ့ ဆန္ဒတွေ့ဆုံတဲ့ မှတ်ကျောက်ဖြစ်ခဲ့တယ်။ ငါယုံကြည်တယ် အနာဂါတ်က လက်ရှိထက် ပိုတောက်ပတယ်။ ငါတို့ အားလုံးအတွက် လုံခြုံမယ့်နေရာတစ်ခု ငါတို့ကိုယ်တိုင် ရှာရမယ်။ အဲဒီ လုံခြုံပါတယ်ဆိုတဲ့ မမြင်နိုင်သေးတဲ့ အနာဂတ်ဆီ ငါတို့လျှောက်လှမ်းနေကြပြီပေါ့။ များပြားလှတဲ့ လူတွေသေကြေခဲ့ကြတယ်ဆိုတာ ငါတို့ပွင့်ပွင့်လင်းလင်း ပြောကြရအောင်။ ငါတို့ ဒီနေ့ ဒီအခြေအနေရောက်အောင် အနစ်နာခံ အသေခံ ရထားလမ်း တံတားတွေ တည်ဆောက်ခဲ့တဲ့ လူတွေရဲ့ အမည်နာမတော်ကို သီဆို သီချင်းဆိုကြ။ ၀ါဂွမ်းတွေကောက် ဆလပ်ရွက်တွေကောက်၊ အုပ်တစ်ချပ်ပြီးတစ်ချပ်နဲ့ မယုံနိုင်စရာ ခန်းနားထည်ဝါတဲ့ အဆောက်အဦးတွေ ဆောက် သူတို့ကိုယ်တိုင်ပဲ အဆောက်အဦး သန့်ရှင်း တောက်ပြောင်အောင် အတွင်းအပြင် တာဝန်ယူထား။ ရုန်းကန်ခဲ့သူများအတွက် ချီးမွန်းသီချင်း၊ နေ့ထူးလေးအတွက် ချီးမွန်းသီချင်း။ မီးဖိုဆောင် ခန်းမတွေမှာ ထောက်ခံမဲများအတွက် အလုပ်လုပ်တဲ့ သူတွေနဲ့ ထောက်ခံစိုင်းထိုးခဲ့တဲ့ လက်များအတွက် ချီးမွန်းသီချင်း။ တစ်ချို့က အိမ်နီးချင်းကို ကိုယ်နဲ့ အမျှချစ် ဆိုတဲ့ ခံယူချက်နဲ့ တစ်ချို့တော့လဲ သူတပါးကို မနာကျင်စေ၊ လိုတာထက်လဲ ပိုမသုံး ဆိုတဲ့ ခံယူချက်နဲ့ အသက်ရှင်ကြ။ ဒီလိုနဲ့ မေးခွန်း တစ်ခုထွက်လာတယ်။ အချစ်ကို ဖွင့်ဆိုဖို့ အလေးနက်ဆုံးနဲ့ အနက်နဲဆုံး အဓိပ္ပါယ်က ဘာလဲ? လက်ထပ်ထိမ်းမြားခြင်း၊ မိသားစုချစ်ခြင်းနဲ့ နိုင်ငံချစ်စိတ်တွေထက် ပိုတဲ့အချစ်၊ အချစ် အဲဒီ အချစ်က အလင်းတန်းရဲ့ ဖြစ်တည်မှုကို ပြန့်ပွားစေမဲ့ အချစ် ဝေဖန်ပြစ်တင်မှုနဲ့ နောင်တတွေကင်းတဲ့ အချစ်။ ဒီနေ့ရဲ့ လင်းလက်တောက်ပတဲ့ အလင်းတန်းအောက်မှာ (ဒီဆောင်းလေ) မူသစ်နဲ့ အရာအားလုံကို ဖြစ်စေနိုင်မဲ့ စနစ်သစ်တစ်ခု စတင်ခဲ့ပြီ။ ချောက်ကမ်းပါးအစွန်းနဲ့ အမြင့်မားဆုံး တောင်ထိပ်တွေမှာ အလင်းတန်းကို ဦးတည်နေတဲ့ ခြေလှမ်းများအတွက် ချီးမွန်းခြင်းသီချင်း။ Elizabeth Alexander ရဲ့ Praise Song for The Day ကို ကျွန်မ ဘာသာပြန်ထားခြင်းဖြစ်တယ်။ proof reading အတွက်ကျေးဇူး ဖိုးဆိတ်ဖြူလေး။
Posted by
Apprenticeship
at
Thursday, February 5, 2009
ဒီကဗျာလေးက သမ္မတ Brack Obama's ရဲ့ ဘိသိကံ္ခကျမ်းကြိမ်းဆိုပွဲ January 20, 2009 နေ့မှာ ကဗျာ ဆရာမ Elizabeth Alexander ရေးသားသီကုန်းခဲ့တဲ့ Brack Obama အတွက် ဂုဏ်ပြုကဗျာ ဖြစ်ပါတယ်။
ကျမ်းသစ္စာ ယူနေတဲ့ သမ္မတနဲ့ မိသားစု (အဲဒီနေ့က ကျမ်းကြိမ်ဆိုရာမှာ သုံးခဲ့တဲ့ ကျမ်းစာအုပ်က အေဘရာဟမ်လင်ကွင်း ကျမ်းသစ္စာယူတုံးက သုံးခဲ့တဲ့ ကျမ်းစာအုပ် ဖြစ်ပါသတဲ့။) Praise Song for The Day Each day we go about our business, walking past each other, catching each other's eyes or not, about to speak or speaking. All about us is noise. All about us is noise and bramble, thorn and din, each one of our ancestors on our tongues. Someone is stitching up a hem, darning a hole in a uniform, patching a tire, repairing the things in need of repair. Someone is trying to make music somewhere, with a pair of wooden spoons on an oil drum, with cello, boom box, harmonica, voice. A woman and her son wait for the bus. A farmer considers the changing sky. A teacher says, Take out your pencils . Begin. We encounter each other in words, words spiny or smooth, whispered or declaimed, words to consider, reconsider. We cross dirt roads and highways that mark the will of some one and then others, who said I need to see what's on the other side. I know there's something better down the road. We need to find a place where we are safe. We walk into that which we cannot yet see. Say it plain: that many have died for this day. Sing the names of the dead who brought us here, who laid the train tracks, raised the bridges, picked the cotton and the lettuce, built brick by brick the glittering edifices they would then keep clean and work inside of. Praise song for struggle, praise song for the day. Praise song for every hand-lettered sign, the figuring-it-out at kitchen tables. Some live by love thy neighbor as thyself, others by first do no harm or take no more than you need. What if the mightiest word is love? Love beyond marital, filial, national, love that casts a widening pool of light, love with no need to pre-empt grievance. In today's sharp sparkle, this winter air, any thing can be made, any sentence begun. On the brink, on the brim, on the cusp, Praise song for walking forward in that light. Elizabeth Alexander picture from NY Times
Posted by
Apprenticeship
at
Wednesday, February 4, 2009
ဖေဖော်ဝါရီ နဲ့ ပန်းရောင် ဖေဖော်ဝါရီက ပန်းရောင်ကို ကိုယ်စားပြုတယ်ဆိုရင် ပန်းရောင်ကို ခံစားလိုသူတွေများ လိမ်ညာမှုကင်းတဲ့ နှုတ်ခမ်းတစ်စုံ စစ်မှန်တဲ့ စကားနှစ်လုံး မေတ္တာအပြည့်နဲ့ ရင်ဘတ် ဖြူစင်ရိုးသားတဲ့ မျက်ဝန်း မြတ်နိုးယုယတဲ့ လက်တစ်စုံ ရဲရင့်ပြတ်သားတဲ့ ဦးဏှောက် လေးနက်တည်ကြည်တဲ့ ခြေတစ်စုံ နဲ့ ကဗျာဆန်တဲ့ အတွေးအိမ်တစ်လုံး တော့ အနဲဆုံး ပိုင်ဆိုင်ထားသင့်တယ်။
Posted by
Apprenticeship
at
Tuesday, February 3, 2009
ကြည့်စေချင်တယ်
မြန်မာပြည်က တိုင်းရင်သူ အခါလေးပါ။ ကြည့်ဖြစ်တဲ့ documentary movie တစ်ခုကို မျှဝေချင်ပါတယ်။ ဒီရုပ်ရှင်လေးက ဟောလီဝုတ်မင်းသား၊ မင်းသမီးတွေ ပါတဲ့ ရုပ်ရှင်တော့ မဟုတ်ဘူး။ အခြေအနေ အကြောင်း ကြောင်းကြောင့် ကာမလုပ်သားတွေအဖြစ် ရောင်းစားခြင်း ဒါမှမဟုတ် အခြေအနေအရ ကာမအလုပ်ကို ၀င်လုပ်နေရတဲ့ မိန်းကလေးတွေရဲ့ ဘ၀ကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ ပညာပေး ရုပ်ရှင်ဖြစ်ပါတယ်။ ဘာလို့ကြည့်စေချင်လဲ ဆိုရင်တော့ ဒီရုပ်ရှင်ထဲမှာ အလုပ်ပေးမယ် ဆိုပြီး တကယ့်လက်တွေ့မှာ ကာမလုပ်သားတွေ အဖြစ်အလုပ်လုပ်နေရတဲ့ ကြေကွဲဖွယ်ရာ မြန်မာ မိန်းကလေးငယ်တွေရဲ့ ဘ၀ဇတ်လမ်းတွေနဲ့ သူတို့ အဲဒီလို ဘ၀ရောက်အောင် တွန်းပို့လိုက်တဲ့ အခြေအနေတွေ အကြောင်းတင်ပြထားတဲ့ ပညာပေး ရုပ်ရှင်တစ်ခုမို့ပါ။ ဒီရုပ်ရှင် အစပိုင်းမှာတော့ ထိုင်းနိုင်ငံရဲ့ ကာမ ခရီးသွားလုပ်ငန်း (Sex Tourism) အကြောင်း နဲ့ ထိုင်းမိန်းကလေးတွေ အကြောင်းကနေ အစပျိုးလိုက်ပြီး ထိုင်းနိုင်ငံ ကာမ ခရီးသွားလုပ်ငန်းရဲ့ အဓိက ပံ့ပိုးမှုထုတ်ကုန်တွေ ဖြစ်တဲ့ မိန်းကလေးတွေက မြန်မာမိန်းကလေးတွေ နဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ နေထိုင်တဲ့ တိုင်းရင်းသူတွေ ဖြစ်တယ် ဆိုတဲ့ အကြောင်းတင်ပြသွားတာ တချို့ မြန်မာ မိန်းကလေးငယ်တွေရဲ့ ကြေကွဲဖွယ် ဘ၀ဇတ်လမ်း အကြောင်း တွေ့ဆုံမေးမြန်းခန်းတွေ ပါတဲ့အတွက် ညွန်းလိုက်တာပါ။ ရုပ်ရှင်ရဲ့ နာမည်ကတော့ Trading Women (မိန်းမ ကုန်သွယ်ခြင်း) ၇၇ မိနစ်ကြာပြီး David A. Feingold ရိုက်ကူးထားတဲ့ ပညာပေးရုပ်ရှင် ဖြစ်ကြောင်းပါရှင့် လင့်တော့မရှိဘူး ကျောင်း library တွေမှာတော့ရှိပါတယ်။ တကယ်လို့ တက်နေတဲ့ ကျောင်းမှာ မရှိဘူးဆိုရင် ကျောင်းတွေမှာ ရှိတဲ့ World wide library services (Inner Library Loan) ကနေတဆင့် ငှားကြည့်လို့ရပါတယ်။ ဒီနေရာမှာတော့ အတိုးချုံးလောက်ပဲ ကြည့်လို့ရတယ်။ "Click here to preview this film" ကနေတဆင့် ကြည့်လို့ရပါတယ်။ဒီနေရာမှာတော့ ဒီရုပ်ရှင်ရိုက်ဖြစ်တဲ့ ရည်ရွယ်ချက် သိချင်သူတွေ ဖတ်လို့ရတယ်။
Posted by
Apprenticeship
at
Thursday, January 29, 2009
တည်မြဲခြင်း နိယာမ ပြောင်းလဲမှုတွေ အမြဲဖြစ်ပျက်နေတဲ့ လောကကြီးမှာ တည်မြဲခြင်းနိယာမ တစ်ခုရှိတယ်။ အမြဲသစ်လွင်နေတဲ့ ကြားက အမြဲပြောင်းလဲ နေတဲ့ ပြောင်းလဲ ခြင်းကြီးတွေလေ....။ ကြီးမား သန်စွမ်းတဲ့ ဒိုင်နိုဆောတွေ ဘာလို့ မျိုးတုံး သွားကြလဲ တချို့ သိပ္ပံပညာရှင်တွေ အခုထိ လေ့လာနေတုံး။ အဖြေလေးက ရှင်းရှင်းလေးပါ ပြောင်းလဲမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့ ချမ်ပန်ဇီမျောက်တွေလို သဘာဝကြီးနဲ့ သဟဇာတ ဖြစ်အောင် မနေနိုင်လို့ပေါ့။ ငါ့ ခန္ဓာ၊ နှလုံး၊ ဦးနှောက်တွေရဲ့ သံစဉ် မညီ ဗလောင်ဆူညံ စည်းချက်တွေကြား ဟော့ဒီ ဘ၀ တစ်ခုလုံးက သီချင်းတစ်ပုဒ် ဖြစ်သင့်လား....?
Goodbye My love Mmmm... Mmm... oohhmmm... Could it be the world's gone colder? Baby, I'm a losing soul The more I try it just gets harder And my pain is getting old Somebody said that nothing lasts forever Just the storm so I've been told But it seems that when it rains it pours And you know the rain won't last forever And you know the storm won't always flow But if the sun don't shine forever You gotta let it go Sometimes my burdens get so heavy And it seems too hard to bear Sometimes I feel so empty And it feels like no one's there Somebody said that nothing lasts forever Just the storm so I've been told But it seems that when it rains it pours And you know the rain won't last forever And you know the storm won't always flow But if the sun don't shine forever You gotta let it go And you gotta let it go... And you gotta let it go... Mmmm... Mmm... oohhmmm... I got the lyric from here
Posted by
Apprenticeship
at
Tuesday, January 20, 2009
မြန်မာကျောင်းသားတွေအတွက် Internship အခွင့်အလမ်းပါ။ မည်သူမဆို ၀င်ရောက်လျှောက်နိုင်ပါတယ်။ အချက်အလက် အစုံသိချင်သူများ websit ကိုကလစ်လုပ်ပြီးလေ့လာနိုင်ပါတယ်။ ပိုမိုသိချင်ရင်တော့ အောက်မှာပါတဲ့ E-mail မှာဆက်သွယ်မေးမြန်းနိုင်ပါတယ်။ အဆင်ပြေပါစေ။ Internships Asia is proud to announce its first Regional Internship Program of 2009 for Myanmar nationals. This year, the 2009 Regional Program will accept individuals of Myanmar nationality as interns for placements ranging from three (3) to six (6) months with non-governmental and community based organizations around the region. Through each placement, interns will develop new knowledge and skills, enabling participants to grow academically and professionally. For more information about the program, please visi t www.internshipsasia.org. You can review the program requirements and download the application materials from this site. Application Deadline: February 28, 2009. Internships are scheduled to begin after May, 2009. If you have any questions or comments about the program or the application process, feel free to contact us at Internships. Asia@gmail.com. We look forward to hearing from you! -The Staff of Internships Asia Internships Asia is a non-profit, educational institution based in Chiang Mai Thailand . Diverse, highly motivated individuals are provided internships with local, national, and regional non-governmental and community-based organizations. These experiential learning opportunities encourage participants to become well informed and engaged within their fields of interest. Interns contribute significantly to their placements, and often demonstrate qualities of interest to employers seeking longer-term commitments. For this reason, program alumni serve as leaders in their professions, communities, and nations around the world.
Posted by
Apprenticeship
at
Saturday, January 17, 2009
သြော်...... အားလုံး ပြောင်းပြန်တွေပါလား! တချို့က ဘိသိကံ္ခအောင်ပွဲအတွက် ပျော်ရွှင်ကခုန် နေတယ်။ တချို့က နေ၀င်တော့မယ့် အင်ပါရာအတွက် ငိုကြွေး နေတယ်။ တချို့က လက်နက်ကြီးတွေထုတ်ပြီး အမြတ်ရှာတယ်။ တချို့က တစ်ချို့က အဲဒီလက်နက်တွေကြောင့် သွေးချောင်းစီးရတယ်။ တချို့က စစ်အောင်ဖို့ စစ်နည်းဗျူဟာ ထုတ်နေတယ်။ တချို့က ငြိမ်းချမ်းရေးအတွက် နည်းလမ်းရှာနေကြတယ်။ တချို့က ဂြိုလ်တုကတဆင့် ကမ္ဘာ့လူသားတွေ အကြောင်းလေ့လာတယ်။ တချို့က မြေအောက်ကျင်းတွေ တူးပြီး ပုန်းအောင်းမယ့် နေရာရှာတယ်။ တချို့က Internet ကိုအသုံးပြုပြီး အသိပညာတွေ ဖြန့်ဝေတယ်။
တချို့က အိမ်တံခါး သော့ခတ်ပြီး တိတ်တိတ်လေး ကြံတယ်။ တချို့က လူအချင်းချင်းလေးစားဖို့ မေတ္တာ တရားဟောတယ်။ တချို့က မိသားစု အချင်းချင်းသတ်နေကြတယ်။ တချို့က ဈေးကွက် စီးပွားရေး စနစ်ကြောင့် သန်းကြွယ်တွေ ဖြစ်ကုန်တယ်။ တချို့က အိုးအိမ်မဲ့ ဘ၀ရောက်သွားတယ်။ တချို့က နယူကလီးယား စမ်းသပ်မှုရဲ့ ဆိုးကျိုးအတွက် လမ်းပေါ်ထွက် ဆန္ဒပြတယ်။ တချို့က နယူကလီးယားရဲ့ ဖေါက်ခွဲအားကို အားကိုးချင်တယ်။ တချို့က လွတ်လပ်မှုအတွက် တိုက်ပွဲဝင်တယ်။
တချို့က လွတ်လပ်မှုကို ချုပ်ကိုင်ထားတယ်။ အမှားတွေများနေတဲ့ ခေတ်မှာ အမှန်တရားက မျက်နှာမရဘူး။ ရိုးသားမှု မထွန်းကားတဲ့ခေတ်မှာ ရိုးသားတဲ့လူက အရူးလုပ်ခံရတယ်။ အကျိုးအမြတ်ကိုပဲ ရှေးရှုတဲ့ လူတွေကြားမှာ ပရဟိတ အလုပ်တွေက ကဲ့ရဲ့ခံရတယ်။ သြော် အားလုံး ပြောင်းပြန်တွေပါလား။I got the picture from here.
Posted by
Apprenticeship
at
Friday, January 9, 2009