Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

စောင့်ဆိုင်းခံ မျှော်လင့်ချက်များ

စောင့်ဆိုင်းခံ မျှော်လင့်ချက်များ

စောင့်ဆိုင်းခံ မျှော်လင့်ချက်တွေ
ဘာတွေဖြစ်သွားတတ်လဲ အဖေ….။

မိုးရေတွေလို ငွေ့ရည်ဖွဲ့ ပြီး တိမ်တွေအသွင်ပြောင်းသွားလား?

ဒါမှမဟုတ်
တိမ်တွေလိုပဲ ရွှေ့ပါးရင်း မိုးရေအဖြစ် ရွာချတတ်လား?

ဒါမှမဟုတ်
လှိုင်းပုတ်ခတ်ဒဏ်တွေကြောင့် အသွင်ပြောင်းသွားတဲ့
ကမ်းခြေတွေလို ကွယ်ပျောက်သွားတတ်လား?

ဒါမှမဟုတ်
ပုပ်သိုးနေတဲ့ ကြက်ဥတွေလို နံစော်နေကြလား?

ဒါမှမဟုတ်
ကြက်ကင်တွေလို အနံ့မွှေးကြိုင် သင်းပျံ့ပြီး ဆွဲဆောင်တတ်ကြလား?

ဒါမှမဟုတ်
မျှော်လင့် ခြင်းဆိုတာ ဆွဲဆောင်အားကောင်းအောင်
အပေါ်ယံဖြူးထားတဲ့ နှမ်းတွေလောက် ပဲလား?

ဒါမှမဟုတ်
လေရှိန်ပြင်းပြင်းနဲ့ အပြစ်ကင်းသူကော မကင်းသူအားလုံးကို
ဝါးမျိုးတတ်တဲ့ ဆူနာမီနဲ့ နာဂစ်စ်တွေလို
အချိန်မတော် အငြိုးကြီးစွာ မွှေနှောက်တတ်လား?

ဒါမှမဟုတ်
ချိန်ကိုက်ဗုံးတွေလို ပေါက်ကွဲလွင့်စင်ပြီး
အကောင်အထည်ဖော်ခံရတတ်လား?
ဇူလှိုင် ၁၉ အမှတ်တရ

12 comments:

ဧရာဝတီသား July 18, 2009 at 3:17 PM  

မျှော်လင့်ချက်တွေ အကြောင်းလာဖတ်ရင်း ထပ်ပြီးမျှော်လင့်သွားတယ်။ မျှော်လင့်ခြင်းတွေက တစ်ခုခုအဖြစ် အသွင်းမပြောင်းခင် အထိပေါ့။ မိုးတိမ်တွေပဲ ဖြစ်သွားမလား၊ ကြက်ဥပုပ်ပဲ ဖြစ်မလား၊ ကြက်ကျော်ပဲ ဖြစ်မလား၊ နာဂစ်ပဲဖြစ်မလား၊ ချိန်ကိုက်ဗုံးပဲ ဖြစ်မလား?။ ဘာပဲဖြစ်ဖြစ်ပေါ့လေ ဘာမှမဖြစ် သေးခင်အထိတော့ ဆက်လက် စောင့်ဆိုင်းမျှော်လင့် နေရအုံးမယ် ...

သူကြီးမင်း (တုံးဖလား) July 18, 2009 at 3:59 PM  

အောင့်နိုင်လျင် အကျိုးရှိ၊ စောင့်နိုင်လျင် သူခိုးမိ တဲ့။
မျှော်လင့်ချက်တွေနဲ့ ဆက်လက်စောင့်ဆိုင်းပါ။
ဆန္ဒတွေအားလုံး ညီညွတ်လာရင်၊ ညီညွတ်တဲ့သူတွေအားလုံး ဆန္ဒရှိလာရင် အနာဂါတ်အလင်းရောင်ကို မကြာခင်မြင်တွေ့ကြရမှာပါ။

ဘာမှ အားငယ် စိတ်တွေ မမွေးပါနဲ့။

မျှော်လင့်ပါ။ ဆန္ဒကို ဆက်လက်ရှင်သန်စေပါ။

ဒူကဘာ July 18, 2009 at 4:08 PM  

ဘာအကြောင်းနဲ့ပဲ ဖြစ်ဖြစ် ချိန်ကိုက်ဗုံးတွေလို ပေါက်ကွဲလွင့်စင်ပြီး အကောင် အထည်ဖော် လို့ရတဲ့ မျှော်လင့်ခြင်းမျိုး ဘယ်တော့မှ ငါတို့ တိုင်းပြည်မှာ မဖန်ဆင်းလေနဲ့ ဘုရားသခင်။

Anonymous July 18, 2009 at 4:10 PM  

မပြည့်စုံတဲ့ လူသားတွေ၇ဲ့ ဘဝမှာ
မျှော်လင့်ခြင်းဆိုတာတွေ ရှိနေမှာပဲ
မျှော်လင့်ခြင်းဆိုတာတွေရှိနေသမျှ
အလိုမကျမှုတွေ မအောင်မြင်မှုတွေ
ရှိနေမှာပဲ။ ဒါတွေ ရှိနေပေမယ့်လဲ
လူသားတွေက မျှော်လင့်ခြင်းဆိုတာကို
အဆုံးသတ်ခဲ့ ကြရဲ့ လား
ဘာလို့ လဲဆိုတော့
အဲ့ တာ ဘဝ မို့ ပါပဲ..........

လသာည July 18, 2009 at 7:55 PM  

မျှော်လင့်ချက်ဆိုတာ မရှိလို့လည်း မဖြစ်မှ မဖြစ်တာ။
မျှော်လင့်ချက်ရှိမှ ရှင်သန်နိုင်တဲ့ဘ၀မှာ (ဘယ်လိုပဲ ဖြစ်ဖြစ်) မျှော်လင့်ချက်ကတော့ ထားနေရဦးမှာပါ။

Unknown July 18, 2009 at 11:49 PM  

မျှော်လင့်ချက်တွေ...

မျှော်လင့်နေဆဲပါ...

တနေ့နေ့ပေါ့ဗျာ...

တနေ့တလံ ပေါ့....

Anonymous July 19, 2009 at 1:46 AM  

လေးဖြူရဲ့ အဖေသီချင်းကို ခဏခဏ ရွတ်နေတယ်

ဟန်လင်းထွန်း

kyalkalay July 19, 2009 at 7:40 AM  

ကောင်းကင်ပေါ်က ကြယ်တစုမှာ ခင်ဗျားဟာ ကြယ်ကလေးတလုံးဖြစ်ရင် ကျနော်လည်း ကြယ်ကလေးတလုံးပေါ့ ကြယ်ကလေးတွေပေါင်းစုနေတဲ့ ကောင်းကင်မှာ မျိုးဆက်သစ်တခုရဲ့ လတစင်း ကြယ်ကလေးတွေရဲ့ဝိုင်းရံမှုအားမာန်နဲ့ လင်းလက်နေမှာပေါ့ ကြယ်တွေစုံတဲ့ညမှာ လတစင်းသာမှာသေချာပါတယ်…။

မောင်ဖားကြီး July 19, 2009 at 9:19 AM  

အခုထိတော့ မရေမရာသေး AP ရေ ... မျှော်လင့်ချက်ကတော့ ထားတုန်းပဲ ... အဖေ့ရဲ့ မျှော်လင့်ချက်ကနေ ကျွန်တော်တို့ဆီ ကျွန်တော်တို့ဆီကနေနောက်မျိုးဆက် စောင့်ဆိုင်းရဦးမှာပေါ့ .... မျှော်လင့်ချက်တွေ မပြည့်မချင်း

သီဟသစ် July 19, 2009 at 11:50 AM  

အင်း...
မျှော်လင့်ခြင်းတွေ လန်းဆန်းနေပါစေ

ခင်မင်စွာဖြင့်
သီဟသစ်

ဟန်သစ်ငြိမ် July 20, 2009 at 3:30 AM  

ကဗျာလေး ကောင်းတယ်ဗျာ

စကားမစပ် မနေ့ညက ပို့စ်က connection ကြောင့် တစ်ဝက်ပဲ ဖြစ်နေတာ ဆေားရီးပါဗျာ... ခုအကုန် ဖတ်လို့ရပါပြီ။

thethtoo July 20, 2009 at 2:26 PM  

Hello

Have u read a tale of Greeks Pandora's box?We, human beings have passed through rain and sunshine for many centuries.Why we can do like that?
The only thing left in Pandora's box So it is called HOPE.

Not only thing left in Pandora's box but also remain as our own.

Be hope; its beauty

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)