Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

ရောင်စုံပန်းချီကား တစ်ချပ်


ဒီပုံလေးကို ကြည့်ပြီး ကျွန်မနဲ့ သူငယ်ချင်းတစ်ယောက် စကားလက်ဆုံကျဖြစ်ကြတယ်။ သူဘာသာပြန်ထားတဲ့ အနက်က အရမ်းလေးနက်ပီး အဓိပ္ပါယ်ရှိတယ်။ တွေးပုံ တစ်ချို့ ကျွန်မနဲ့ နဲနဲကွဲနေပေမယ့် သူ့အတွေးအခေါ်လေးကို ကြိုက်မိတယ်။ ဒီလိုကွဲပြားမှုတော့ ရှိနေအုံးမှာပဲ မဟုတ်လား။

တကယ်ဆို မတူညီတဲ့ အတွေးအခေါ်တွေ အဆင့်ဆင့်ပေါင်းစပ်ဖလှယ်ရင်း သိပ္ပံနည်းပညာတွေ အတွေးအခေါ်တွေ အံ့မခန်းတိုးတက်လာတာပေါ့။ ကိုယ်နဲ့မတူတဲ့ အတွေးအခေါ် အမူအကျင့် ရှိသူတွေနဲ့ သဟဇာတဖြစ်အောင် နေထိုင်တတ်ခြင်းဟာ ၂၁ ရာစုလူသားတွေအားလုံး ပိုင်ဆိုင်သင့်တဲ့ အရည်အချင်းတစ်ခုဆိုရင် မှားမယ် မထင်ဘူး။ ကျွန်မကံကောင်းချင်တော့ အဲဒီအချက်ကို သူလဲလက်ခံတယ်ရှင့်..။

မတူညီမှုတွေရဲ့ လှပမှုကို အရမ်းခုံမင်တဲ့ ကျွန်မအတွက်တော့ မိတ်ဆွေးကောင်းတစ်ယောက်ပေါ့။ ကျောင်းတွေ ပိတ်ထားတော့ သူနဲ့ဆွေးနွေးခွင့်တွေ ရနေတာကို အရမ်းကျေးဇူးတင်မိတယ်။ အဲဒီလိုနဲ့ စကားစပ်မိရင်း ဒီပုံလေးကို ဘလောက်ပေါ်တင်ပီး သူငယ်ချင်းတွေနဲ့ အတွေးဖလှယ်ကြည့်ဖို့ သူအဆိုပြုလာလို့ တင်လိုက်တာပါ။ ဘယ်လိုလေး ခံစားရတယ် အဓိပ္ပါယ်ဖွင့်ဖြစ် လဲဆိုတာ မျှပေးသွားကြပါနော်….။

ဘလောက်သူငယ်ချင်းတွေနဲ့ မတူညီမှုတွေပေါင်းစပ်ထားတဲ့ ရောင်စုံပန်းချီကားတစ်ချပ်ကို ပျော်ပျော်ပါးပါး ၀ိုင်းဆွဲကြတာပေါ့…။

8 comments:

လသာည July 22, 2009 at 6:52 PM  

ပထမဆုံးလာမန့်သွားပါတယ်။:P
ဒီပန်းချီလေးက စကားအများကြီး ပြောနေသလိုပဲ။

ပန်းချီကားလေးအရ ဟိုးအမြင့်တစ်နေရာကို လှမ်းမျှော်ကြည့်ပြီး မရောက်သေးဖူးတဲ့သူတစ်ချို့ က သွားဖို့နည်းလမ်းရှာနေတယ်။ ဘယ်ကိုမှ မသွားဘူး၊ ကိုယ်နေ့ရာသာအကောင်းဆုံးလို့ တွေးနေသူလည်း ရှိတယ်။ ကိုယ်နေရာကို ခင်တွယ်ရောင့်ရဲ့ကျေနပ်နေသူပေါ့။

အမြင့်ကိုရောက်တဲ့သူတချို့ က ဆက်တက်ဖို့ ကြိုးစားသူရှိသလို အဲဒီနေရာမှာ အခြေချချင်သူလည်း ရှိနေတယ်။ မူရင်းကို ပြန်သွားချင်သူက ရှိနေပြန်တယ်။

မတူကွဲပြားတဲ့ လူအမျိုးမျိုးရဲ့ ခံယူချက်အမျိုးမျိုး၊ စိတ်နေသဘာဝအမျိုးမျိုးကို ပြောပြနေသလိုပဲ။(^^;

အရမ်းကြိုက်တာပဲ။ ပုံလေးကို ကော်ပီကူးပြီး သိမ်းထားချင်တာ ကူးလို့ရမလား။

kyalkalay July 22, 2009 at 10:57 PM  

လာလည်ရင်း
ခံစားသွားတယ်

ပုံကူးသွားတယ်
ဟီး စိတ်စိုးဘူးဟုတ်

လာလည်အုံး
ဒီပုံနဲ့ တန်ပလိတ် တခုစွဲမယ်
ပီးရင်လာပြမယ်

အနော် July 23, 2009 at 12:07 AM  

လူ့ဘဝရဲ့ မတူညီတဲ့ အခြေအနေကို ဒီပန်းချီကားလေးမှာ တွေ့မြင်ရတယ်...
တချို့က ဘာမှအပူအပင်မရှိတဲ့ ဘဝမှာ ပျော်ရွှင်မြူးတူးနေကြတယ် ဒုတ်ခရောက်နေတဲ့သူ အကူအညီလိုနေတဲ့သူတွေကို သူတို့မမြင်ကြဘူး... သူတို့ဘာသာ ပျော်မြူးနေကြတယ်. လောကမှာ ဒီလိုလူမျိုးတွေ သိပ်များတယ်.
အောက်မှာ ကြည့်နေတဲ့သူတွေလိုပဲ ဆင်းရဲမှုတွေ အခက်အခဲတွေကြားမှာ ရှင်သန်နေရတဲ့သူတွေက ဟိုးအပေါ်က လူတွေကို ကြည့်ပီး သူတို့လဲ တစ်ချိန်ချိန်မှာ ဒီလိုနေရာမျိုးကို ရောက်ရလိမ့်မယ်လို့ မျှော်လင့်နေကြတယ်... ဒီလိုလူမျိုးထဲမှာ လူငယ်တွေ များတယ်.
အဲ့ဒီထဲက ကြိုးတံတားလေးကို ချပေးတဲ့လူတွေလိုပဲ မတူတဲ့လူမှုဘဝပေမဲ့ လောကကြီးကို အကူအညီပေးချင်တဲ့သူတွေ လူအချင်းချင်း စာနာမှုရှိတဲ့သူတွေ ရှိတယ် အဲ့လိုလူတွေ လောကကြီးမှာ သိပ်များရင် ပိုကောင်းမယ်.
အနော် လူတစ်ယောက်နဲ့ စကားပြောဖူးတယ် ပြည်တွင်းမှာ နေရပီး ဘာမှတိုးတက်မှုမရှိတဲ့ အနာဂတ်ဆိုတာကို ကိုယ်လိုသလိုပုံဖော်ခွင့်မရှိတဲ့ လူငယ်တွေရဲ့ဘဝကို စာနာမှုမပေးဘဲ ပြည်ပမှာနေပီး မြန်မာတွေ စည်းကမ်းမရှိဘူး မြန်မာတွေ ပျင်းတယ် အချိန်ကို လေးစားမှုမရှိဘူး လက်ဖက်ရည်ဆိုင်တွေမှာပဲ အချိန်ကုန်နေကြတယ် စသဖြင့် လက်ညှိုးထိုးဝေဖန်နေတဲ့သူတွေကို အခုလိုမျိုး ကြိုးတံတားလေးချပေးသလိုပဲ လူငယ်တွေအတွက် ဘာများလုပ်ပေးခဲ့ဖူးသလဲလို့ မေးကြည့်ရင်...... အဖြေက ??????
ဒီပန်းချီကားလေးဟာ စဉ်းစားတွေးတောစရာတွေ သိပ်များတယ်.... မျှဝေပေးလို့ ကျေးဇူးပါ..
အနော် လူငယ်တွေအတွက် ပို့စ်တစ်ပုဒ်ရေးဖူးတယ် စိတ်ကူးအတွေး ကို နှိပ်လိုက်ရင် ရောက်ပါတယ်... အချိန်ရရင် လာဖတ်ပါလို့ တောင်းဆိုပါရစေ...

ဖားကြီး July 23, 2009 at 10:30 AM  

ကျွန်တော်ထင်တာကတော့ အပေါ်ကအပျော်အပါးတွေကို လိုက်ခဲ့ဖို့ခေါ်နေတာထင်တယ်... ဒါပေမယ့် သူတို့က တိမ်ပေါ်မှာပျော်နေတာလေ... တိမ်ဆိုတာ ရှိတော့ရှိတယ် ဒါပေမယ့် မတည်မြဲဘူးမဟုတ်လား။ တည်တည်ငြိမ်ငြိမ်နဲ့ရပ်နေတဲံ တစ်ယောက်ကတော့ ပညာကိုကိုယ်စားပြုတာထင်တယ် သူ့ခေါင်းပေါ်ကကြယ်ကလေ မတည်မြဲပေမယ့်လည်း တိမ်တွေထက်စာရင်တော့ သက်တမ်းရှည်မယ်ထင်တယ်

အချစ်မဲ့ဂစ်တာ July 24, 2009 at 10:49 PM  

ဒီလှေကားလေးက တက်ဖို့ချထားတာလား ဆင်းဖို့ချထားတာလား... နောက် အောက်ကလူတွေက အပေါ်ကလူတွေကို ဆင်းလာဖို့ပြောနေတာလား.. အပေါ်ကလူတွေက အောက်ကလူတွေကို တက်လာဖို့ ပြောနေတာလား... အင်း.............. စဉ်းစားစရာပါပဲ..။

ရွှေပြည်သူ (ShwePyiThu) July 25, 2009 at 9:17 AM  

တချို့က ကိုယ့်ဒေသမှာပဲ သူများမမြင်တဲ့ ကြယ်တွေကို ဆွတ်ဖို့ကြံတယ်။ တော်တော်များများကတော့ တိမ်တွေပေါ်ကို ရောက်အောင်သွားချင်ကြတယ်။ တိမ်တွေပေါ်က လူတွေကျတော့ အဝေးကြီးက ကြယ်တွေဆီ သွားချင်နေကြပြန်ရော...

ပုံလေးကို ကြည့်ပြီးတွေးမိတဲ့အတွေးလေးပါး)

Scalpel July 26, 2009 at 6:13 AM  

ကျွန်တော့် အမြင်ပေါ့လေ

အပေါ်ရောက်နေတယ့် လူတွေကပျော်နေတယ်ဗျ။ အောက်ကလူ နှစ်ယောက်ကလည်း မျှော်နေတယ်။
အဲ အပေါ်ကတစ်ယောက် ကတော့ ပြန်ငုံကြည့်နေတာလို့ထင်တယ်။ (နောင်တနဲ့ ပြန်ဆင်းဖို့ စဉ်းစားနေတာလား၊ ဒါမှ မဟုတ် အောက်က လူတွေကို ငုံ့ကြည့်ပြီး သနားနေတာလား၊ ဒါတော့ မတော့မသေချာ ဘူး)
သေချာ တာကတော့ သူက ဟိုနှစ်ယောက်လောက် မပျော်ဘူး။ တွေဝေနေတာလည်း ဖြစ်နိုင်တယ်။
အောက်က နှစ်ယောက် ကမျှော်လင့်ချက်တွေ နဲ့ တက်ကြွနေတယ်။ သူတို့ အိမ်မက်တွေကို မြင်နေရတယ်၊ အဲဒီ အတိုင်း အရောက်လျှောက်လှမ်း ချင်နေတယ်။ ဒီပုံမှာ သူတို့ကို ကျွန်တော်သဘော အကျဆုံးပဲ။ သူတို့ လျှောက်ရမယ့် လမ်းဟာ တိမ်တွေကို မှီထားတဲ့ လှေကားမို့ မခိုင်မာဘူး။ ဒါပေမယ့် သူတို့မှာ ရောက်အောင်သွားဖို့ သတ္တိတွေ ရှိတယ်လို့ခံစားရတယ်။ အထူးသဖြင့် ဘယ်ဘက် ကတစ်ယောက်ပေါ့။ သူ့မှာ မျှော်လင့်ချက် အိမ်မက်တွေကို အရောက်သွားနိုင်တဲ့ အားမာန်တွေရှိနေတယ်၊ ပြီးတော့ဘေးကတစ်ယောက် ကိုပါ လက်တွဲခေါ်နေတယ့် သူ့စိတ်ဓါတ်ကို ကြိုက်တယ်။ ကိုယ်ရောက်တဲ့ နေရာမှာ ပျော်နေနိုင်တဲ့ အပေါ်နိုင်တဲ့ အပေါ်က နှစ်ယောက် ကိုလည်း သဘောကျပါတယ်။
ဘေးက ရပ်နေတယ့် လူတစ်ယောက် ကတော့ ကိုယ်တိုင်လည်း မသွား၊ သွားတဲ့လူတွေ ကို အပြစ်မြင်နေတဲ့ pessimist တစ်ယောက်လားလို့။

ဘ၀ မှာ ကြိုးစားအားထုတ်နေသရွေ့ မရှုံးပါဘူးတဲ့၊ တိမ်ပေါ်တက်ဖို့ ကြိုးစားနေတဲ့ လူနှစ်ယောက်ဟာ လမ်းတ၀က်မှာ ပြုတ်ကျခဲ့ရင်လည်း၊ သေချာပါတယ် သူတို့ ပြန်တက်ကြလိမ့်မယ်။

ကျွန်တော့် အမြင်လေးပါ၊ မှားရင်တော့လည်း မမှန်ဘူးပေါ့ ဗျာ၊

YoungGun July 28, 2009 at 10:55 AM  

အင်မတန် လက်ရာမြောက်တဲ့ ဂရပ်ဖစ် အနုပညာတစ်ရပ်အဖြစ် ရှုမြင်ခံစားမိပါတယ် အဓိပါယ်တော့ မဖွင့်ဖြစ်ဘူး။ အခုလို အပြာရောင် ကောင်းကင်ရယ်..နောက်..ကလေး၊ လူကြီး..လှေကား စတဲ့နိမိတ်ပုံတွေရယ် ကိုယ်လိုရာရှုထောင့်မျိုးစုံကနေ အဆင်ပြေသလို ဆွဲယူတွေးနိုင်တဲ့ အနုပညာတစ်ရပ်ပါ။ မဖွင့်ဆိုတော့ပါဘူး။ ခံစားရုံပဲ..။

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)