Apprenticeship

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

ကျွန်မနဲ့ ယောကျာင်္များ

ဇွန်လ ၂၁ ရက်နေ့တွင်ကျရောက်သော အဖေများနေ့အတွက် သီကုန်းဖွဲ့ဆိုသည်။ ကမ္ဘာ တစ်ဝှမ်းက အဖေများအားလုံး ပျော်ရွှင်ကျန်မာပါစေ။ အဖေ တာဝန်ကျေပြွန်သူများ ဖြစ်ကြပါစေ။ သားသမီးတွေရဲ့လေးစားမှုကို ခံရပီ အိမ်ထောင် ဦးစီးကောင်းများ ဖြစ်နိုင်ပါစေ... သားသမီးတွေလဲ အဖေ့မေတ္တာကို ကျေးဇူးစပ်ခွင့်ရသူများ ဖြစ်ပါစေ...လို့ ဆုတောင်းလိုက်ပါတယ်။

ကျွန်မနဲ့ ယောကျာင်္များ

လျှောက်လှမ်းခဲ့တဲ့ ဘ၀ခရီးတလျှောက်
ယောကျာင်္း အမျိုးပေါင်း များစွားကို ကြုံတွေ့ခဲရတယ်။

တစ်ချို့ကို ခရီးသွားဟန်လွဲ
တစ်ချို့ကို နို့စို့ဖက် ဖွားဖက်တော်အသွင်
တစ်ချို့ကို ဆရာတွေအဖြစ်
တစ်ချို့ကို ကျွန်မစာသင်ပေးရတဲ့ တပည့်တွေအဖြစ်
တစ်ချို့ကို စာသင်ခန်းက ပြိုင်ဖက်တွေအဖြစ်
တစ်ချို့ကို သူငယ်ချင်းတွေအဖြစ်
ဒီလိုအကြောင်းအမျိုးမျိုးကြောင့်
ပတ်သက် ရင်းနှီးခွင့်ကနေ
ယောကျာင်္းတွေ အကြောင်း

တစ်စေ့တစောင်း ကျမသိခွင့်ရခဲ့တယ်။

တစ်ချို့က ကျွန်မကို အားပေးတယ်။

တစ်ချို့ကို ကျွန်မအားပေးတယ်။

တစ်ချို့က ကျွန်မကိုပြုံးစေတယ်။

တစ်ချို့က ကျွန်မကို ငိုစေတယ်။

တစ်ချို့က ကျွန်မကို ရင့်ကျတ်စေတယ်။

တစ်ချို့က ကျွန်မကို ကလေးဆန်စေတယ်။

တစ်ချို့က ကျွန်မကို ရဲရင့်မှုတွေပေးတယ်။

တစ်ချို့က ကျွန်မကို ကြောက်ရွံ့အားငယ်စေတယ်။

တစ်ချို့က ကျွန်မကို အကြံကောင်းပေးတယ်။

တစ်ချို့က ကျွန်မဆီက အကြံတောင်းတယ်။


တစ်ချို့က ကျွန်မရဲ့ မျော်လင့်ချက်အလင်းတန်းတွေ အဖြစ်။

တစ်ချို့က ကျွန်မရဲ့ မျော်လင့်ချက်တွေ ရိုက်ချိုးတယ်။

တစ်ချို့တွေက ကျွန်မအတွက် တွန်းအားတွေအဖြစ်။

တစ်ချို့က ကျွန်မကို နှောင့်နှေးစေတယ်။

ဒီလို အကြောင်းအမျိုးမျိုးနဲ့ သိခွင့်ရခဲ့တဲ့
ယောကျာင်္တွေ အားလုံးမှာ
အဖေလို့ အမည်သွင်တဲ့

ကျမရဲ့ ဖြစ်တည်မှုအားလုံးကို ထာဝရ ချစ်မြတ်နိုး တန်ဖိုးထားတဲ့
ယောကျာင်္းမြတ်တစ်ယောက်ရဲ့ အနှိုင်းမဲ့ အချစ်တွေကြောင့်

ဒီလောကကို ပိုချစ်တတ်လာတယ်။
ဒီလောကကို အကောင်းမြင်တတ်ခဲ့တယ်။
ဒီလောကကို အလှဆင်ဖို့ ပန်းပျိုးလက်ဖြစ်ချင်နေခဲ့တယ်။
ဒီလောကရဲ့ အမှောင်ထုအတွက် အလင်းဖြစ်ချင်နေခဲ့တယ်။
ဒီလောကရဲ့ အဖိုးတန် အရာရောက်သူ အဖြစ်ခံစားတတ်ခဲ့တယ်။
ဒီလောကရဲ့ စုံစမ်းနှောက်ယှက်ခြင်းတွေကို ခံနိုင်ရည်ရှိနေခဲ့တယ်။
ဒီလောကရဲ့ ဖျားနာမှုတွေ ကုသပေးနိုင်ဖို့ နည်းလမ်းရှာနေခဲ့တယ်။

ဒီလို ခွန်အားတွေ
ပျော်ရွှင်မှုတွေ အမျိုးမျိုးရဲ့
အရင်းအမြစ် ဖြစ်တဲ့ဖေဖေ

ကောင်းကင်ဘုံမှ
ပီတိ အပြုံး ဝေနိုင်ပါစေ……။


The greatest gift I ever had. Came from God; I call him Dad! ~Author Unknown

He didn't tell me how to live; he lived, and let me watch him do it. ~Clarence Budington Kelland

14 comments:

ဖြိုးငယ် June 18, 2009 4:15 PM  

အမရေ ...
အမ မျှော်လင့်တဲ့ လှပတဲ့ပန်းတွေပျိုးတဲ့ ပန်းပျိုးလက် ဖြစ်ရင်း လောကကြီးကို အလှဆင်နိုင်ပါစေဗျာ

နှင်းပွင့်ဖြူလေး June 18, 2009 5:14 PM  

ကျွန်မနဲ့ ယောက်ျားများဆိုလို့ အပြေးလာဖတ်တာ :P
ဒီရောက်တော့ အဖေများနေ့အတွက်ဖြစ်နေတာကိုးးး
အဖေ့ဆီဖုန်းဆက်ရဦးမယ် .....
အဖေများအားလုံး ပျော်ရွင်ခြင်းတွေ ပြည့်စုံပါစေရှင်။

kokomaung.uk June 18, 2009 6:09 PM  

အဖေများနေ့ ကဗျာလေးလာဖတ်တယ်။
အဖေဆိုတာဟာလဲ အမေလိုပါဘဲ အစားထိုးလို့ရတဲ့ အရာမဟုတ်ဘူးလေ။ ကျေးဇူးကြီးမားလှပါတယ်။ လောကမှာ အဖေသည်သာလျှင် သားသမီးတို့ရဲ့  အားကိုးအားထားရာပါဘဲ။

ပျော်ရွှင်ပါစေ။

Heartmuseum June 18, 2009 7:45 PM  

အတွေးလေး လှတယ်ဟာ.....
ကြိုက်တယ်။
ခွန်အားတွေ
ပျော်ရွှင်မှုတွေ အမျိုးမျိုးရဲ့
အရင်းအမြစ် ဖြစ်တဲ့ဖေဖေ
ကောင်းကင်ဘုံမှ
ပီတိ အပြုံး ဝေနိုင်ပါစေ……။

Pinkgold June 18, 2009 10:21 PM  

ဟုတ်တယ်နော်.. ယောက်ျားတွေက ခံစားမှု အမျိုးမျိုးပေးတတ်ကြတယ်

Lucifer June 19, 2009 12:35 AM  

အဖေများနေ့အတွက် ကဗျာကလေးကိုး..
တော်တော်လေးဖတ်လို့ကောင်းပါတယ် အမရယ်..
ဟီး.. ပြာယာခတ်ပြီး စဖတ်လိုက်တာ "ကျွန်မနဲ့ ယောင်္ကျားများ" က " ကျွန်မရဲ့ ယောင်္ကျားများ " ဖြစ်သွားလို့ ရင်တုန်စရာတွေတော့ဖြစ်ကုန်တော့မယ်...

သားကြီး June 19, 2009 1:41 AM  

ကဗျာအလှလေးကိုလာရောက်ခံစားသွားပါတယ်
ပျော်ရွှင်ပါစေ

မိုးစက်အိမ် June 19, 2009 9:36 AM  

အဖေ အကြောင်းရေးတာထာ မြှပ်ကွက်လေးနဲ.နော်.
အောက်ရောက်တော. မှ သဘောပေါက်တယ်
ကောင်းတယ်ဗျာ....ပျော်ရွှင်အဆင်ပြေပါစေ
နော်သူငယ်ချင်း အနော်လဲ ဘယ်အမျိုးစားထဲ
ပါနေမလဲ မသိဘူနော်. :D ခင်မင်လျက်ပါခင်ဗျာ

thethtoo June 19, 2009 1:35 PM  

hello


appreciate u for that blog pan

Pls forgive me by typing eng

လင်းဦး(စိတ်ပညာ) June 19, 2009 2:18 PM  

လာဖတ်ပါတယ်.. အကောင်းဆုံး မျှဝေခံစားသွားပါတယ်... :)

အိမ်လွမ်းသူ June 20, 2009 8:03 AM  

အဖေကဗျာလေးကိုဖတ်ရင်း အဖေ့ကျေးဇူးတွေကို ဆပ်နိုင်ဖို့ မျှော်လင့်မိပါတယ်ရှင်...

ဧရာဝတီသား June 21, 2009 3:01 AM  

ကဗျုာလေး လာဖတ်သွားတယ်။ အားပေးနေတယ်ဗျာ။
ဒီထက်မက ဆက်လက်ရေးသားနိုင်ပါစေ။

ခင်မင်လျှက်

မသက်ဇင် June 22, 2009 10:09 AM  

အေပီရေ
ခံစားပြီးဖတ်သွားပါတယ်
ချစ်ခင်လျက်

လသာည July 18, 2009 7:30 PM  

ကျွန်မနဲ့ ယောကျာ်များ.. ကောင်းလိုက်တဲ့ တင်ပြချက်လေးပဲနော်။ ကြိုက်တယ်။

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Blog Archive

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)