Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

ဘာပဲဖြစ်ဖြစ် (Anyway)

ဘာပဲဖြစ်ဖြစ် (Anyway)

People are unreasonable, illogical, and self-centered. Love them anyway.

လူတွေဟာ အတ္တများ၊ တစ်ကိုယ်ကောင်းဆန်ပီး အကြိုးသင့်အကြောင်းသင့် မတွေးတတ်ကြဘူး။ ဘာပဲဖြစ်ဖြစ် လူတွေအပေါ် ဆက်ချစ်ပါ ။

If you do good, people may accuse you of selfish motives. Do good anyway.
သင်ကောင်းတာ လုပ်နေရက်နဲ့ သင့်ရဲ့လုပ်ရပ်တွေက တကိုယ်ကောင်ဆန်တယ် အတ္တကြီးတယ် ကိုယ်ကြိုးရှာတယ်လို့ စွပ်စွဲချင် စွပ်စွဲကြလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကောင်းတာဆက်လုပ်ပါ။

If you are successful, you may win false friends and true enemies. Succeed anyway.
အောင်မြင်လာတဲ့ အခါ သူငယ်ချင်းအတုအယောင်တွေ ရန်သူစစ်စစ်တွေ တွေ့ရလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဆက်လက် အောင်မြင်အောင်ကြိုးစားပါ။

The good you do today may be forgotten tomorrow. Do good anyway.
ယနေ့သင်လုပ်ခဲ့တဲ့ ကောင်းကွက်တွေအတွက် မနက်ဖြန်ကျတော့ လူတွေမေ့ချင်မေ့သွားလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကောင်းတာဆက်လုပ်ပါ။

Honesty and transparency make you vulnerable. Be honest and transparent anyway.
သင့်ရဲ့ရိုးသားမှုနဲ့ ပွင့်လင်းမှုဟာ သင့်အပေါ် လူအများ အနိုင်ယူဖို့ အကွက်ကောင်းတွေ ဖြစ်ရင်ဖြစ်နေမယ်။ ဘာပဲဖြစ်ဖြစ် ဆက်လက် ရိုးသားပါ.. ပွင့်လင်းပါ။

What you spend years building may be destroyed overnight. Build anyway.
သင်နှစ်နဲ့ ချီပီး တည်ဆောက်ခဲ့တဲ့ အရာကို တစ်ခြားသူတစ်ယောက် တစ်ညထဲနဲ့ ဖျက်ချင်ဖျက်သွားလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဆက်လက်တည်ဆောက်ပါ။

People who really want help may attack you if you help them. Help them anyway.
သင့်အကူအညီကို အမှန်တကယ်လိုအပ်နေရက်နဲ့ သင့်ကို တိုက်ခိုက်ကောင်း တိုက်ခိုက်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဆက်လက်ကူညီပါ။

Give the world the best you have and you may get hurt. Give the world your best anyway.
ဒီကမ္ဘာမြေကြီအတွက် သင်လုပ်နိုင်သမျှ အကောင်းဆုံးတွေပေးပါ။ ဒီလိုပေးစပ်ရင်း သင်အနာခံချင်ခံရလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သင်လုပ်နိုင်သမျှ အကောင်းဆုံးတွေ ဆက်လက်ပေးဝေပါ....။

Mother Teresa

မတွေ့တာ ကြာပီဖြစ်တဲ့ သူငယ်ချင်းတွေ အားလုံး ကျန်းမာပျော်ရွှင် ပါစေ...။
မတူညီမှုကို အစဉ်လေးစားလျှက်>>> Apprenticeship :)

4 comments:

ဒူကဘာ June 13, 2009 at 10:36 AM  

Optimist though တွေရှိတာ ကောင်း၏၊ လူကြီး လူကောင်းတွေမှာ ရှိသင့်တာ ဒါတွေပါပဲ ဖြစ်သင့်တာတွေပေါ့။

Unknown June 14, 2009 at 10:42 PM  

ဟုတ်ကဲ့..... အတတ်နိုင်ဆုံး ကြိုးစားပြီး နေပါ့မယ်။

သူကြီးမင်း (တုံးဖလား) June 15, 2009 at 4:48 AM  

အဆိုအမိန့်လေးတွေက အသိဥာဏ်ကို ပိုတိုးစေပါတယ်။

ကျေးဇူးအထူးတင်ပါတယ်။

နောက်လဲ လာလည်ပါဦးမယ်။

လသာည July 18, 2009 at 7:44 PM  

အစ်မ ဒီအဆိုလေးကို ညီမ တအား ကြိုက်တာ။ တက္ကသိုလ် စတက်စက အကြောင်းအမျိုးမျိုးနဲ့ ငိုစရာကြုံတော့ လူမှုရေးတွေ မလုပ်တော့ဘူးလို့ ဆုံးဖြတ်ဖူးတယ်။ ဒီတော့ ဆရာမက ဒီကဗျာလေး(english လို) လာပေးသွားခဲ့တယ်။ ကဗျာလေးကို ကြိုက်တာရော၊ ကိုယ်ချစ်(လေးစား)တဲ့ ဆရာမက ပေးတာမိုလို့ ဆိုပြီး အမှတ်တရအဖြစ် အခန်းထဲမှာ အမြဲကပ်ထားတာ အခုထိ။

ဒါပေမဲ့ လူကြီးဖြစ်ရင့်ကျက်သွားချိန်ကျရင်တော့ မသိဘူး အစ်မရယ်။ အခုတော့ စိတ်က လွတ်လွတ်သွားတယ် :P တတ်နိုင်သ၍ ကြိုးစားဦးမယ်။

အစ်မ.. ကျေးဇူးတင်ပါတယ်။

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)