Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

"ရှင်သန်ခြင်းက ဘာအတွက်လဲ"

Q* ဆေးကျောင်း စာသင်ခန်းတစ်ခုရဲ့ စာသင်နှစ်ပထမဆုံးနေ့မှာ professor ဖြစ်သူက သူ့တပည့်တွေကို ဘာလို့ ဒီစာသင်ခန်းထဲ ရောက်လာကြောင်းမေးတော့


A* သမာရိုးကျပါပဲ ကျောင်းသားလေးက ဆရာဝန်ဖြစ်ချင်လို့လို့ ခပ်သွက်သွက်လေးဖြေလိုက်တယ်တဲ့။

Q* အဲဒီတော့ Professor ကဘာလို့ ဆရာဝန်ဖြစ်ချင်တာလဲလို့ ပြန်မေးတော့

A* အရင်ဖြေသွားတဲ့ ကျောင်းသားလေးကပဲ လူတွေရဲ့ အသက်ကိုကယ်ချင်လို့လို့ ပြန်ပြောတယ်တဲ့။

Q* အဲဒီတော့ Professor ကဘာလို့လူတွေရဲ့ အသက်ကို ကယ်ချင်ရတာလဲလို့ ပြန်မေးတော့

A* ကျောင်းသားလေးက ခပ်လွယ်လွယ်လေးပဲ အသက်ရှည်စေချင်လို့လို့ ပြန်ပြောတယ်တဲ့

Q* အဲဒီတော့ ဆရာက ဘာလို့ အသက်ရှည်စေချင်တာလဲ အသက်ရှည်လို့ကော ဘာထူးမှာလဲလို့ ပြန်မေးတယ်တဲ့

A* ဒီတစ်ခါတော့ ကျောင်းသားလေး နုတ်ပိတ်သွားရှာတယ်တဲ့လေ.....

တကယ်တော့ အသက်ရှင်သန်ဖို့ထက် မိမိအသက်ရှင်သန်ခြင်းရဲ့ အနှစ်သာရကို ရှာဖွေမိဖို့ ပိုအရေးကြီးတယ်မဟုတ်ပါလား။

I got this picture from here.

ဝန်ခံချက်။ ။ ဒီစာကို ဘုရားရှိခိုးကျောင်းက ဝေတဲ့ စာရွှက်တစ်ခုမှာ ဖတ်မိတာပါ။ အဲဒီထဲမှာတော့ ပရောဖက်ဆာက ခရစ်ယာန်မို့ လူ့အသက်ကို ကယ်ဖို့ထက် ၀ိညာဉ်ကို ကယ်တင်နိုင်ဖို့ ပိုအရေးကြီးကြောင်း သူ့တပည့်လေးကို တင်ပြသွားတာပါ။ အားလုံးအတွက်အကျုံးဝင်ဖို့ မြန်မာမှုပြု ဘာသာပြန်ထားပါတယ်။ တင်ပြသွားတဲ့ အဓိက အကြောင်းအရာ "ရှင်သန်ခြင်းက ဘာအတွက်လဲဆိုတဲ့" မေးခွန်းလေးက လူတိုင်းစမ်းစစ်သင့်တဲ့ မေးခွန်းတစ်ခု မဟုတ်ပါလား??? ဒီမေးခွန်းလေးက သာမန်လေးပါပဲ ဒါပေမယ့် လျှောက်နေရင်း လွဲချော်နေတတ်တဲ့ လောကကြီးမှာ ဆရာဝန်တွေသာမက ဘယ်သူမဆို မိမိရပ်တည်ချက်ကို ပြန်ပြန်စမ်းစစ်ရင်း ဘ၀ပန်းတိုင်ရှာတွေ့ပီးသားလူတွေ အတွက်တော့ အားမန်းထပ်လောင်း ရှေ့သို့ချီဖို့ပေါ့နော်။ မရှာတွေ့သေးသူတွေလဲ ရှာဖွေတွေ့ရှိနိုင်အောင် ဒီမေးခွန်းလေးက လမ်းပြနိုင်မလားလို့ပါ။

မေတ္တာဖြင့်
Apprenticeship

6 comments:

က+ဗျာ+လှည်း October 19, 2009 at 9:07 AM  

အင်း... ဘာအတွက်လဲ။ မမေ့အောင် ခဏခဏ မေးမှ ဖြစ်မယ်။ :)

လသာည October 19, 2009 at 9:43 AM  

အင်း.. ရှင်သန်ခြင်းက ဘာအတွက်လဲ...???
မသိဘူး မေမေကမွေးလိုက်ပြီးကတဲက လူအဖြစ်ရှင်သန်လာရတယ်။

ဘာအတွက် ဆက်လက်ရှင်သန်ချင်တာလဲ????
မသိဘူး.. ဒါပေမဲ့ ရှင်သန်နေချင်သေးတယ်။ အဓိပ္ပါယ်ရှိစွာ။

ဘယ်လို အဓိပ္ပါယ်ရှိစွာလဲ..???

မသိဘူး..ဒါပေမဲ့ ကိုယ်နှစ်သက်ရာကို လုပ်ရင်း ရှင်သန်ချင်တာလို့ ထင်တာပဲ..

ကိုယ်နှစ်သက်ရာကိုလုပ်ဖို့အတွက် ရှင်သန်ချင်ရုံနဲ့ ပြီးသလား..?

မသိဘူး..ဒါပေမဲ့ ရှင်သန်ခြင်းအနှစ်သာရတစ်ခုတော့ ရသွားမယ်ထင်တာပဲ..

ဒါဆို.. ရှင်သန်ခြင်းအနှစ်သာရဆိုတာ..ဘာလဲ..???

သိသလိုလိုနဲ့ မသိဘူး.. APကို ပြန်မေးလိုက်ဦးမယ် :D

ကိုယ့်ဘာသာမေးရင်းမေးရင်း ခြာလည်လည်သွားလို့ AP မင်းရှင်းပေးမှ ဖြစ်တော့မယ်။

watashi wa genki da yo! Arigatoo.

ဒီပို့စ်လေးက အတွေးတစ်ခုတော့ရသွားပြီ.. ကောင်းတယ်။

သိင်္ဂါကျော် October 19, 2009 at 11:18 AM  

တရားမရှိပဲ အသက် ၁၀၀ နေရခြင်းထက် တရားဖြင့် ၁ရက် ရှင်ရခြင်းက မြတ်၏ တဲ့။
အဓိပ္ပါယ် ရှိစွာ ရှင်သန်နိုင်အောင် ကြိုးစားရမှာပါ။

အနော် October 20, 2009 at 10:59 PM  

အသက်ရှင်သန်နေတာ ဘာအတွက်လဲဆိုတာတော့ မတွေးမိဘဲ သေရင် ငါ ဘယ်ရောက်သွားမှာပါလိမ့် ဆိုတာကိုတော့ ခန ခန တွေးမိတယ် တရားမရှိတဲ့သဘောပေါ့ကွာ
အခုမှ ဒီပို့စ်လေး ဖတ်ပီး ရှင်သန်မှုဟာ ဘာအတွက်လဲဆိုတာကို စဉ်းစားမိတော့ တော်တော်လေး လန့်သွားမိတယ်
အဓိပ္ပာယ်ရှိတဲ့ အသက်ရှင်မှုမျိုးဖြစ်အောင်တော့ ကြိုးစားရမယ် :)

Min Myat Soe November 5, 2009 at 7:04 AM  

မှတ်သားသွားပါတယ်ဗျာ

သျှင် December 9, 2009 at 6:37 AM  

Apprenticeship ဆိုတဲ့ဘလော့လေးကို နာမည်ကြားရုံနဲ့ စိတ်ဝင်စားလို့ ကျော်ခွပြီး လာလည်သွားပါတယ်ရှင့်....စာတွေလာဖတ်သွားပါတယ်..ရွှင်လန်းချမ်းမြေ့ပါစေရှင်
Cbox မှာ ကောမန့် ပေးလို့ မရလို့ error ပြလို့ ဒီမှာလာပေးသွားပါတယ်

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)