Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

Paradoxes

သြော်...... အားလုံး ပြောင်းပြန်တွေပါလား!

တချို့က ဘိသိကံ္ခအောင်ပွဲအတွက် ပျော်ရွှင်ကခုန် နေတယ်။
တချို့က နေ၀င်တော့မယ့် အင်ပါရာအတွက် ငိုကြွေး နေတယ်။

တချို့က လက်နက်ကြီးတွေထုတ်ပြီး အမြတ်ရှာတယ်။
တချို့က တစ်ချို့က အဲဒီလက်နက်တွေကြောင့် သွေးချောင်းစီးရတယ်။

တချို့က စစ်အောင်ဖို့ စစ်နည်းဗျူဟာ ထုတ်နေတယ်။
တချို့က ငြိမ်းချမ်းရေးအတွက် နည်းလမ်းရှာနေကြတယ်။

တချို့က ဂြိုလ်တုကတဆင့် ကမ္ဘာ့လူသားတွေ အကြောင်းလေ့လာတယ်။
တချို့က မြေအောက်ကျင်းတွေ တူးပြီး ပုန်းအောင်းမယ့် နေရာရှာတယ်။

တချို့က Internet ကိုအသုံးပြုပြီး အသိပညာတွေ ဖြန့်ဝေတယ်။
တချို့က အိမ်တံခါး သော့ခတ်ပြီး တိတ်တိတ်လေး ကြံတယ်။

တချို့က လူအချင်းချင်းလေးစားဖို့ မေတ္တာ တရားဟောတယ်။
တချို့က မိသားစု အချင်းချင်းသတ်နေကြတယ်။

တချို့က ဈေးကွက် စီးပွားရေး စနစ်ကြောင့် သန်းကြွယ်တွေ ဖြစ်ကုန်တယ်။
တချို့က အိုးအိမ်မဲ့ ဘ၀ရောက်သွားတယ်။

တချို့က နယူကလီးယား စမ်းသပ်မှုရဲ့ ဆိုးကျိုးအတွက် လမ်းပေါ်ထွက် ဆန္ဒပြတယ်။
တချို့က နယူကလီးယားရဲ့ ဖေါက်ခွဲအားကို အားကိုးချင်တယ်။

တချို့က လွတ်လပ်မှုအတွက် တိုက်ပွဲဝင်တယ်။
တချို့က လွတ်လပ်မှုကို ချုပ်ကိုင်ထားတယ်။

အမှားတွေများနေတဲ့ ခေတ်မှာ အမှန်တရားက မျက်နှာမရဘူး။
ရိုးသားမှု မထွန်းကားတဲ့ခေတ်မှာ ရိုးသားတဲ့လူက အရူးလုပ်ခံရတယ်။
အကျိုးအမြတ်ကိုပဲ ရှေးရှုတဲ့ လူတွေကြားမှာ ပရဟိတ အလုပ်တွေက ကဲ့ရဲ့ခံရတယ်။
သြော် အားလုံး ပြောင်းပြန်တွေပါလား။


I got the picture from here.

12 comments:

ဆိုးသွမ်း January 17, 2009 at 2:44 PM  

တစ်ချို့က....တစ်ချို့က

ဘာပြောရမှန်းမသိတော့ဘူး ဟီး

Anonymous January 18, 2009 at 12:40 AM  

ထိုကဲ့သို့ တွေးခေါ်ဉာဏ်ရှိသော ခြေနှစ်ချောင်းသတ္တ၀ါကို လူဟု ခေါ်တွင်လေသတည်း။

မောင်ဖားကြီး January 19, 2009 at 5:34 AM  

ဘာတွေပဲ ဖြစ်ဖြစ်ဗျာ လူငယ်တစ်ယောက်ရဲ့ ရိုးသားတဲ့စိတ်နဲ့ ငြိမ်းချမ်းရေးကို ချစ်ပါတယ်... သမိုင်းမှာ အမှိုက်မဖြစ်ခဲ့ရင် တော်ပါပြီလေ

RePublic January 19, 2009 at 7:11 AM  

တစ်ချို့က .. ဟုတ်တယ်
တစ်ချို့က .. မဟုတ်ဘူး

Anonymous January 20, 2009 at 11:57 AM  

AP ----
မရောက်ဖြစ်တာကြာပြီ---
နေမကောင်းလို့ပါ---
အတိုးချပြီးစာတွေဖတ်သွားပါတယ်--
အစစအရာရာ အဆင်ပြေပါစေ---

ဇင်ယော် January 20, 2009 at 4:02 PM  

တချို.က မျက်လုံးပါပေမယ့် မမြင်ကြဘူး။ဒါပေမယ့် တိမ်စွဲနေပေမယ့် မြင်နေသေးတဲ့ မျက်လုံးတွေ ရှိသတဲ့။တချို.က နားပါပေမယ့် မကြားနိုင်ဘူး။
ဒါပေမယ့် ကန်းစပြုနေတဲ့ နားတချို.ကတော့ ကြားရတယ်တဲ့။တချို.ကတော့ ဦးနှောက်ပါပေမယ့် မတွေးတတ်ကြဘူး။ဒါပေမယ့် ကျပ်မပြည့်ဘူးလို့  အပြောခံရတဲ့သူတွေရဲ့အတွေးက တခါတလေကျ ဟုတ်လို့ ။တချို.ကတော့ အားလုံးပါပေမယ့် ............... ဘယ်လို ဆက်ပြောရပါ့ .................... :P

Welcome January 20, 2009 at 7:17 PM  

နက်မကောင်းလို့ မရောက်ဖြစ်ဘူး။
မှတ်သားစရာလေးတွေ ဖတ်သွားတယ်။
အဆင်ပြေ ပျော်ရွှင်နိုင်ပါစေ

အောင်မြေ January 20, 2009 at 7:18 PM  

စာတွေ လာလာဖတ်ဖြစ်တယ်။
ပညာပေးစာတွေအတွက် ကျေးဇူးတင်တယ်။
ဆက်လက်ရေးသားနိုင်ပါစေ

Mhaw Sayar January 22, 2009 at 9:22 PM  

တစ်ချို့ Parading တွေထဲ
တစ်ချို့ Paradox တွေ အကြောင်း
တစ်ချို့ လူတွေ ရေးပြလိုက်တော့
တစ်ချို့က သိပ်ကြိုက်ကြမယ် မထင်ဘူး။

ဒါပေမယ့်
တစ်ချို့ အမှန်တရားတွေဟာ
ထင်သာမြင်သာ ရှိလှကြောင်းကိုတော့
အဲဒီ တစ်ချို့လည်း မငြင်းနိုင်ကြပါဘူးလေ။

Kaung Kin Ko January 24, 2009 at 2:07 AM  

ကဗျာ ကောင်းလိုက်တာ ခင်ဗျာ။

Anonymous January 25, 2009 at 12:24 AM  

ဘယ်လိုပဲဖြစ်ဖြစ် ဆက်ပြီး ရိုးသားကြပါစို.။

December Cinderella January 30, 2009 at 7:36 AM  

AP ရေ ..
အဲ့ဒီ တချို့တချို့တွေထဲ
ငါတို့တွေ ..
တတ်နိုင်သလောက် ရိုးသားရင်း
ငါတို့ချစ်တဲ့ မြေနဲ့ ငါတို့ချစ်တဲ့ မောင်နှမတွေအတွက်
ကောင်းနိုင်သမျှ ကောင်းချင်တယ် ..

ကျေးဇူးပါဟာ ..
ဒီ Post လေးအတွက် ..

ခင်တဲ့
Cinderella

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)