Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

Now I know

အခုတော့ ကျွန်မသိပြီ

ကျွန်မ အလယ်တန်းနဲ့ အထက်တန်းကျောင်းသူ ဘ၀တုံးကပေါ့…. စီးပွားရေးနဲ့ ခရီးရှည်ထွက်နေတတ်တဲ့ အကိုနဲ့ယောင်းမက သူ့သားသမီးတွေနဲ့ ကျွန်မကို ထိန်းကျောင်းဖို့ ကျွန်မရဲ့ဒုတိယ အမကြီးကျောင်းဆရာမကို အုပ်ထိန်းသူ အဖြစ်ထားသွားတယ်။ အမလဲ ကျူရှင်တစ်ဖက် ကျွန်မနဲ့ တူ၊သူမတွေလဲ ကျောင်းတက်ဆိုတော့ အိမ်မှာ ထမင်းချက်၊ အိမ်မှုကိစ္စတွေ လုပ်ဖို့ အကူလေးပါ ငြားထားပေးတယ်။ များသောအားဖြင့် ရွာက လာကူပေးနေတဲ့ သူတွေပေါ့။ အကူဆိုပေမဲ့ ကျွန်မတို့ စားတဲ့ စားပွဲဝိုင်းတစ်ခုထဲမှာပဲ အတူစား၊ လခအပြင် အ၀တ်အထည်တွေလဲ ဆင်တော့ သူတို့လေးတွေ ကျွန်မတို့အိမ်မှာ နေတာ ပျော်ပါတယ်။ အိမ်ကို ရောက်တာလဲ မကြာ "ရီမုတ်" တီဗီအဖွင့်အပိတ်နဲ့ တစ်ခြားမြို့ပြရဲ့ အရသာကို သူတို့နှစ်ခြိုက်စွာ ခုံမင်တတ်လာကြတယ်။ ချက်လိုက်ပြုတ်လိုက်နဲ့ အားလုံးက သူတို့လက်ထဲမှာမို့ ရောက်တာ သိပ်မကြာဘူး။ ပိန်းချုံးနေတဲ့ သူတို့က အသားအရေတွေ ပြည့်လာပြီး ပါးလေးတွေက နီရဲရဲနဲ့ ချစ်စရာ ပိုးကောင်းလာတတ်ကြတယ်။ သူတို့တွေလဲ အိမ်သားတွေလိုဖြစ်နေတဲ့ ကျွန်မတို့နဲ့ နေရတာ ပျော်ပါတယ်။

ဒါပေမယ့် ပြသနာက မကြာခဏ သူတို့ ရွာဆီ ခဏပြန်မယ်လို့ ပြောပြီး ပေါ်တော် မမူတော့တာများပါတယ်။ ကျွန်မတို့လဲ အိမ်မှာ အလုပ်ကူလုပ်မဲ့ သူမရှိတော့ ကျောင်းသွားကျောင်းပြန် ကျူရှင်တွေနဲ့ အဆင်မပြေဘူးပေါ့။ ဒါနဲ့ ကျွန်မအိမ်ကို လာကူတဲ့ ကောင်းမလေးတွေကို ကျွန်မမေးကြည့်တယ် ဒီအိမ်မှာ နေရတာ မပျော်ဘူးလား? ငါတို့နဲ့နေရတာ ရွာမှာလို ယာတော်ထဲ ပင်ပင်ပန်းပန်းလဲ လုပ်စရာမလိုဘူး။ အိမ်အလုပ်လေးပြီးတော့ နင်ကြိုက်တဲ့ ဇတ်ကားတွေကြည့် တစ်နေ့တစ်နေ့ ပျင်းရတယ်ဆိုတာ မရှိပါဘူး။ အစားအသောက်ကောင်းတွေနဲ့ အလုပ်ပင်ပင်ပန်းပန်း လုပ်စရာမလိုတော့ နင့်အသားအရည်တွေလဲ ၀င်းလဲလို့။ အ၀တ်အစား အသစ်တွေနဲ့ လှလှပပလည်း နေနိုင်တယ်။ မင်းရတဲ့ လခတွေနဲ့ မင်းမိဘတွေကို ကူညီနိုင်တယ်။ ဒီလောက် အပူအပင် အကြောင့်အကြကင်းပြီး နေနိုင်တာ ဘာကြောင့် ရွာကို ပြန်ချင်ရတာလဲလို့မေးတော့ သူစဉ်းစားရခက်သွားတဲ့ ပုံနဲ့ အတော်ကြာငြိမ်သွားတယ်။ ပြီးတော့ တွေဝေနေတဲ့ပုံနဲ့ ကျွန်မကို ပြန်ပြောတာဖြင့် မသိဘူးကွာ… ဒါပေမယ့် "ကျွန်မအိမ်ပြန်ချင်တယ်တဲ့။"

အရင်တုံးကတော့ သူ့အဖြေကို ကျွန်မနား ကောင်းကောင်း မလည်ခဲ့ဘူး။ ဒါပေမယ့် အခုတော့ ကျွန်မ သေချာစွာ နားလည်ခဲ့ပြီး တိုးတက်ပါတယ် ပြည့်စုံပါတယ် ဆိုတဲ့ အရာအားလုံးကို စွန့်ပြီး "ကျွန်မ အိမ်ပြန် ချင်နေမိလို့ပေါ့။"
စာကြွင်း။ ။(အခုတလော စာကပိ နေကမကောင်းဆိုတော့ ဘားမှ မရေးဖြစ်ဘူး။ ဒီညတော့ အကြွင်းမဲ့ ချစ်ခြင်း၊ နားလည်ခြင်းတွေနဲ့ ကျွန်မရဲ့ ဖြစ်တည်မှုကို ချစ်တဲ့ အမေနဲ့ အိမ်သားတွေကို အရမ်းလွမ်းမိလို့ ဒီစာထိုင်ရေးနေခဲ့တာပါ။)


10 comments:

NBWISAM March 8, 2009 at 10:09 PM  

Super cub mawdaw sengke n nga tim, hkumpa kap ai japan hkyep din ni hte bai li bai la pyaw taw ai nam kahtawng kaw na ni a namchyim hpe ngai mung hkam sha yu sai.

Prat tup gaw hkum nga le. Aten du jang gaw bai wa rit yaw.

Beijing hwa yin ni nga ai zawn, Myitkyina mung Hkap Tau La Ga Ai.

Ngwi Pyaw Nga U Ga.

ညိမ်းညို March 12, 2009 at 1:48 PM  

ဟုတ်တယ်ဗျာ
အိမ်လွမ်းစိတ်ဟာ ကျနော်တို့ထဲမှာ ကိန်းအောင်နေကြပြီး
ခဏခဏလဲ ပေါ်လာတတ်တယ်ဗျာ

အဆင်ပြေ ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ

Anonymous March 12, 2009 at 7:34 PM  

အချိန်တန်တော့ အိမ်ပြန်ကြရမှာဆိုတဲ့ မျှော်လင့်ချက်
ပျော်ရာမှာမနေ တော်ရာမှာနေ စသဖြင့် ... စသဖြင့် ... စိတ်တွေ ရှိကြပေမဲ့ ကိုယ့်အိမ်လောက် ဘယ်အရာမှ ကြီးကျယ် ခမ်းနားခြင်း မရှိတာတော့ သေခြာတယ်နော့ .... လွမ်းတယ်...ငါလည်း နင့် စာလာဖတ်မှ ပို လွမ်းသွားတယ်...

အရုပ်ကလေး March 13, 2009 at 7:22 AM  

အိမ်နဲ့ ဝေးနေသူတွေဆိုတော့ .. အလွမ်းဓါတ်ခံတွေ
ကိန်းအောင်းစမြဲပါ ..
ဖြစ်တည်နေတဲ့ ဘ၀မှာ
ဖြစ်ချင်တာ မိဘနဲ့ နီးချင်ပေမယ့်
ဖြစ်နေတာက ဝေးနေရတော့ စာလေး ဖတ်ပြီး
ကျွန်တော်လည်း မိဘအိမ်ကို သတိရသွားတယ် ..။

Anonymous March 13, 2009 at 10:04 PM  

မြန်မာပြည်ကို အရင်က ဒီလောက်ချစ်မှန်းမသိပါ။
အခုတော့ စဉ်းစားမိတိုင်း မျက်ရည်လည်ပြီး အိမ်လွမ်းစိတ်က ဘယ်လိုမှဖျောက်ပျက်ပစ်လို့မရ.....
ဝိုင်ဝိုင်းသီချင်းလေး ဖွင့်ကြည့်....အလွမ်းပြေ....
ပိုလွမ်းသွားရင်တော့...ဟီ....ဟိ...AP ရေ ခွင့်လွှတ်...
http://www.youtube.com/watch?v=OwGg2IBn7Sg

ရွှေပြည်သူ (ShwePyiThu) March 14, 2009 at 11:30 AM  

မ Apprenticeship ရေ... ဟုတ်တယ် အရင်ကဆို ကျွန်မလည်း သူပြောတာကို နားလည်မှာ မဟုတ်ဘူး... အခုတော့ ထပ်တူထပ်မျှ ခံစားနေရပါပြီ... နောက်ပြီး ကိုအညတရ ပြောသွားသလိုပဲ အဝေးမှာ နေရမှ ကိုယ့်တိုင်းပြည်ကို ဘယ်လောက်ချစ်သလဲဆိုတာပါ ပိုပြီး သိသိသာသာ မြင်လာရပါတယ်...

ရိုးမြင့်အောင် March 15, 2009 at 4:50 PM  

ရပြီ... အဖော်တစ်ယောက်တော့...။ အိမ်လွမ်းသူ ဂိုဏ်းဖွဲ့မလို့...။

အိမ်ပြန်ချင်တယ်... ဟူး... ဝူးး... အနွေးထွေးဆုံးအမေ့အိမ်...။ (ထူးအိမ်သင် သီချင်းနော်) :D :)

မသက်ဇင် March 18, 2009 at 8:04 PM  

လွမ်းနေသူကို ပိုလွမ်းအောင်ရေးတယ်နော်--

မသက်ဇင် March 23, 2009 at 11:34 AM  

အသစ်ထပ်ရေးအုံးလေ---
မျှော်နေတယ်--

Anonymous June 9, 2009 at 4:38 AM  

ဟုတ်တယ်ဗျ အရင်က ကျနော်တို့မှာလဲ အကူရှိခဲ့ဖူးတယ် အဲလိုပဲ ခဏခဏ ပြန်ကြတယ်
နားမလည်နိုင်ဘူး...... ခုတော့ ကျနော်တို့တတွေ သူများနိုင်ငံရောက်မှပဲ သူတို့စိတ်ထဲ ဘာတွေ ခံစားရတယ်ဆိုတာ နားလည်လာပြီဗျာ.....။ ရုပ်ဝတ္ထုပစ္စည်းတွေ ဘယ်လောက်ပဲ ပြည့်စုံပါစေ အမေနဲ့ရွာကိုတော့ လွမ်းမြဲပါပဲဗျာ... အဲဒီလို သုံးရလေ ပိုလွမ်းလေလို့ ပြောရင် ပိုမှန်မလားမသိဘူးဗျာ..

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)