Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

ဘယ်သူ ညဏ်ပိုကောင်းလဲ


I got this photo from here.

မွေးကင်းစ ကလေးငယ်များဉ် Nerves ဆဲလ် သိန်း ၁၀၀ ကျော်ပါကြောင်း၊ လည်းကောင်းသိန်း ၁၀၀ ကျော်သော Nerves များသည် လူတစ်ယောက်သက်တမ်းတွင် အများဆုံးရှိနိုင်သော အရေအတွက်ဖြစ်ကြောင်း သိပ္ပံပညာရှင်များဧ။် တွေ့ရှိချက်အရ သိရှိရပါသည်။ ယင်း Nerves များဧ။် ဖွံ့ဖြိုးမှုဖြစ်စဉ်ကို မွေးကင်းစမှ အသက် ၁၀နှစ်အထိသာ ဖွံ့ဖြိုးနိုင်ပြီး မွေးကင်းစမှ အသက် ၂ နှစ် အရွယ်ရှိ ကလေးများတွင်မူ ဖွံ့ဖြိုးမှု အကောင်းဆုံးဖြစ်ကြောင်း ရင်သွေးငယ်များ ဖွံ့ဖြိုးမှုကို လေ့လာသော ပညာရှင် Marriosn ဧ။် သုသေတနများ အရသိရှိ ရပါတယ်။ ၀မ်းနဲစရာကောင်းသည်မှာ လည်းကောင်း Nerves ကြောများဧ။် ဖွံ့ဖြိုးမှု ဖြစ်စဉ်တလျှောက်မှာမှာ ဖွံဖြိုးမှု မရှိသော Nerves ကြောများမှာမူ ခြောက်သွေ့ သေဆုံးသွားကြောင်းကို လဲ Marrison ဧ။် သုသေတနများကပင် သက်သေပြခဲ့ ပါသည်။

Nerves ကြောများဧ။် ဖွံဖြိုးမှု ဆိုသည်မှာ သိန်း ၁၀၀ ကျော်သော Nerves များ တစ်ခုနှင့် တစ်ခု ဆက်စပ်သွားခြင်းကို ဆိုလိုခြင်းဖြစ်သည်။ မွေးကင်စမှ ၁၀နှစ်အတွင်း Nerves ဆဲလ်များများ ဆက်ခွင့်ရလိုက်သော ကလေးများသည် အခြားကလေးများထက် ညဏ်ရည်ပိုကောင်းပြီး တွေးခေါ်မှုများကို ပိုမိုလုပ်နိုင်သည့် ထူးချွန်ထက်မြတ်သော ကလေးများဖြစ်လာ နိုင်မည်ဖြစ်ပါသည်။ လူသားတိုင်းတွင် မှတ်နိုင်မှု ခွန်အား အတူတူလောက်ပင်ရှိသည်။ သို့ရာတွင် တစ်ချို့လူများသည် လူတော်ဟု သတ်မှတ်ခံရြ့ပီး တချို့လူများမှာမူ လူညံ့များအဖြစ် ခေါ်ဝေါ်သမုတ်ခြင်း ခံရခြင်းသည် ထို Nerves ကြောများဧ။် ဆက်သွယ်မှု များများရှိမရှိတွင် မူတည်ခြင်းသာ ဖြစ်ပါသည်။

ယင်း Nerves ကြောများဧ။် ဆက်သွယ်မှု (၀ါ) ဖွံ့ဖြိုးမှု ဖြစ်ရန် ကလေးငယ်များ နေထိုင်သော အိမ်၊ ကစားကွင်း၊ ပတ်ဝန်းကျင်နှင့် ထိတွေ့ ဆက်ဆံခြင်းများ တဆင့် ဖြစ်ပွားကြောင်း သိရှိရပါသည်။ ထို့ကြောင့် ငယ်ရွယ်နုနယ်သော ကလေးများနှင့် ထိတွေ့ဆက်ဆံမှု ပြုနေသော မိဘ မောင်နှမများ၊ ဆရာဆရာမများနှင့် နေ့ကလေးထိန်းတာဝန်ခံများ အနေဖြင့် ဆဲလ်ဖွံဖြိုးမှု များများ လုပ်ပေးနိုင်သော ထိတွေ့ ဆက်ဆံမှုတွေကို ဖန်တီးပေးနိုင်သော သင်ခန်းစား၊ ကစားနည်းများ အားစနစ်တကျ အသုံးပြုရန် အလွန်ပင် အရေးကြီးလှ ပါသည်။

ငယ်ရွယ်သော ကလေးများသည် အပြစ်ကင်းစင်ပြီး သင်ယူတတ်မြောက်ရန် အလွန်လွယ်ကူသော အချိန်ဖြစ်သည်။ ဘ၀တစ်တွင် မည်သို့ အသက်ရှင်နေထိုင်သင့်ကြောင်းကို သူတို့ကို အုပ်ထိန်းသော မိဘ၊ ဆရာ/မ နှင့် နေထိုင်ရာ ပတ်ဝန်းကျင်များ မှတဆင့် လေ့လာသင်ယူ လေ့လာနေသော အချိန်လည်းဖြစ်သည်။ ထို့ကြောင့် လုံခြုံနွေးထွေး၊ ပျော်ရွှင်စရာကောင်းသော ပတ်ဝန်းကျင်နှင့် ကျန်းမာရေးဖြင့် ညီညွတ်သော လူမှု ၀န်းကျင်သည် ငယ်ရွယ်သောကလေးများ အတွက် မရှိမဖြစ်လိုအပ်သော အရာများဖြစ်သည်။
ပျော်ရွှင်စရာကောင်းသော မိဘအသိုင်းအ၀ိုင်းနှင့် ပတ်ဝန်းကျင်မှ ကြီးပြင်းလာသော ကလေးများသည် လူမှုရေးနယ်ပယ်၊ စိတ်ကျန်းမာရေး၊ နှင့် ပညာရေးဘက်တွင် အများထက် သာလွန် ကျွမ်းကျင်လိမ္မာသော သူများဖြစ်လာကြမည်မှာ အေကန်အမှန်ပင်ဖြစ်သည်။

အချုပ်အားဖြင့် ဆိုရသော လုံခြုံနွေးထွေးပြီး ပျော်ရွှင်စရာကောင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော ပတ်ဝန်းကျင်သည် ကလေးငယ်များဧ။် ဦးနှောက်ဖွံ့ဖြိုးမှု ဖြစ်စဉ်တွင် အလွန်အရေးကြီးသော အခန်းဏ္ဍတွင် ပါဝင်သဖြင့် ထိုသို့သော ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ရန် မိဘ၊ဆရာများဧ။် တာဝန်ပင်ဖြစ်ပါတော့သည်။ ကလေးတစ်ဦးဧ။် ညာဏ်ရည် တိုးတက်မှုသည် အုပ်ထိန်းသူမိဘ၊ ဆရာဆရာမများ လက်တွင်ရှိသောကြောင့် လည်းကောင်းကလေးများနှင့် ထိတွေ့ဆက်ဆံရသော သူများအနေဖြင့် အလွန်ပင် ဂရုပြု စောင့်ရှောက် ခြင်းဖြင့် ကြယ်ပွင့်လေးများ တောက်ပလာစေဖို့ မျော်ကိုးရင်း မျှဝေလိုက်ပါတယ်။

လူတော်လေးတွေမွေးထုတ် ပေးနိုင်တဲ့ ဖေဖေမေမေတွေ ဖြစ်လာကြပါစေ... သူငယ်ချင်းတို့ရေ...
မေတ္တာဖြင့်... Apprenticeship

5 comments:

လသာည August 20, 2009 at 8:55 AM  

လာစောင့်ဖတ်နေသူဆိုတော့ တစ်.. ဖြစ်သွားပြန်ပြီ :P

ဒီပို့စ်လေးကို ဖတ်ရတာ တို့ အတွက် တော်တော် ဗဟုသုတ ရသွားတယ်။ လောလောဆယ် child psychologyကို ဖတ်နေချိန်မိုလို့ ..။ ကျေးဇူးနော်။ တစ်ပုဒ်ဆို ဆိုသလောက်ပါပဲ. အရမ်းတော်၏..:D

အနော် August 20, 2009 at 11:35 AM  

အဲ့တာကြောင့် လက်ဦးဆရာလို့ မိဘတွေကို ခေါ်တာနော်
ကလေးငယ်လေးတွေရဲ့ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုဟာ အုပ်ထိန်းသူမိဘနဲ့ ဘေးပတ်ဝန်းကျင်ပေါ်မှာ အများကြီး မူတည်နေတာပဲ
ဗဟုသုတု ပညာရတဲ့ ပို့စ်လေးကို မှတ်သားသွားပါတယ်နော်

မောင်ဖားကြီး August 21, 2009 at 9:49 AM  

ဗဟုသုတ ပွားရပါကြောင်း AP ရေ

ဧရာဝတီသား August 23, 2009 at 1:26 PM  

သိပ်တန်ဖိုးရှိတဲ့ ပိုစ့်လေးပါပဲဗျာ။ မအားတဲ့ ကြားထဲကနေ အခုလို ဗဟုသုတတွေကို ရှာဖွေ ဝေမျှပေးနေတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။
လက်ဦးဆရာဖြစ်တဲ့ မိဘတွေနဲ့၊ ကန့်ကူလက်လှည့် ငယ်ဆရာ တွေဟာ ကလေးတွေရဲ့ တစ်ဘ၀လုံး အတွက်သိပ်ကို အရေးပါတာ ပေါ့ဗျာ။
(ကလေးတိုင်းရဲ့ အနာဂတ် လှပနိုင်ကြပါစေ ...)

ရွှေပြည်သူ (ShwePyiThu) September 13, 2009 at 9:07 AM  

မ Apprenticeship ရေ... တကယ်ကို မှတ်သားစရာပါပဲ။ တပုဒ်ဆို ဆိုသလောက် အမြဲမှတ်စရာ ဗဟုသုတတွေရလို့ ကျေးဇူးအမြဲ တင်နေရပါတယ်...

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)