Posted by
Apprenticeship
at
Monday, October 19, 2009
Q* ဆေးကျောင်း စာသင်ခန်းတစ်ခုရဲ့ စာသင်နှစ်ပထမဆုံးနေ့မှာ professor ဖြစ်သူက သူ့တပည့်တွေကို ဘာလို့ ဒီစာသင်ခန်းထဲ ရောက်လာကြောင်းမေးတော့
A* သမာရိုးကျပါပဲ ကျောင်းသားလေးက ဆရာဝန်ဖြစ်ချင်လို့လို့ ခပ်သွက်သွက်လေးဖြေလိုက်တယ်တဲ့။ Q* အဲဒီတော့ Professor ကဘာလို့ ဆရာဝန်ဖြစ်ချင်တာလဲလို့ ပြန်မေးတော့ A* အရင်ဖြေသွားတဲ့ ကျောင်းသားလေးကပဲ လူတွေရဲ့ အသက်ကိုကယ်ချင်လို့လို့ ပြန်ပြောတယ်တဲ့။ Q* အဲဒီတော့ Professor ကဘာလို့လူတွေရဲ့ အသက်ကို ကယ်ချင်ရတာလဲလို့ ပြန်မေးတော့ A* ကျောင်းသားလေးက ခပ်လွယ်လွယ်လေးပဲ အသက်ရှည်စေချင်လို့လို့ ပြန်ပြောတယ်တဲ့ Q* အဲဒီတော့ ဆရာက ဘာလို့ အသက်ရှည်စေချင်တာလဲ အသက်ရှည်လို့ကော ဘာထူးမှာလဲလို့ ပြန်မေးတယ်တဲ့ A* ဒီတစ်ခါတော့ ကျောင်းသားလေး နုတ်ပိတ်သွားရှာတယ်တဲ့လေ..... တကယ်တော့ အသက်ရှင်သန်ဖို့ထက် မိမိအသက်ရှင်သန်ခြင်းရဲ့ အနှစ်သာရကို ရှာဖွေမိဖို့ ပိုအရေးကြီးတယ်မဟုတ်ပါလား။ I got this picture from
here. ၀န်ခံချက်။ ။ ဒီစာကို ဘုရားရှိခိုးကျောင်းက ဝေတဲ့ စာရွှက်တစ်ခုမှာ ဖတ်မိတာပါ။ အဲဒီထဲမှာတော့ ပရောဖက်ဆာက ခရစ်ယာန်မို့ လူ့အသက်ကို ကယ်ဖို့ထက် ၀ိညာဉ်ကို ကယ်တင်နိုင်ဖို့ ပိုအရေးကြီးကြောင်း သူ့တပည့်လေးကို တင်ပြသွားတာပါ။ အားလုံးအတွက်အကျုံးဝင်ဖို့ မြန်မာမှုပြု ဘာသာပြန်ထားပါတယ်။ တင်ပြသွားတဲ့ အဓိက အကြောင်းအရာ "ရှင်သန်ခြင်းက ဘာအတွက်လဲဆိုတဲ့" မေးခွန်းလေးက လူတိုင်းစမ်းစစ်သင့်တဲ့ မေးခွန်းတစ်ခု မဟုတ်ပါလား??? ဒီမေးခွန်းလေးက သာမန်လေးပါပဲ ဒါပေမယ့် လျှောက်နေရင်း လွဲချော်နေတတ်တဲ့ လောကကြီးမှာ ဆရာဝန်တွေသာမက ဘယ်သူမဆို မိမိရပ်တည်ချက်ကို ပြန်ပြန်စမ်းစစ်ရင်း ဘ၀ပန်းတိုင်ရှာတွေ့ပီးသားလူတွေ အတွက်တော့ အားမန်းထပ်လောင်း ရှေ့သို့ချီဖို့ပေါ့နော်။ မရှာတွေ့သေးသူတွေလဲ ရှာဖွေတွေ့ရှိနိုင်အောင် ဒီမေးခွန်းလေးက လမ်းပြနိုင်မလားလို့ပါ။ မေတ္တာဖြင့် Apprenticeship
Posted by
Apprenticeship
at
Sunday, September 20, 2009
စက်တင်ဘာလ ၂၁ ရက်နေ့ဟာ ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ ဖြစ်ပါတယ်။ စစ်တိုက်နေတဲ့ နိုင်ငံတွေလဲ ၂၄ နာရီအပစ်အခတ်ရပ်ပီး ငြိမ်းချမ်းရေးနေ့ကို ဆင်နွဲကြဖို့ UN က နိုးဆော်ကျင်းပခြင်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူသားများအားလုံး ငြိမ်းချမ်းရေးကို တန်ဖိုးထား မြတ်နိုးတတ်ပြီး ၊ လူသားအချင်းချင်း အပြန်အလှန် စာနာနားလည်ဖို့ ၊ အပြန်အလှန် လေးစားချစ်ခင်ပြီး ငြိမ်းချမ်းစွာ အတူလက်တွဲ နေထိုင်သွားနိုင်ဖို့ ရည်ရွယ်ပါတယ်။ ငါ့လူမျိုး ၊ ငါ့ယဉ်ကျေးမှု၊ ငါ့နိုင်ငံ၊ ငါ့ဘာသာတရား၊ ငါ့ယုံကြည်မှု့၊ ငါ့ အဖွဲ့ အစည်း အစရှိတဲ့ “ငါ” ဆိုတဲ့ အတ္တအစွဲတွေရဲ့ လောင်းရိပ် တစ်ဘက်မှာ ငြိမ်းချမ်းခြင်းဆိုတာ အမှန်တစ်ကယ် ဖြစ်တည်နေပါတယ်။ ကမ္ဘာ့လူသားအားလုံးရဲ့ မတူညီမှုတွေ အတွက် အငြင်းပွား၊ စစ်ခင်းနေကြမယ့် အစား အဲဒီ မတူညီမှုတွေထဲကနေ မတူညီတဲ့ အလှအပတရားတွေကို အတူခံစားကြရရင် ပိုမကောင်းဘူးလား…….? မေတ္တာတရားကသာ အနာဂတ် ငြိမ်းချမ်းမှု အတွက် တစ်ခုတည်းသော အဖြေပါ...။ ငါဆိုတဲ့ အတ္တစည်းဝိုင်း အပြင်ဘက်မှာရှိတဲ့ လူတစ်ဦးချင်းစီရဲ့ အခြားသူများအပေါ်၊ သတ္တ၀ါအားလုံးအပေါ်၊ ဒီကမ္ဘာမြေကြီး အပေါ် ထားတဲ့ မေတ္တာ တရားပေါ့နော်..။ တရားမျှတမှု့ဟာ ငြိမ်းချမ်းခြင်းရဲ့ ဖခင်ဆိုရင်မှားမယ်မထင်ဘူးနော်..။ တစ်ကယ်တော့ “ငါ” ဆိုတဲ့ လူသားအားလုံးတို့ဟာ ကမ္ဘာ့ မိသားစုဝင်တွေ မဟုတ်လား….? ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ စိတ်ဓာတ်တွေ ထားခဲ့ပြီး ကိုယ်လုပ်လိုက်တဲ့ လုပ်ဆောင်ချက်တွေရဲ့ နောက်ဆက်တွဲ ဖြစ်လာမယ့် ရလာဒ်(ဆိုး/ကောင်း)တွေ အတွက် တာဝန်ယူတတ်သူများဖြစ်ဖို့ အရေးကြီးပါတယ် ။ ကိုယ့်အသက်ရှင်ခြင်းကနေ သူတစ်ပါးရဲ့ အသက်ရှင် ရပ်တည်မှု့အပေါ် တန်ဖိုးထားလေးစား မြတ်နိုးတတ်တဲ့ မေတ္တာတရား လက်ကိုင်ထားနိုင်တဲ့ သူများဖြစ်အောင် ကြိုးစား အားထုတ်ကြရအောင်လား… ။ သူမှန်တယ် ငါမှန်တယ် ဆိုပြီး အငြင်းပွား စစ်ခင်းနေကြမယ့် အစား မေတ္တာတရားနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သွားကြရင် ပိုမကောင်းဘူးလား ? ငြိမ်းချမ်းခြင်းရဲ့ အနစ်သာရကို ခံစားနိုင်ပြီး ငြိမ်းချမ်းခြင်းကို သယ်ဆောင်ပေးနိုင်တဲ့ လူသားဆန်တဲ့ လူပီသတဲ့ လူသားများ ဖြစ်နိုင်ကြပါစေ… ကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေ…….. မေတ္တာစက်ဝိုင်း အတွင်းမှ လူသားအားလုံးကို လေးစားချစ်ခင်လျက်…. AP P.S>> ဒီပိုစ်လေးက မနှစ်က Peace One Day မှာရေးခဲ့တာပါ။ အခုထိ Mission Complete မဖြစ်သေးတဲ့အပြင် အသစ်တင်ဖို့လဲ ငြိမ်းချမ်းမှုအတွက် ကျွန်မရဲ့ခံစားချက်တွေ မျော်လင့်ချက်တွေ တစ်ထပ်ထဲကျနေသေးတဲ့အတွက် ဒီအဟောင်းလေးကိုပဲ ပြန်တင်လိုက်ပါတယ်။ မဖတ်သေးတဲ့ သူငယ်ချင်း တွေအတွက်တော့ အသစ်ပေါ့နော်...။ ငြိမ်းချမ်းရေးကို လူသားတိုင်းမျောင်လင့်တောင့်တကြပေမယ့် အခုထိ ခရီးမရောက်သေးတာ ရင်နာစရာပဲနော်။ သံလွင်ခက်နဲ့ ဂျိုးငှက်ငယ်လေးရေ... အမြန်အိမ်ပြန်လာပါတော့။
Posted by
Apprenticeship
at
Thursday, August 20, 2009
I got this photo from here . မွေးကင်းစ ကလေးငယ်များဉ် Nerves ဆဲလ် သိန်း ၁၀၀ ကျော်ပါကြောင်း၊ လည်းကောင်းသိန်း ၁၀၀ ကျော်သော Nerves များသည် လူတစ်ယောက်သက်တမ်းတွင် အများဆုံးရှိနိုင်သော အရေအတွက်ဖြစ်ကြောင်း သိပ္ပံပညာရှင်များဧ။် တွေ့ရှိချက်အရ သိရှိရပါသည်။ ယင်း Nerves များဧ။် ဖွံ့ဖြိုးမှုဖြစ်စဉ်ကို မွေးကင်းစမှ အသက် ၁၀နှစ်အထိသာ ဖွံ့ဖြိုးနိုင်ပြီး မွေးကင်းစမှ အသက် ၂ နှစ် အရွယ်ရှိ ကလေးများတွင်မူ ဖွံ့ဖြိုးမှု အကောင်းဆုံးဖြစ်ကြောင်း ရင်သွေးငယ်များ ဖွံ့ဖြိုးမှုကို လေ့လာသော ပညာရှင် Marriosn ဧ။် သုသေတနများ အရသိရှိ ရပါတယ်။ ၀မ်းနဲစရာကောင်းသည်မှာ လည်းကောင်း Nerves ကြောများဧ။် ဖွံ့ဖြိုးမှု ဖြစ်စဉ်တလျှောက်မှာမှာ ဖွံဖြိုးမှု မရှိသော Nerves ကြောများမှာမူ ခြောက်သွေ့ သေဆုံးသွားကြောင်းကို လဲ Marrison ဧ။် သုသေတနများကပင် သက်သေပြခဲ့ ပါသည်။
Nerves ကြောများဧ။် ဖွံဖြိုးမှု ဆိုသည်မှာ သိန်း ၁၀၀ ကျော်သော Nerves များ တစ်ခုနှင့် တစ်ခု ဆက်စပ်သွားခြင်းကို ဆိုလိုခြင်းဖြစ်သည်။ မွေးကင်စမှ ၁၀နှစ်အတွင်း Nerves ဆဲလ်များများ ဆက်ခွင့်ရလိုက်သော ကလေးများသည် အခြားကလေးများထက် ညဏ်ရည်ပိုကောင်းပြီး တွေးခေါ်မှုများကို ပိုမိုလုပ်နိုင်သည့် ထူးချွန်ထက်မြတ်သော ကလေးများဖြစ်လာ နိုင်မည်ဖြစ်ပါသည်။ လူသားတိုင်းတွင် မှတ်နိုင်မှု ခွန်အား အတူတူလောက်ပင်ရှိသည်။ သို့ရာတွင် တစ်ချို့လူများသည် လူတော်ဟု သတ်မှတ်ခံရြ့ပီး တချို့လူများမှာမူ လူညံ့များအဖြစ် ခေါ်ဝေါ်သမုတ်ခြင်း ခံရခြင်းသည် ထို Nerves ကြောများဧ။် ဆက်သွယ်မှု များများရှိမရှိတွင် မူတည်ခြင်းသာ ဖြစ်ပါသည်။ ယင်း Nerves ကြောများဧ။် ဆက်သွယ်မှု (၀ါ) ဖွံ့ဖြိုးမှု ဖြစ်ရန် ကလေးငယ်များ နေထိုင်သော အိမ်၊ ကစားကွင်း၊ ပတ်ဝန်းကျင်နှင့် ထိတွေ့ ဆက်ဆံခြင်းများ တဆင့် ဖြစ်ပွားကြောင်း သိရှိရပါသည်။ ထို့ကြောင့် ငယ်ရွယ်နုနယ်သော ကလေးများနှင့် ထိတွေ့ဆက်ဆံမှု ပြုနေသော မိဘ မောင်နှမများ၊ ဆရာဆရာမများနှင့် နေ့ကလေးထိန်းတာဝန်ခံများ အနေဖြင့် ဆဲလ်ဖွံဖြိုးမှု များများ လုပ်ပေးနိုင်သော ထိတွေ့ ဆက်ဆံမှုတွေကို ဖန်တီးပေးနိုင်သော သင်ခန်းစား၊ ကစားနည်းများ အားစနစ်တကျ အသုံးပြုရန် အလွန်ပင် အရေးကြီးလှ ပါသည်။ ငယ်ရွယ်သော ကလေးများသည် အပြစ်ကင်းစင်ပြီး သင်ယူတတ်မြောက်ရန် အလွန်လွယ်ကူသော အချိန်ဖြစ်သည်။ ဘ၀တစ်တွင် မည်သို့ အသက်ရှင်နေထိုင်သင့်ကြောင်းကို သူတို့ကို အုပ်ထိန်းသော မိဘ၊ ဆရာ/မ နှင့် နေထိုင်ရာ ပတ်ဝန်းကျင်များ မှတဆင့် လေ့လာသင်ယူ လေ့လာနေသော အချိန်လည်းဖြစ်သည်။ ထို့ကြောင့် လုံခြုံနွေးထွေး၊ ပျော်ရွှင်စရာကောင်းသော ပတ်ဝန်းကျင်နှင့် ကျန်းမာရေးဖြင့် ညီညွတ်သော လူမှု ၀န်းကျင်သည် ငယ်ရွယ်သောကလေးများ အတွက် မရှိမဖြစ်လိုအပ်သော အရာများဖြစ်သည်။ ပျော်ရွှင်စရာကောင်းသော မိဘအသိုင်းအ၀ိုင်းနှင့် ပတ်ဝန်းကျင်မှ ကြီးပြင်းလာသော ကလေးများသည် လူမှုရေးနယ်ပယ်၊ စိတ်ကျန်းမာရေး၊ နှင့် ပညာရေးဘက်တွင် အများထက် သာလွန် ကျွမ်းကျင်လိမ္မာသော သူများဖြစ်လာကြမည်မှာ အေကန်အမှန်ပင်ဖြစ်သည်။ အချုပ်အားဖြင့် ဆိုရသော လုံခြုံနွေးထွေးပြီး ပျော်ရွှင်စရာကောင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော ပတ်ဝန်းကျင်သည် ကလေးငယ်များဧ။် ဦးနှောက်ဖွံ့ဖြိုးမှု ဖြစ်စဉ်တွင် အလွန်အရေးကြီးသော အခန်းဏ္ဍတွင် ပါဝင်သဖြင့် ထိုသို့သော ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ရန် မိဘ၊ဆရာများဧ။် တာဝန်ပင်ဖြစ်ပါတော့သည်။ ကလေးတစ်ဦးဧ။် ညာဏ်ရည် တိုးတက်မှုသည် အုပ်ထိန်းသူမိဘ၊ ဆရာဆရာမများ လက်တွင်ရှိသောကြောင့် လည်းကောင်းကလေးများနှင့် ထိတွေ့ဆက်ဆံရသော သူများအနေဖြင့် အလွန်ပင် ဂရုပြု စောင့်ရှောက် ခြင်းဖြင့် ကြယ်ပွင့်လေးများ တောက်ပလာစေဖို့ မျော်ကိုးရင်း မျှဝေလိုက်ပါတယ်။ လူတော်လေးတွေမွေးထုတ် ပေးနိုင်တဲ့ ဖေဖေမေမေတွေ ဖြစ်လာကြပါစေ... သူငယ်ချင်းတို့ရေ... မေတ္တာဖြင့်... Apprenticeship