Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

Peace One Day 2009

စက်တင်ဘာလ ၂၁ ရက်နေ့ဟာ ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ ဖြစ်ပါတယ်။ စစ်တိုက်နေတဲ့ နိုင်ငံတွေလဲ ၂၄ နာရီအပစ်အခတ်ရပ်ပီး ငြိမ်းချမ်းရေးနေ့ကို ဆင်နွဲကြဖို့ UN က နိုးဆော်ကျင်းပခြင်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူသားများအားလုံး ငြိမ်းချမ်းရေးကို တန်ဖိုးထား မြတ်နိုးတတ်ပြီး ၊ လူသားအချင်းချင်း အပြန်အလှန် စာနာနားလည်ဖို့ ၊ အပြန်အလှန် လေးစားချစ်ခင်ပြီး ငြိမ်းချမ်းစွာ အတူလက်တွဲ နေထိုင်သွားနိုင်ဖို့ ရည်ရွယ်ပါတယ်။ ငါ့လူမျိုး ၊ ငါ့ယဉ်ကျေးမှု၊ ငါ့နိုင်ငံ၊ ငါ့ဘာသာတရား၊ ငါ့ယုံကြည်မှု့၊ ငါ့ အဖွဲ့ အစည်း အစရှိတဲ့ “ငါ” ဆိုတဲ့ အတ္တအစွဲတွေရဲ့ လောင်းရိပ် တစ်ဘက်မှာ ငြိမ်းချမ်းခြင်းဆိုတာ အမှန်တစ်ကယ် ဖြစ်တည်နေပါတယ်။ ကမ္ဘာ့လူသားအားလုံးရဲ့ မတူညီမှုတွေ အတွက် အငြင်းပွား၊ စစ်ခင်းနေကြမယ့် အစား အဲဒီ မတူညီမှုတွေထဲကနေ မတူညီတဲ့ အလှအပတရားတွေကို အတူခံစားကြရရင် ပိုမကောင်းဘူးလား…….? question

မေတ္တာတရားကသာ အနာဂတ် ငြိမ်းချမ်းမှု အတွက် တစ်ခုတည်းသော အဖြေပါ...။ ငါဆိုတဲ့ အတ္တစည်းဝိုင်း အပြင်ဘက်မှာရှိတဲ့ လူတစ်ဦးချင်းစီရဲ့ အခြားသူများအပေါ်၊ သတ္တ၀ါအားလုံးအပေါ်၊ ဒီကမ္ဘာမြေကြီး အပေါ် ထားတဲ့ မေတ္တာ တရားပေါ့နော်..။

တရားမျှတမှု့ဟာ ငြိမ်းချမ်းခြင်းရဲ့ ဖခင်ဆိုရင်မှားမယ်မထင်ဘူးနော်..။ တစ်ကယ်တော့ “ငါ” ဆိုတဲ့ လူသားအားလုံးတို့ဟာ ကမ္ဘာ့ မိသားစုဝင်တွေ မဟုတ်လား….? ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ စိတ်ဓာတ်တွေ ထားခဲ့ပြီး ကိုယ်လုပ်လိုက်တဲ့ လုပ်ဆောင်ချက်တွေရဲ့ နောက်ဆက်တွဲ ဖြစ်လာမယ့် ရလာဒ်(ဆိုး/ကောင်း)တွေ အတွက် တာဝန်ယူတတ်သူများဖြစ်ဖို့ အရေးကြီးပါတယ် ။ ကိုယ့်အသက်ရှင်ခြင်းကနေ သူတစ်ပါးရဲ့ အသက်ရှင် ရပ်တည်မှု့အပေါ် တန်ဖိုးထားလေးစား မြတ်နိုးတတ်တဲ့ မေတ္တာတရား လက်ကိုင်ထားနိုင်တဲ့ သူများဖြစ်အောင် ကြိုးစား အားထုတ်ကြရအောင်လား… ။ သူမှန်တယ် ငါမှန်တယ် ဆိုပြီး အငြင်းပွား စစ်ခင်းနေကြမယ့် အစား မေတ္တာတရားနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သွားကြရင် ပိုမကောင်းဘူးလား ?

ငြိမ်းချမ်းခြင်းရဲ့ အနစ်သာရကို ခံစားနိုင်ပြီး ငြိမ်းချမ်းခြင်းကို သယ်ဆောင်ပေးနိုင်တဲ့ လူသားဆန်တဲ့ လူပီသတဲ့ လူသားများ ဖြစ်နိုင်ကြပါစေ… ကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေ……..

မေတ္တာစက်ဝိုင်း အတွင်းမှ လူသားအားလုံးကို လေးစားချစ်ခင်လျက်…. AP

P.S>> ဒီပိုစ်လေးက မနှစ်က Peace One Day မှာရေးခဲ့တာပါ။ အခုထိ Mission Complete မဖြစ်သေးတဲ့အပြင် အသစ်တင်ဖို့လဲ ငြိမ်းချမ်းမှုအတွက် ကျွန်မရဲ့ခံစားချက်တွေ မျော်လင့်ချက်တွေ တစ်ထပ်ထဲကျနေသေးတဲ့အတွက် ဒီအဟောင်းလေးကိုပဲ ပြန်တင်လိုက်ပါတယ်။ မဖတ်သေးတဲ့ သူငယ်ချင်း တွေအတွက်တော့ အသစ်ပေါ့နော်...။ ငြိမ်းချမ်းရေးကို လူသားတိုင်းမျောင်လင့်တောင့်တကြပေမယ့် အခုထိ ခရီးမရောက်သေးတာ ရင်နာစရာပဲနော်။ cry သံလွင်ခက်နဲ့ ဂျိုးငှက်ငယ်လေးရေ... အမြန်အိမ်ပြန်လာပါတော့။


ဘယ်သူ ညဏ်ပိုကောင်းလဲ


I got this photo from here.

မွေးကင်းစ ကလေးငယ်များဉ် Nerves ဆဲလ် သိန်း ၁၀၀ ကျော်ပါကြောင်း၊ လည်းကောင်းသိန်း ၁၀၀ ကျော်သော Nerves များသည် လူတစ်ယောက်သက်တမ်းတွင် အများဆုံးရှိနိုင်သော အရေအတွက်ဖြစ်ကြောင်း သိပ္ပံပညာရှင်များဧ။် တွေ့ရှိချက်အရ သိရှိရပါသည်။ ယင်း Nerves များဧ။် ဖွံ့ဖြိုးမှုဖြစ်စဉ်ကို မွေးကင်းစမှ အသက် ၁၀နှစ်အထိသာ ဖွံ့ဖြိုးနိုင်ပြီး မွေးကင်းစမှ အသက် ၂ နှစ် အရွယ်ရှိ ကလေးများတွင်မူ ဖွံ့ဖြိုးမှု အကောင်းဆုံးဖြစ်ကြောင်း ရင်သွေးငယ်များ ဖွံ့ဖြိုးမှုကို လေ့လာသော ပညာရှင် Marriosn ဧ။် သုသေတနများ အရသိရှိ ရပါတယ်။ ၀မ်းနဲစရာကောင်းသည်မှာ လည်းကောင်း Nerves ကြောများဧ။် ဖွံ့ဖြိုးမှု ဖြစ်စဉ်တလျှောက်မှာမှာ ဖွံဖြိုးမှု မရှိသော Nerves ကြောများမှာမူ ခြောက်သွေ့ သေဆုံးသွားကြောင်းကို လဲ Marrison ဧ။် သုသေတနများကပင် သက်သေပြခဲ့ ပါသည်။

Nerves ကြောများဧ။် ဖွံဖြိုးမှု ဆိုသည်မှာ သိန်း ၁၀၀ ကျော်သော Nerves များ တစ်ခုနှင့် တစ်ခု ဆက်စပ်သွားခြင်းကို ဆိုလိုခြင်းဖြစ်သည်။ မွေးကင်စမှ ၁၀နှစ်အတွင်း Nerves ဆဲလ်များများ ဆက်ခွင့်ရလိုက်သော ကလေးများသည် အခြားကလေးများထက် ညဏ်ရည်ပိုကောင်းပြီး တွေးခေါ်မှုများကို ပိုမိုလုပ်နိုင်သည့် ထူးချွန်ထက်မြတ်သော ကလေးများဖြစ်လာ နိုင်မည်ဖြစ်ပါသည်။ လူသားတိုင်းတွင် မှတ်နိုင်မှု ခွန်အား အတူတူလောက်ပင်ရှိသည်။ သို့ရာတွင် တစ်ချို့လူများသည် လူတော်ဟု သတ်မှတ်ခံရြ့ပီး တချို့လူများမှာမူ လူညံ့များအဖြစ် ခေါ်ဝေါ်သမုတ်ခြင်း ခံရခြင်းသည် ထို Nerves ကြောများဧ။် ဆက်သွယ်မှု များများရှိမရှိတွင် မူတည်ခြင်းသာ ဖြစ်ပါသည်။

ယင်း Nerves ကြောများဧ။် ဆက်သွယ်မှု (၀ါ) ဖွံ့ဖြိုးမှု ဖြစ်ရန် ကလေးငယ်များ နေထိုင်သော အိမ်၊ ကစားကွင်း၊ ပတ်ဝန်းကျင်နှင့် ထိတွေ့ ဆက်ဆံခြင်းများ တဆင့် ဖြစ်ပွားကြောင်း သိရှိရပါသည်။ ထို့ကြောင့် ငယ်ရွယ်နုနယ်သော ကလေးများနှင့် ထိတွေ့ဆက်ဆံမှု ပြုနေသော မိဘ မောင်နှမများ၊ ဆရာဆရာမများနှင့် နေ့ကလေးထိန်းတာဝန်ခံများ အနေဖြင့် ဆဲလ်ဖွံဖြိုးမှု များများ လုပ်ပေးနိုင်သော ထိတွေ့ ဆက်ဆံမှုတွေကို ဖန်တီးပေးနိုင်သော သင်ခန်းစား၊ ကစားနည်းများ အားစနစ်တကျ အသုံးပြုရန် အလွန်ပင် အရေးကြီးလှ ပါသည်။

ငယ်ရွယ်သော ကလေးများသည် အပြစ်ကင်းစင်ပြီး သင်ယူတတ်မြောက်ရန် အလွန်လွယ်ကူသော အချိန်ဖြစ်သည်။ ဘ၀တစ်တွင် မည်သို့ အသက်ရှင်နေထိုင်သင့်ကြောင်းကို သူတို့ကို အုပ်ထိန်းသော မိဘ၊ ဆရာ/မ နှင့် နေထိုင်ရာ ပတ်ဝန်းကျင်များ မှတဆင့် လေ့လာသင်ယူ လေ့လာနေသော အချိန်လည်းဖြစ်သည်။ ထို့ကြောင့် လုံခြုံနွေးထွေး၊ ပျော်ရွှင်စရာကောင်းသော ပတ်ဝန်းကျင်နှင့် ကျန်းမာရေးဖြင့် ညီညွတ်သော လူမှု ၀န်းကျင်သည် ငယ်ရွယ်သောကလေးများ အတွက် မရှိမဖြစ်လိုအပ်သော အရာများဖြစ်သည်။
ပျော်ရွှင်စရာကောင်းသော မိဘအသိုင်းအ၀ိုင်းနှင့် ပတ်ဝန်းကျင်မှ ကြီးပြင်းလာသော ကလေးများသည် လူမှုရေးနယ်ပယ်၊ စိတ်ကျန်းမာရေး၊ နှင့် ပညာရေးဘက်တွင် အများထက် သာလွန် ကျွမ်းကျင်လိမ္မာသော သူများဖြစ်လာကြမည်မှာ အေကန်အမှန်ပင်ဖြစ်သည်။

အချုပ်အားဖြင့် ဆိုရသော လုံခြုံနွေးထွေးပြီး ပျော်ရွှင်စရာကောင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော ပတ်ဝန်းကျင်သည် ကလေးငယ်များဧ။် ဦးနှောက်ဖွံ့ဖြိုးမှု ဖြစ်စဉ်တွင် အလွန်အရေးကြီးသော အခန်းဏ္ဍတွင် ပါဝင်သဖြင့် ထိုသို့သော ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ရန် မိဘ၊ဆရာများဧ။် တာဝန်ပင်ဖြစ်ပါတော့သည်။ ကလေးတစ်ဦးဧ။် ညာဏ်ရည် တိုးတက်မှုသည် အုပ်ထိန်းသူမိဘ၊ ဆရာဆရာမများ လက်တွင်ရှိသောကြောင့် လည်းကောင်းကလေးများနှင့် ထိတွေ့ဆက်ဆံရသော သူများအနေဖြင့် အလွန်ပင် ဂရုပြု စောင့်ရှောက် ခြင်းဖြင့် ကြယ်ပွင့်လေးများ တောက်ပလာစေဖို့ မျော်ကိုးရင်း မျှဝေလိုက်ပါတယ်။

လူတော်လေးတွေမွေးထုတ် ပေးနိုင်တဲ့ ဖေဖေမေမေတွေ ဖြစ်လာကြပါစေ... သူငယ်ချင်းတို့ရေ...
မေတ္တာဖြင့်... Apprenticeship

ကျွန်မနဲ့ ရောင်စုံပန်းချီကား တစ်ချပ်

ပန်းချီကားလေးရဲ့ အဓိပ္ပါယ်ကို ၀င်ရောက်ရေးပေးသွားတဲ့ သူငယ်ချင်းတွေအားလုံး ကျေးဇူးနော်။
ဒီပုံလေးကို တင်ဖြစ်ဖို့ အကြံပေးတဲ့ သူငယ်ချင်းက မျှတမှုကို အရမ်းအလေးထားတဲ့သူရှင့်။ သူ့ကို ကျွန်မအတွေးတွေအဖြစ် ပိုစ့်တစ်ခု ပြန်ရေးပေးမယ်လို့ ကတိပေးထားတော့ ကျွန်မဘလောက်လေးကို လာလာစစ်ဆေးနေလေရဲ့။ ပြီးတော့ အချိန်ယူပြီးဖြေသွားတဲ့ သူငယ်ချင်းတွေအားလုံးနဲ့လဲ အတွေးဖလှယ်မယ်လို့ ကတိပြုခဲ့တဲ့အတိုင်း ဒီပိုစ်ပြန်ရေးလိုက်တာပါ။ ကျွန်မရဲ့ ပုံလေးအပေါ် ခံစားမှုက သူငယ်ချင်းတွေအားလုံးနဲ့ ဆင်တူပါပဲ။ ကွဲပြားပုံတွေတော့ နဲနဲပါးပါးရှိနေအုံးမှာပေါ့နော်…။ ကျွန်မအတွေးတွေ အရမ်းဝေးသွားရင်လဲ ပြန်ခေါ်ပေးကြပါ razz

ကျွန်မနဲ့ စကားလက်စုံကျဖြစ်တဲ့ သူငယ်ချင်းရဲ အဓိပ္ပါယ်ဖွင့်ဆိုချက်က သူငယ်ချင်းတွေနဲ့ အတော်တူပါတယ်။ ဒါပေမယ့် ထူးခြားချက်က နိဂုံးမှာ သူပြောသွားတဲ့ စကားပါ။ သူပြောတာက အပေါ်ပဲရောက်ရောက် အောက်မှာပဲနေနေ မိမိရှိနေတဲ့ နေရာမှာ အဆင်ပြေစွာနေတတ်ဖိုက အရေးကြီးတယ်တဲ့။ အဲဒီစကားလေးကို ကျွန်မအလွန်ကြိုက်မိတယ်။ ဟုတ်တယ်လေ ကျွန်မတို့ အားလုံး လက်ရှိမှာ ပျော်အောင်နေဖို့ထက် အတိတ်နဲ့ အနာဂတ်တွေကိုသာ ပျော်ရွှင်မှုအဖြစ် ထင်မျော်ကိုးတတ်ကြတယ် မဟုတ်လား။ တကယ်တော့ အတိတ်ကို ပြုပြင်ခွင့်မရတော့သလို အနာဂတ်ကိုလဲ မပိုင်ဘူးလေ။ အဲဒီတော့ လက်ရှိရောက်နေတဲ့နေရာ တစ်နေ့တာမှာ ရသင့်ရထိုက်တဲ့ ကျေနပ်ပျော်ရွှင်မှုကို ရလိုက်တယ် ဆိုရင်ပဲ အနာဂတ်က သေချာပီးသားမဟုတ်လား။

ကျွန်မဒီပုံကို ကြည့်လိုက်တယ်ဆိုရင်ပဲ ပထမဦးဆုံး သတိထားမိလိုက်တာက အောက်ကို ကုန်းပီးလှေခါးကို ကိုင်နေတဲ့လူကြီးနဲ့ ရုပ်တည်ကြီးရပ်နေတဲ့ လူကြီး ရှင့်။ ငုတ်နေတဲ့ လူကြီးက သူတက်လာတဲ့လှေခါးကနေ တိမ်တွေဆီ ဆက်လှမ်းဖို့ ပြင်လိုက်တယ် ဆိုရင်ပဲ စိုးရိမ်းစိတ်နဲ့ ဆက်လျှောက်ဖို့ လုံလောက်တဲ့ သတ္တိနဲ့ ယုံကြည်မှုတွေ ပျောက်နေတယ်လို့ ခံစားမိတယ်။ အဲ့ဒီတော့ သူ့ခြေလှမ်းတွေ ယိုင်နွဲ့မသွားအောင် လှေကားကို အားပြုကိုင်ထားနေရလားလို့ပါ။ တစ်နည်းအားဖြင့် တွေဝေနေတယ်လို့ခံစားရတယ်။ အဲဒီလိုကြည့်ရင်းနဲ့ပဲ တိမ်တွေကို အမှီပြုရင် ထောင်ထားတဲ့ လှေကားအပေါ် တက်ဖြစ်ဖို့ ကျွန်မသာဆို ယုံကြည်မှုရှိမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ လှေကားကြီးအခြေခိုင်ခိုင်မှီနိုင်မဲ့ နံရံက တိမ်ဖြစ်နေလို့။ တိမ်ဆိုတာ အစဉ်ရွှေ့လျှားနေတာမဟုတ်လား question


အနောက်မှာ ရှိနေတဲ့ နှစ်ယောက်တော့ မသေချာဘူး တကယ်ပဲပျော်နေကြတာလား ဒါမှမဟုတ် ခြေလှမ်းတွေယိုင်နွဲ့နေတာလား ကျွန်မ သေသေချာချာသဲသဲကွဲကွဲနားမလည်ဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီတိမ်တိုက်ထဲရောက်သွားတယ် ဆိုရင်ပဲ သူတို့အားလုံး အပျော်ကြီးပျော်နေမယ်မှာပဲ ဆိုတဲ့ အတွေးတော့ ကျွန်မတကယ်ကို မခံစားရတာပါ။

ပုံကို ဆွဲခဲ့တဲ့သူက တိမ်ကို အောင်မြင်မှုအဖြစ်တင်စားထားတယ်လို့တော့ ကျွန်မထင်မိတယ်။ အောင်မြင်မှုဆိုတာ တိမ်တွေလိုပဲ နေ့မြင်ညပျောက်မဟုတ်လား? ထူးဆန်းပီးတူညီနေတာတစ်ခုက လူတွေအားလုံး တခဏတာဖြစ်ဖြစ် အောင်မြင်ခြင်းရဲ့ အသီးကို စွပ်ယူစားသုံးချင်ကြတယ်။ မည့်ဝင်းသောက်ပပီး အရည်ရွှမ်းတဲ့အသီးလို ဒါမှမဟုတ် အမှောင်ညတွေမှာ အလင်းပေးတတ်တဲ့ ကြယ်စင်လမင်းတွေလို လူတွေကို ညှိ့ယူဖမ်းစား တယ်ထင်ပါ့။ သွားတဲ့ လမ်းတွေတော့ ကွာတာပေါ့။ တစ်ချို့တွေက တရားနည်းလမ်းကျကျ တစ်ချို့တော့လဲ ဖြတ်လမ်းပေါ့။ ဘယ်လိုပဲသွားသွား ရောက်သွားသူတိုင်းမှာ ပျော်ရွှင်မှုနဲ့အတူ နှောင်တအနည်းနဲ့ အများတော့ ရှိတတ်ကြတယ်။

ဘာပဲဖြစ်ဖြစ် အဲဒီနေရာကို ရောက်အောင်သွားချင်နေကြတယ် မဟုတ်လားquestionquestionquestion အဲဒီတော့ အောက်မှာရှိနေတဲ့ လူတွေအားလုံးကိုတော့ အောင်မြင်မှုကို ရရှိဖို့အားထုတ်နေသူများ အဖြစ်မြင်မိတာ သူငယ်ချင်းတွေအားလုံးနဲ့တူမယ်ထင်တယ်။

ဒါပေမယ့် ငြိမ်ငြိမ်လေး ရပ်နေတဲ့တစ်ယောက်ကို ကျွန်မမြင်ပုံက နဲနဲကွာတယ်။ ဖားကြီးနဲ့တော့ တူနေမလား မသိဘူး။ အဲဒီလူက သူ့ခြေလှမ်းတိုင်းကို ဂရုစိုက်တတ်ပီး သူလုပ်တဲ့ လုပ်ငန်းတွေအတွက် တာဝန်ယူရဲတဲ့ သူလို့ထင်မိတယ်။ ဒါမှမဟုတ် ခိုင်ခံ့မှုမရှိတဲ့ တိမ်တွေကို အမှီပြုရင်း တက်သွားတဲ လူတွေအတွက် စိုးရိမ်နေလားတော့မသိဘူး။ ဒီလူတွေအားလုံးမှာ သူ့ကို အလေးစားမိဆုံးပဲ။

ကဲကျွန်မအတွေးတွေ အရမ်းဝေးသွားရင် ပြန်ခေါ်ပေးကြ razz

P.S>>>>>သူငယ်ချင်းတွေအားလုံးလဲ အောင်မြင်မှု အသီးကို စွပ်ယူစားသုံးနိုင်ပြီး စစ်မှန်ပျော်ရွှင်မှုကိုလဲ ခံစားနိုင်သူများ ဖြစ်ကြပါစေလို့ ကျွန်မဆုတောင်းပေးပါတယ်။
lol

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)