Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

ဒီလိုမဖြစ်ရ လေအောင် :D :P :)

ကြိုဆိုပါတယ်

အာဖရိကတိုင်းပြည်တစ်ခုမှာ NGO အလုပ်သွားလုပ်တဲ့ အမေရိကန် တစ်ယောက်က သူနေထိုင်မဲ့ နေရာသစ်လေးဆီ ကားအပြည့် တင်ထားတဲ့ သူ့ပစ္စည်းတွေကိုချ နေချိန်မှာ သူ့အိမ်းနီးနားချင်း တွေက တစ်ယောက်ပီး တစ်ယောက်ထွက်လာပီး ကျွန်တော့ကို မီးခြစ် ငှားလို့ရမလား ကျွန်မကို လွှငှားလို့ ရမလားနဲ့ အမျိုးမျိုး လားငှားကြတယ်တဲ့။

အမေရိကန်ကြီးကလည်း စစချင်းတော့ အင်းငါ ဒီဟာလေးတွေ ချပီးရင်ငှာပေးပါ့မယ် ပစ္စည်းလေးတော့ ပီးအောင်ချခွင့်ပေးပါလို့ တစ်ယောက်ပီး တစ်ယောက်ပြောသတဲ့။ ဒါပေမဲ့ လာငှားတဲ့ လူများလာတော့ စိတ်ထဲမှာတော့ ဘယ်နဲ့ ဒီလောက်တောင် အလိုက်မသိတဲ့ လူတွေ။ ကူမယ်တော့မရှိဘူးပေါ့ …..။ ဒါပေမဲ့ နောက်ကျမှ အမေရိကန်ကြီး ပြန်လေ့လာမိတာက အဲဒီလို ပစ္စည်းလာငှားတာဟာ သူတို့ ဓလေ့ထုံးတမ်းအရ ဆိုရင် လူသစ်ကို ကြိုဆိုတဲ့ သဘောတဲ့..။ ပြောချင်တာက နင်လိုရင်လဲ ငါတို့ဆီက ယူလို့ရတယ်ပေါ့….။ အဲဒီ ဓလေ့တော့ ချစ်စရာလေးနော် …. :D :P


လူယဉ်ကျေးတွေ
တစ်ခါတုံးက အီဂျစ်တိုင်းပြည်ကို ည၂ နာရီမှာ ခရီးသွားရင်း ရောက်လာတဲ့ Dutch လူမျိုးတစ်ယောက်ကို အီဂျစ်အိမ်ရှင်က Tea သောက်အုံးမှာလားလို့မေးသတဲ့။ Dutch ကြီးကလဲ အားနာနာနဲ့ သောက်မယ်ပေါ့။ မထူးတော့တာမို့ အိမ်ရှင်ကြီးက ပြင်ပေးရတာပေါ့..။ ဒါပေမဲ့ စိတ်ထဲကတော့ ဒီလောက်တောင် အထာမသိတဲ့လူဆိုပီး Tea ကြီးကို တစ်အား ခေါက်နေလိုက်တယ်တဲ့..။ ဧည့်သည်ကိုလဲ တစ်ယောက်ထဲ ထားခဲ့လို့မဖြစ်နဲ့ အဲဒီည မိုးလင်းသွားပါသတဲ့..။ မိုးလင်းတော့ သူ့အီဂျစ်သူငယ်ချင်းကို ပြန်ပြောပြပီး ဒီ Dutch ကြီးက ငတုံးကြီး ည၂ နာရီကို Tea သောက်ဖို့ခေါ်တာ သောက်တယ်ဗျာ… Dutch ကြီးကလဲ ဒီအိမ်ရှင် အလိုက်မသိဘူးကွာ… ညကြီးမင်းကြီး Tea သောက်ဖို့ ခေါ်တယ်လို့ပြန်ပြောသတဲ့..။

မှတ်ချက်။ ။ဧည့်သည်လာရင် Teaနဲ့ဧည့်ခံတာ အီဂျစ်ဓလေ့… Dutch တွေမှာတော့ အိမ်ရှင်က ကျွေးမွေးတာမစားရင် ရိုင်းတာတယ်တဲ့။

လာလာ အတူပြောမယ် ဒို့… စကား :D

စာသင်နှစ် အစမှာ နိုင်ငံတစ်ကာနဲ့ အမေရိကန်ကျောင်းသားတွေ အားလုံးပါဝင်တဲ့ ဒီလို အခန်းမှာ နိုင်ငံခြားနဲ့ အမေရိကန်ကျောင်းသား တွေတွေ့ကြုံနိုင်တဲ့ အခက်အခဲတွေကို ဆွေးနွေးတဲ့ အချိန်မှာ အမေရိကကို အခုမှရောက်လာတဲ့ Pilipino တစ်ယောက်က သူ့အတွက်တော့ ဘာသာစကားက အခက်ခဲဆုံးပဲလို့ပြောတယ်။ တစ်ချို့ အမေရိကန်တွေက သူစကားပြောတာလဲ အရေးမပေးကြောင်း ပြောပါတယ်တဲ့။ အဲဒီတော့ အမေရိကန်ကျောင်းသူ တစ်ဦးထပြောတာတော့ ဟုတ်တယ် အမေရိကန်တွေရော နိုင်ငံတစ်ကာ ကျောင်းသားတွေပါ စကားပြောရင် ဖြေးဖြေး ပြောကြရင် ကောင်းမယ်။ ငါလဲ သူပြောတာ နားလည်သလိုလိုသာ နေရတာ သူပြောတဲ့ အထဲက ၅% ပဲ နားလည်တယ်တဲ့..။ ကဲ... ကောင်းကြသေးရဲ့လား :D :P

မှတ်ချက်။ ။စာသင်ခန်းမှာ တွေ့ကြုံ ပြောကြတဲ့ ရယ်စရာတွေ ပြန်မျှဝေတာပါ...။

ဘလက်ကြီးပြောတဲ့ Ap သဘောပေါက် :D

အားလုံးပဲ မင်္ဂလာပါရှင်း…..။
စာတွေမရေးတာကြာတော့ ဘယ်ကစရမှန်းတောင် မသိတော့အောင် လမ်းပျောက်နေခဲ့ တာ
ခဏလေး လွင့်သွားတာပေါ့နော်..ခဏလေးပါ… ခုတော့ အတွင်းအားတွေ မနဲဆုပီး ဘလောက်
ပေါ် ပြန်ရောက်လာ ပါပီ။ စာတွေမှန်မှန် ပြန်ရေးနိုင်အောင် ကြိုးစားသွားပါ့မယ်…။ ဆက်ပီး အား
ပေးကြပါနော်..။

စာတွေဆက်ရေးဘို့ အားပေးသံနဲ့ တစ်မျိုး၊ အမိန့်ပေးသံနဲ့ တစ်ဖုံ၊ နည်အမျိုးနဲ့ စာပြန်ရေုးဖြစ်
အောင် အားပေးတဲ့ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးအထူး တင်ရှိပါကြောင်း ပြောကြားပါရစေ
လား…။

အခုတော့လဲ ဘလက်ကြီးက “tag ထားတယ် သဘောပေါက်” ဆိုလို့ သွားကြည့်တာ ရေးပေးရ
မှာတဲ့..။ ဘလောက်မှာ ခုတစ်လော လိုက်ဖတ်ကြည့်တာ tag က အတော် စမ်းထ နေလေရဲ့..။
တကယ်တမ်း Tag တယ်ဆိုတာကို Ap သေချာတော့ နားမလည်ဘူး (အမှန်တော့ ဘလောက်
အထာတွေ ကိုရင်ငြိမ်းရဲ့ အငြိမ့် ကြည့်မှ သိသွားတာ အဲဒီအတွက် ကျေးဇူးပါ ကိုရင်ကြီးရေ...။

Facebook မှာတော့ ကိုယ်ရေးချင်တဲ့ Note တွေနဲ့ Art တွေ ပီးတော့ အစီအစဉ် တစ်ခုခု လုပ်
ချင်ရင် သူငယ်ချင်းတွေကို လာဖတ်၊ ကြည့်၊ စေချင်တာတွေကြောင့် Tag တာပါ..။ အဓိကအား
ဖြင့်information မျှဝေတဲ့ သဘောပေါ့..။

အခုတော့လဲ ကိုယ့်အကြောင်းကိုယ်ရေး ရမယ်ဆိုတော့ AP တို့နဲ့သိပ်တော့ မဟန်ဘူးလေး..။
အရမ်းခင်တဲ့ သူငယ်ချင်းတွေနဲ့ ပြောလေ့ရှိတာ တစ်ခုရှိတယ်..။ AP အကြောင်းမေးတိုင် Ap အ
တွက်သူများတွေ ရေးပေးမဲ့ Biography တွေထွက်လာမှ ဖတ်တော့လို့လေ..။ သချို့တော့ ပြော
တယ် မောင်နှမရင်းတွေလို ခင်နေတာတောင် မပြောလို့ စိတ်မကောင်းဖြစ်တဲ့ လူလဲဖြစ်ပေါ့
နော်။
ဒါပေမဲ့ ပေါင်းတာလဲကြာ အတွင်းတွေလဲသိလာတော့ သူတို့လေးတွေ လွတ်ထားပေးကြတယ်..။ မသေဆုံးခင်ဘ၀မှာ အတုယူစရာ သမိုင်းတစ်ခု ချန်သွားချင်တာတော့ Ap ရဲ့ရူးသွပ်မှုလို့ ခေါ်ချင်ခေါ်နိုင်တာပေါ့နော်…။ အဲလေ.. အကြီးကြီးတွေ ပြောပြန်ပီ..။ အရမ်းခင်တဲ့ ဘလောက်ဂါ
တစ်ယောက်က AP ကို အမြဲပြောတယ်လေ "အကြီးကြီးတွေ ပြောပြန်ပီလား အမြင်ကပ်တယ်တဲ့..။"
AP လဲဘယ်ရမလဲ အကြီးကြီးတွေ ဖြစ်အောင်ဒီလိုကြိုးစားနေတာပေါ့လို့ :D ။ ရင်လောက်မှန်းမှ
တော်ကာကျတာ မဟုတ်လား… သူငယ်ချင်းတို့ရေ….:D :D :D :P

ဟိဘယ်ရောက်သွား ပါလိမ့် ကိုယ့်အကြောင်းပြော ရာမယ်ဆိုလို့ နဲနဲ လွန်သွားပီ..
ဆောရီးးနော် :P
ဘလက်ကြီးရေ ကျေးဇူးပါ.. စာလေးရေးဖြစ်သွားအောင် အမိန့်လာပေးတဲ့ အတွက်.. ဇွတ်မိတ်
ပီးရေးလိုက်ပါပီ.. :D

ကိုယ့်ရဲ့နာမည်~~~~~~~~~~~~~~~~~~~~~~~~~~Apprenticeship (second meaning ကိုယူထားတာပါ.. ပညာရေးလုပ်ဆောင်မှုပေါ့နော်)

ကိုယ်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ် ~~~~~~~~~~AP, မအလုပ်သင်, ကိုမ, အစ်ကို (ဘ
လောက်ရေးစမှာ Man ထင်ပီး လာခေါ်ကြတာ :D)

ကိုယ်ဒီမှာနေတယ်~~~~~~~~~~~~~~~~~~~~~~~~ရှုခင်းအရမ်းလှတဲ့ မြို့လေးပေါ့
(အလည်
လာရင် ဒကာခံပါ့မယ်… :) )

ကိုယ့်ဆီဖုန်းဆက်ချင်ရင်~~~~~~~~~~~~~~~~~~~~out of service ဖြစ်နေတယ်တဲ့ :D

အရောင်ဆိုရင်~~~~~~~~~~~~~~~~~~~~~~~~~~အနက်ရောင်၊ အဖြူရောင် (ကျန်တဲ့
အရောင်တွေကိုလဲ ကြိုက်တယ်။ အမည်မပေးတတ်တဲ့ အရောင်တွေ ပိုတောင်ကြိုက်
သေး :D )

အ၀တ်အစားဆိုရင်~~~~~~~~~~~~~~~~~~~~~~~~လွတ်လွတ် လပ်လပ် ပေါ့ပေါ့ ပါးပါးနဲ့
( မှတ်ချက်..။ စတိုင် မပါ ပုံတုံးများ လုံးဝ မကြိုက်)

အစားအစာဆိုရင်~~~~~~~~~~~~~~~~~~~~~~~~~လတ်ဆတ်တဲ့ အစားအစားများသာ

ပစ္စည်းဆိုရင်~~~~~~~~~~~~~~~~~~~~~~~~~~~~အသုံးလိုသလောက်ထက်
ပိုမကြိုက်ဘူး
(ကမ္ဘာ မြေကြီးလေးနေမှာ စိုးလို့ ကိုယ့်ကြောင့် ပိုမလေးစေချင်လို့)

သီချင်းဆိုရင်~~~~~~~~~~~~~~~~~~~~~~~~~~~ (ခံစားမှု (mood) အပေါ်မူတည်ပီး အားလုံးကြိုက်)

စာရေးစာဆရာ~~~~~~~~~~~~~~~~~~~~~~~~~~အများကြီးပေါ့ :)
စာအုပ်~~~~~~~~~~~~~~~~~~~~~~~~~~~~~~~သမ္မာကျမ်းစာအုပ် နဲ့ Pedagogy of
the Oppressed
(ကျန်တာတွေ လဲအများကြီး)

Life style~~~~~~~~~~~~~~~~~~~~~~~~~~~~~အလင်းရောင်မရှိတဲ့ အမှောညတွေအတွက် အလင်းအိမ် ဖြစ်ချင်တယ်

ကိုယ့်ရဲ့ဝါသနာ~~~~~~~~~~~~~~~~~~~~~~~~~~အများကြီး :P

အလိုချင်ဆုံးလက်ဆောင်~~~~~~~~~~~~~~~~~~~~ရိုးသားမှု၊ တရားမျှတမှု နဲ့ နားလည်မှု

ကိုယ့်ရဲ့ အချစ်ဆုံးသူက~~~~~~~~~~~~~~~~~~~~~အများကြီး ( အိမ်မှာ အငယ်ဆုံးဆိုတော့ AP ကအားလုံးရဲ့အချစ်ဆုံးလေ အားလုံးကို မျှမျှတတ အချစ်ဆုံးတွေပေါ့ :D )

ကိုယ့်ရဲ့ အလေးစားဆုံးသူက~~~~~~~~~~~~~~~~~~Jesus and Mother Theresa

ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက~~~~~~~~~~~~~~~~အများကြီးပေါ့…

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက~~~~~~~~~ဘုရားသခင် နဲ့ AP ကိုယ်တိုင်

ကိုယ့်ရဲ့ အမုန်းဆုံးသူက~~~~~~~~~~~~~~~~~~~~~အားလုံးကို ချစ်ခင်ပါတယ်။

ရင်အခုန်ဆုံးအချိန်~~~~~~~~~~~~~~~~~~~~~~~~~အမောဆုံးအချိန် :D

အကြောက်ဆုံးအချိန်~~~~~~~~~~~~~~~~~~~~~~~~သိပ်မကြောက်တတ်ဘူး (အမှောင် ကိုတော့ တော်တော် ကြောက်သား :D)

အပျော်ဆုံးအချိန်~~~~~~~~~~~~~~~~~~~~~~~~~~ကိုယ်ရဲ့ ပေးဆပ်မှုကြောင့် သူတစ်ပါး ပျော်ရွှင်နေတဲ့ အချိန်

အမှတ်တရနေ့~~~~~~~~~~~~~~~~~~~~~~~~~~~~Time to Celebrate ပေါ့။

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု~~~~~~~~ လုပ်ဆောင်ချက်ပါတဲ့ ဆုတောင်းတိုင်း ရစမြဲမို့ အမြဲတောင်းတယ်..

အချစ်ဆိုတာ~~~~~~~~~~~~~~~~~~~~~~~~~~~~~~ဘုရားပေးတဲ့ အဖြူစင်ဆုံး နဲ့ အမြင့်မြတ်ဆုံး လက်ဆောင်။

အမုန်းဆိုတာ~~~~~~~~~~~~~~~~~~~~~~~~~~~~~~မရှိသင့်တဲ့ အရာ။

အလွမ်းဆိုတာ~~~~~~~~~~~~~~~~~~~~~~~~~~~~~ညညတွေမှာ အိမ်မက်မက်တာပေါ့.. :(

သံယောဇဉ်ဆိုတာ~~~~~~~~~~~~~~~~~~~~~~~~~~~ရင်မှာ ညှိတဲ့ကြိုးလေး….။

ဘ၀ဆိုတာ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ရေးလို့မပီးသေးတဲ့ သမိုင်းစာမျက်နှာ..။

သူငယ်ချင်းဆိုတာ~~~~~~~~~~~~~~~~~~~~~~~~~~~~ဘ၀ရဲ့ ဆီမီး

ချစ်သူဆိုတာ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ဘ၀ စစ်ကူ လို့ထင်တာပဲ (ခုထိတော့ မကျွမ်းကျင်ဆုံး subject, F နဲ့ ကျတယ်။ ထပ်ယူရမယ်ပေါ့ US Grading System ဆိုရင်လေ :D)

ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်~~~~~~~~~~~~~~~~~~~~~~~ အတောင်ပံတွေ ဖြန့်ဖို့ အားယူနေဆဲ ဘ၀ကျောင်းသူ

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က~~~~~~~~~~~~~~~~~~~~~~~ရိုးသားပါ….. မရိုးအပါနဲ့

အပြောချင်ဆုံးစကားတစ်ခွန်း~~~~~~~~~~~~~~~~~~~~~~~~ဘ၀ဟာ စမ်းသပ်မှုတွေ အများကြီးလုပ်ဖို့ အတွက် တိုတောင်း လွန်းပါတယ်။ အဲဒီအတွက် သူငယ်ချင်းတွေလဲ အားချိန့်နဲ့ စားပီး အားချိန့်နဲ့ လုပ်၊ အားချိန့်နဲ့ နေကြပါလို့…. :D ကဲ AP လဲ အိပ်မရတဲ့ ညလေးကို ဒီမေးခွန်းတွေ အပတ်တစ်ကုန် ဖြေဆို လိုက်ရ ပါကြောင်းပါရှင့်.. :D
အားလုံးပျော်ရွှင်ပါစေ……။

အားလုံး ရွှင်လန်းချမ်းမြေ့ပါစေကွယ်..

စာတွေ မရေးဖြစ်တာ

အတော်ကြာလဲ

အမြဲလာရောက် လည်ပတ်နေတဲ့

သူငယ်ချင်းတွေရော

မျက်စိလည် လမ်းမှားလို့ရောက်လာသူ

အားလုံး အတွက်

ဒီကဗျာလေး လက်ဆောင်ပါးလိုက်တယ်။

AP ကိုယ်တိုင်ရေးတာတော့ မကြာခင်မျော်ပေါ့နော်…။

အတွေးများတော့

စာရေးဖြစ်အောင် နိုးဆော်နေလေရဲ့။

ဒါပေမဲ့

ရှုပ်ထွေးနေတဲ့ အတွေးအရောင်တွေက

သက်တံ့ရောင် အသွင်

ပေါ်ထွက်လာဘို့ အားယူနေတုံး

ခဏမို့ပါ………

ကျေးဇူးပြုပီး သည်းခံတော်မူပါ

အရပ်တို့ရေ….

အားလုံး ရွှင်လန်းချမ်းမြေ့ပါစေကွယ်..

မေတ္တာဖြင့်

AP



Everything the Power of the World does is done in a circle

Everything the Power of the World does
is done in a circle. The sky is round,
and I have heard that the earth is round
like a ball, and so are all the stars.
The wind, in its greatest power, whirls.

Birds make their nests in circles,
for theirs is the same religion as ours.

The sun comes forth and goes down again
in a circle. The moon does the same,
and both are round. Even the seasons
from a great circle in their changing,
and always come back again to where they were.

The life of man is a circle from childhood to childhood,
and so it is in everything where power moves.

From the Sioux, a told through John G. Neihardt

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)